← Chapters

အခန်း (၇၈၃)

Vol. 57 Ch. 783

အခန်း (၇၈၃)

Vol. 57 Ch. 783

ယန်ယွဲ့ရုန်က မိုဝူကျသည် ဝူလီနှင့် တွေ့ဆုံရန် တာအိုဆွေးနွေးခြင်း စင်မြင့်ဆီ သွားမည်ကို ကြားသောအခါ အလန့်တကြား အော်ကာ  “ အစ်ကိုကြီးတာ့ဟွမ် … တာအိုဆွေးနွေးခြင်း စင်မြင့်ကို သွားလို့ မဖြစ်ဘူး။ အဲဒီ ဝူလီက စကြဝဠာအစွန်းရဲ့ မဟာအင်မော်တယ်ဘုရင် သုံးယောက်ထဲမှာတောင် ပါတယ်။ သူက အင်မော်တယ်ဘုရင်အဆင့်နဲ့ အင်မော်တယ် အုပ်စိုးသူ ထိပ်ဆုံးအဆင့် ကျင့်ကြံသူတွေတောင် သတ်နိုင်ခဲ့တာ … အခု သူက အင်မော်တယ် အုပ်စိုးသူအဆင့် ရောက်သွားပြီဆိုတော့ အင်မော်တယ် ဧကရာဇ်တောင် သတ်နိုင်နေလောက်ပြီ ”

မိုဝူကျိက ခပ်ယဲ့ယဲ့ ပြုံးကာ  “ စိတ်မပူပါနဲ့ …. သွားကြစို့။  ငါ အစ်မကြီးရှောင်ယုအစား လက်စားပြန်ချေပေးမယ်။ ဒါနဲ့ သူမရဲ့ အလောင်းကရော ဘယ်မှာလဲ ”

ယန်ယွဲ့ရုန်က မျက်လုံးများ နီရဲလာကာ “ ညီမရဲ့ သိုလှောင်လက်စွပ်ကို လုယူခံလိုက်ရပြီ။ အစ်မရှောင်ယုရဲ့ အလောင်းက အဲထဲမှာ ”

“ လက်စွပ် ယူသွားတဲ့သူကို မှတ်မိလား။ ပြီးတော့ ဘယ်အချိန်တုန်းက ဖြစ်ခဲ့တာလဲ ” မိုဝူကျိက မေးလိုက်သည်။ သူက စိတ်ခံစားချက် ပြင်းသော လူတစ်ယောက် ဖြစ်ပေသည်။

သူက ရှောင်ရှောင်ယုနှင့် ယန်ယွဲ့ရုန်တို့နှင့် လူသားသေမျိုးအဖြစ် ဟန်ဆောင်ရင်း သိကျွမ်းခဲ့ခြင်း ဖြစ်ပေသည်။ ထိုသည်က သူတို့၏ ဆက်ဆံရေးကို ပိုမို၍ တန်ဖိုးရှိစေ၏။ သူအနေနှင့်  ရှောင်ရှောင်ယုဆီ ဒုက္ခကျရောက်လာစဉ် ဘာမှမလုပ်နိုင်ခြင်းမှာ ဘာမှကို မသိခဲ့၍ ဖြစ်သည်။ သို့သော် ယခုတွင် သူက  အခြေအနေကို သဘောပေါက်နေပြီ ဖြစ်ရာ မိုဝူကျိအနေနှင့် မည်သို့ လျစ်လျူရှုထားနိုင်မည်နည်း။

“လွန်ခဲ့တဲ့ နှစ်ဝက်လောက်တုန်းက ဖြစ်ခဲ့တာ …. အဲဒီလူက အတော်လေး ခက်ထန်တဲ့သွင်ပြင်ရှိတယ်။ သူ့တစ်ကိုယ်လုံးကလည်း ကြမ်းတမ်းတဲ့ အငွေ့အသက်တွေ ထွက်ပေါ်နေတယ် ” ယန်ယွဲ့ရုန်က ထိုအမျိုးသားကို သေချာပြန်တွေးမိသည့်အခါ တုန်ယင်လာမိသည်။

