ပန်းနတ်မိစ္ဆာသားရဲ
Vol. 4 Ch. 71
အစောပိုင်းကတင် ငှက်များနှင့် ပိုးမွှားများ၏ ကျည်ကျည်ကျာကျာအသံ များကို ရှင်းလင်းစွာကြားနေရသည်။ ချုံပုတ်အစွန်နားသို့ ရောက်သွားသည်နှင့် အသံများအားလုံးမှာ ပျောက်ကွယ်သွားသလိုပင်။ ကြီးမားသောအရိပ်တစ်ခု သည် သူမကို လွှမ်းမိုးလိုက်ပြီး အလင်းရောင်တစ်ပေါက်ပင် ထိုးဖောက်မမြင်နိုင် ပေ။
အချိန် ရပ်တန့်သွား၏။ အချိန်ရပ်တန့်သွားသော်လည်း ကြောက်လန့်မှု ကြီးသည် သူမကိုယ်တွင်းပျံ့နှံ့သွားသည်။
ချုံပုတ်တစ်ခုလုံးသည် အသာတုန်ခါသွားကာ နွယ်ပင်များအကြားမှထွက် လာသည့် ပါးစပ်ပြီးသည် ဟပြီး နန်ကုန်းချန်ရှီးဆီသို့ ရောက်လာသည်။
“အား…”
အော်သံတစ်ခုထွက်လာသည်။ ထိုကြောက်မက်ဖွယ်အရာ ရုတ်တရက် ပေါ်လာခြင်းကြောင့် နန်ကုန်းချန်ရှီး၏မျက်နှာသည် ဖြူဖျော့သွား၏။ သူမ လှည့်ပြေးလေသည်။ အဆင့် ၁ ကြယ် ၁ ပွင့်မှော်သားရဲသည် အစကတည်းက ပင် အားမနည်းပေ။ သူမသည် ထိုပန်းပါးစပ်ပြီးမှ အမြန်ထွက်ပြေးချင်မိသည်။ သို့သော် သူမမြန်သော်လည်း ပန်းမှာပိုမြန်သည်။ ရှည်လျားသောနွယ်ပင်ကြီး သည် သူမ၏ခြေချင်းဝတ်ကို ရစ်ပတ်လိုက်သည်။ နွယ်ပင်သည် အားထည့် လိုက်သောအခါ သူမ မြေပေါ်သို့လဲကျသွားသည်။ ချက်ချင်းဆိုသလိုပင် မရေ မတွက်နိုင်သော နွယ်ပင်များသည် သူမ၏လက်များခြေထောက်များကိုရစ်ပတ် ပြီး တင်းကြပ်စွာချည်နှောင်လိုက်သည်။ သူမ၏ နူးညံ့သောအရေပြားမှ သွေးများစီးထွက်လာရာ နွယ်ပင်သည် စုပ်ယူလေသည်။ သွေးသောက် ပြီးနောက် နွယ်ပင်သည် ပျော်ရွှင်စွာ အော်ဟစ်နေသည်။
၎င်းမှဆင့်ခေါ်လိုက်သည့်အလား နွယ်ပင်၏အောက်မှ ကြီးမားသော အင်အားတစ်ခုထွက်လာသည်။ နွယ်ပင်သည် နန်ကုန်းချန်ရှီးကို လေပေါ်သို့ ပင့်မြှောက်ပြီး ရုတ်တရက်တုံ့ပြန်လေသည်။ နန်ကုန်းချန်ရှီးမှာ နွယ်ပင်၏ ပါးစပ်အတွင်းသို့ ဆွဲသွတ်ခြင်းခံလိုက်ရလေတော့သည်။
အော်သံသုံးသံထွက်လာသည်။ ဤသို့ဖြစ်လာလိမ့်မည်ဟု မည်သူမှ ထင် မထားကြပေ။ ထိုအခိုက်အတန့်တွင် သူတို့သည် တုံ့ပြန်ရန်ပင် မေ့နေကြသည်။ သူတို့သည် စိတ်လွတ်သွားကာ ထိုမြင်ကွင်းကို ငေးငိုင်စွာကြည့်နေမိကြသည်။
သူမ၏ခန္ဓာကိုယ်မှသွေးများ အဆက်မပြတ်စီးကျနေပြီး နွယ်ပင်များ သည် သူမကို တင်းကြပ်စွာချုပ်နှောင်ထားသည်ကို နန်ကုန်းချန်ရှီး ခံစားမိ၏။ သူမသည် အော်ပင်မအော်နိုင်တော့ပေ။ သူမ၏ရှေ့မှမြင်ကွင်းသည် ဝေဝါးလာ ကာ နွယ်ပင်၏စားသုံးခြင်းကိုခံရတော့မည်ကို မြင်လိုက်ရာ သူမကို နွယ်ပင်များ မှ တင်းကြပ်စွာရစ်ပတ်ထားသည်မှာ မကြာခင်မြေဩဇာဖြစ်တော့မည်ဟု ညွှန်ပြနေသည်။ နန်ကုန်းချန်ရှီးသည် တောင့်မခံနိုင်တော့ဘဲ မေ့လဲသွားလေ သည်။
