Chapter(109)
Vol. 8 Ch. 109
အသန့်စင်ဆုံးစနစ် အခန်း(109)
အကြီးအကဲလေးယောက်လုံးသည် မြေပြင်ပေါ်သို့ ထိုးကျသွားတဲ့အပြင် ကြည့်ရှု့နေသော ဂိုဏ်းတူဂိုဏ်းသားများအားလုံးသည် ချောင်ဖုန်းရဲ့ နတ်ဆိုးတစ္ဆေအရှိန်အဝါစွမ်းအားကြောင့် တစ်စုံတစ်ရာသည် သူတို့ကို သတ်ဖြတ်မယ်လို့ ခံစားနေရသည်။
လီဟောက်ရန်သည် "အကြီးအကဲစွန်း......ဘာကြောင့်လဲမသိဘူး တစ်စုံတစ်ရာက ကျွန်တော်ကို သတ်ဖြတ်တော့မယ့်အတိုင်းပဲ ခံစားနေရတယ် " လို့ ပြောလိုက်သည်။ထိုအခါ အကြီးအကဲစွန်းသည် "ဟောက်ရန်......အဲ့စွမ်းအားအရှိန်အဝါက ချောင်ဖုန်းရှိကနေ လာတာထင်တယ် " လို့ ပြောလိုက်သည်။
ထိုအခါ ဟောက်ရန်သည် သူတစ်ယောက်ထဲမဟုတ်ဘဲ အားလုံးပင်ခံစားနေရတာကို သိရှိလိုက်ရပြီး "ချောင်ဖုန်း.......မင်းကိုငါ ဒီတစ်သက် လိုက်မှီဖို့ မဖြစ်နိုင်တော့ဘူးထင်တယ်" လို့ ရေရွတ်လိုက်သည်။ချောင်ဖုန်းသည် ထွက်ပြေးသွားသော အကြီးအကဲ နှစ်ယောက်ကို ကြည့်ပြီး " ရွယ်ချင်း.......မင်းအဲ့နှစ်ယောက်ကို သိလို့လား " ဟု မေးလိုက်သည်။
ထိုအခါ ရွယ်ချင်းသည် ဝူတိုင်းပြည်ကို ဝင်ရောက်လာစဥ်အခါက မျက်နှာဖုံးတပ်ဆင်ထားသော အဖွဲ့တစ်ဖွဲ့၏ လုပ်ကြံခြင်းကို ခံရချိန်မှာ မသေမျိုးနတ်သမီးဂိုဏ်း၏ အကြီးအကဲများရောက်ရှိလာပြီး သူ့အား ကယ်ထုတ်နိုင်ခဲ့ကြောင်းပြောပြလိုက်သည်။
ထို့နောက် မသေမျိုးနတ်သမီးဂိုဏ်းမှ အကြီးအကဲတွေသည် လုပ်ကြံသူအဖွဲ့အား တိုက်ထုတ်နိုင်ခဲ့ပြီး ထိုအဖွဲ့ထဲမှ တစ်ယောက်သော သူသည် ဆုတ်ခွာဖို့ တိုက်ခိုက်ရင်း မျက်နှာဖုံးကျွတ်သွားတဲ့အခါ လျင်မြန်စွာ ပြန်တပ်ဆင်လိုက်ပြီး ထိုနေရာမှ ထွက်ပြေးသွားကြောင်း ပြောပြလိုက်သည်။
ထိုအခါချောင်ဖုန်းသည် "ရွယ်ချင်း ......အဲ့တာဆို မင်းကို လုပ်ကြံတာ အထွပ်အမြတ်ရတနာဂိုဏ်းရဲ့ အကြီးအကဲပေါ့ " ဟု မေးလိုက်သည်။ရွယ်ချင်းသည် ခေါင်းငြိမ့်ပြလိုက်တဲ့အခါ ချောင်ဖုန်းသည် နတ်ဆိုးတစ္ဆေစွမ်းအားအရှိန်အဝါကို တိုးမြှင့်လိုက်တဲ့ အကြီးအကဲ လေးယောက်လုံးသည် ပေါက်ကွဲထွက်သွားပြီး မြူမှုန့်အဖြစ် ပြောင်းလဲသွားလေသည်။