အကယ်၍ သူမ လျို့ဝှက် ရေဓာတ် ဝိညာဉ်ကြော နှိုးကြားလာခြင်းကြောင့်သာ မဟုတ်လျှင် သူမအနေနှင့် ထိုလူလက်ချက်ကြောင့် သေနေလောက်လေပြီ။ သို့သော် သူမ၏ လျို့ဝှက် ဝိညာဉ်ကြောကို သတိပြုမိပြီးနောက် လေလံပွဲသို့ ပို့ဆောင်ခံလိုက်ရခြင်း ဖြစ်သည်။

မိုဝူကျိက ခေါင်းညိတ်ပြလိုက်သည်။ ဤလူက ယန်ယွဲ့ရုန်အား  ကောင်းကင်ကမ္ဘာ လေလံပွဲသို့ လာပို့သူသာ ဖြစ်လိမ့်မည်။ ဝူလီကို ရှင်းထုတ်ပြီးနောက် လေလံအိမ်တော်အား ထိုလူအကြောင်း သွားစုံစမ်းရမည်။

“ မင်း အငွေ့အသက်တွေက မတည်မငြိမ် ဖြစ်နေတယ်။ အဲဒါက မင်းအချိန်အကြာကြီး မလေ့ကျင့်လိုက်လို့ပဲ ဖြစ်လိမ့်မယ်။ ပြီးတော့ မင်းရဲ့ စိတ်အခြေအနေကလည်း ဖိနှိပ်ခံထားရတယ်။ ငါ ဝူလီနဲ့ သွားရင်ဆိုင်လိုက်ဦးမယ်။ ဒီမှာနေခဲ့ပြီးတော့ ကောင်းကောင်း ကျင့်ကြံနေခဲ့လိုက် …. ဒီသိုလှောင်လက်စွပ်ကို ပေးခဲ့မယ်။ အထဲမှာ ကျင့်ကြံရေး အရင်းအမြစ်တွေ ပါတယ် ….” မိုဝူကျိက စကားအဆုံးတွင် သိုလှောင်လက်စွပ် တစ်ကွင်း ထုတ်ကာ ယန်ယွဲ့ရုန်အား ပေးလိုက်၏။

ယန်ယွဲ့ရုန်က မိုဝူကျိ စကားကို ကြားသောအခါ အစ်ကိုကြီးတာ့ဟွမ်အား တာအိုဆွေးနွေးခြင်း စင်မြင့်ဆီ မသွားရန် ဖြောင့်ဖြ၍ မရနိုင်ကြောင်း သိလိုက်သည်။ သူမက တုံ့ဆိုင်းမနေဘဲ  “ အစ်ကိုကြီးတာ့ဟွမ် … အဲဆို ညီမလည်း အတူတူ လိုက်ခဲ့မယ်။ ဒီမှာ နေနေရင်လည်း ကိုယ့်ဘာသာ တည်ငြိမ်အောင် လုပ်ပြီး ကျင့်ကြံနိုင်မှာ မဟုတ်ဘူး။ အစ်ကိကြီးတာ့ဟွမ်က အစ်မရှောင်ယုအတွက် လက်စားချေပေးတာကို လိုက်ကြည့်ချင်တယ် ”

မိုဝူကျိက စိတ်ထဲ မထားပေ။ သူက ယန်ယွဲ့ရုန် တွေးနေသည်များကို သိ၏။ အကယ်၍ သူသာ တာအိုဆွေးနွေးခြင်း စင်မြင့်၌ ကျရှုံးသွားလျှင် သူမလည်း အင်မော်တယ် ကျွန်အဖြစ်နှင့် ကံတရားမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

“ ဒီလိုဆိုမှတော့ သွားကြတာပေါ့ ” မိုဝူကျိက ယန်ယွဲ့ရုန်အား သိုလှောင်လက်စွပ်ကိုတော့ ပေးလိုက်သည်။

