Chapter(110)
Vol. 8 Ch. 110
အသန့်စင်ဆုံးစနစ် အခန်း(110)
ချောက်ဖုန်းရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရတဲ့အခါ လင်းတုတို့သည် စွမ်းအင်ကို မရမက ထုတ်ကာ ကာကွယ်ခဲ့ပေမယ့် ဒဏ်ရာအကြီးအကျယ် ရသွားခဲ့သည်။ထိုအခါ ချောင်ဖုန်းသည် သူခန္ဓာကိုယ်တစ်ခုလုံးတွင် အမဲရောင်အရိပ်ငွေ့များ ထွက်လာပြီး သေချာကြည့်လိုက်ရင် နတ်ဆိုးတစ်ကောင်နဲ့ပင်တူသွားလေသည်။
ချောင်ဖုန်းသည် နတ်ဆိုးတစ္ဆေအရှိန်အဝါစွမ်းအင်ကို ထုတ်လွှင့်လိုက်ပြီး လက်ညိုးဖြင့် လင်းတုတို့ ရှိနေသော နေရာကို ညွှန်လိုက်လေသည်။
ထိုအခါ အလွန်စွမ်းအားပြင်းထန်သော အဖြူအနက် ရစ်နွယ်ထားသည့် ချီးစွမ်းအင်အလင်းတန်းကြီးသည် လင်းတုတို့ သုံးယောက်လုံး၏ ခန္ဓာကိုယ်အားထိုးဖောက်လိုက်တဲ့အခါ သုံးယောက်လုံးသည် သေဆုံးသွားလေသည်။
ထိုသုံးယောက်လုံးသည် စုန့်ဝိညဥ်စွမ်းအင် ထွက်ပေါ်လာတဲ့ ချောင်ဖုန်းသည် လျင်မြန်စွာ ချိတ်ပိတ်လိုက်ပြီး သိမ်းထားလိုက်သည်။ထိုသုံးယောက်လုံးသည် စုန့်ဝိညဥ်စွမ်းအင်ထွက်ပေါ်လာတဲ့အတွက် ချောင်ဖုန်းသည် ထူးဆန်းသလိုပင် ဖြစ်နေခဲ့သည်။
ထို့နောက် ချောင်ဖုန်းသည် အသံစွမ်းအင် လှိုင်းဖြင့် အထွပ်အမြတ်ရတနာဂိုဏ်းကနေ မထွက်ခွာတဲ့လူအားလုံးကို သတ်ပစ်မယ်ဟု ပြောကာ ဂိုဏ်းကို ဖျက်စီးခိုင်းလိုက်သည်။ရီချုံသည် လင်းတုတို့သေသွားတဲ့အခါ ချောင်ဖုန်း၏ ခန္ဓာကိုယ်နဲ့ ပြန်လည်ပေါင်းစပ်သွားလေသည်။
ကျူးခွမ်သည် လုံးဝထွက်မလာတဲ့ အတွက် ချောင်ဖုန်းသည် ရုပ်သေးရုပ်များကို သိုလှောင်ကွင်းထဲသို့ ပြန်လည် သိမ်းဆည်းလိုက်ပြီး ရွယ်ချင်းကို ခေါ်ကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး အကြီးအကဲစွန်းကို ကို ရှာဖွေလိုက်သည်။ထိုချိန်မှာပဲ လီဟောက်ရန်နဲ့ အကြီးအကဲစွန်းသည် ချောင်ဖုန်းအနားကို ရောက်ရှိလာလေသည်။
လီဟောက်ရန်သည် ချောင်ဖုန်းအနားရောက်လာတဲ့အခါ "ချောင်ဖုန်း......မင်းငါနဲ့အကြီးအကဲစွန်းကို ဘယ်လိုတာဝန်ယူမှာလဲပြော..... " ဟု စနောက်ကာ ပြောလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် ပြုံးလိုက်ပြီး "မင်းကို ငါဂိုဏ်းချုပ်အသစ်ခန့်ပေးမယ်လေ......ဘယ်လိုလဲ " ဟု မေးလိုက်သည်။
ထိုအခါ လီဟောက်ရန်သည် ခေါင်းခါလိုက်ပြီး "တော်ပြီတော်ပြီ.....ငါ့ဘာသာအိမ်ပြန်ပြီး လေ့ကျင့်တော့မယ် " ဟု ပြန်ပြောလိုက်သည်။အကြီးအကဲစွန်းသည် တည်ငြိမ်စွာဖြင့် ချောင်ဖုန်းကိုအထွပ်အမြတ်ရတနာဂိုဏ်းနဲ့ ပက်သက်ပြီး သူသိရှိထားတာတွေကို ပြောပြလိုက်သည်။
