Chapter(108)
Vol. 8 Ch. 108
အသန့်စင်ဆုံးစနစ် အခန်း(108)
အကြီးအကဲတန်ချီကို တွေ့တဲ့အခါ ချောင်ဖုန်းသည် လက်နှစ်ဖက်ဆုပ်လိုက်ပြီး "မင်္ဂလာပါ......အကြီးအကဲ" ဟု ရိုရိုသေသေနှုတ်ဆက်လိုက်သည်။ထိုအခါ တန်ချီသည် ရီအိမ်တော်တွင် ဖြစ်ပျက်သွားသော ပြသာနာအချို့ကို ပြောပြလိုက်သည်။
ချောင်ဖုန်းသည် ကျိုးတိုင်းပြည်သို့ ထွက်ခွာသွားပြီနောက် ရက်အနည်းငယ်ကြာတဲ့အခါ အမည်မသိလူအုပ်စုသည် ရီအိမ်တော်ကို
ချောင်းမြောင်း တိုက်ခိုက်ခဲ့ဖို့ ကြိုးစားခဲ့ပေမယ့် အကာအကွယ်အစီအရင်တစ်ခုကြောင့် အိမ်တော်တစ်ခုလုံး ထိခိုက်မှုမရှိခဲ့ပေ။
ထို့နောက် နာရီဝက်အတွင်း ဝမ်အိုက်အိမ်တော်၏ အကူအညီများရောက်လာတဲ့အခါ အကာအကွယ်အစီအရင် ဖျက်စီးနေသော လူအုပ်စုသည် ဝမ်အိုက်အိမ်တော်က အကြီးအကဲ တချို့နဲ့ တိုက်ခိုက်ပြီး ထွက်ပြေးသွားကြောင်း ပြောပြလိုက်သည်။
အကြီးအကဲတန်ချီသည် ထိုသတင်းကို ကြားတဲ့အခါ ယန်အစီအရင်ဂိုဏ်းမှ ရီအိမ်တော်ရဲ့ အခြေအနေကို စောင့်ကြည့်ပေးဖို့ လူလွှတ်ထားကြောင်းနဲ့ လုပ်ကြံတိုက်ခိုက်သော အဖွဲ့ကိုလဲ စုံစမ်းပေးနေကြောင်း ပြောပြလိုက်သည်။
ချောင်ဖုန်းသည် ရီအိမ်တော်ကို အမြန်ပြန်ချင်တဲ့ စိတ်ဖြစ်ပေါ်လာတဲ့အတွက် အကြီးအကဲတန်ချီကို နှုတ်ဆက်ကာ ထွက်ခွာသွားပါတော့သည်။အကြီးအကဲတန်ချီသည် ချောင်ဖုန်းထွက်သွားတာကို့ကည့်ပြီး "ဘာလို့ ငါဒီကောင်လေးရဲ့ စွမ်းအင်အငွေ့အသက်ကို မစားရပါလိမ့် " ဟု ရေရွတ်ကာ တွေးနေလေသည်။
ကျန်သောလူများကတော့ ချောင်ဖုန်းလိုမျိူး နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းရဲ့ တပည့် ဖြစ်ချင်နေတဲ့အတွက် နဂိုကထပ် ပို ကြိုးစားဖို့ တွေးနေကြလေသည်။ချောင်ဖုန်းသည် ဘယ်မှ ဝေ့ဝိုက်မနေဘဲ ရီအိမ်တော်ကို အလျင်အမြန် ရောက်ရှိလာလေသည်။
ရီအိမ်တော်ရှိ လူများသည် လုပ်ကြံခံပြီးကတည်းက အပြင်ထွက်ဖို့တောင် ကြောက်ရွံနေခဲ့ပြီး စီးပွားရေးအားလုံးလဲ ရပ်ဆိုင်းထားရသည်။ချောင်ဖုန်းသည် ရီအိမ်တော်သို့ ရောက်ရှိလာတဲ့အခါ ယန်အစီအရင်ဂိုဏ်းမှ တပည့်တစ်ယောက်သည် ခြံဝန်းထဲရဲ့ ပုန်းကွယ်နေသော နေရာတစ်ခုမှ ထွက်လာခဲ့ပြီး "ချောင်ဖုန်း.......တကယ်ပဲမင်းလား" ဟု မေးလိုက်သည်။
ထိုသူကတော့ တခြားလူတစ်ယောက်မဟုတ်ဘဲ ချောင်ဖုန်း၏ သူငယ်ချင်း ယီရှင်းထျန်ပင် ဖြစ်လေသည်။ထိုအခါ ချောင်ဖုန်းသည်
မျက်နှာဖုံးတစ်ခြမ်းဝတ်ထားသောလူအား "မင်းက......ရှင်းထျန်လား..... " ပြန်မေးလိုက်သည်။