…………

ကောင်းကင်အလွန် တာအိုကွင်းပြင်၌ လူစည်ကားလွန်းနေသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ အကြောင်းအရင်းမှာ ရိုးရှင်းလှပေသည်။ ဝူလီက အင်မော်တယ် အုပ်စိုးသူအဆင့် ရောက်ရှိပြီးနောက် ပထမဆုံးအကြိမ် စိမ်ခေါ်သည့် တာအိုဆွေးနွေးခြင်း စင်မြင့် ဖြစ်၍ ဖြစ်သည်။

ဝူလီက စကြဝဠာအစွန်းသို့ ရောက်လာစဉ်မှ စ၍ သူ တာအိုဆွေးနွေးခြင်း စင်မြင့်၌ ဝင်ဆင်နွဲသည်မှာ အကြိမ်တစ်ရာထက် မနည်းပေ။ အချိန်တိုင်းဆိုသလို တာအိုဆွေးနွေးခြင်းကား  အမွေးတိုင်တစ်ဝက်စာမျှပင် ကြာမြင့်လေ့ မရှိပေ။ အကြောင်းမှာ ဝူလီက အမှန်တကယ် အားကောင်းလွန်းနေ၍ ဖြစ်၏။

ကောင်းကင်ဘုံအလွန် တည်းခိုဆောင် ….

ထိုသည်မှာ ကောင်းကင်ဘုံအလွန် တာအိုကွင်းပြင်နှင့် အနီးဆုံး တည်းခိုဆောင် တစ်ခု ဖြစ်ပေသည်။

လက်ရှိ၌ ကောင်းကင်ဘုံအလွန် တည်းခိုဆောင် ထိပ်ဆုံးအထပ်၌ လူနှစ်ယောက် ရှိနေသည်။ တစ်ယောက်မှာ တည်ကြည်သော အငွေ့အသက်များရှိသည့်  မုတ်ဆိတ်မွေးများနှင့် လူအိုကြီး ဖြစ်၏။ သူက မိုဝူကျိကဲ့သို့ သာမာန်နှင့် တူလွန်းနေသည်။ အကယ်၍ သာမာန်လူတစ်ယောက်သာ ထိုလူအိုကြီးကို မြင်ပါက ထိုလူအိုကြီးမှာ မိစ္ဆာမျိုးနွယ်မှ ဖြစ်လိမ့်မည်ဟု စဉ်းစားမိမည် မဟုတ်ပေ။

ထိုလူအိုကြီးမှာ မိစ္ဆာမျိုးနွယ်မှ ဖြစ်ရုံတင် မကပေ။ သူက မိစ္ဆာမျိုးနွယ်မှ ထိပ်တန်းအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး နာမည်မှာ ကျီကူ ဖြစ်၏။ ကျီကူက မဟာဧကရာဇ်အဆင့် ရောက်နေသည်မှာ နှစ်တစ်သန်းကျော်  ကြာမြင့်ပြီ ဖြစ်ရာ မည်သူကမှ သူ့စွမ်းရည်ကို မစမ်းသပ်လျှင်ပင် အများစုက ကျီကူသည် တာအို ဧကရာဇ်အဆင့် ရောက်တော့မည် ဖြစ်ကြောင်း ယုံကြည်ကြလေ၏။

နောက်တစ်ယောက်မှာ ပုံမှန် ခန္ဓာကိုယ် တည်ဆောက်ပုံအနေအထားရှိသည့် အမျိုးသား တစ်ဦး ဖြစ်ပြီး သူက သန့်စင်မြင့်မြတ်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။

ထိုအမျိုးသားလည်း ထူးခြားနေဟန် မပေါ်ပေ။ သို့သော်လည်း သူ့ကို သိသည့် မည်သူကမဆို မလေးမစား မပြုမူရဲကြပေ။ ဤလူမှာ စကြဝဠာအစွန်း၏ တာအိုသခင် ဖုန်းဟွမ်သာ ဖြစ်နေသည်။