ထိုအခါ ကြည့်ရှု့နေသော ဂိုဏ်းသူဂိုဏ်းသားများသည် သေမင်းကို မြင်နေရသလိုကြောက်လန့်ပြီး တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြင့် ထွက်ပြေးသွားကြပြီး တချို့ဆိုရင် ရပ်နေသော နေရာမှာပင် ပစ်လဲခွေ ကျသွားလေသည်။
ထိုချိန်မှာ "ရီချောင်ဖုန်း......မင်းကိုငဲ့ညာလို့ မဖြစ်တော့ဘူးပဲ ဒီနေရာကနေ မင်းထွက်ခွာဖို့ မကြိုးစားနဲ့တော့ " ဟု နက်ရိုင်းသော အသံစွမ်းအင်တစ်ခုသည် ထွက်ပေါ်လာခဲ့သည်။
ထို့နောက် နတ်နယ်ပယ်အစောပိုင်းအဆင့်တိုက်ခိုက်ရေး သမားနှစ်ယောက်နဲ့ နတ်နယ်ပယ်အလယ်အလတ်အဆင့် တိုက်ခိုက်ရေးသမားတစ်ယောက်ဦးဆောင်သော အဖွဲ့တစ်ဖွဲ့သည် လေထဲမှ အလျင်အမြန် ရောက်ရှိလာလေသည်။
ထိုအဖွဲ့ကို မြင်တဲ့အခါ ရွယ်ချင်းသည် "ကိုကိုချောင်ဖုန်း.......ရွယ်ချင်းတို့ ခုချိန်ထွက်ပြေးရင်တောင် မမှီတော့ဘူးထင်တယ် " လို့ ပြောလိုက်သည်။ချောင်ဖုန်းသည် ရွယ်ချင်းလက်ကို ကိုင်လိုက်ပြီး "ရွယ်ချင်း.........မင်းကို ထိရဲတဲ့လူမှန်သမျှ တစ်ယောက်မှ အသက်မရှင်စေရဘူး " ဟု ကြိမ်ဝါးလိုက်သည်။
ချောင်ဖုန်းပြောသံကို ကြားတဲ့အခါ အထွပ်အမြတ်ရတနာဂိုဏ်းမှ အကြီးအကဲများသည် "ဟားဟား.......ရီချောင်ဖုန်း မင်းကိုမင်းပဲ အရင်ဂရုစိုက်ပါအုံး "ဟု ပြောကာ လှောင်ပြောင်၍ ရယ်မောနေကြရင်း ချောင်ဖုန်းအား ဝင်တိုက်ခိုက်လိုက်သည်။
နတ်နယ်ပယ်အစောပိုင်းအဆင့်ရှိသော အကြီးအကဲနှစ်ယောက်နဲ့ ဧကရာဇ်နယ်ပယ်အထွဋ်အထိပ်ကို ရောက်နေသော အကြီးအကဲငါးယောက်သည် ချောင်ဖုန်းနဲ့ အနီးကပ်ကို ရောက်ရှိလာတဲ့ အချိန်မှာ ချောင်ဖုန်းရဲ့ဘေးနားတွင် ရုပ်သေးရုပ် ငါးယောက်သည် ရုတ်တရက် ပေါ်ထွက်လာပြီး အကြီးအကဲ အားလုံးကို တစ်ပြိုက်နက် တိုက်ခိုက်လိုက်လေသည်။
ထိုအခါ နတ်နယ်ပယ်အစောပိုင်းအဆင့်ရှိသော အကြီးအကဲနှစ်ယောက်သည် နောက်သို့ လွင့်ထွက်သွားပြီး သွေးများပင်အန်လိုက်ရပြီး ကျန်ရှိသော ဧကရာဇ်နယ်ပယ်အဆင့် အကြီးအကဲများကတော့ သတိလစ်ကာ မြေပေါ်သို့ ပြုတ်ကျသွားလေသည်။