ထိုအခါ ယီရှင်းထျန်သည် သူ့မျက်နှာဖုံးအား ခွာချလိုက်ပြီး ချောင်ဖုန်းအား "ကျေးဇူးတင်ပါတယ်.......ချောင်ဖုန်း၊မင်းသာ အဲ့တုန်းက မကယ်ခဲ့ရင် ငါခုချိန် အသက်ရှင်နိုင်မှာ မဟုတ်ဘူး " ဟု ပြောကာဒူးထောက်ကာကျေးဇူးတင်လိုက်လေသည်။
ထိုအခါ ချောင်ဖုန်းသည် "ရှင်းထျန်......ငါတို့က သူငယ်ချင်းတွေလေ ၊ မင်းအဲ့လောက်ထိနှိမ့်ချပြီး ဆက်ဆံနေစရာမလိုပါဘူး " ဟု ပြောကာ ယီရှင်းထျန်အား ထူပေးလိုက်သည်။ထို့နောက် ချောင်ဖုန်းသည် ယီရှင်းထျန်ကို နှုတ်ဆက်ပြီး အိမ်တော်အတွင်းသို့ ဝင်လာခဲ့သည်။
ချောင်ဖုန်းရောက်လာတာ မြင်တဲ့အခါ စုမိုသည် ဝမ်းသာအားရဖြစ်သွားပြီး "သားလေးချောင်......နင်ပြန်လာပြီလား..... " ဟု ပြောကာ ချောင်ဖုန်းအနားသို့ ရောက်ရှိလာကာ လုပင်းရှိရာသို့ ခေါ်ဆောင်သွားလေသည်။
ရီအိမ်တော်၏ တိတ်ဆိတ်နေသော အခန်းထဲတွင် လူလေးယောက်သည် စိုးရိမ်ပူပန်သောမျက်နှာများဖြင့် တစ်စုံတစ်ရာအကြောင်းကို ပြောဆိုနေကြသည်။ထိုလူတွေက လုပင်း ၊ လုယွဲ့ ၊ ဝမ်ထုန် နဲ့ ရီအိမ်တော်၏ အကြီးအကဲ တစ်ယောက်ပင်ဖြစ်သည်။
ထိုအချိန်မှာ ချောင်ဖုန်းနဲ့စုမိုသည် အခန်းထဲကို ဝင်လာတဲ့အခါ လုပင်းနဲ့လုယွဲ့သည် ချောင်ဖုန်းကို မြင်တဲ့အခါ စိုးရိမ်ပူပန်မှုတွေမှာ လျော့ကျသွားလေသည်။ဝမ်ထုန်လဲ ချောင်ဖုန်းကို မြင်လိုက်တဲ့အခါ
ရီအိမ်တော်ရဲ့ သခင်လေးပဲ ဖြစ်လိမ့်မည်ဟု ယူဆလိုက်ပြီး လုပင်းအား "လုပင်း......သူက မင်းရဲ့သားလား " ဟု မေးလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် "အကြီးအကဲက......ဝမ်အိုက်အိမ်တော်ရဲ့ခေါင်းဆောင်ထင်တယ် " ဟု ပြောလိုက်သည်။ထိုအခါ ဝမ်ထုန်သည် "မင်းကတကယ်ပဲ ရီသခင်လေးကို..... " ဟု ပြန်ပြောလိုက်သည်။
ထို့နောက် ချောင်ဖုန်းနဲ့စုမိုသည် ခုံလွတ်တစ်ခုမှာ ထိုင်လိုက်ပြီး ရီအိမ်တော် ကို လုပ်ကြံသော အဖွဲ့ဝင်များကို ပက်သက်ပြီး တစ်စုံတစ်ရာ ထူးဆန်းတာ ရှိမရှိ မေးမြန်းလိုက်သည်။ထိုအခါ ဝမ်ထုန်သည် အနည်းငယ်တွေးလိုက်ပြီး တစ်စုံတစ်ရာကို မှတ်မိသွားသည်။
ဝမ်ထုန်သည် သူ့သိုလှောင်ကွင်းထဲမှ ဝိညဥ်စွမ်းအင်ပါသော လက်နက်တစ်ခုကို ထုတ်လိုက်ပြီး "ရီသခင်လေး.....ဒါက အဲ့ညက တိုက်ပွဲမှာ ကျန်ခဲ့တဲ့ ဓားတစ်လက်ပဲ " လို့ ပြောလိုက်သည်။
ထိုအခါချောင်ဖုန်းသည် ဓားကို စစ်ဆေးလိုက်တဲ့အခါ ထိုဓားသည်