ဖုန်းဟွမ်ကို လူသိများသည့် အကြောင်းအရင်းမှာ လူများစွာက သူ့ကို သိ၍ မဟုတ်သလို  စကြဝဠာအစွန်း၏ တာအိုသခင် ဖြစ်သောကြောင့်လည်း မဟုတ်ပေ။ ထို့အစား သူ့ဇာတ်ကြောင်းမှာ ကောင်းကင်ဘုံအလွန် စကြဝဠာထဲ၌  ထူးကဲပြောင်မြောက်လှသော  မဟာဧကရာဇ် ငါးယောက်ထဲ၌ ပါဝင်နေ၍ ဖြစ်သည်။

ကောင်းကင်ဘုံအလွန် စကြဝဠာလို နေရာမျိုး၌ မျိုးနွယ်စုများစွာ စုစည်းနေသည့်နေရာ ဖြစ်ပေရာ အရေအတွက်များလည်း များပြားလှသည်။

မျိုးနွယ်စုများစွာ စုစည်းနေခြင်းနှင့်အတူ ပေါများလှသော ကျင့်ကြံရေး အရင်းအမြစ်များကြောင့် အင်မော်တယ် ဧကရာဇ်များပင် ထူးချွန်ပြောင်မြောက်လှသည့် တည်ရှိမှုမျိုး မဟုတ်ချေ။ မဟာဧကရာဇ်များပင် ပေါပေါများများ ရှိလှ၏။

ကောင်းကင်ဘုံအလွန် စကြဝဠာ၏ မဟာဧကရာဇ် ငါးယောက်မှာ ဤနေရာရှိ မဟာဧကရာဇ်များကြားမှ အားအကောင်းဆုံး ငါးယောက် ဖြစ်၏။ သူတို့ထဲမှ တစ်ယောက်အနေနှင့် ဖုန်းဟွမ်မှာလည်း အင်မတန် အားကောင်းလှသည်။

“ ဟားဟား … အဲဒီ ဝူလီကတော့ တကယ့်လူနဲ့မှ  တည့်တည့်တိုးတာပဲဗျို့ …. မိုဝူကျိရဲ့ ဒေါသနဲ့ဆိုရင် ဝူလီတော့ အသက်ရှင်နိုင်ဖို့ ခက်ခဲလိမ့်မယ်။ သူက တာအိုဆွးနွေးခြင်း လုပ်ဖို့ အဲဒီလူရဲ့ နောက်ကြောင်းကို  မစုံစမ်းဘဲနဲ့  သူ့ဘာသာ အထင်ကြီးနေတာကိုပဲ အပြစ်တင်ရတော့မှာပေါ့ဗျာ … ” ကျီကူက တာအိုဆွေးနွေးခြင်း စင်မြင့်ကို ကြည့်ကာ သေရည်လေး သောက်ရင်း ပြောလိုက်၏။

ဖုန်းဟွမ်ကလည်း ရယ်မောကာ  “ အစ်ကိုကျီက ဝူလီကို နားမလည်သေးတဲ့ပုံပဲ။ သူက မိုဝူကျိအကြောင်းကို သိရုံတင် မကဘူး။ မိုဝူကျိအကြောင်းလည်း သေချာစုံစမ်းပြီးလောက်ပြီဗျ ”

ကျီကူက နားမလည်စွာ ရေရွတ်လိုက်သည်  “အဲဒီနှစ်တွေတုန်းက မိုဝူကျိက မီဖေးကုန်သွယ်ရေး အဖွဲ့က အင်မော်တယ် ဧကရာဇ်နှစ်ယောက်ကို သတ်ခဲ့တယ်လေ။ မကြာသေးခင်အချိန်လေးတုန်းကလည်း ကောင်းကင်ဘုံအလွန်မြို့မှာ နောက်ထပ် အင်မော်တယ် ဧကရာဇ်တစ်ယောက်ကို ထပ်သတ်ခဲ့သေးတယ်။ အဲဒီ ဝူလီက အခုမှ အင်မော်တယ် အုပ်စိုးသူအဆင့်လေးပဲ ရှိသေးတာလေ။ မိုဝူကျိနဲ့ တာအိုကို ဘယ်လိုများ ဆွေးနွေးမှာတုန်း ”

