← Chapters

အခန်း(၅၇၃) သားငယ်ရောက်လာခြင်း

Vol. 41 Ch. 573

အခန်း(၅၇၃) သားငယ်ရောက်လာခြင်း

Vol. 41 Ch. 573

အခန်း(၅၇၃) သားငယ်ရောက်လာခြင်း

ခေါင်းကိုင်ဆွေမျိုး အသိအမှတ်ပြုပွဲညစာကို အိမ်မှာသာ ကျင်းပခဲ့ကြသည်။

အဘိုးကျန်းတို့မိသားစုက အစားအသောက်များ ယူလာပြီး ကျိုးချင်းပိုင်က ချက်ပြုတ်ပေးသည်။ လက်ထောက်ခေါင်းဆောင်ကျန်းနဲ့ ကျန်းကမ်းတို့လည်း ဝင်ကာ ကူညီပါသည်။

လင်းချင်းဟယ်၊ ရွှယ်မိန်လီ၊ အငယ်ဆုံးသမီးလေး ကျန်းယွီ၊ အဘိုးကျန်းနှင့် အဘွားကျန်းတို့က ခြံထဲမှာနေကြသည်။

လင်းချင်းဟယ်က စကားပြောနိုင်ပြီး ရွှယ်မိန်လီကလည်း စကားနည်းသောလူမဟုတ်ပါ။ လင်းချင်းဟယ် သူမကို တွေ့ဖူးသဖြင့် အဘွားကျန်းက ဒီကိစ္စကို ပြောတော့ သဘောတူလိုက်ခြင်း ဖြစ်ပါသည်။

သူတို့အခု ဆွေမျိုးတော်သွားကြတာ တော်တော်လေး ကောင်းပါသည်။ လက်ထောက်ခေါင်းဆောင်ကျန်းနဲ့ ကျိုးချင်းပိုင်တို့ ပြောစရာ အကြောင်းအရာတစ်ခု ရှိကြပါသည်။ လက်ထောက်ခေါင်းဆောင်ကျန်းကလည်း စစ်သားတစ်ယောက်လုပ်ဖူးပြီး အနားယူခဲ့ခြင်းဖြစ်သည်။

ဒီညစာစားပွဲက အလွန်စည်ကားပါသည်။

ရှက်ရွံ့နေသောမျက်နှာဖြင့် ကျန်းကမ်းက ကျိုးချင်းပိုင်နဲ့ ခွက်ချင်းတိုက်လိုက်ပါသည်။ လင်းချင်းဟယ်အတွက်ကတော့ ဝိုင်အစား ရေသာ သောက်ရသည်။ ထို့နောက် တည်ကြည်စွာဖြင့် ဦးသုံးကြိမ်ချပြီး သူတို့ကို ခေါ်သည့်ပုံစံပြောင်းလဲလိုက်ပါသည်။ ကျန်းကမ်းက သူတို့ကို ခေါင်းကိုင်အဖေနဲ့ ခေါင်းကိုင်အမေဟုသာ ခေါ်တော့သည်။

ကျိုးချင်းပိုင်နဲ့ လင်းချင်းဟယ်တို့ နှစ်ယောက်စလုံးလည်း သူ့ကို အသိအမှတ်ပြုလိုက်ကြပါသည်။

ဒီအဖြစ်အပျက်များ ပြီးသွားသောအခါ ခေါင်းကိုင်ဆွေမျိုး  ဆက်ဆံရေး တည်ဆောက်ပြီးသွားပြီ ဖြစ်သည်။

မိသားစုနှစ်စုအား ယခုအခါ ဆွေမျိုးတွေဟု သတ်မှတ်နိုင်ပါပြီ။

ပြောစရာမလိုအောင် လင်းချင်းဟယ်က သူမ၏ မိသားစုအခြေအနေကို ဖွင့်ပြောခဲ့ပါသည်။

သားကြီးက စစ်တပ်ထဲမှာဖြစ်ပြီး၊ သားလတ်က ဘွဲ့လွန် ဆက်တက်နေကာ သားငယ်ကတော့ ပေကျင်းတက္ကသိုလ်မှာပင် တက်ရောက်လျက် ရှိနေသေးသည့်အကြောင်း ကြားလိုက်ရသောအခါ ရွှယ်မိန်လီက အထင်ကြီးသွားပါသည်။ "ရှင်က ကလေးတွေကို သင်ပြတဲ့နေရာမှာ အရမ်းတော်တာပဲနော်။"

