ဝိညာဉ်နဂါးမောက်သီး
Vol. 4 Ch. 68
“ဟုတ်တော့ရော ဘာလုပ်မှာလဲ မဟုတ်တော့ရော ဘာလုပ်ချင်လဲ” ပေထင်းဟွမ်သည် သူမကို ငတုံးတစ်ယောက်ကဲ့သို့ စိတ်မဝင်စားသလို ကြည့် လိုက်သည်။
နန်ကုန်းချန်ရှီးသည် ပြောစရာစကားများ ပျောက်ရှသွားသည်။ အစွယ် ကွေးကျားကို ခြောက်လန့်လိုက်သူမှာ မွန်မြတ်သောသားရဲဖြစ်ကြောင်း သူမ ရှန်းယန်ဖိုဆီမှ ကြားလိုက်ရသည်။ သူမ၏ ဓားရှည်ပျော့ကို လိမ်ယူသွားသည် မှာလည်း ဉာဏ်ရည်ဖွံ့ဖြိုးနေသည့်မှော်သားရဲဖြစ်သည်။ မွန်မြတ်သောသားရဲ သည် ဂေါ်ဖီထုပ်များကဲ့သို့ ပေါများနေသည်မဟုတ်ပေ။ ထိုမွန်မြတ်သောသားရဲ သည် ပေထင်းဟွမ်၏ သားရဲဖြစ်သည်ကို သူမ သေချာလုနီးပါးဖြစ်သွားသည်။
“ဟင်း.. ဘာလို့ ဒီလောက်တောင် အရှက်မဲ့ရတာလဲ.. မင်းက ငါ့ ဓားရှည် ပျော့ကို မျက်စိကျပြီးတော့ မင်းရဲ့သားရဲကို လိမ်ဖို့ငါ့ဆီလွှတ်လိုက်တာမလား” နန်ကုန်းချန်ရှီး စဉ်းစားလေလေ ဒေါသထွက်လေဖြစ်သည်။
ချင်ရှဲလင်သည် နားမနေနိုင်တော့ပေ။ သူမသည် ပြန်သက်သာလာပြီဖြစ် ရာ နန်ကုန်းချန်ရှီးရှေ့သို့ ပြေးသွားလိုက်သည် “နင် တကယ်ကြီးပြောနေတာ လား.. မှော်သားရဲနောက်ကိုလိုက်တာ ဘယ်သူလဲ.. နင့်ဓားရှည်ပျော့ကို နင် ဘာသာနင်မထုတ်ရင် တခြားလူက ဘယ်လိုလုပ်သိမှာလဲ.. ရှောင်ကျို့က ထိုးဖောက်မြင်နိုင်လို့ နင့်သိုလှောင်လက်စွပ်ထဲကဟာကို မြင်ရမှာလား”
ပေထင်းဟွမ်သည် နန်ကုန်းချင်ရှီးအား မျက်လုံးထောင့်မှပင် စွေစောင်း မကြည့်တော့ပေ။ သူမသည် ချင်ရှဲလင်အား ဆွဲပြီးပြောလိုက်သည် “နားမလည် တဲ့သူနဲ့ ငြင်းခုံနေတာထက် နားလည်တဲ့သူနဲ့ တိုက်ခိုက်လိုက်ချင်တယ်… ခွေးကလာကိုက်တာနဲ့ ပြန်ကိုက်မလို့လား ထားလိုက်”
နန်ကုန်းချန်ရှီးသည် နောက်ဆုံးအချိန်တွင် ထွက်ပြေးသွားခဲ့သည်။ ထို့ကြောင့် ရှန်းယန်ဖိုနှင့် ရန့်ရှောင်ကျယ်တို့သည် သူမကို အာရုံမစိုက်ချင်တော့ ပေ။ မှော်သားရဲတောသို့ လေ့ကျင့်ရေးဆင်းရန် ၄ ယောက်တစ်ဖွဲ့ လာရခြင်း ကြောင့်သာမဟုတ်လျှင် သူမကို နှင်ထုတ်လိုက်ပြီဖြစ်သည်။ ရန့်ရှောင်ကျယ် သည် သူမအား သနားသည့်အကြည့်ဖြင့် ကြည့်လေသည် “ဟုတ်သားပဲ ရှောင်ကျို့.. ငါတို့တွေက အင်ပါယာကျောင်းက လေ့ကျင့်ရေးဆင်းလာတဲ့အဖွဲ့ ပဲ.. ဝိညာဉ်နဂါးမောက်သီးခူးဖို့ ဆရာက ငါတို့ကိုခေါ်လာတာ.. ငါတို့နဲ့လိုက်ချင် လား”
