ရှောင်ကျို့ ငါ မင်းနောက်လိုက်မယ်
Vol. 4 Ch. 69
ပေထင်းဟွမ်နှင့် မိုးကြိုးသွားတို့ ပတ်လိုက်မှပင် နောက်ဆုံး၌ ထိုမှော် သားရဲပျံများကို ရှင်းလိုက်နိုင်၏။ သူတို့သည် မှော်သားရဲတောအထက်တွင် မပျံရဲကြတော့ပေ။ ထို့ကြောင့် ကောင်းကင်အဆင့်ကျွမ်းကျင်သူများပင် မှော်သားရဲတောတွင် သာမန်ကာလျှံကာမသွားရဲကြခြင်းပင်။ သူတို့သည် ထို အဆင့်မြင့်မှော်သားရဲများကို ရှောင်လိုက်နိုင်သော်လည်း အဆင့်နိမ့်မှော်သားရဲ အုပ်မှာလည်း အလွန်အားကောင်းနေဆဲပင်။ ကြီးမားသောပုရွက်ဆိတ်အုံကြီး သည် ဆင်တစ်ကောင်ကို သတ်နိုင်စွမ်းရှိသည်။ ထိုအရာကို ဆိုလိုခြင်းပးင်။
လမ်းတစ်ယောက်တွင် ပေထင်းဟွမ်နှင့် မိုးကြိုးသွားတို့သည် မှော်သားရဲ တောတွင် ခြေလျင်သာခရီးနှင်ခဲ့ကြသည်။ လမ်းတွင်တွေ့သော မှော်သားရဲများ ကို သတ်ခဲ့ကာ သူမ၏အားသည် အဆင့် ၂ ကြယ်တာရာဝိညာဉ်သခင် အနေအထားတွင် တည်ငြိမ်နေပြီဖြစ်သည်။ ယခုအခါ သူမသည် ထိုအဆင့်ကို ဖောက်ဖျက်ရန် နည်းလမ်းရှာနေသည်။ ဝိညာဉ်နဂါးမောက်သိးသည် ဝိညာဉ် သခင်ကို အဆင့်တက်ရာတွင် ၉၀ ရာခိုင်နှုန်းခန့် အထောက်အကူပြုသည်ဟု ကြားလိုက်ရသည်။ သူမ ဘယ်လိုလုပ် မတပ်မက်တော့မှာလဲ။
သူမ ဝိညာဉ်သခင်ကြီးအဆသင့်ရောက်သည်နှင့် မိုးကြိုးသွားကို ချပ်ဝတ် တန်ဆာအဖြစ် သုံးနိုင်တော့မည်။ ကစဥ့်ကလျားကျင့်စဉ်ကို ကျင့်ကြံခြင်းနှင့်ပါ တွဲဖက်လိုက်လျှင် သူမ၏အင်အား ကြီးထွားလာမည်ဖြစ်သည်။
ထိုအရာသည် သူမကို လှုံ့ဆော်ဖြားယောင်းနေသည်။
“ဟုတ်ပြီ” ပေထင်းဟွမ်သည် တွေဝေမှုမရှိ သဘောတူလိုက်သည် “ငါ့ အတွက် ဝိညာဉ်နဂါးမောက်သီးရရင် မင်းတို့ကို ကြယ် ၅ ပွင့်နဲ့အထက် မှော်သားရဲ သုံးကောင်ပေးမယ်”
သူမတွင် သားရဲအများအပြားရှိသည်။ မရှိလျှင်တောင် သတ်ဖြတ်ရန် အချိန်ရှိသေးသည်။
“ဟင်း.. မင်းက ကြွားလုံးထုတ်နေတာပဲ.. မင်းမှာ အစွမ်းအစရှိရင် ခုနက အစွယ်ကွေးကျားကို ဘာလို့မသတ်လိုက်တာလဲ” နန်ကုန်းချန်ရှီးသည် သူတို့ လေးယောက်နောက်မှ လိုက်လာသည်။ သူမသည် ရွေးချယ်စရာမရှိတော့ဘဲ သူတို့နောက်မှ လိုက်ခဲ့ရသည်။ ကျောင်းစာသင်နှစ်လေ့ကျင့်ရေးအတွင်းတွင် ကျောင်းသားများအားလုံးသည် အဖွဲ့ဖွဲ့ရသည်။ သူမသည် နန်ကုန်းမိသားစု၏ သမီးဖြစ်သော်လည်း သူမ၏သရုပ်မှန်ကိုမှီခိုပြီး တခြားအဖွဲ့ကိုသွားပေါင်း၍ မရ ပေ။