လင်းချင်းဟယ်၏ သားသုံးယောက်စလုံးက အလွန်တော်ကြပါသည်။

လင်းချင်းဟယ်က ပြုံးလိုက်သည်။ "သူတို့ကိုယ်တိုင်ကလည်း အစွမ်းအစရှိလို့ပါ။ မဟုတ်ရင် သူတို့ကို ကြိမ်နဲ့တို့ရင်တောင် ဆွဲခေါ်လို့ရမှာမဟုတ်ဘူး။"

"ဘာပဲဖြစ်ဖြစ် ရှင်သူတို့ကို ကောင်းကောင်း ပျိုးထောင်နိုင်တာပဲ။ မဟုတ်ရင် ပညာတတ်တွေချည်းပဲ ပြည့်နေတဲ့မိသားစု ဘယ်ဖြစ်လာနိုင်မလဲ” ရွှယ်မိန်လီကပြောလိုက်ပါသည်။ "စကားမစပ် ကျွန်မ ယောက္ခမတွေနဲ့ ကျွန်မ မြို့တော်ကို လာလည်ချင်လို့ပါ။”

"ဘာပြဿနာရှိလို့လဲ။ ခဏသာစောင့်လိုက်။ အဲ့ဒီရထားစီးသွားရင်ရတာပဲ။ သားလတ်နဲ့ သားငယ်ကို ရှင်တို့ကို ကားနဲ့ လာကြိုခိုင်းလိုက်ပြီး အိမ်ခေါ်လာခိုင်းလိုက်မယ်" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။

ရွှယ်မိန်လီက ပြုံးကာ ပြောလိုက်ပါသည်။ "ဒါဆိုရင် ရှင့်ကို ဒုက္ခပေးရဦးမှာပေါ့။"

"ဘာဒုက္ခလဲ။ အဲ့ဒီမှာ အဆက်အသွယ်လုပ်တော့ ပိုကောင်းတာပေါ့" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

ကျိုးချင်းပိုင်ကလည်း ပြောသည်။ "မြို့တော်မှာ အပန်းဖြေ ပရောဂျက်တွေ အများကြီး စီစဥ်နေကြတယ်။ ခရီးသွားနေရာတွေလည်း ဖွံ့ဖြိုးတိုးတက်နေပြီ။ အဲ့ဒီရောက်ရင် နေဖို့စားဖို့ကို စိတ်ပူစရာ မလိုဘူး။"

လက်ထောက်ခေါင်းဆောင်ကျန်းက ပြောလိုက်ပါသည်။ "ကျွန်တော်တို့ သေချာပေါက် သွားမှာပါ"

"ဟုတ်တာပေါ့၊ သွားကြရမှာပေါ့။ နင့်အဖေက သူ့တစ်ဘဝလုံး ကောင်းကင်ဘုံဂိတ်အကြောင်း စဥ်းစားနေတာလေ။ အခုဖွင့်ပြီဆိုတော့ ငါတို့သွားကြည့်ရမှာပေါ့" အဘွားကျန်းက လိုက်ပြောပါသည်။

"ဟုတ်တယ်" အဘိုးကျန်းက ခေါင်းငြိမ့်၏။

လင်းချင်းဟယ်က ကျန်းကမ်းကို ပြောလိုက်ပါသည်။ "စာကြိုးစား။ နင်ဆန္ဒရှိရင် မြို့တော်မှာ တက္ကသိုလ်တက်ဖို့ ပြဿနာဘာမှမရှိဘူး။ နင်အဲ့ဒီကိုရောက်ရင် အခြေခံလိုအပ်ချက်တွေကို ခေါင်းကိုင်အမေက စီစဥ်ပေးလိမ့်မယ်။"

ရွှယ်မိန်လီက အလွန်အမင်း စိတ်အေးသွားပါသည်။ သူမ လင်းချင်းဟယ်၏ တဲ့တိုးဆန်မှုကို သဘောကျသည်။ သို့သော်လည်း သူမ၏ သားကို မြို့တော်မှာ ကောလိပ်သွားတက်ခိုင်းဖို့ကိုတော့ တွန့်ဆုတ်မိပါသည်။ ဒီနားမှာ ရှာကြည့်လည်း သိပ်မဆိုးလောက်ပါ။