ထိုအခါ အထွပ်အမြတ်ရတနာဂိုဏ်းမှ ဂိုဏ်းချုပ်လင်းတုသည် "ဘယ်လိုလုပ်ပြီး......နတ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားတွေက မင်းကိုအကာအကွယ်ပေးနေတာလဲ " ဟု ပြောလိုက်သည်။ထိုစကားကြောင့် ကျန်ရှိသော လူအနည်းငယ်နဲ့ ရွယ်ချင်းတောင် အံ့အားသင့်သွားခဲ့သည်။
ချောင်ဖုန်းသည် စကားအပိုတွေ ပြောမနေပဲ နတ်ဆိုးတစ္ဆေစွမ်းအားအရှိန်အဝါကို ထုတ်လွှင့်လိုက်ပြီး ရွယ်ချင်းအနားမှ ပျောက်ကွယ်သွားလေသည်။ထိုချိန်မှာပဲ လင်းတုသည် သူသိုလှောင်ကွင်းထဲမှ ဆေးလုံး တစ်လုံးအား ထုတ်သောက်လိုက်လေသည်။
ဆ
ထိုအခါ လင်းတုရဲ့စွမ်းအားသည် နတ်နယ်ပယ်အထွဋ်အထိပ်အဆင့်သို့ တက်သွားပြီး ကြောက်စရာကောင်းသော နတ်ဆိုးသားရဲတစ်ကောင်ရဲ့ အရှိန်အဝါမျိုး ထုတ်လွင့်လိုက်သည်။ထိုအခါ ပုန်းကွယ်နေသော ချောင်ဖုန်းသည် လင်းတု၏ စွမ်းအားအရှိန်အဝါကြောင့် လေဟာနယ်မှ အလိုလိုပေါ်ထွက်လာလေသည်။
ရွယ်ချင်းသည် ချောင်ဖုန်းအနားသို့ ပျံသန်းလိုက်ပြီး "ကိုကိုချောင်ဖုန်း.......သူ့စွမ်းအင်က နတ်နယ်ပယ်အထွဋ်အထိပ်စွမ်းအားကို ရောက်ရှိသွားပြီထင်တယ် " လို့ပြောလိုက်သည်။ထို့နောက် လင်းတုသည် လက်ခုပ်တီးလိုက်ပြီး "ဟားဟားဟား.......ငါ့ကို ဒီအခြေအနေထိ ရအောင်ဖိအားပေးနိုင်မှာတော့ ၊ မင်းကိုလဲ ငါနဲ့အတူ အပါခေါ်သွားရမယ် " လို့ပြောလိုက်သည်။
ထို့နောက် လင်းတုရဲ့ဘေးတွင် ဝတ်ရုံနီဝတ်စုံဖြင့် လူနှစ်ယောက်သည် ရောက်ရှိလာပါတော့သည်။ထိုနှစ်ယောက်သည် နတ်နယ်အယ်အထွဋ်အထိပ်အဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။
ချောင်ဖုန်းသည် ရွယ်ချင်းလက်ကို ကိုင်ကာ သူ့နောက်ပို့လိုက်ပြီး "မင်းတို့က နတ်ဘုရားဖြစ်နေရင်တောင် ငါမင်းတို့ကို မရရအောင် သတ်ပစ်မယ် " ဟု ကြိမ်ဝါးလိုက်ပြီး ရုပ်သေးရုပ်တွေကို တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်သည်။
ထို့နောက် ချောင်ဖုန်းသည် ရွယ်ချင်းကို ကာကွယ်ဖို့ ရီချုံကို အမိန့်ပေးလိုက်သည်။ထိုအခါ ရီချုံသည် ငှက်ပေါက်စလေးအသွင်ဖြင့် ရွယ်ချင်းအနားတွင် ကျန်ခဲ့ပြီး ချောင်ဖုန်းသည် ကိုယ်ပွားလိုက်ကာ