“ ယုံကြည်မှုပေါ့ဗျာ ” ဖုန်းဟွမ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်   “ ဝူလီကလည်း စကြဝဠာအစွန်းရဲ့ မဟာအင်မော်တယ် ဘုရင် သုံးယောက်ထဲက တစ်ယောက်ဆိုတော့ ဝူလီက နံပါတ်တစ် အင်မော်တယ်ဘုရင် ဖြစ်မယ်လို့ ထင်တယ်။ ပြီးတော့  သူ ဘယ်သူလဲ ဆိုတာက လုံလုံလောက်လောက် မောက်မာလို့ ရတဲ့ အနေအထားပဲလေ။ ပြီးတော့ သူက တာအိုဆွေးနွေးဖို့ စိမ်ခေါ်တိုင်း အကြောင်းအရင်း ရှိရှိ လုပ်တာပဲလေ။ သူ အောင်မြင်တဲ့အခါတိုင်း သူ့ပါရမီနဲ့ ယုံကြည်မှုက နောက်တဆင့် ရောက်သွားတယ်။ အဲဒါတင် မကသေးဘူး။ သူက စကြဝဠာအစွန်းမှာလည်း ဂုဏ်သတင်း ကျော်ကြားတယ်လေ

ဒီနှစ်တွေမှာ နတ်ဘုရားမျိုးနွယ်ကနေ ဝူလီကို ထောက်ပံ့ပေးတာမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး။ အဲလိုဆိုရင်တောင် ဝူလီက သူ့စိတ်ကြိုက် လုပ်နေတုန်းပဲလေ။ အဲဒါက သူ ဝူလီက နတ်ဘုရားမျိုးနွယ်မှာ အားအကောင်းဆုံးဆိုတာ ပြတာမလား ”

“ အဲဒီ မိုဝူကျိ ရောက်လာပြီ ….” ဖုန်းဟွမ် သေရည် တစ်ငုံ သောက်ကာ ဆက်ပြောလိုက်လေ၏  “ ဝူလီက မိုဝူကျိကို စိမ်ခေါ်ရဲတာက အဆင့်တူအတွင်းမှာ ပြိုင်ဖက်ကင်းပြီးတော့ အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့်ကိုတောင် ရှင်းထုတ်နိုင်လိမ့်မယ်လို့ သူ့ကိုယ်သူ ယုံကြည်ထားလို့ပဲ … ပြီးတော့ အဲဒီနှစ်တွေတုန်းက မိုဝူကျိက အူးကျောက်ဟယ်နဲ့ လင်းရုန်တို့ကို သတ်ပစ်နိုင်ခဲ့တာက အစီအရင်ရဲ့အကူအညီလည်း ပါသေးတယ်လေ။ အဲဒါကြောင့် ဝူလီက မျက်လုံးထဲ ထည့်မှာ မဟုတ်ဘူး။ ကံဆိုးတာက ဝူလီက ဒီတစ်ခါတော့ ပြိုင်ဖက်မှားတွေ့တာပဲ ”

……………

ဖုန်းဟွမ်နှင့် ကျီကူတို့က မိုဝူကျိ၏ ဇာစ်မြစ်အကြောင်းကို သိထားကြသလို မိုဝူကျိ လုပ်ခဲ့သည့်အရာများကိုလည်း သိထားကြသည်။ သို့သော်လည်း ကောင်းကင်ဘုံအလွန် တာအိုကွင်းပြင်ထဲမှ လူများက သိကြမည် မဟုတ်ပေ။

