← Chapters

တောထဲမှအန္တရာယ်

Vol. 4 Ch. 70

တောထဲမှအန္တရာယ်

Vol. 4 Ch. 70

“သခင် သူမကို သွေးအန်အောင် မလုပ်ချင်တာသေချာလား.. အဲဒီဓားနဲ့ အနိုင်ယူရုံတာနဲ့တင် အပြစ်ပေးမှာသေချာလား.. အဲဒီမိန်းမကိုသတ်ပြီး သိုလှောင်လက်ပတ်ထဲမှာ မြေဩဇာအဖြစ်မထားမှာ သေချာရဲ့လား” ပေထင်းဟွမ်အား စာချုပ်သခင်အဖြစ် သတ်မှတ်ရသည်မှာ သူလုပ်ခဲ့သမျှထဲ တွင် အလှပဆုံးဖြစ်သည်ဟု မိုးကြိုးသွားခံစားရသည်။ မဟုတ်လျှင် သူသည် ဤမိန်းကလေးကို ပြစ်မှားမိလျှင် အိပ်ပျော်နိုင်မည်မဟုတ်ပေ။

သူမသည် သခင်အနေနှင့် ကျရှုံးသည်ဟု ပေထင်းဟွမ်ခံစားရသည်။ စာချုပ်သားရဲသည် သူမကိုထိန်းချုပ်လွန်းလျှင် ဝိညာဉ်သခင်တစ်ယောက် အနေနှင့် ကျရှုံးသည်ဟုခံစားရသည်။ ပေထင်းဟွမ်သည် နဖူးကိုပွတ်ပြီးပြော လိုက်သည် “မိုးကြိုးသွား မင်းက ငါ့စာချုပ်သားရဲဆိုတာ သေချာရဲ့လား.. မင်းက ငါ့ကို သခင်ဘယ်လိုလုပ်ရမလဲဆိုတာ လာသင်ပေးနေတာလား”

“သခင် စာချုပ်သားရဲကို အနိုင်ကျင့်တာက အကျင့်ပျက်တာပဲ.. ငါ့ရဲ့ လှပ ပြီးအဆင့်တန်းမြင့်၊ တင့်တယ်တဲ့သခင်က အဲလိုမျိုးယုတ်ညံ့တာတွေမလုပ်ဘူး လို့ယုံတယ်” သူမကို မြှောက်ပင့်ပေးပြီးနောက် မိုးကြိုးသွားသည် စာချုပ်နေရာ တွင် သေချင်ယောင်ဆောင်သွားလေသည်။ ဓားရှည်ပျော့ကို သူမ၏မျက်စိရှေ့၌ ပင် လှည့်ဖျားယူခဲ့ကာ ထိုဓားရှည်ဖြင့် အသတ်ခံရသလို ဟန်ဆောင်နေသည်။

နန်ကုန်းချန်ရှီးသည် ပြဿနာထပ်မရှာရဲတော့ဘဲ မကျေမနပ်ဖြင့် သူတို့ နောက်မှ လိုက်လာခဲ့လေသည်။ ပေထင်းဟွမ်သည် ရှန်းယန်ဖိုနှင့်တခြားသူများ ၏ ရလဒ်ကို စိတ်ပူနေသည်မှန်း သူမသိသည်။ ထို့ကြောင့် သူမ ပူပန်မနေတော့ ပေ။ လမ်းတစ်လျှောက်တွင် သူမသည် သူတို့လေးယောက်နောက်မှ လိုက်လာ ခဲ့သည်။ သူမသည် များများစားစားမပြောသော်လည်း ပြောလိုက်သည့်စကား တိုင်းမှာ ပေထင်းဟွမ်ကို ရည်ရွယ်ကာ အထင်သေးသာစကားများသာဖြစ်၏။

သူတို့လေးယောက်သည် လူသစ်များနှင့်တူသည်။ သူတို့သည် အရင်က မစွန့်စားဖူးသလို အတွေ့အကြုံလည်းမရှိပေ။ တောထဲသို့လျှောက်သွားချိန်တွင် မြစိမ်းရောင်ထက်ပင် စိမ်းလန်းစိုပြေသည့်အပင်များကို တွေ့ရလေသည်။ အလင်းရောင်ခပ်ဖျော့ဖျော့အောက်၌ပင် အရောင်စုံသော ပိုးကောင်ပျံများနှင့် ပွင့်လန်းနေသော ပန်းပွင့်များကို မြင်ရလေသည်။ သူတို့မြင်ရသမျှသည် မှော် ဆန်နေကာ အန္တရာယ်တစ်စုံတစ်ရာကိုလည်း ဘာမှမခံစားရပေ။

“ကြည့်လိုက်.. ပန်းပေါ်က အဲဒီအစိမ်းရောင်နွယ်ပင်က အရမ်းလှတာပဲ” ချင်ရှဲလင်သည် ချုံပုတ်ပေါ်ရှိ နွယ်ပင်ကိုညွှန်ပြလေသည်။