ရုပ်သေးရုပ်များနှင့် အတူတိုက်ခိုက်ဖို့ ပြေးဝင်သွားတာကို တွေ့လိုက်ကြရသည်။
အားလုံးသည် တစ်ရုပ်ထဲ ဖြစ်နေတဲ့အတွက် ချောင်ဖုန်းအစစ်သည် ဘယ်သူမှန်းမသိရှိနိုင်ချေ။လင်းတုသည် သူ့လက်ဖဝါးနှစ်ဖက်ကို ကပ်လိုက်ပြီး လက်ချောင်းလေးများကို လှုပ်ရှားလိုက်ကာ"ယွမ်နတ်ဘုရားကျင့်စဥ်" လို့ ရေရွတ်လိုက်တဲ့အခါ လက်ဖဝါးများစွာသည် ချောင်ဖုန်းနဲ့ရုပ်သေးရုပ်များစီကို ဦးတည်သွားလေသည်။
ဝတ်ရုံနီဂိုဏ်းမှ ဆရာကြီးနှစ်ယောက်သည်လည်း သူတို့ဓားများကို အနက်ရောင်ချီဝိညဥ် စွမ်းအင်အသက်သွင်းလိုက်ပြီး "ကမ္ဘာမြေအသစ်ဖန်တီးခြင်းကျင့်စဥ်" လို့ ပြိုင်တူ အော်ဟစ်လိုက်ပြီး သူတို့ဓားများကို ညာဘက်လက်ဖြင့်ကိုင်ကာ မိုးပေါ်ထောင်လိုက်ပြီး ဘယ်ဘက်လက်မှ လက်ညိုးလက်ခလယ်နှစ်ချောင်းဖြင့် လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ ကောင်းကင်ပေါ်မှ ကမ္ဘာလုံးပုံစံ အနက်ရောင်စွမ်းအင် စက်ဝိုင်းလုံးကြီးများသည် ကျဆင်းလာလေသည်။
ချောင်ဖုန်းကိုယ်ပွားများသည် ကိုယ်ပိုင်ဝိညဥ်စွမ်းအင်များကို လက်သီးထိပ်မှာ စုစည်း လိုက်ပြီး သူတို့ရှိကျရောက်လာသော စွမ်းအင်များကို ပြန်လည်၍ တိုက်ခိုက်လိုက်လေသည်။ထိုအခါ ချောင်ဖုန်းရဲ့ ကိုယ်ပွားများသည် ပျောက်ကွယ်သွားပြီး ချောင်ဖုန်းသည် ပါးစပ်မှ သွေးများပင် အန်လိုက်ရသည်။
ရုပ်သေးရုပ်များကတော့ တိုက်ခိုက်မှုဒဏ်ကို ခံလိုက်ရပင်မယ့် ဘာမှမဖြစ်သွားချေ။ချောင်ဖုန်းဒဏ်ရာရသွားတဲ့အခါ ရွယ်ချင်းသည် လျင်မြန်စွာ ချောင်ဖုန်းအနားကို ပျံသန်းလိုက်ပြီး"ကိုကိုချောင်ဖုန်း.........နင်အဆင်ပြေရဲ့လား " ဟု မေးကာ ပါးစပ်မှ သွေးများကို သူ့လက်မလေးနဲ့ သုတ်ပေးလိုက်သည်။
ထို့နောက် ရွယ်ချင်းသည် တိုက်ခိုက်ဖို့ ပြင်လိုက်ချိန်မှာ ချောင်ဖုန်းသည် ရွယ်ချင်းလက်ကို ဖမ်းလိုက်ပြီး သူ့သည် ဒဏ်ရာမရလဲ ဟန်ဆောင်နေသည့်အကြောင်းပြောပြလိုက်သည်။ရွယ်ချင်းသည် ချောင်ဖုန်း အဲ့လောက်ဥာဏ်များ လိမ့်မယ်ဟု မထင်ထားချေ။