“ဘာ.. ဝိညာဉ်နဂါးမောက်သီးရှာတာကို ဒီလူ့ကိုလိုက်စေချင်တာလား.. ဝိညာဉ်နဂါးမောက်သီးနော်.. ဝိညာဉ်နဂါးမောက်သီးက ငါတို့လေ့ကျင့်ရေး ရလဒ်ကို ဘယ်လိုသက်ရောက်မလဲဆိုတာ သိရဲ့လား.. ငါတို့သာ ဝိညာဉ်နဂါး မောက်သီးမရရင် ဒီစာသင်နှစ်တော့ ကျမှာပဲ” နန်ကုန်းချန်ရှီးသည် ထိုစကားကို ကြားသောအခါ ထခုန်လေသည်။ မွန်မြတ်တဲ့သားရဲရှိတဲ့သူကို အဖွဲ့ထဲဆွဲသွင်း တာ တခြားတိုက်ပွဲတွေဖြစ်လာရင် ဘယ်လိုလုပ်မလဲ။
ရှန်းယန်ဖိုသည် သေရမည်ကိုမကြောက်ပေ။ သို့သော် ကိုယ့်အဖွဲ့သား၏ သစ္စာဖောက်ခြင်းကိုခံလိုက်ရသဖြင့် မပျော်မရွှင်ဖြစ်နေသည်။ သူလေးစားရသူ ကို ပစ်ပယ်သည်ကို သူ မလိုလားပေ။ “ဝိညာဉ်နဂါးမောက်သီးဆိုရင်တောင် ငါ ရှောင်ကျို့ကိုပေးချင်တယ်ဆို အဲဒါရှောင်ကျို့အပိုင်ပဲ.. မင်း ငါတို့နဲ့အဖွဲ့မဖွဲ့ချင် တော့ရင် တစ်ယောက်တည်းသွားလို့ရတယ်”
ရှန်းယန်ဖိုသည် ပြောရင်ပြောသလို လုပ်တတ်သည်ကို နန်ကုန်းချန်ရှီး သိသည်။ သို့သော် သူမ နားမလည်ပေ။ ဒီတောသားက သင့်တော်တဲ့ အဝတ် အစားကိုတောင် မဝတ်နိုင်ဘဲ သူတို့နဲ့အဖွဲ့ဖွဲ့ဖို့ ဘာများထိုက်တန်လို့လဲ။ ဒီတောသားက ရှန်းယန်ဖိုကို သူ့အသင်းသားကိုတောင် ပစ်ထားအောင်လုပ် လိုက်တာပဲ “အစ်ကိုဖို ဒီစာသင်နှစ်လေ့ကျင့်ရေး ရလဒ်မကောင်းချင်ဘူးလား.. ရှန်းယန်ဟန့်ကိုမနိုင်ချင်ဘူးလား”
“ဒါငါ့ကိစ္စပါ.. မင်းနဲ့မဆိုင်ဘူး” ရှန်းယန်ဖိုသည် ပေထင်းဟွမ်၏ လက်ကို ဖက်လိုက်သည် “ရှောင်ကျို့ ငါတို့တွေ ဝိညာဉ်လမ်းခွဲတောင်ကြားကိုသွားမလို့ အဲဒီမှာ ဝိညာဉ်နဂါးမောက်သီးကမှည့်တော့မှာ.. ငါတို့နဲ့လိုက်ခဲ့လေ မကြောက် နဲ့ ငါတို့ဆရာက အခက်အခဲတွေဖြစ်လာရင် ငါတို့ကိုကယ်မှာပါ.. ဒီတစ်ခါက မတော်တဆဖြစ်သွားတာ.. ဆရာက ကိစ္စတစ်ခုကြောင့် ထွက်သွားလိုက်လို့.. နောက်တစ်ခါဆို ဒီနေ့လို အန္တရာယ်မများတော့ဘူး”
မှော်သားရဲ ဝါးမျိုခြင်းကို ခံရလုနီးပါးဖြစ်သွားသူမှာ မည်သူမည်ဝါဖြစ် သည်ကို သူ မေ့သွားသည့်ပုံပင်။ ထိုအစား သူသည် ပေထင်းဟွမ်ကို နှစ်သိမ့်နေ သေးသည်။
