အခန်း(၅၇၂) ခေါင်းကိုင်အမျိုးများကို အသိအမှတ်ပြုခြင်း
Vol. 41 Ch. 572
အခန်း(၅၇၂) ခေါင်းကိုင်အမျိုးများကို အသိအမှတ်ပြုခြင်း
ရှန်ဟိုင်းမြို့တော်၏ ရာသီဥတုက မုတ်သုန်ရာသီထဲဝင်လာသည်။။ ဇွန်လတွင် တောင်ပိုင်းဒေသ၏ ရာသီဥတုအကြောင်း ကျိုးချင်းပိုင်သိလိုက်ရ၏။ အထူးသဖြင့် ဇွန်လလယ်တွင်ဖြစ်သည်။
ရာသီဥတုက တကယ်ပဲ အိုက်စက်ကာ ပူလောင်ပါသည်။ လေဖိအားက နည်းပြီး မကြာခစ အလွန်သည်းထန်သော မိုးများရွာသွန်းတတ်သည်။
သူ့သမီး၏ သေးခံနှင့် အဝတ်အစားများ မှိုစွဲမှာတောင် စိုးရိမ်မိပါသည်။
"၇ ရက် ၈ ရက်လောက်တောင် ရှိနေပြီကို မရပ်သေးဘူးလားကွာ" ကျိုးချင်းပိုင်က အခန်းထဲတွင် မတ်တပ်ရပ်ကာ ပြောလိုက်ပါသည်။
"ဒီလောက်လေးပဲ ရှိသေးတာ။ ဒေါ်လေးကျန်းက ပြောတာတော့ လဝက်လောက်ထိ ရွာနိုင်တယ်တဲ့" လင်းချင်းဟယ်က နှမ်းဘီစကွတ်များကို စားလိုက်ပါသည်။ ရှန်ဟိုင်းမြို့တော်က အထူးမုန့်မျိုးဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူတို့ အဝတ်အစားများ အများကြီး ယူလာခဲ့ကြပါသည်။ လဲဝတ်ဖို့ လုံလုံလောက်လောက်ရှိ၏။ ထို့ကြောင့် စိတ်မပူပါ။
ကျိုးချင်းပိုင် စိတ်ပျက်နေပါသည်။ တောင်ပိုင်းဒေသက ရာသီဥတုက လူတွေ အသားကျဖို့ မလွယ်လှပါ။ ကံကောင်းစွာဖြင့် သူအဝတ်အစားများ၊ အတွင်းခံများ အများကြီး ယူလာခဲ့ပါသည်။ မဟုတ်ပါက သူလဲဝတ်စရာရှိမှာမဟုတ်ပေ။
"စားပါဦး၊ အရသာရှိတယ်" လင်းချင်းဟယ်က ပြောလိုက်သည်။
ကျိုးးချင်းပိုင်က ထိုင်လိုက်ပြီး သူမနဲ့ အတူတူ စားကာ ပြောလိုက်သည်။ "ကြိုက်လား"
"ကြိုက်ပါတယ်" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။
"ဟိုဘက်အိမ်က အိုးချက်ပေါက်စီတွေလုပ်နေတာမြင်ခဲ့တယ်။ ဒီက နာမည်က ကိုယ်တို့ဆီက ပေါက်ဆီတွေလို မဟုတ်ဘူး။ တော်တော်ကောင်းမယ့်ပုံပဲ" ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။
"ဒါဆိုလည်း နောက်တစ်ခါ စားဖို့ ဝယ်ခဲ့ပေါ့။ ဒါကလည်း နာမည်ကြီး အထူးမုန့်တစ်မျိုးပဲ" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပါသည်။
ကျိုးချင်းပိုင်က သဘောတူလိုက်သည်။ ထို့နောက် သူမဗိုက်ကို ပွတ်ရင်း မေးလိုက်၏။ "အထဲက ကန်နေပြီလား"