ထိုအကြောင်းအရာကတော့ အထွပ်အမြတ်ရတနာဂိုဏ်းတွင် ဂိုဏ်းချုပ်ဟောင်း ဘိုးဘေးတစ်ယောက် ပြန်လည်ထွက်ပေါ်လာခဲ့ပြီး ကျူးခွမ်သည် ထိုဘိုးဘေးရဲ့ မျိုးဆက်တစ်ဦးဖြစ်တဲ့အတွက် သူ့ရဲ့ အမွေကို ဆက်ခံဖို့ အထွပ်အမြတ်ရတနာဂိုဏ်းကနေ ခေါ်ဆောင်သွားခဲ့ကြောင်းပြောပြလိုက်သည်။
ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး "အကြီးအကဲစွန်း......ဝတ်ရုံနီဂိုဏ်းနဲ့ ပက်သက်ပြီး တိတိကျတဲ့ သိတဲ့လူရှိလား " ဟု မေးလိုက်သည်။ထိုအခါ အကြီးအကဲစွန်းသည် ဝတ်ရုံနီဂိုဏ်းကို လိုက်လံသတ်ဖြတ်နေသော ရှေးဟောင်း ဂိုဏ်းတစ်ဂိုဏ်းရှိတဲ့အကြောင်း ပြောပြလိုက်သည်။
ထိုဂိုဏ်းရဲ့နာမည်ကတော့ ရေခဲနဂါးမင်းဂိုဏ်းဖြစ်ပြီး ဝတ်ရုံနီဂိုဏ်းရဲ့ အဓိကရန်သူတော် ဂိုဏ်းတစ်ဂိုဏ်းပင်ဖြစ်သည်။ရေခဲနဂါးမင်းဂိုဏ်းသည် အလွန်ဝေးကွာသည့် နေရာတစ်ခုတွင်သီးသန့်တည်ရှိသော ဂိူဏ်းတစ်ဂိုဏ်းပင်ဖြစ်သည်။
ထိုအခါ ချောင်ဖုန်းသည် "အကြီးအကဲစွန်း........အဲ့ဂိုဏ်းရဲ့တည်နေရာကိုရော သိတဲ့လူများရှိလား " ဟု ထပ်မေးလိုက်သည်။ထိုအခါအကြီးအကဲစွန်းသည် ရေခဲနဂါးမင်းဂိုဏ်းရဲ့ တည်နေရာကို သိရှိသော ဂိုဏ်း၏ တည်နေရာကို သာ ပြောပြလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် ထိုဂိုဏ်းကိုသွားဖို့အတွက် ဆုံးဖြတ်လိုက်သည်။ရွယ်ချင်းသည် "ကိုကိုချောင်ဖုန်း......ရှင်အဲ့ဒီကို သွားရင် ရွယ်ချင်းကိုပါ ခေါ်သွားရမယ်နော် " ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည် ရွယ်ချင်းခေါင်းကို ပွတ်လိုက်ပြီး "ရွယ်ချင်း.......တကယ်လို့နင်ပါလိုက်မယ်ဆို ရီအိမ်တော်ကို ဘယ်သူက ကာကွယ်စောင့်ရှောက်မှာလဲ " ဟု မေးလိုက်သည်။
ထိုအခါ ရွယ်ချင်းသည် "ကိုကိုချောင်ဖုန်း.......အဲ့တာဆို နင်အမြန်ဆုံးပြန်လာရမယ်နော် " ဟု စိုးရိမ်သည့် ပုံဖြင့်ပြောလိုက်သည်။ထိုချိန်မှာပဲ ယန်အစီအရင်ဂိုဏ်း၏ အကြီးအကဲများနှင့် မသေမျိုးနတ်သမီးဂိုဏ်းမှ အကြီးအကဲများ ရောက်ရှိလာလေသည်။
ထိုအခါ ဂိုဏ်းနှစ်လုံးရဲ့ အကြီးအကဲများသည် သေဆုံးနေသည့် လင်းတုကို တွေ့တဲ့အခါ ဘာတွေများဖြစ်ပျက်သွားတာလဲ ဟု သိချင်နေခဲ့မိသည်။ချောင်ဖုန်းသည် ယန်အစီအရင်ဂိုဏ်းမှ အကြီးအကဲများနဲ့ ပြန်ဆုံတဲ့အခါ ရိုရိုသေသေ လက်နှစ်ဖက်ဆုတ်ကာ နှုတ်ဆက်လိုက်သည်။