"အဲ့ဒီမှာ ကျွန်မတို့ ဖုန်းတစ်လုံးရှိတယ်။ မှတ်ထားပြီး အဲ့ဒီကိုလာခါနီးကျရင် ကျွန်မတို့ကို ဖုန်းဆက်ပေါ့" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

သူမ ဖုန်းနံပါတ်ကို ပေးသောအခါ ကျန်းကမ်းက စာရွက်နဲ့ ဘောပင်ဖြင့် ရေးချလိုက်ပါသည်။

ထို့နောက် ညစာစားပွဲပြီးသွားခဲ့သသည်။ လက်ထောက်ခေါင်းဆောင်ကျန်းနှင့် ရွှယ်မိန်လီတို့က ကလေးတွေနှင့်အတူ အိမ်ပြန်သွားတော့သည်။

ညနေခင်းတွင် လင်မယားနှစ်ယောက်သား အချင်းချင်း စကားပြောခဲ့ကြသည်။

"ဒီလိုဆွေမျိုးမျိုးရလိုက်တာ ကောင်းလိုက်တာ" လက်ထောက်ခေါင်းဆောင်ကျန်းက ပြောလိုက်ပါသည်

"ဟုတ်တယ်နော်။ ရှောင်ကမ်းရဲ့ ခေါင်းကိုင်မိဘတွေက တဲ့တိုးသမားတွေပဲ။ သူတို့ရဲ့သားတွေကလည်း အလားအလာကောင်းကြတယ်။ သူတို့အိမ်မှာ ဖုန်းတောင်ရှိတယ်။ ဒီဘက်မှာလည်း ကားတစ်စီးနဲ့။ သူတို့အိမ်က အခြေအနေတွေကလည်း ကျွန်မတို့ထက် အများကြီး ပိုကောင်းတယ်" ရွှယ်မိန်လီက ပြောလိုက်ပါသည်။

သူမတို့မိသားစု အခြေအနေကလည်း မဆိုးလှပါ။ သူမ ယောက်ျားက လက်ထောက်ခေါင်းဆောင်ဖြစ်သည်။ ဒီနှစ်ထဲ ဒါရိုက်တာချုပ်အား ရာထူးတိုးပေးမည်ဖြစ်ပြီး သူမယောက်ျားလည်း ရာထူးတိုးသွားမည်ဖြစ်သည်။

သို့သော်လည်း ဖုန်းတစ်လုံးဆင်ဖို့ ကားတစ်စီးဝယ်ဖို့လောက်တော့ ပိုက်ဆံမပေါသေးပါ။

"အဲ့လိုမပြောပါနဲ့။ အဓိကကတော့ မိသားစု နေပုံထိုင်ပုံကောင်းလို့ပေါ့" လက်ထောက်ခေါင်းဆောင်ကျန်းက ပြောလိုက်ပါသည်။

"ကျွန်မသိပါတယ်၊ စကားအဖြစ်ပြောတာပါ" ရွှယ်မိန်လီက ပြောလိုက်ပါသည်။

ဒီခေါင်းကိုင်ဆွေမျိုး ညစာစားပွဲပြီးနောက် မိသားစုနှစ်စုအကြား ဆက်ဆံရေးက ပိုပြီး နီးစပ်လာခဲ့ပါသည်။ ကျန်းကမ်းက နေ့တိုင်းလိုလို အိမ်မှာ စာလာသင်သည်။ မကြာခဏဆိုသလို နောက်ကျသည့်အထိ စာသင်ပြီး လင်းချင်းဟယ်၏ ဒုတိယညစာစားချိန်နဲ့ကြုံကာ ဝင်စားခဲ့ပါသည်။

လင်းချင်းဟယ်က ညစာကို ၄ နာရီမှာ စားပြီး ၇ နာရီမှာ နောက်တစ်နပ် ထပ်စားပါသည်။ အိပ်ယာမဝင်ခင် မုန့်ပဲသရေစာတချို့ ထပ်စားပါသေးသည်။

သူမက ပမာဏနည်းနည်းနဲ့ အကြိမ်ရေများများစားဟူသော သဘောတရားအတိုင်း ကျင့်ကြံနေခြင်း ဖြစ်သည်။ ဒီလိုဆို မဝနိုင်ပါ။