ယန်အစီအရင်ဂိုဏ်းမှ ဖန်တီးထားတဲ့ ဓားတစ်လက်ဖြစ်ပြီး ထိုဓားကို ဝိညဥ်စွမ်းအင်ထည့်သွင်းထားသော အချိန်သည် မကြာသေးကြောင်း သိလိုက်ရသည်။
ထိုလုပ်ကြံသူတွေသည် ရီအိမ်တော်ကို ဖျက်စီးချင်လို့မဟုတ်ဘဲနဲ့ သူ့အားမကျေနပ်လို့ ရီအိမ်တော်ကို တမင်လုပ်ကြံခဲ့မှန်း ချောင်ဖုန်းသည် သိရှိသွားခဲ့သည်။ချောင်ဖုန်းသည် ပြုံးလိုက်ပြီး လုပင်းတို့အား စိတ်ပူစရာ မလိုတော့ဘူး "ဟု ပြောကာ အမြစ်ဖြတ် ရှင်းလင်းသို့ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။
ထိုအခါ လူလေးယောက်သည် သူတို့၏ မျက်စိတစ်မှိတ်အတွင်းမှာ ချောင်ဖုန်းသည် ပျောက်ကွယ်သွားတဲ့အခါ အံ့အားသင့်ကာ အခန်းထဲမှာ ကျန်နေခဲ့သည်။ချောင်ဖုန်းသည် လေပေါ်တွင် လျှပ်စီးတစ်ဖွယ် အမြန်နှုန်းဖြင့် ပျံသန်းလိုက်ပြီး ခဏအကြာမှာပဲ ဂိုဏ်းတစ်ဂိုဏ်းဆီကို ရောက်ရှိလာလေသည်။
ထိုဂိုဏ်းကတော့ အထွပ်အမြတ်ရတနာဂိုဏ်းပင် ဖြစ်လေသည်။
ချောင်ဖုန်းသည် ထိုအထွပ်အမြတ်ရတနာဂိုဏ်း၏ လေပေါ်တွင် ရပ်နေခဲ့ပြီး "ကျူးခွမ်.......မင်းနဲ့ငါ စာရင်းရှင်းဖို့ အချိန်တန်ပြီထင်တယ် " လို့ အသံစွမ်းအင်လှိုင်းဖြင့် တစ်ဂိုဏ်းလို့ ကြားအောင် ပြောလိုက်လေသည်။
ထိုအခါ အထွပ်အမြတ်ရတနာဂိုဏ်း၏ ဂိုဏ်းသူဂိုဏ်းသားများနှင့် အကြီးအကဲများသည် လေပေါ်တွင် ရှိနေသော ချောင်ဖုန်းအားတွေ့လိုက်ကြရလေသည်။
ချောင်ဖုန်းကို တွေ့လိုက်တဲ့အခါ ဂိုဏ်းသားတစ်ယောက်သည် "သူက ငါတို့ အထွပ်အမြတ်ရတနာဂိုဏ်းက ထုတ်တာခံလိုက်ရတဲ့ စီနီယာအကိုချောင်ဖုန်းမလား......." ဟု ဂိုဏ်းသားတစ်ယောက်သည် ပြောလိုက်သည်။
ထိုအခါ သူ့ဘေးမှ အကြီးအကဲတစ်ယောက်သည် "အမှန်ပဲ အဲ့တာငါတို့ဂိုဏ်းက ထုတ်တာ ခံလိုက်ရတဲ့ ဂိုဏ်းသားပဲ " ဟု ပြောလိုက်တဲ့အခါ ဂိုဏ်းသားများသည် သူတို့ကြားသိသော သတင်းသည် လုပ်ကြံဇာတ်သက်သက်မဟုတ်ဘဲ အမှန်ဆိုတာ သိရှိသွားခဲ့သည်။
ချောင်ဖုန်းသည် ကျူးခွမ်အား အနိုင်ရရှိကာ နတ်ဘုရားခေါင်းလောင်မျှော်စင်ဂိုဏ်းသို့ ဝင်ရောက်ခွင့် ရသွားတယ်ဆိုတဲ့ သတင်းသည် အထွပ်အမြတ်ရတနာဂိုဏ်ရဲ့ ဂိုဏ်းသူဂိုဏ်းသားများ နားသို့ ရောက်ရှိခဲ့ပေမယ့် ထိုသတင်းသည် လုပ်ကြံဇာတ်သက်သက်ဆိုပြီး အကြီးအကဲအများစုက ပြောခဲ့ကြသည်။
ချောင်ဖုန်းသည် လေပေါ်မှာ ရှိနေချိန်မှာ အထွပ်အမြတ်ရတနာဂိုဏ်းမှ အကြီးအကဲလေးယောက်သည် လေပေါ်သို့ ပျံသန်းလိုက်ပြီး ရှေ့ဆုံးမှ တစ်ယောက်သည် "ရီချောင်ဖုန်း.......မင်းက ဧကရာဇ်နယ်ပယ်အဆင့်ရောက်ရှိနဲ့ မင်းကို နှင်ထုတ်ခဲ့လို့ အထွပ်အမြတ်ရတနာဂိုဏ်းကို ပြန်ကလဲ့စားချေချင်နေတာလား " ဟု မေးလိုက်သည်။