“ဒီမှော်သားရဲတောမှာဆိုရင် လှလေလေ အန္တရာယ်များလေပဲ” ပေထင်းဟွမ်သည် နွယ်ပင်ကိုစိုက်ကြည့်ပြီး သတိပေးလိုက်သည်။

ပေထင်းဟွမ်သည် နွယ်ပင်အား စိုက်ကြည့်နေသဖြင့် သူမ သဘောကျ သည်ဟု ရှန်းယန်ဖိုထင်လိုက်သည်။ သူ အလျင်အမြန်ပင်ပြောလေသည် “ရှောင်ကျို့ မင်း အဲဒီပန်းကိုကြိုက်လား.. ကြိုက်ရင် ငါ သွားယူပေးမယ်”

ပေထင်းဟွမ် ရောက်ကတည်းကပင် ရှန်းယန်ဖိုသည် သူ့အနားတွင် တဝဲ လည်လည်ဖြစ်နေသည်ကို နန်းကုန်းချန်ရှီးမြင်နေရသည်။ သူက ယောက်ျား ကြီးဖြစ်ရဲ့သားနဲ့ ဘာလို့ ဒီလောက်ချောနေရတာလဲ။ အခု တစ်ဖွဲ့လုံးက သူမကို ပဲ ပြဿနာလုပ်နေကြတယ်။ သူမသည် ခြေထောက်ဆောင့်ကာ နွယ်ပင်ဆီသို့ လျှောက်သွားလေသည်။ သူမ လျှောက်သွားတိုင်း ပါးစပ်မှ အဆက်မပြတ်‌ ပြောနေပြန်သည် “ဟင်း ငကြောက်ကြီးပဲ ဘာများကြောက်ဖို့ကောင်းနေလို့လဲ”

“ငါက တကယ်ငကြောက်ပဲ.. ဒီလိုလှတဲ့ပန်းကို ငါတို့ရဲ့အမျိုးသမီး စစ်သည် မိန်းကလေးနန်ကုန်းကိုပဲပေးရမှာပေါ့.. မိန်းကလေးနန်ကုန်း ပန်းခူး ပြီးရင် ချောချောမွေ့မွေ့နဲ့ ပြန်လာနိုင်ဖို့ဆုတောင်းပါတယ်…” ပေထင်းဟွမ် သည် မျက်ခုံးများကိုပင့်ကာ ရှန်းယန်ဖို၏လက်ကိုကိုင်ပြီး နန်းကုန်းချန်ရှီး နွယ်ပင်များဆီသို့ လျှောက်သွားသည်ကို ကြည့်နေလိုက်သည်။

ထိုအခိုက်တွင် နန်ကုန်းချန်ရှီး၏ လှုပ်ရှားမှုများသည် သူမမျက်စိအောက် တွင်ရှိနေကာ သူမ၏လှုပ်ရှားမှုများသည်လည်း တခြားသူ၏မျက်စိအောက်တွင် ရှိလိမ့်မည်ဟု ပေထင်းဟွမ် ထင်မထားပေ။ မိုးပေါ်တွင် ပုန်းနေသည့် လူသည် ပေထင်းဟွမ်၏ မြေခွေးနှင့်တူသောအပြုံးကိုမြင်သောအခါ ခေါင်းမခါဘဲမနေ နိုင်ပေ။ ဒီဟာလေးက တကယ်ကို ကမ္ဘာကြီးကို ရှုပ်ထွေးအောင်လုပ်နေတာပဲ။ သူမက ဘာမှကိုအရှုံးမခံဘူး။ ဒီလိုမျက်နှာနှစ်ဖက်နဲ့လူကို ဘယ်သွားရှာရမလဲ မသိတော့ဘူး။

သို့သော် ထိုလူသည် ဘာမှမပြောပေ။ သည်တစ်ခေါက်တွင် သူသည် လုပ်စရာရှိသဖြင့် ဤနေရာမှဖြတ်သွားခြင်းဖြစ်သည်။ သူသည် သွားရင်းနှင့် အင်ပါယာကျောင်း၏ အဖွဲ့များလေ့ကျင့်နေသည်ကို ကြည့်နေခြင်းဖြစ်သည်။ ဤကဲ့သို့ ပျော်ရွှင်ဖွယ်မြင်ကွင်းကို မြင်လိုက်ရလိမ့်မည်ဟုထင်မထားပေ။ သူ၏ ခရီးစဉ်မှာ အလဟဿမဖြစ်ပေ။

နန်ကုန်းချန်ရှီးသည် ခံစားချက်ကောင်းနေသည်။ ထိုပန်းကိုခူးပြီးသည်နှင့် ထိုလူ့ကို လှောင်ပြောင်ရမည်။ သူသည် အမြဲတမ်း စွဲမက်ဖွယ်အသွင်အပြင်ရှိ သော်လည်း မိန်းကလေးများထက်ပင် ပိုကြောက်တတ်သောလူဖြစ်နေသည်။

***

All Chapters