ဘုန်း…
ကျယ်လောင်သောအသံနှ့င်အတူ ကြီးမားသောအားတစ်ခုသည် နွယ်ပင် ၏ အမြစ်ဆီသို့ ထိုးစိုက်သွားသည်။ အပြာရောင်ဝိညာဉ်စွမ်းအားကို ထည့် လိုက်ရာ ထိုစွမ်းအားသည် အတန်ကြာသည်ထိ ပျောက်ကွယ်မသွားပေ။ နွယ်ပင်၏လှုပ်ရှားမှုများ ရပ်တန့်သွားပြီးခြောက်သွေ့သွားလေသည်။ နွယ်ပင် သည် မြေပေါ်သို့လဲကျသွားပြီး အသက်ပျောက်သွားလေတော့သည်။
ကောင်းကင်အဆင့် ကျွမ်းကျင်သူ။ တိုက်ခိုက်လိုက်သူမှာ ကောင်းကင် အဆင့်ကျွမ်းကျင်သူဖြစ်သည်။ ပေထင်းဟွမ်သည် ထိုလူ့ကိုကြည့်လိုက်သည်။ သူမသည် အပြာရောင်ဝတ်ထားသည့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမ၏ လှပသောမျက်နှာမှာ တဖြည်းဖြည်း မြင်ကွင်းထဲသို့ရောက်လာသည်။ သူမသည် မိုးပေါ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ သူမ၏ ဓားသည် ပုံရိပ်ထပ် ပြင်မြန်ဆန်နေရာ သူမကို ပိုကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိစေသည်။ သေချာ သည်မှာ အားကောင်းသောလူများတွင် ကြောက်မက်ဖွယ်ဂုဏ်ရှိကြသည်။
ပေထင်းဟွမ်သည် အလွန်အားကျမိသည်။ အားကောင်းချင်သည့် သူမ၏ စိတ်ဆန္ဒမှာလည်း ပိုပြင်းပြလာသည်။
“ဆရာနန်စီ ဆရာနန်စီပဲ ဝူး” နွယ်ပင်များခြောက်သွားသောအခါ နန်ကုန်းချန်ရှီးသည် မြေပြင်သို့ကျသွားသဖြင့် သတိရလာသည်။ ထိုလူ့ကို မြင်ပြီးနောက် သူမသည် ငိုမိလေသည်။
“ဆရာနန်စီ” ရှန်းယန်ဖိုနှင့်တခြားနှစ်ယောက်လည်း သူမကိုဝိုင်းလိုက်ကြ ပြိး ပြီးခဲ့သည့်နေ့တစ်ဝက်အတွင်းတွင် မည်သို့ဖြစ်ဲ့သည်များကို ပြန်ပြောင်းပြော ပြနေသည်။ နေ့တစ်ဝက်အတွင်းတွင် သူတို့သည်အန္တရာယ်ကို နှစ်ကြိမ်တိုင် တိုင်တွေ့ခဲ့ရသည်။ မှော်သားရဲတောသည် နေရာတိုင်းတွင် အန္တရာယ်ဖြင့် ပြည့်နှက်နေသည်။
နန်စီသည် ပေထင်းဟွမ်အား အဓိပ္ပာယ်ပါပါကြည့်လေသည်။ သူတို့က အဲလူနောက်ကိုလိုက်ခဲ့ကြတာပေါ့။ သေချာသည်မှာ နန်စီလည်း သူတို့တွင် မည်သို့ဖြစ်ခဲ့ကြသည်ကို သိသည်။ ထိုလူထွက်မသွားခင် သူ ပြောခဲ့သည် “အဲကောင်လေးက အေးစက်ပြီး ရန်ငြိုးတွေကို ဆုပ်ကိုင်ထားသလိုပဲ.. မိန်းကလေးနန်ကုန်းသာ အဲလူကိုပြစ်မှားမိရင် ခံစားသွားရလိမ့်မယ်”
ထိုအစား သူမသည် နန်ကုန်းချန်ရှီးကို ပန်းသွားခူးရန် စကားအနည်းငယ် ဖြင့် ရန်စခဲ့သည်။ ထိုနွယ်ပင်သည် မှော်သားရဲအပင်ဖြစ်နေသည်ကို သူ မသိဘူးဟု နန်စီမယုံပေ။ ထိုကောင်လေးသည် ပရိယာယ်များသည်။ သူမသာ မလှုပ်ရှားလိုက်လျှင် နန်ကုန်းချန်ရှီးသည် မည်သို့သေသွားသည်ကို သူမကိုယ် သူမပင် သိလိုက်မည်မဟုတ်ပေ။
***