ဝိညာဉ်ပြန်လည်ထူထောင်ရေးဆေး
Vol. 4 Ch. 67
“ဟုတ်တယ် ညီအစ်ကို ငါတို့တွေက ညီအစ်ကိုတွေဆို ကျေးဇူးမတင်ရဲ တော့ပါဘူး.. ညီအစ်ကိုကောင်း.. ငါက ၁၆ နှစ်ရှိပြီ မင်းထက်အသက်ကြီး လောက်တယ်.. နောက်ဆိုရင် ငါ့ကိုအစ်ကိုကြီးလို့ခေါ်ပေါ့” ရှန်းယန်ဖိုသည် ခံစားချက်ပြင်းထန်ကာ အနည်းငယ်ဆို့နင့်သွားသည်။ “ညီအစ်ကို” ထိုစကားလုံး၏ အဓိပ္ပာယ်မှာ သူ့ရင်ထဲထိသွားစေသည်ကို ဝန်ခံသည်။ သူ ရှန်းယန်ဖိုတွင် ညီအစ်ကိုမရှိသဖြင့် ပေထင်းဟွမ် သူ့အားပေးစွမ်းသည့် ခံစားချက်မှာ မည်သည့်အရာနှင့်မှယှဉ်မရပေ။
ကြည့်လိုက်သည်နှင့် ဤလူငယ်သည် သူ့ကို အရိုးထဲမှ အသိအမှတ်ပြုမှု အသစ်ကိုပေးစွမ်းနေသလိုပင်။ သူ့နောက်သို့လိုက်ပြီး ကာကွယ်ပေးလိုသည့် ဆန္ဒသည် သူ့အနောက်တွင် ပုန်းကွယ်နေသည့် မွန်မြတ်သောသားရဲလိုပင်။
ချင်ရှဲလင်သည် ပေထင်းဟွမ်အား အေးစက်သော မျက်လုံးတစ်စုံဖြင့် ကြည့်နေသည်။ သူမ၏မျက်နှာမှ တစ်ဝက်ဖုံးနေသည့်မျက်နှာဖုံးကြောင့် နှုတ်ခမ်းနှင့် မေးစေ့ပေါ်နေသည်။ သူမ၏နီရဲသောမျက်လုံးများသည် ပါးလျစွာ ကွေးတက်နေသည်။ သူမသည် အေးစက်သည်။ သို့သော် လူတစ်ယောက်၏ နှလုံးသားကို တုန်ခါသွားလောက်အောင် ဆွဲဆောင်မှုများလျှံထွက်နေသည်။ နေရောင်ကဲ့သို့ ပူနွေးသောလေသည် သူမ၏အဝတ်များကို မှုတ်ထုတ်လိုက်ရာ သူမ၏ပိန်ပါးသော်လည်း မပျော့ညံ့သောခန္ဓာကိုယ်ကို ပေါ်လွင်သွားစေသည်။ သူမ၏ကောက်ကြောင်းသည် လူကိုရှက်သွေးဖြာသွားစေသည်။ ကြွေကျနေ သော သစ်ရွက်ပေါ်သို့ သူမနင်းလိုက်သည့် လှုပ်ရှားမှုများသည် ကလူသော ပုံရိပ်ကိုပေးစွမ်းသည်။ သူမ လှပသောမေးရိုးကိုမော့လိုက်သည်နှင့် တကယ့် မျိုးရိုးမြင့်သခင်လေးလိုပင်။ ရှန်းယန်ဖိုပင်လျှင် သူမလောက် မမြင့်မြတ်နိုင်ပေ။
ချင်ရှဲလင်သည် အနည်းငယ်ရှက်သွားသည်။ သူမရှေ့တိုးချင်သော်လည်း ဘာပြောရမည်ကိုမသိပေ။ သူမ၏ခန္ဓာကိုယ်သည်လည်း စိတ်သွားတိုင်း ကိုယ် မပါပေ။ ရန့်ရှောင်ကျဘ်သည် အတင်းကြီးလျှောက်သွားသည်ကိုသာ သူမ စောင့်ကြည့်နေရသည်။ ထိုအပြုအမူကို တမင်တကာလုပ်ခြင်းဟုတ်မဟုတ်ကို သူမ မသိပေ။ သို့သော် သူသည် ပေထင်းဟွမ်အား မှီနေလေသည် “ကောင်စုတ် လေး.. ငါ့ကိုအစ်ကိုလို့ခေါ်ဖို့ ဘယ်လိုလုပ်မေ့သွားတာလဲ ငါ့နာမည်က ရန့်ရှောင်ကျယ်.. နောက်ဆိုရင် ငါ့ကိုအစ်ကိုရန့်လို့ခေါ်တော့”
ချင်ရှဲလင်သည် သူ့ကြောင့် အနည်းငယ်ရှက်သွားမိသည်။ သူများကို ဒီလို မျိုး နီးစပ်အောင်လုပ်တဲ့လူရှိလို့လား။ သူ ပါးစပ်ဟလိုက်တာနဲ့ အစ်ကိုလို့ခေါ် ခိုင်းနေပြီ။ ဘယ်သူက သူ့ညီဖြစ်ချင်နေလို့လဲ။ ဒီကိုလူချောက သူ့ကို ရိုက်မထုတ်တာပဲ ကံကောင်းနေပြီ။