နွေရာသီအားလပ်ရက်မတိုင်ခင် ကျိုးချင်းပိုင်က ဆိုင်နှစ်ဆိုင် ထပ်ဝယ်ခဲ့ပါသည်။ ထိုအချိန်တွင် လင်းချင်းဟယ်က ဗိုက်ကြီးနေသည့်ပုံ ပေါက်နေပါပြီ။ သူမ၏ ဗိုက်ကလည်း တကယ်ထွက်နေပြီ။ သူမ နွေရာသီအဝတ်အစားများ ဝတ်ထားသောအခါ သူမ၏ ဗိုက်ကို မြင်နိုင်ပါသည်။ သူမ၏ စားချင်စိတ်ကလည်း သိသာစွာ တိုးလာခဲ့ပါသည်။

"ခေါင်ကိုင်းအမေ အဘွားပြောတာကြားမိတယ်။ သမီးလေးတစ်ယောက်လိုချင်နေတာဆို ဟုတ်လား" ကျန်းကမ်းက ပြောလိုက်၏။

"အရှေ့က သုံးယောက်စလုံးက ယောက်ျားလေးတွေချည်းပဲ။ နင့်ခေါင်းကိုင်အဖေက ရူးလောက်တဲ့အထိကို သမီးလိုချင်နေတာလေ။ အဲ့တာကြောင့် ငါတို့ အားစိုက်ထုတ်ပြီး သူ့ဆန္ဒကို ဖြည့်ဆည်းပေးတာပေါ့" လင်းချင်းဟယ်က ထိုင်ခုံတွင် ပျင်းရိစွာ မှီရင်း ပြောလိုက်ပါသည်။

ထိုထိုင်ခုံကြီးအာား ကျိုးချင်းပိုင်က ဝယ်ထားခြင်းဖြစ်ပြီး သူမလှဲလျောင်းဖို့အတွက် ခြံထဲမှာ နေရာချထားပေးပါသည်။

ကျန်းကမ်းက ပြုံးလိုက်ပြီး စာဆက်သင်သည်။

ညီအစ်ကိုနှစ်ယောက် ကျိုးရွှမ်နဲ့ ကျိုးကွေ့လိုင်တို့လည်း နောက်ဆုံးတော့ သဘောတူလိုက်ကြပြီး ကျိုးကွေ့လိုင် လာရမည်ဟု ဆုံးဖြတ်လိုက်ကြပါသည်။

ကျိုးချင်းပိုင်က ဘူတာတွင် သူ့ကို သွားကြိုခဲ့သည်။ ကျိုးချင်းပိုင်က ကားမောင်းသွားခဲ့ခြင်း ဖြစ်သည်။ ကျိုးကွေ့လိုင်က အိမ်စီးကားကို မြင်လိုက်သောအခါ လုံးဝ ကြက်သေ သေသွားခဲ့ရပါသည်။

"အဖေ ဒါကျွန်တော်တို့ကားလား" ကျိုးကွေ့လိုင်က စိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည်။

"အေး" ကျိုးချင်းပိုင်ကတော့ ဂရုမစိုက်စွာ ပြန်ဖြေလိုက်သည်။

"နောက်နှစ်ဆို ကျွန်တော်ကားမောင်းသင်လို့ ရပြီနော်" ကျိုးကွေ့လိုင်က ချက်ချင်းပြောလိုက်ပါသည်။

သူ့အစ်ကိုကြီးနှင့် အစ်ကိုလတ်တို့နှစ်ယောက်စလုံးက ကားမောင်းတတ်သည်။ သူတစ်ယောက်တည်း မမောင်းတတ်သေးတာ ဖြစ်သည်။ ထို့ကြောင့် သူလည်း သင်ချင်၏။ သို့သော် ၁၈ နှစ် မပြည့်သေးခင် မသင်ရဘူးဟု သူ့မိဘများက ပြောခဲ့ပါသည်။ ထို့ကြောင့် သူ မမောင်းတတ်သေးပါ။

ကျိုးချင်းပိုင်က သူ့ကိုလျစ်လျူရှုပြီး သူတို့ အိမ်သို့ မောင်းလာခဲ့ပါသည်။

သားအဖနှစ်ယောက်သား ပြန်လာသောအခါ အဘွားကျန်းက လင်းချင်းဟယ်နှင့် ခြံထဲတွင် စကားပြောနေသည်။

"ကျွန်မသားငယ် ရောက်လာပြီ" လင်းချင်းဟယ်က ကားသံကြားသောအခါ ရွှင်ပျစွာ ပြောလိုက်ပါသည်။