ပေထင်းဟွမ်သည် နှုတ်ခမ်းကိုအနည်းငယ်တွန့်ကာ အသာခေါင်းညိတ် လေသည် “ဟုတ်ပြီ”
သူမသည် အေးစက်သောလူဖြစ်သည်။ သို့သော် သူမကို စိတ်ရင်းနှင့် ကောင်းမွန်စွာဆက်ဆံသူဆိုလျှင်လည်း အသိအမှတ်ပြုသည် “အဲဒါက ဝိညာဉ် နဂါးမောက်သီးပဲမလား.. ငါရရင်လည်း လက်လျော့လိုက်ပါမယ်”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. အဲဒါတစ်လုံးပဲရှိရင် သေချာပေါက် မင်းကို ပေးမှာပေါ့ မဟုတ်ဘူးလား ရှဲလင်” ရန့်ရှောင်ကျယ်သည် ချင်ရှဲလင်ဘက်ဆီသို့ မေးငေါ့ပြကာ ပေထင်းဟွမ်၏ ပခုံးကို ဖက်လိုက်သည် “ရှောင်ကျို့ ဝိညာဉ် နဂါးမောက်သီးမှာ ဝိညာဉ်စွမ်းအင်အများကြီးပါတယ်.. မင်း အဆင့်မြင့်သွားရင် နောက်တစ်ဆင့်တက်ဖို့အတွက် အဲဒါကိုသေချာပေါက် သုံးရလိမ့်မယ်.. မလိုချင် ဘူးလို့ ထပ်မပြောတော့နဲ့.. ဝိညာဉ်နဂါးမောက်သီးမရှိလည်း အဆင့် ၅ နဲ့ အထက်ရှိတဲ့ဝိညာဉ်သားရဲ သုံးကောင်လောက်သာရနိုင်ရင် ဒီလေ့ကျင့်ရေးမှာ အမှတ်ပြည့်ရမှာပဲ”
အဆင့် ၅ အောက် မှော်သားရဲများသည် ဝိညာဉ်ကျင့်ကြံသူနှင့်ညီမျှကာ အဆင့် ၅ အထက်မှော်သားရဲများသည် ကြယ်အဆင့်နိမ့်ဝိညာဉ်သခင်များနှင့် ညီမျှသည်။ အဆင့် ၇ အထက်မှော်သားရဲများသည် ကြယ် ၇ ပွင့်ဝိညာဉ်သခင် နှင့်တူညီသည်။ အဆင့် ၅ အထက်မှော်သားရဲများသည် လူလေးယောက်အဖွဲ့ တစ်ဖွဲ့အတွက် အနည်းငယ်ခက်ခဲသည်။
ပေထင်းဟွမ်သည် ဖြားယောင်းခံလိုက်ရလေသည်။ လက်ရှိတွင် သူမသည် အဆင့် ၂ ကြယ်ဝိညာဉ်သခင်ဖြစ်သည်။ သူမ မိုးကြိုးသွားနှင့် လော့ပေမြို့မှ ထွက်လာစဉ်က ကောင်းကင်ပေါ်တွင် လွတ်လွတ်လပ်လပ် ပျံသန်းခဲ့သည်။ နေဝင်တောနှင့် မှော်သားရဲတောအကြားတွင် ဦးခေါင်းဖြူ သိမ်းငှက်အုပ်နှင့် မထင်မှတ်စွာတွေ့ခဲ့ရသည်။ ထိုအုပ်မှာ အဆင့် ၂ အနိမ့် မှော်သားရဲများဖြစ်ကြသော်လည်း ခေါင်းဆောင်မှာ အဆင့် ၃ အမြင့်မှော်သားရဲ ဖြစ်သည်။ မှော်သားရဲအဖွဲ့ကြီးသည် မိုးကြိုးသွား၏ ဖိအားကိုခံနိုင်ရည်မရှိကာ သူမနှင့်မိုးကြိုးသွား၏ လိုက်ခြင်းကိုခံရကာ ကြွက်များကဲ့သို့ ပျံပြေးကြသည်။ သူတို့သည် သနားစဖွယ်အခြေအနေတစ်ခုသို့ ရောက်သွားကြလေ၏။
***