ထိုအခါချောင်ဖုန်းသည် "ဟားဟားဟား.......ငါရဲ့အိမ်တော်ကို ဖျက်ဆီးဖို့ လုပ်ကြံခဲ့တာရော ခင်ဗျားတို့က ထည့်မပြောတော့ဘူးလား " ဟု ပြောလိုက်သည်။ထိုအခါ အကြီးအကဲတချိူ့နဲ့ဂိုဏ်းသူဂိုဏ်းသားများသည် သူတို့ဂိုဏ်းမှ ရီအိမ်တော်လို အိမ်တော်အသေးလေးတစ်ခုကို ဖျက်ဆီးဖို့ လုပ်ကြံခံလိုက်မယ်လို့ မထင်ထားခဲ့ချေ။
ထိုချိန်မှာ လူအုပ်ကြီး ကြားထဲမှ ချောင်ဖုန်းကို ကြည့်ကာ မယုံကြည်နိုင်စွာ မျက်လုံးများဖြင့် ကြေကွဲနေသော မိန်းကလေးတစ်ယောက်ရှိလေသည်။ထိုမိန်းကလေးတော့ ချောင်ဖုန်းကို လိမ်လည်ကာ ချစ်ကြိုက်ခဲ့သော လုံအာပင်ဖြစ်သည်။
လုံအာသည် ချောင်ဖုန်းကို ကြည့်ကာ "သူက ဘယ်လိုဖြစ်လို့ အားလုံးကို ကျော်တက်ပြီး ဧကရာဇ်နယ်ပယ်အဆင့်အထိရောက်သွားရတာလဲ ၊ ကျူးခွမ်တောင် ဂိုဏ်းချုပ်ဘိုးဘေးရဲ့ အကူအညီ မပါရင် ဧကရာဇ်နယ်ပယ်တက်လှမ်းဖို့ ဆိုတာ မဖြစ်နိုင်ဘူးလေ " ဟု ရေရွတ်ကာ ချောင်ဖုန်းကို လက်လွှတ်ခဲ့တဲ့အတွက် နောင်တရနေလေသည်။
ချောင်ဖုန်း၏ ငယ်သူငယ်ချင်းဖြစ်သော လီဟောက်ရန်နဲ့ အကြီးအကဲစွန်းတို့သည် ချောင်ဖုန်း၏ တဇွတ်ထိုးလုပ်ရပ်မှုကြောင့် စိတ်ပျက်စွာနဲ့ခေါင်းခါနေလေသည်။ချောင်ဖုန်းရဲ့ အရည်အချင်းသည် ထူးချွန်ပင်မယ့် အထွပ်အမြတ်ရတနာဂိုဏ်းတစ်ခုလုံးကို တစ်ယောက်ထဲနဲ့ စိန်ခေါ်တာကိုတော့ မိုက်ရူးရဲဆန်တာလို့ တွေးနေခဲ့ကြသည်။
ထိုချိန်မှာ ချောင်ဖုန်း၏ နောက်တွင် ချစ်စရာကောင်းလွန်းသော မိန်းကလေးတစ်ယောက်သည် ရောက်ရှိလာလေသည်။သူကတော့ တခြားသူမဟုတ်ဘဲ ရွယ်ချင်းပင် ဖြစ်သည်။ရွယ်ချင်းသည် ချောင်ဖုန်းကို မြင်တဲ့အခါ ဝမ်းသာသွားပြီး ချောင်ဖုန်းအနားကို လျင်မြန်စွာ ပျံသန်းလိုက်သည်။
ထို့နောက် ရွယ်ချင်းသည် "ကိုကိုချောင်ဖုန်း......နင်က ဘယ်လိုလုပ်ပြီး ဒီဂိုဏ်းကို ရောက်လာတာလဲ " လို့ မေးလိုက်သည်။ရွယ်ချင်းကို မြင်တဲ့အခါ အထွပ်အမြတ်ရတနာဂိုဏ်းမှ အကြီးအကဲလေးယောက်ထဲမှ နှစ်ယောက်သည် ထွက်ပြေးပြီး သတင်းပြန်ဖို့ ကျန်လေသည်။
ထိုချိန်မှာ ချောင်ဖုန်းသည် နတ်ဆိုးတစ္ဆေအရှိန်အဝါစွမ်းအားကို အနည်းငယ်သာ ထုတ်လွှင့်လိုက်တဲ့အခါ ထွက်ပြေးသွားသော နှစ်ယောက်နဲ့ ကျန်နှစ်ယောက်သည်လည်း မြေပေါ်သို့ ထိုးကျသွားလေသည်။