"ဟင့်အင်း" လင်းချင်းဟယ်က တည်ငြိမ်စွာ ပြန်ပြောလိုက်ပါသည်။
ကျိုးချင်းပိုင်က အနည်းငယ် စိတ်ပျက်သွားပါသည်။ သူ့အငယ်ဆုံး သမီးလေးနဲ့ ဆက်သွယ်ကြည့်ချင်ပါသေးသည်။ သူ့မိန်းမနဲ့ စကားခဏပြောပြီးနောက် မီးဖိုချောင်ထဲ ထသွားလိုက်ပါသည်။
"မိန်းမ ကြက်သားခေါက်ဆွဲပြုတ် သောက်မလား" ကျိုးချင်းပိုင်က ပြောလိုက်၏။
"အင်း အသီးအရွက် တစ်ပန်းကန်လည်း ပြုတ်ပေးဦး" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။
"ကောင်းပြီ" ကျိုးချင်းပိုင်က ခေါင်းငြိမ့်ကာ ကြက်သားစွပ်ပြုတ်ပြုတ်ပြီး ခေါက်ဆွဲများကို ပြုတ်လိုက်ပါသည်။
သူ့မိန်းမစားချင်သည့် အသီးအရွက်ပြုတ်များကိုတော့ ရေနွေးကျိုပြီး ပြုတ်လိုက်ရင်ရပါပြီ။ ထို့နောက် ပဲနှစ်လောင်းလိုက်မည်။
သူက ဒါမျိုးစားရတာ သိပ်ပြီး အသားမကျသေးပါ။ သူ့မိန်းမကတော့ စားရတာကြိုက်ပါသည်။
လင်မယားနှစ်ယောာက်သား နေ့လည်ခင်းတွင် ကြက်သားခေါက်ဆွဲပြုတ်စားခဲ့ကြပြီး အနားယူလိုက်ကြသည်။ ဒီနေ့ မိုးရွာတာ ညနေခင်းမှ စဲသွားပါသည်။
ကျိုးချင်းပိုင်က စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်သည်။ ရာသီဥတု နောက်ဆုံးတော့ သာယာသွားပါပြီ။ မပြင်းထန်သော်လည်း အဆုံးမရှိလှပါ။
"သားလတ်နဲ့ သားငယ်တို့ နောက်လထဲ အားလပ်ရက်ရလိမ့်မယ်" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
"သားငယ်ကို လာခိုင်းပြီး သားလတ်ကိုတော့ နေခဲ့ခိုင်းလိုက်" ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။ ညစာစားပြီးနောက် ကျန်းကမ်းကို စောင့်ရင်း စာစသင်ပေးလိုက်ပါသည်။
"ဒေါ်လေးလင် ကျွန်တော် နွေရာသီအားလပ်ရက်ကျရင်လည်း နေ့တိုင်း လာချင်တယ်" ကျန်းကမ်းက ပြောလိုက်သည်။
"ဟုတ်ပြီ။ ငါ့သားလည်း လာမယ့်နွေရာသီ အားလပ်ရက်ကျရင် ဒီကိုလာလိမ့်မယ်။ အဲ့ကျရင် တခြားဘာသာတွေကို သူ့ကိုမေးလို့ရတယ်" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပါသည်။
"သူက ဘတ်စ်ကတ်ဘော ကစားတတ်လား" ကျန်းကမ်းက မေးလိုက်ပါသည်။
"ဘတ်စ်ကတ်ဘောကော ဘောလုံးကော ကစားတတ်တယ်" လင်းချင်းဟယ်က မျက်ခုံးပင့်လိုက်ပါသည်။
