← Chapters

မင်းကတုံးလွန်းလို့ အစွယ်ကွေးကျားကတောင် မစားဘူး

Vol. 4 Ch. 66

မင်းကတုံးလွန်းလို့ အစွယ်ကွေးကျားကတောင် မစားဘူး

Vol. 4 Ch. 66

အစွယ်ကွေးကျားသည် ကြာကြာမနေနိုင်တော့ပေ။ သူ့ထက်အားကြီးသူ ဤနေရာတွင်ရှိသည်ဟုသိသည်နှင့် မြေကြီးပေါ်တွင်လူးလှိမ့်ကာ မီးခိုးသဖွယ် ထွက်ပြေးလေသည်။ မြေကြီးလှုပ်ခါသည့်အသံမှာ ဝေးဝေးသွားရာ သူတို့ လေးယောက်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလေသည်။

“ဟား” ပေထင်းဟွမ်သည် မရယ်ဘဲမနေနိုင်ပေ။ မိုးကြိုးသွားသည် အမှန် တကယ်ပင် ဒဲ့တိုးဆန်သည်။ ရှန်းယန်ဖိုသာ အစွယ်ကွေးကျားကြောင့် သေသွား ပါက သရဲဖြစ်သွားလျှင်တောင် သူ့ကို အလွတ်ပေးမည်မဟုတ်ပေ။ ပင်မတိုက် ကြီးတွင် ရှန်းယန်ဖိုလောက် ခံပြင်းစွာသေရမည့်သူရှိမည်မထင်ပေ။

“မွန်မြတ်တဲ့သားရဲရဲ့ဖိအားပဲ.. အဲဒါတကယ်ကြီး မွန်မြတ်တဲသားရဲ ဖိအား ပဲ” နန်ကုန်းချန်ရှီးသည် အမြန်ပြေးထွက်လာကာ ပေထင်းဟွမ်ရှိနေသည့် သစ်ပင်အော်တွင်ရပ်လိုက်သည်။ သူမသည် သစ်ပင်ပေါ်သို့ အော်လိုက်သည် “စီနီယာ ကိုယ်ထင်ပြပါ ကျွန်မ မေးစရာရှိလို့ပါ”

သစ်ရွက်များအကြားတွင် အနက်ရောင်ဝတ်ထားသော လူငယ်တစ်ဦးရှိ နေသည်။ သူသည် မျက်နှာတွင် ငွေရောင်မျက်နှာဖုံးတပ်ထားကာ သူ၏ ကျောက်စိမ်းနှင့်တူသော မေးစေ့ကိုသာ ဖော်ထားသည်။ သူ၏မေးရိုးသည် ပန်းပွင့်ပန်းဖတ်ကဲ့သို့ လှပနေပြီး တောင်ပေါ်ရှိ တိမ်သောမြစ်တစ်စင်းနှင့်တူ လေသည်။ သူ၏ ကြည်လင်နေသောမျက်လုံးနက်များသည် သစ်ရွက်အကြားမှ တောထဲသို့ထိုးဖောက်ဝင်နေသော နေရောင်ထက်ပင် တောက်ပသည်။

သူမ၏ တည်နေရာကို အားလုံးတွေ့သွားသည်ကို မြင်သည်နှင့် သူမ ပြုံး ကာ သစ်ပင်ပေါ်မှခုန်ချလိုက်သည်။ သူမသည် လက်ခုပ်တီးကာ နန်ကုန်းချန်ရှီး ရှေ့တွင် လက်ပိုက်ပြီးရပ်လိုက်သည်။ သူမ ပြုံးပြီးပြောလိုက်သည် “မိန်းကလေး နန်ကုန်း မင်းက သေရမှာကြောက်ပြီး အပေါင်းအဖော်တွေကို ပစ်သွားတာပဲ.. ငါ့ကိုစကားပြောဖို့ ဘာအခွင့်ရှိလဲ”

…

“ရှင်” နန်ကုန်းချန်ရှီးသည် ပေထင်းဟွမ်အားလက်ညှိုးထိုးပြီး သူမ၏ နှာခေါင်းကို ထိလိုက်သည် “ရှင်က ဘယ်ကလာတာလဲ တောကတက်လာတာ လား.. ငါဘယ်သူလဲဆိုတာရော သိရဲ့လား”

နန်ကုန်းချန်ရှီးသည် ပေထင်းဟွမ်၏ စုတ်ပဲ့နေသောဝတ်ရုံကို အကဲခတ် နေသည်။ ပစ္စည်းကအကောင်းကြီးမဟုတ်လှပေမဲ့ ဘယ်လူသေဆီက ယူထားတဲ့အဝတ်စုတ်မှန်းမှမသိတာ။ မှော်သားရဲတောမှာ နေ့တိုင်းသေတဲ့ လူ တွေက ဘယ်လောက်တောင်များလိုက်လဲ။

ပေထင်းဟွမ်သည် ခြေလှမ်းနှစ်လှမ်းရှေ့တိုးလိုက်သည်။ ထိုကဲ့သို့ မှတ်သားရလောက်သည့် စကားများကိုကြားသောအခါ မရယ်ဘဲမနေနိုင်တော့ ပေ။ သူမသည် ခေါင်းပင်ညိတ်လိုက်သေးသည် “မင်းက ဆရာလုပ်ချင်ရုံတင် မကဘဲ ဦးနှောက်မှာလည်း ပြဿနာဖြစ်နေတာပဲ”