ဝူတိုင်းပြည် အတွင်းရှိ ဂိုဏ်းအများစုသည် အထွပ်အမြတ်ရတနာဂိုဏ်း၏ ပြောင်းလဲမှုများကို သိရှိနေကြပင်မယ့် နတ်နယ်ပယ်အထွဋ်အထိပ်အဆင့်တိုက်ခိုက်ရေးသမားများကို မယှဥ်နိုင်တဲ့အတွက် သူတို့နဲ့ လိုက်ထွေးညီအောင် ဆက်ဆံနေခဲ့ကြသည်။
ချောင်ဖုန်းသည် အားလုံးကို နှုတ်ဆက်ကာ ရွယ်ချင်းလက်ကို ဆွဲကိုင်ပြီး ထိုနေရာမှ ထွက်ခွာသွားပါတော့သည်။ချောင်ဖုန်းသည် ရွယ်ချင်းလက်ကို ဆုပ်ကိုင်ပြီး လေပေါ်တွင် အတူပျံသန်းထွက်ခွာ
သွားတာကို မြင်နေသော လုံအာသည် သူစိတ်ထဲတွင် မနာလို မုန်းတီးစိတ်များ ပြင်းထန်နေလေသည်။
ရွယ်ချင်းနဲ့ ချောင်ဖုန်းသည် အတူပျံသန်းနေရင်း ရွယ်ချင်းသည် " ကိုကိုချောင်ဖုန်း........နင်အဲ့ဒီကို ဘယ်တော့သွားမှာလဲ " ဟု မေးလိုက်သည်။ ထိုအခါ ချောင်ဖုန်းသည် ရီအိမ်တော်အတွက် အရာအားလုံးစီစဥ်ပြီးမှသာ ထွက်သွားဖို့ စိတ်ကူးထားကြောင်း ပြောပြလိုက်သည်။
ချောင်ဖုန်းတို့သည် ခဏလေးအတွင်းမှာပဲ အန်းမြို့ရှိ ရီအိမ်တော်ကို ရောက်ရှိလာတဲ့အခါ ဆင်းသက်လာခဲ့သည်။ချောင်ဖုန်းသည် ဒီတစ်ခါ သူထွက်သွားရမယ့်နေရာသည် မဟာအင်ပါယာတိုင်းပြည်ထက် အလွန်ဝေးကွာသောကြောင့် နတ်နယ်ပယ်အဆင့်ကို ထိုးဖောက်ပြီးမှသာ သွားဖို့ စိတ်ကူးထားသည်။
ချောင်ဖုန်းသည် ရီအိမ်တော်ကို ရောက်တာနဲ့ နတ်သမီးသုံးဖော်ဆေးလုံးနဲ့ဟီဂျင်းဟုသောဆေးလုံးကို ရွယ်ချင်းအတွက် ဖော်စပ်ပေးလိုက်ပြီး တခြားသော အဆင့်နိမ့်သော ဆေးလုံးများစွာကိုလဲ ဖော်စပ်လိုက်သည်။
ထို့နောက် ချောင်ဖုန်းသည် ကျင့်ကြံဖို့ အခန်းအနည်းငယ် တည်ဆောက်ခိုင်းလိုက်ပြီး ကျင့်ကြံသည့် အခန်းများအား သူ့ရှိမှာ ရှိသော ရတနာများဖြင့် ချီစွမ်းအင်တိုးမြှင့်ပေးတဲ့ အစီအရင်များကို ဖွဲ့စည်း ဖန်တီးပေးခဲ့သည်။
ချောင်ဖုန်းသည် အားလုံးစီစဥ်ပြီးတဲ့နောက်မှာတော့ ကျင့်ကြံသည့် အခန်းတစ်ခန်းထဲကို ဝင်ကာသောက်သုံးကာ စတင်ကျင့်ကြံပါတော့သည်။ချောင်ဖုန်း ကျင့်ကြံသည့် သုံးရက်မြောက်နောက် မှာတော့ ရီအိမ်တော်ရှိ မျိုးနွယ်စုများသည် သတင်းတစ်ခုသည်ကို ကြားသိရတဲ့အတွက် ဝမ်းသာအားရဖြင့် ပြောဆိုနေကြသည်။
ရီအိမ်တော်ထဲမှ ရီကျီမင်ဆိုသော လူသည် "မင်းတို့သိပြီးပြီလား.....ငါတို့ရီအိမ်တော်မှာ ကျင့်ကြံလို့ရတဲ့အခန်းအနည်းငယ် တည်ဆောက်ပြီးပြီတဲ့ " ဟု ပြောလိုက်သည်။ထိုအခါ ရီဖန့်အိုက်သည် "ဟားဟား.....မင်းသိတာအဲ့လောက်ပဲလား " ဟု ပြောကာ ရီကျီမင်အား လှောင်ပြောင်၍ ပြောလိုက်သည်။