“နန်ကုန်းချန်ရှီး တခြားသူတွေက သူများတွေက နင့်ကိုကြောက်တာနဲ့ နင့်ကိုမဆန့်ကျင်ရဲတာလို့ ထင်နေတာလား.. ဒီလိုသာဆက်သွားရင် နောက်ဆို နင့်အဖွဲ့ကနေ ထွက်ပြီး ရှောင်ကျို့နဲ့ အဖွဲ့ဖွဲ့လိုက်တော့မှာ” ချင်ရဲလင်သည် ပြောပြီးနောက် ရှေ့နှစ်လှမ်းတိုးကာ ပေထင်းဟွမ်၏ လက်မောင်းကို ဆွဲကိုင် လိုက်သည်။
ပေထင်းဟွမ်သည် ခြေလှမ်းများရပ်ကာ နန်ကုန်းချန်ရှီးကိုကို လှည့်ကြည့် လိုက်သည်။ ရန့်ရှောင်ကျယ်နှင့် ရှန်ယန်ဖုတို့လည်း ပေထင်းဟွမ်နားသို့ ရောက် လာသည် “ငါလည်း ရှောင်ကျို့နဲ့ တစ်ဖွဲ့တည်းနေမှာ”
“ဟုတ်တယ် ရှောင်ကျို့ ကြေးစားအဖွဲ့ဖွဲ့လိုက်ကြတာပေါ့ မင်း ငါတို့ အဖွဲ့ ခေါင်းဆောင်လုပ်လိုက်”
ချင်ရှဲလင်သည် ပျော်သွားသည် “ကောင်းတယ် ရှောင်ကျို့ အခုငါတို့မှာ ကြေးစားအဖွဲ့ရှိသွားပြီ.. အဲဒါကိုဘယ်လိုနာမည်ပေးရမလဲ”
“ကြေးစားအဖွဲ့လား” ပေထင်းဟွမ်သည် မျက်လုံးများကို ကျဉ်းမြောင်း လိုက်ကာ တောထဲရှိ ပြောက်တိပြောက်ကျားအလင်းရောင်နှင့် အရိပ်များကို ကြည့်လိုက်ုသည်။ သူမသည် အရင်ဘဝကမြင်ဖူးခဲ့သလိုပင်။ သူမသည် သူမ၏ အဖွဲ့ကိုဦးဆောင်ကာ ကမ္ဘာ့တစ်ဖက်ခြမ်းတွင် သွေးဆာသည့်တိုက်ပွဲဆင်နွှဲခဲ့ပြီး ခမ်းနားသည့်မြင်ကွင်းကို ဖန်တီးခဲ့သည်။
သူမ၏ခန္ဓာကိုယ်မှ သွေးများပူသွားပြီး သူရဲကောင်းစိတ်များသည် စိတ်ထဲ မှနိုးထလာခဲ့သည်။ သူမ၏ အနက်ရောင်ဝတ်ရုံသည် လေမတိုက်ဘဲနှင့် လွှင့်နေ သည်။ ပြန်လည်မွေးဖွားလာပြီးနောက် သူမသည် အရင်ဘဝကကဲ့သို့ ဤလောက၏ ထိပ်ဆုံးတွင် ရပ်တည်ချင်သည်။ “သံမဏိသွေးကြေးစားအဖွဲ့လို့ ခေါ်ကြတာပေါ့.. ဟုတ်တယ် သံမဏိသွေးလို့ပေးတာပေါ့”
“ဟုတ်ပြီ သံမဏိသွေးက ငါတို့အဖွဲ့နာမည်ပဲ” လူငယ်သုံးဦးသည် အားတက်သွားကြသည်။ သူတို့သည် ထိုလွှမ်းမိုးနိုင်သောအမည်ကြောင့် သူရဲကောင်းစိတ်ဓာတ်များဖြင့် ပြည့်နှက်သွားသည်။
သူမ၏ လှပသောမျက်နှာပေါ်မှ နီရဲပြီးအေးစက်သည့် နှုတ်ခမ်းများသည် တွန့်သွားသည်။ ပေထင်းဟွမ်၏မျက်နှာပေါ်တွင် နတ်ဆိုးကဲ့သို့ အပြုံးဖြတ်ပြေး သွားသည်။ သူမသည် အတိတ်ကို လွမ်းဆွတ်နေတတ်သည့်လူမဟုတ်ပေ။ သူမ သည် အေးစက်သောအကြည့်ကို ဖြည်းဖြည်းချင်းပြန်ရုတ်သိမ်းကာ နန်ကုန်း ချန်ရှီး၏ မျက်နှာကိုကြည့်လိုက်သည်။ ထိုမိန်းကလေးဒေါသထွက်သဖြင့် မျက်ရည်များကျလာကာ သူမ၏ရောင်ဝါမှာလည်း အားနည်းသွားသည်ကို မြင် သည်နှင့် သူမသည် နန်ကုန်းချန်ရှီးကို ဂရုမစိုက်သလိုကြည့်လိုက်သည် “ဒါပေမဲ့ ဒီတစ်ခေါက် စွန့်စားတဲ့ခရီးစဉ်က အချိန်တစ်ခုထိတော့ မင်းတို့လေ့ကျင့်ရေး အဖွဲ့ရဲ့ တာဝန်ပဲလေ.. ပြီးတော့ စာသင်နှစ်က ရလဒ်တွေလည်း အရေးကြီးသေး တယ်.. မင်းတို့ အဆင့်တွေ ပြန်ရချင်လို့လား”
ချင်ရှဲလင်သည် မပျော်မရွှင်ဖြင့် နှုတ်ခမ်းဆူကာ ပေထင်းဟွမ်၏ လက်မောင်းကို မလွှတ်ဘဲ တင်းကြပ်စွာပင်ကိုင်ထားသည်။ ရန့်ရှောင်ကျယ်နှင့် ရှန်းယန်ဖိုတို့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ရာ မျက်လုံးထဲမှ စိတ်ပိုင်းဖြတ်ထားသည့် အကြည့်များကို မြင်လိုက်ရသည်။ သူတို့သည် ပေထင်းဟွမ်နောက်ကို လိုက်မည်။ သူသည် ငဲ့ညှာတတ်သူဖြစ်သည်။ သူကဲ့သို့ လူမျိုးကို အရင်က တစ်ခါမှမတွေ့ဖူးခဲ့ပေ။
သူသည် မျက်တောင်ပင်မခတ်ဘဲ အဆင့် ၅ ဆေးကို သူတို့သုံးယောက် အတွက် ထုတ်ပေးခဲ့သည်။ ထိုဆေးများသည် ကုန်သည်လေလံအိမ်တွင် အဖိုးမဖြတ်နိုင်သည့် ဆေးများဖြစ်သည်ကို သူတို့သိကြသည်။
နန်ကုန်းချန်ရှီးသည် အမြဲတစေ သူတို့ကို ပစ်မှတ်ထားခဲ့သည်။ သူတို့ သည် သူမကို တခြားသူများထက်ပင် မုန်းတီးသည်။ သို့သော် စာသင်နှစ်ရလဒ် ကြောင့်သာ သူမကို သည်းခံနေကြခြင်းဖြစ်သည်။
ဤကဲ့သို့ လူနှင့် ညီအစ်ကိုဖြစ်လာရသည်မှာ သူတို့၏ကံပင်ဖြစ်သည်။
သူတို့သည် ဤနေရာသို့လာမိသည်ကို ဝမ်းသာကြသည်။ သူနှင့်တွေ့ရ သဖြင့်လည်း ဝမ်းသာသည်။ သူနှင့် အဖွဲ့ဖွဲ့လိုက်ရသည်ကို ဝမ်းမြောက်သည်။ အနာဂတ်၌ သံမဏိသွေးအဖွဲ့တွင်တာဝန်ထမ်းဆောင်ရန် ရှိလာသည်ဖြစ်စေ မရှိလာသည်ဖြစ်စေ အနည်းဆုံးတော့ ဤအခိုက်အတန့်တွင် သံမဏိသွေး ကြေးစားအဖွဲ့ကို တည်ထောင်ပြီး သူ၏အဖွဲ့ဝင်များဖြစ်လာပြီဖြစ်သည်။
“သခင် ဒီငတုံးမကို တစ်ခါတည်း တိတ်တိတ်လေးမျိုချပစ်လိုက်ရမလား” မိုးကြိုးသွားပင် နန်ကုန်းချန်ရှီးကို သည်းမခံနိုင်တော့ပေ။ ပေထင်းဟွမ် ခေါင်းခါ လိုက်သည်။ “မဖြစ်ဘူး သူမက ငါရှင်းရမဘ့်သူပဲ.. ဒါပေမဲ့ မင်းက သူမကို လိမ်ပြီး သူမရဲ့ဓားရှည်ကိုယူခဲ့တာ အဲဒါသူမကိုအလွတ်ပေးထားတာမဟုတ်ဘူး လား သူမကိုဒဏ်ခတ်ဖို့ မင်းကိုပေးတဲ့ဓားရှည်နဲ့ပဲ အနိုင်ယူရမယ်”
***