ရွယ်ချင်းသည် "ကိုကိုချောင်ဖုန်း......ရှင်ဘာဆက်လုပ်မှာလဲ "ဟု မေးလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် ပြုံးလိုက်ပြီး ရီချုံအား တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်လေသည်။ထိုအခါ ရီချုံသည် ဌက်ပေါက်စလေးအသွင်မှ ဂျိုတစ်ချောင်းရှိပြီး တစ်ကိုယ်လုံးမဲနက်သော ဧရာမနတ်ဆိုးဌက်ကြီးအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထိုအခါ အားလုံးသည် ချောင်ဖုန်းရဲ့အင်အားကို အလွန်ကြောက်ရွံသွားကြပြီး အကြီးအကဲစွန်းသည် "အချိန်တိုလေးအတွင်းမှာ ဒီကောင်လေးရဲ့ နောက်ခံအင်အားက မဟာမိတ်ငါးနိုင်ငံအတွင်းရှိ အင်အားကြီးဂိုဏ်းတွေထက် ကျော်လွန်သွားတာပဲ " ဟု လီဟောက်ရန်ကို ပြောပြနေခဲ့သည်။
ရီချုံသည် အော်ဟစ်ပြီးတာနဲ့ သူ့ရဲ့ ဂျိုမှ စွမ်းအင်ကို ထုတ်သုံးလိုက်တဲ့အခါ မိုင်တစ်ရာအတွင်းရှိ အရာအားလုံးသည် အလွန်နှေးကွေးစွာ ဖြစ်သွားလေသည်။
ထိုအခါ ရီချုံ၏ စွမ်းအင်ထဲမှာ နှေးကွေးသွားသော ဝတ်ရုံနီဂိုဏ်းသားနှစ်ယောက်လုံးသည် သူတို့ကို ရှာဖွေစုံစမ်းခိုင်းထားသောသူသည် ချောင်ဖုန်းဖြစ်နေမှန်းသိရှိသွားပြီး "သေစမ်း.......သူက အဲ့တစ်ယောက်လား " ဟု ရေရွတ်လိုက်လေသည်။
ချောင်ဖုန်းသည် ရီချုံစွမ်းအင်ကို အသုံးပြုလိုက်တာနဲ့ သူ့လက်ဖဝါးနှစ်ဖက်အားကို ကပ်လိုက်ပြီး လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ ရွှေဝါရောင် နတ်ဘုရားလက်ဖဝါးများစွာသည် ပေါ်ထွက်လာလေသည်။
လင်းတုသည် မလှုပ်ရှားနိုင်တဲ့ကြားမှ "မဖြစ်နိုင်တာ......ဘိုးဘေးရဲ့သိုင်းကျင့်စဥ်ကို မင်းက ဘယ်လိုလုပ်ပြီးတက်နေရတာလဲ " ဟု ထစ်ငေါ့ထစ်ငေါ့ဖြင့် မေးလိုက်သည်။
ချောင်ဖုန်းသည် လက်ဖဝါးကို လင်းတုတို့ စီကို ပို့လွှတ်ပြီးတာနဲ့ တစ်ပြိုင်နက် အသွင်ကိုးမျိူးမရဏဓားကို ထုတ်လိုက်ပြီး ဝတ်ရုံနီဂိုဏ်းသား နှစ်ယောက်ရဲ့ ကျင့်စဥ်အတိုင်း လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ ကောင်းကင်ပေါ်မှ ရွှေဝါရောင်စွမ်းအင်လုံးကြီးများသည် လှုပ်ရှားလို့ မရသော လင်းတုတို့ သုံးယောက်စီသို့ ဦးတည်သွားကြလေသည်။