ထိုအခါ ရီကျီမင်သည် "ဘာလဲ မင်းက ချီစွမ်းအင်တိုးမြှင့်ပေးနိုင်တဲ့ အဆင့်သုံးဆေးလုံးတွေကိုလဲ ပေးမယ်လို့ ပြောမလို့လား " ဟု ပြောလိုက်သည်။ထိုချိန်မှာ လုပင်းသည် ရီအိမ်တော်အတွင်းရှိ
ကျင့်ကြံ၍ရသော သူများအားလုံးကို နေရာတစ်ခုထဲမှာ စုစည်းထားဖို့ အမိန့်ပေးလိုက်သည်။
ထိုအခါ ရီကျီမင်နဲ့ ရီဖန့်အိုက်သည် စုစည်းရမယ့်နေသို့ ယှဥ်ပြေးကြလေသည်။ ရီအိမ်တော်ရဲ့ ခြံဝန်းအတွင်းမှာ လူများစွာ စုစည်း၍ နေလေသည်။လုပင်းသည် လက်နှစ်ဖက်ကို နောက်ပစ်၍ ထားပြီး ရီအိမ်တော်တွင် ကျင့်ကြံ၍ ရသောအခန်းများ တည်ဆောက်ပြီးသွားတဲ့အပြင် ချီစွမ်းအင်ကို တိုးမြှင့်ပေးနိုင်သော ဆေးလုံးများစွာလဲ ရှိကြောင်း ပြောလိုက်သည်။
လုပင်းသည် ထိုအကြောင်းအရာပြောပြီးနောက် ထိုင်ခုံတစ်ခုမှ ပြန်ထိုင်လိုက်ပြီး အကြီးအကဲထဲမှ တစ်ယောက်သည် ကျင့်ကြံသည့်အခန်းသည် အနည်းငယ်သာ တည်ဆောက်ထားတာ ဖြစ်သောကြောင့် အချိန်အကန့်အသတ်နဲ့သာ လေ့ကျင့်ခွင့် ရမည် ဖြစ်ကြောင်း ပြောပြလိုက်သည်။
ထို့နောက် အဆင့်သုံးဆေးလုံးများကို တစ်လတစ်ခါ ထောက်ပံပေးမည် ဖြစ်ပြီး အိမ်တော်မှ ထောက်ပံတာထက် ပိုလိုချင်ရင် ဆေးအမယ်များ ပေးဆောင်ရမည် ဖြစ်ကြောင်း ပြောပြလိုက်သည်။
အကြီးအကဲသည် ချောင်ဖုန်းမှာကြားထားတဲ့အတိုင်း ဆောင်ရွက်ပြီးတဲ့နောက် ရီအိမ်တော်ရဲ့ မျိုးနွယ်စုများရဲ့ စာရင်းများကို သေချာစီစစ်လိုက်ပြီး ကျင့်ကြံသည့်အခန်းများကို လေ့ကျင့်ရမယ့် အချိန်ကို ခွဲဝေပေးလိုက်သည်။
ချောင်ဖုန်းသည် နတ်နယ်ပယ်အဆင့်ကို ရောက်ရန် မရပ်မနားကျင့်ကြံနေသည့်အတွက် အချိန်ဘယ်နှစ်ရက်ကုန်ဆုံးသွားမှန်း မသိရှိတော့ချေ။
ဒီလိုနဲ့ လပေါင်းအနည်းငယ်ကြာပြီးတဲ့နောက်မှာ ချောင်ဖုန်းရဲ့ ခန္ဓာကိုယ်အတွင်းမှာ အနက်ရောင်ဝိညဥ်စွမ်းအင်တစ်လုံးသည် ပေါ်ထွက်လာပြီး အနက်ရောင်စွမ်းအင် အလင်းတန်းကြီးသည် ချောင်ဖုန်းခန္ဓာကိုယ်မှ ကောင်းကင်ပေါ်သို့ ထိုးဖောက်ကာ တက်သွားလေသည်။
ထိုအနက်ရောင်ဝိညဥ်စွမ်းအင်လုံးသည် တခြားအရာမဟုတ်ဘဲ ချောင်ဖုန်းသည် နတ်နယ်ပယ်အစောပိုင်းအဆင့်ကို ထိုးဖောက်သွားနိုင်တဲ့အတွက် စုန့်ဝိညဥ်စွမ်းအင်ပင်ဖြစ်သည်။ချောင်ဖုန်းသည် မျက်လုံးများပြန်ပွင့်လာခဲ့ပြီး သူခန္ဓာကိုယ်မှ ထွက်ပေါ်လာသော စွမ်းအင်များကို ပြန်လည်ရုတ်သိမ်းလိုက်လေသည်။