"တော်တာပေါ့" ကျန်းကမ်းက ချီးကျူးလိုက်သည်။
"ဟုတ်တယ်မလား ငါ့သားပဲလေ" လင်းချင်းဟယ်က ပြောလိုက်သည်။
"သိပ်မကြွားတတ်ပါဘူး" ကျန်းကမ်းက ခေါင်းခါလိုက်သည်။ သူ့ကိုယ်သူ အကြွားအသန်ဆုံးဟု ထင်ထားခဲ့သော်လည်း ဒီလူက ပိုဆိုးနေပါသည်။
လင်းချင်းဟယ်က ပြုံးလိုက်၏။ "ဖိုင်နယ် စာမေးပွဲမှာ ၆၀ ရာခိုင်နှုန်းရနိုင်ခြေရှိလား။"
နောက်ဆုံးတော့ ဆိုးရွားသည့်အရာများကို စတင်တားဆီးနိုင်ပြီဖြစ်သည်။ တောင်းဆိုချက်က မများပါ။ အမှတ် ၆၀ ကျော်လောက်ဆို လုံလောက်ပါပြီ။
"နည်းနည်းတော့ ခက်မှာပေါ့။ အဲ့တာကြောင့် အများကြီး မျှော်လင့်ထားလို့တော့မရဘူး။"
"ငါနင့်ကို အင်္ဂလိပ်စာဖွဲ့စည်းမှုမှာ ယေဘုယျ စာကြောင်းတွေ သင်ပေးထားတယ်။ အစပိုင်းမှာ အခြေခံတွေလည်း သင်ပေးထားတယ်။ စာကြောင်း သဒ္ဒါတွေကို ပိုပြီး ဂရုစိုက်။ အဲ့တာဆို ဘာမှ ပြဿနာကြီးစရာအကြောင်းမရှိဘူး" လင်းချင်းဟယ်က ပြောလိုက်၏။
ကျန်းကမ်းက စာပြန်နွှေးပြီးမှ ပြန်သွားပါသည်။ ဒီနေ့အဘွားကျန်းနဲ့ အဘိုးကျန်းတို့က သူ့သားအိမ်မှာ လာစားကြသည်။ ကျန်းကမ်းညီမ ကျန်းယွီ၏ မွေးနေ့ဖြစ်သောကြောင့်ဖြစ်ပါသည်။
အဘွားကျန်းက ပြောလိုက်၏။ "သားကြီးမိန်းမ၊ လူလေးကျိုးနဲ့ ချင်းဟယ်တို့ကို ရှောင်ကမ်းရဲ့ ခေါင်းကိုင်မိဘတွေအဖြစ် အသိအမှတ်ပြုချင်လား။"
ရွှယ်မိန်လီ အံ့သြသွား၏။ ထို့နောက် သူမ ချက်ချင်းပြောလိုက်ပါသည်။ "အဲ့အကြံမဆိုးဘူး။"
ထို့နောက် သူမယောက်ျားကို ကြည့်လိုက်သည်။ "ကလေးအဖေကြီး ရှင်ကော ဘယ်လိုသဘောရလဲ။"
သူမ လင်းချင်းဟယ်ကို တော်တော်လေး တော်သည်ဟု ထင်မိပါသည်။ ကျိုးချင်းပိုင်ကလည်း စစ်သားဟောင်းဖြစ်ပြီး နှစ်ယောက်စလုံးက မြို့တော်က ဖြစ်သည်။
လက်ထောက်ခေါင်းဆောင်ကျန်းက သူ့အမေကို တစ်ဖက်လူအား ဒီလောက်သဘောကျလိမ့်မည်ဟု မထင်ထားဘဲ ပြောလိုက်ပါသည်။ "ဖြစ်နိုင်ပါတယ်။ သူတို့တော့ ဘယ်လိုထင်မလဲမသိဘူး။"
မြို့တော်က ခေါင်းကိုင်ဆွေမျိုးများ ရှိထားတာ သူသားအတွက် သေချာပေါက် ကောင်းမွန်ပါသည်။ ကလေးက သူ့ခြေရာအတိုင်း လိုက်လိုက် မလိုက်လိုက် ဒီဆွေမျိုးများ ရထားမည်ဖြစ်သည်။ ဒါနောက်ထပ် လမ်းစတစ်ခုပဲ မဟုတ်ပါလား။