“ဟုတ်ပြီ” ပေထင်းဟွမ်သည် ရယ်မောကာ ရန့်ရှောင်ကျယ်အား ရိုက် လိုက်ရာ ရန့်ရှောင်ကျယ်သည် မြေပေါ်သို့လဲကျသွားသည် “ငါ့နာမည်က ပိုင်ယဲ့ ငါ့မိသားစုကတော့ ရှောင်ကျို့လို့ခေါ်တယ်.. အခုကစပြီး ငါ့ကိုရှောင်ကျို့လို့ ခေါ်လို့ရတယ်”
ပေထင်းဟွမ်သည် လက်မြှောက်လိုက်ရာ သူမ၏လက်ထဲတွင် ဆေးသုံး လုံးပေါ်လာလေသည်။ သူမသည် ရှန်းယန်ဖိုနှင့် ရန့်ရှောင်ကျယ်တို့ကို တစ်လုံး စီပေးလိုက်သည်။
“မဖြစ်နိုင်တာ အဆင့် ၅ ဝိညာဉ်ပြန်လည်ထူထောင်ရေးဆေးလား.. အဲဒါကို ဘယ်လိုလုပ် စားရက်မှာလဲ.. ငါပြောမယ် ရှောင်ကျို့ မင်း ငါ့ကိုခြောက် ဖို့ ကောင်းကင်ကလွှတ်လိုက်တာလား” ရန့်ရှောင်ကျယ်သည် လက်ချောင်း နှစ် ချောင်းဖြင့် ဆေးကိုကောက်ယူကာ နေရောင်အောက်တွင် ကြည့်လိုက်သည်။ သူသည် မစားရက်ပေ။
ဒီအမည်မသိသူဌေးလေးက ဘယ်ကလာတာလဲ။ သူသည် အဆင့် ၅ ပြန်လည်ထူထောင်ရေးဆေးကို လက်အပြည့်ထုတ်လာသည်။ သူမက ဆေးကို သကြားလုံးလို စားနေကျလား။
“ရာယာအင်ပါယာတစ်ခုလုံးမှာ ငါ့အစ်ကိုပဲ အဆင့် ၅ ဆေးကိုစပ်နိုင် တယ်.. ရှောင်ကျို့ ဒါကို ငါ့အစ်ကိုဆီကရလာတာမလား”
ပေထင်းဟွမ်သည် ချင်ရှဲလင်အား ဆေးပေးမည်အပြုတွင် ရှန်းယန်ဖို၏ စကားများကို ကြားလိုက်သည်။ သူမသည် ဟန်ချက်ပျက်ပြီး လဲကျလုနီးပါး ဖြစ် သွားသည်။ သူမသည် အဆင့် ၂ ကြယ်ဝိညာဉ်သခင်သာဖြစ်သည်။ ထို့ကြောင့် ရှန်းယန်ဖိုကို မလေးစားဘဲမနေနိုင်တော့ပေ။
ချင်ရှဲလင်သည် ပေထင်းဟွမ်ပေးသော ဆေးကိုသောက်ရန် မေ့လုနီးပါး ပင်။ သူမသည် မြေပေါ်လှဲကာ ပေထင်းဟွမ်အား ငေးကြည့်နေမိသည်။ သူမ ပေထင်းဟွမ်၏ စနောက်သည့်အကြည့်ကိုမြင်လိုက်ပြီး သူပြောသည့်စကားကို ကြားလိုက်ရသည် “မိန်းကလေး ငါ့မျက်နှာမှာ တစ်ခုခုများကပ်နေလို့လား”
ချင်ရှဲလင်၏ မျက်နှာမှာ နီရဲသွားလေသည်။ ဒီလူက တကယ်ကို ဆိုးတာပဲ။ ချင်ရှဲလင်သည် သူမလက်ထဲမှ ဆေးကိုယူပြီး ဘာစကားမှမပြောဘဲ မျိုချလိုက်သည်။ အေးစိမ့်သောခံစားချက်သည် သူမ၏ပါးစပ်၊ လည်ချောင်း၊ ဝမ်းဗိုက်မှတစ်ဆင့် တစ်ကိုယ်လုံးသို့ပျံ့နှံ့သွားသည်။ သွေးများဆူပွက်မှုကြောင့် နာကျင်နေသောခန္ဓာကိုယ်မှ တစ်ကိုယ်လုံးအားပြည့်သွားသည့်ခံစားချက်ကို ရလေသည်။ လုံးဝကိုဖော်မပြတတ်အောင် သက်တောင့်သက်သာဖြစ်သည့် ခံစားချက်ပင်ဖြစ်သည်။
ချင်ရှဲလင်သည် ငရဲကလုနီးပါးဖြစ်နေရာမှ ကောင်းကင်ဘုံသို့ရောက်သွား သလို ခံစားချက်ကြောင့် မပျော်ရသေးခင်မှာပင် နန်ကုန်းချင်ရှီးသည် ပြေးထွက် လာပြီး ပေထင်းဟွမ်အား လက်ညှိုးထိုးလေသည် “တောသား မင်းကို တစ်ခု မေးပါဦးမယ်.. ခုနက မင်းရဲ့မွန်မြတ်တဲ့သားရဲထွက်လာပြီး ငါ့ဓားရှည်ပျော့ကို လိမ်ယူသွားတာလား”
***