“ရှင်.. ရှင်ကသာ ပြဿနာရှိနေတာ.. ရှင်က ကိုယ့်မျက်နှာကိုယ်တောင် မပြရဲတဲ့ ခိုးကြောင်ခိုးဝှက်လူပဲ.. ဒါကိုလည်း မှတ်ထားလိုက်.. အနာဂတ်မှာ ရှင့်မှာ ပြဿနာရှိလာရင် နန်ကုန်းမိသားစုကို အကူအညီတောင်းဖို့ မစဉ်းစား လိုက်နဲ့” နန်ကုန်းချန်ရှီးသည် ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်သည်။

“မိန်းကလေးနန်ကုန်း” ပေထင်းဟွမ်သည် သူတို့ကိုယ်သူတို့ အထင်ကြီး သည့်လူမျိုးကို မုန်းသည်။ သူမသည် ခြေလှမ်းများကိုရပ်ကာ မျက်လုံး ကျဉ်းမြောင်းပြီး နန်ကုန်းချန်ရှီးအားကြည့်လိုက်သည်။ သူမ၏ အန္တရာယ်များ သည့် မျက်နှာထားသည် ခြိမ်းခြောက်နေသလိုပင်။ “တကယ်တော့ ခုနက ထွက်ပြေးစရာမလိုပါဘူး.. မှော်သားရဲတွေက သူတို့သွေးသားကိုသူတို့ အရမ်း တန်ဖိုးထားတာ.. မင်းက တုံးအလွန်းလို့ အစွယ်ကွေးကျားက စားတောင်မစားရဲ ဘူး”

မင်းက တုံးလွန်းလို့ အစွယ်ကွေးကျားက မင်းကို စားတောင်မစားရဲဘူး။

“ဟား ဟား” ရန့်ရှောင်ကျယ်သည် ဦးဆောင်ကာ ဗိုက်နာသည်အထိ ရယ်မောလေသည်။ ချင်ရှဲလင်သည် မြေပေါ်တွင်လှဲလျောင်းကာ ရယ်မောရင်း ချောင်းဆိုးနေသည်။ သူမသည် ရယ်မောချင်သော်လည်း မရယ်နိုင်ပေ။ ရှန်းယန်ဖိုသည် မြေပေါ်မှအားစိုက်ကာ ပေထင်းဟွမ်ဆီသို့ လက်သီးဆုပ်ဖြင့် နှုတ်ဆက်လေသည် “သခင်လေး ခင်ဗျားရဲ့ကြင်နာမှုကို ကျေးဇူးတင်စကား လောက်နဲ့ ဖော်ပြလို့မရပါဘူး  ကျွန်တော့်နာမည်ကရှန်းယန်ဖိုပါ ညီအစ်ကို နောင်တစ်ချိန် တစ်ခုခုလိုတာရှိရင် ပြောသာပြောလိုက်ပါ.. ခင်ဗျားအတွက် မီးနဲ့ရေရွေးနေမှာမဟုတ်ပါဘူး”

မွန်မြတ်သောသားရြဖိအားသည် ပေထင်းဟွမ်၏စာချုပ်သားရဲဆီမှ ထွက် လာသည်ဟု သူ မသေချာသော်လည်း သူသည် အင်ပါယာကျောင်း၏ လူငယ် ပါရမီရှင်ဖြစ်ရန် အရည်အချင်းမမှီပေ။

ပေထင်းဟွမ်သည် ရှန်းယန်ဖို၏သစ္စာစောင့်သိမှုကို တန်ဖိုးထားသည်။ သူမသည် လျှောက်သွားပြီး လက်ဆန့်ထုတ်လိုက်သည်။ ရှန်းယန်ဖိုသည် ပေထင်းဟွမ်အား အတန်ကြာအောင် စိုက်ကြည့်နေသည်။ သူသည် ပေထင်းဟွမ်၏ မျက်လုံးထဲမှ စိတ်ရင်းကို လွတ်မသွားပေ။ သူ ပျော်သွားသည်။ သူ လက်မြှောက်ပြီး ပေထင်းဟွမ်၏လက်ကို ပုတ်လိုက်သည်။ ပြီးနောက် ခုန်ကာ ပေထင်းဟွမ်အား ဖက်လိုက်သည် “ကျေးဇူးတင်ပါတယ်”

“ညီအစ်ကိုရှန်းယန် မင်းက ကျေးဇူးတင်ဖို့တောင် မလောက်ဘူးလို့ ပြော ပြီးပြီနော်.. နောက်တစ်ခါကျေးဇူးတင်ရင် ညီအစ်ကိုမဟုတ်တောဘူး” ပေထင်းဟွမ်သည် ပြုံးကာ သူမ၏ပခုံးပေါ်မှ သူ့လက်ကိုပုတ်လိုက်သည်။ သူမသည် ရှန်းယန်ဖိုနှင့် သူ့သူငယ်ချင်းများ၏ သစ္စာစောင့်သိမှုကို တန်ဖိုးထား သည်။ ထို့ကြောင့် ရှန်းယန်ဖို သူမကို ကျေးဇူးတင်သည်ဖြစ်စေ မတင်သည် ဖြစ်စေ သူမ ဂရုမစိုက်ပေ။

***

All Chapters