အဘွားကျန်းက ပြောလိုက်၏။ "ဒါဆို သွားကြည့်ရမှာပေါ့" အဘွားကျန်းက ပြုံးလိုက်ရင်း သွားနှုတ်ဆက်ပါသည်။ အရပ်ရှည်ရှည် ကျိုးကွေ့လိုင်တစ်ယောက် အထုတ်အပိုး သယ်လာသည်ကို မြင်လိုက်ပါသည်။

"သြော် ချင်းပိုင်ကို အရပ်ရှည်လှပြီထင်နေတာ။ သားငယ်က အသက် ၁၇ နှစ်ပဲရှိသေးတာ မဟုတ်ဘူးလား။ ဘာလို့ အရပ် အရမ်းရှည်နေရတာလဲ" အဘွားကျန်းက အံ့သြစွာ ပြောလိုက်ပါသည်။

ကျိုးကွေ့လိုင်က အရွယ်နဲ့ မလိုက်ဘဲ သူ့အဖေနဲ့ တန်းတူလောက်ရှိပါသည်။

"အဖေ ဒီအဘွားက ဘယ်သူလဲ" ကျိုးကွေ့လိုင်က တွန့်ဆုတ်စွာဖြင့် သူ့အဖေကိုကြည့်လိုက်ပါသည်။

"အဘွားကျန်းကို နှုတ်ဆက်လိုက်ဦးလေ" ကျိုးချင်းပိုင်က ပြောလိုက်၏။

"အဘွားကျန်း" ကျိုးကွေ့လိုင်ကလည်း လိုက်နာသည်။

အဘွားကျန်းက သူ့ကိုအသိအမှတ်ပြုကာ ပြောလိုက်ပါသည်။ "အထဲဝင်လာလေ၊ နင့်အမေ စောင့်နေတယ်။"

ကျိုးကွေ့လိုင်က အထုတ်အပိုးဖြင့် ဝင်လာပြီး သူ့အမေ ထိုင်ခုံပေါ်မှာ ပျင်းရိစွာဖြင့် လှဲလျောင်းနေတာကို မြင်သွားပါသည်။ သူမ၏ ဗိုက်က ပိုကြီးလာပြီး ခန္ဓာကိုယ်ကလည်း ပိုပြီး ဆူဖြိုးလာသည်။ ကြည့်ရတာ သူ့အဖေ ကောင်းကောင်းမွန်မွန် ပြုစုပေးထားသည့်ပုံပင်။

"သားငယ် ရောက်ပြီလား" လင်းချင်းဟယ် ပြောလိုက်သည်။

"အမေ ဘယ်လိုနေသေးလဲ" ကျိုးကွေ့လိုင်က ခရီးဆောင်အိတ်ကို မြေပေါ်မှာ ချလိုက်ပြီး လာမေးလိုက်ပါသည်။

"ကောင်းပါတယ်။ နင်ပင်ပန်းမှာပေါ့။ ရေသွားချိုးလိုက်ဦး" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

ကျိုးကွေ့လိုင်က သူ့ခန္ဓာကိုယ်ပေါ်က အနံ့ကို ရှူကြည့်လိုက်သည်။ ဒီက ရာသီဥတုက အများကြီး ပိုပူသဖြင့် သူ ရေသွားချိုးလိုက်ပါသည်။

အဘွားကျန်းက လင်းချင်းဟယ်နှင့် စကားဆက်ပြောနေသည်။ "အရပ်က တော်တော် ရှည်တာပဲ။ ပြီးတော့ ထပ်ရှည်ဦးမှာနော်။"

"သူ့အစ်ကိုကြီးက ၆ပေ ၃လက်မလောက်ရှိတယ်။ ဒီတိုင်းသာဆို သူလည်း သူ့အစ်ကိုကြီးလောက်တော့ ရှိလိမ့်မယ်" လင်းချင်းဟယ်က ပြောလိုက်သည်။

သားလတ်ကတော့ ကြောက်ဖို့ကောင်းလောက်အောင် အရပ်မရှည်ပါ။ ၆ပေ ၁လက်မ လောက်သာ ရှိပါသည်။ အခုလည်း ဆက်ရှည်မလာတော့ပါ။ သို့သော်လည်း ဒီအရပ်က သာမန်သာဖြစ်ပါသည်။ သာားကြီးနဲ့ သားငယ်တို့က တော်တော် အရပ်ရှည်ကြပါသည်။

All Chapters