"နင်တို့ ဘာမှ ပြောစရာ မရှိတော့ရင် ငါပြန်ရင် ချင်းဟယ်ကို သွားမေးမယ်" အဘွားကျန်းက ပြုံးကာ သူ့မြေးကို ကြည့်လိုက်ပါသည်။ "ရှောင်ကမ်း နင်ကော ဘယ်လိုသဘောရလဲ။"
ကျန်းကမ်းက အနည်းငယ် ရှက်သွားကာ ပြောလိုက်ပါသည်။ "ကျွန်တော့်ကို သစ်သီးတွေ ယူသွားစရာမလိုဘဲ သွားစေချင်လို့လား။"
"ဒီကောင်လေးကတော့ ဘာတွေ ပြောနေတာလဲ။ သစ်သီးလောက်နဲ့ မလုံလောက်ဘူးလို့ ထင်မိလို့ပါ" ရွှယ်မိန်လီက ပြောလိုက်ပါသည်။
သူ့သား ကျူရှင်တက်တာ ဘယ်လောက် ကြာသေးလို့လဲ။ တွက်ကြည့်လိုက်လျှင် ၂ လတောင် မပြည့်သေးပေ။ သို့သော်လည်း သူ့အင်္ဂလိပ်စာ အမှတ်က တော်တော်လေး တိုးတက်လာခဲ့သည်။
သူမ ဝမ်းသာမိပါသည်။ သူ့အင်္ဂလိပ်စာ စွမ်းရည်သာ တက်သွားပါက နောက်ပိုင်း တက္ကသိုလ် ကောင်းကောင်း တက်နိုင်ဖို့ ပြဿနာမရှိတော့ပါ။
"မကြားဘူးလား။ အခုတောင် သူက သူ့ခေါင်းကိုင်အမေဘက်ကို ပါနေပြီ" အဘွားကျန်းက ပြောလိုက်ပါသည်။
ဒီလိုနဲ့ သူတို့မိသားစုက အရင်ဆုံး အတည်ပြုလိုက်ကြပြီး လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ကို လာပြောလိုက်သည်။
"ငါဒီနေ အဲ့ဒီမှာ သွားစားတော့ ငါ့ချွေးမက မိသားစု အဆက်အသွယ် တည်ဆောက်ချင်တယ်လို့ ရုတ်တရက်ကြီး ပြောလာတယ်။ ရှောင်ကမ်းလေးကို နင်တို့ကို ခေါင်းကိုင်အဖေနဲ့ အမေအဖြစ် အသိအမှတ်ပြုစေချင်လို့တဲ့။ ငါလည်း အဲ့အကြံကောင်းတယ်လို့ ထင်တယ်" အဘွားကျန်းက ရွှင်ပျစွာ ပြောလိုက်ပါသည်။
အစကတော့ ဒီကိစ္စကို အရင်ပြောခဲ့တာ သူမ ဖြစ်ပါသည်၊။ သို့သော်လည်း သူမဒီလိုတော့ ပြောလို့မဖြစ်ပါ။ သူမ၏ ချွေးမ ပြောတာဟု ပြောမှဖြစ်ပါမည်။
အဘိုးကျန်းက တီဗီသာကြည့်နေသည်။ သူလည်း အဘွားကျန်းနှင့် လိုက်လာခဲ့၏။ သူလည်း ဒီကိစ္စကို အလေးထားတာ မြင်သာပါသည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ အံ့သြသွားကြသည်။
သူတို့နှစ်ယောက် အချင်းချင်း ကြည့်လိုက်ကြသည်။ လင်းချင်းဟယ် ပြုံးကာ ပြောလိုက်၏။ "ဒါက ကောင်လေးကမ်းကို ကျွန်မတို့ရဲ့ ခေါင်းကိုင်သားအဖြစ် လုပ်ခိုင်းမလို့လား"
"လူလေးကျိုးနဲ့ နင်တို့ သဘောမကျမှာပဲ စိုးရိမ်မိတာပါ။ အဲ့ဒီကလေးက နည်းနည်း ဆိုးတယ်" အဘွားကျန်းက ရယ်လိုက်ပါသည်။
"လူငယ်တစ်ယောက် နည်းနည်းဆိုးတာ ဖြစ်တတ်ပါတယ်။ ဒီကောင်လေးက သဘောထား ပြည့်ဝပါတယ်။ သူကိုယ်တိုင်ကကော သဘောတူရဲ့လား။ သူ့အဖေကကော" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
သူမမှာ ခေါင်းကိုင်သား မရှိသေးပါ။ ခေါင်းကိုင်သား တစ်ယောက်လောက်ကို လက်ခံဖို့က သိပ်မဆိုးလှပါ။ ကျန်းမိသားစု၏ အဆင့်အတန်းက မနိမ့်ကျပေ။ ကျန်းကမ်းရဲ့အဖေကလည်း ဒီက လက်ထောက်ခေါင်းဆောင်ဖြစ်နေဆဲဖြစ်သည်။ နောက်ပိုင်း ရာထူးပင်တိုးခံရနိုင်ပါသည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က မြို့တော်မှာ သူတို့ဘယ်လိုလုပ်ငန်း၊ မိသားစု နောက်ခံမျိုး ပိုင်ဆိုင်ထားသည့်အကြောင်း တစ်ခါမှ မပြောခဲ့ပါ။ ပေကျင်းတက္ကသိုလ်၏ နိုင်ငံခြားဘာသာစကားဌာန ဒါရိုက်တာ ဖြစ်သည့် အကြောင်းနှင့် သား၃ ယောက်ရှိသည့်အကြောင်းသာ ပြောပြခဲ့သည်။ ဒီလိုဆိုရင်တောင် ကျန်းမိသားစုက သူတို့ကို ခေါင်းကိုင်အမျိုးများအဖြစ် အသိအမှတ်ပြုချင်နေကြသည်။ တကယ်ပဲ စစ်မှန်ပါသည်။
"ငါ့ချွေးမက ငါ့ကိုလာပြောတယ်ဆိုတော့ သူတို့နှစ်ယောက်လည်း ဆွေးနွေးပြီးလောက်ရောပေါ့။ ရှောင်ကမ်းလေးက ရှက်ရှက်နဲ့ လက်ခံပါတယ်" အဘွားကျန်းက ရွှင်ပျစွာ ပြောလိုက်ပါသည်။
"ဒါဆိုလည်း ကောင်းပါပြီ။ သူတို့ဆန္ဒရှိရင် ကျွန်မတို့လည်း ဒီခေါင်းကို ဆွေမျိုးဆက်ဆံရေးကို လက်ခံပါ့မယ်။ သူ့ကို ကျွန်မတို့ရဲ့ ခေါင်းကိုင်သားအဖြစ် အသိအမှတ်ပြုပါတယ်။ ကျွန်မတို့က ညစာဖိတ်ကျွေးမှာပေါ့" လင်းချင်းဟယ်က ပြုံးလိုက်သည်။
"ရှောင်ကမ်းလေးက ခေါင်းကိုင်အဖေနဲ့ ခေါင်းကိုင်အမေကို ရလိုက်တာလေ။ ငါတို့က ခေါ်ကျွေးရမှာပေါ့" အဘိုးကျန်းက ပြောလိုက်ပါသည်။
"ဒီကိစ္စကို အငြင်းမပွားကြရအောင်။ ဘယ်နေ့လောက် ကျွန်မတို့အားလုံး အားလပ်ပြီး အိမ်မှာဆုံလို့ရမလဲ ကြည့်ကြရအောင်လေ" လင်းချင်းဟယ်က ရွှင်ပျစွာ ပြောလိုက်ပါသည်။
"မနက်ဖြန်သဘက်ခါ ငါ့သားက အလုပ်ပိတ်တယ်။ ရှောင်ကမ်းလေးလည်း အားတယ်ဆိုတော့ ငါတို့ အတူတူဆုံလို့ရတာပေါ့" အဘွားကျန်းက ပြောလိုက်ပါသည်။