ထိုစဉ် ဝူလီက တာအိုဆွေးနွေးခြင်း စင်မြင့်ထက်၌ လက်နှစ်ဖက် နောက်ပစ်ကာ မတ်တတ်ရပ်နေသည်။ သူက ဘယ်လိုလုပ် မောက်မာသည့်ပုံ ပေါ်နေမည်နည်း။ သူ့ပုံစံမှာ နေဝင်ဆည်းဆာအလှကို တန်ဖိုးထားတတ်သော အေးအေးချမ်းချမ်း လူတစ်ယောက်နှင့် တူနေသေး၏။

“ အဲဒီ ကောင်စုတ်က လာရဲမှာ မဟုတ်ဘူး … မဟုတ်ရင် ဘာလို့ ရောက်မလာသေးဘဲ နေမှာလဲ ”

“ သူက နောက်ထပ် အရူးပါပဲကွာ။ စကြဝဠာအစွန်းမှာ အရူးတွေက ပြတ်ကို မပြတ်ဘူး  ”

“ စီနီယာ ဝူလီက တကယ်ကို အားကောင်းလွန်းတယ်။ သူ့တာအိုဆွေးနွေးမှုက မြန်မြန်ဆန်ဆန် ပြီးဆုံးသွားပေမဲ့ ငါတော့ သူ့ရဲ့ အားကောင်းတဲ့ တာအိုအရှိန်အဝါကို အမြဲတမ်း ခံစားမိတယ် ”

“ သေချာတာပေါ့ကွ … ”

“ အဲဒီ လူ ရောက်လာပြီ ”

မိုဝူကျိ ရောက်ရှိလာသည့် သတင်းမှာ အလျှင်အမြန် ပြန့်နှံ့သွားလေ၏။ မကြာခင် ကောင်းကင်ဘုံအလွန် တာအိုကွင်းပြင် တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ အားလုံးက မိုဝူကျိကို ကြည့်လိုက်ကြသည်။ မိုဝူကျိနောက်မှ ပါလာသော ယန်ယွဲ့ရုန်ကိုတော့ လျစ်လျူရှုခံထားရသည်။

ယန်ယွဲ့ရုန်တွင် လျို့ဝှက် ရေဓာတ် ဝိညာဉ်ကြော ရှိပေသည်။ ထိုလေ့လာသူများ အကြည့်၌ မိုဝူကျိက ဝူလီလက်ချက်ဖြင့် အလွယ်တကူ သေဆုံးသွားမည် ဖြစ်ရာ ယန်ယွဲ့ရုန်က ဝူလီလက်ထဲ၌သာ အဆုံးသတ်သွားပေလိမ့်မည်ဟု ထင်ထားကြသည်။

“ ဂျူနီယာညီမလေး ယွဲ့ရုန် ဒီမှာ ခဏစောင့်နေ …. တာအိုဆွေးနွေးပြီးတာနဲ့ ပြန်လာမယ် ” မိုဝူကျိက လျှောက်လှမ်းသွားလိုက်သည့်အခါ လူအုပ်ကြီးက လမ်းဖယ်ပေးလိုက်ကြ၏။

ယန်ယွဲ့ရုန်က အသက်ပြင်းပြင်းရှုလိုက်သည်။ ထို့နောက် မိုဝူကျိအား ယုံကြည်ချက် ခိုင်မာစွာဖြင့် လှမ်းပြောလိုက်သည်  “ အစ်ကိုကြီးတာ့ဟွမ် … သွားပါ။ ညီမ ဒီမှာ စောင့်နေပါ့မယ်။ ညီမ မကြောက်ပါဘူး ”

မိုဝူကျိက ခေါင်းညိတ်ပြလိုက်သည်။ ခြေတစ်လှမ်းဖြင့် သူက တာအိုဆွေးနွေးခြင်း စင်မြင့်ထက်  ဝူလီရှေ့မှောက် ရောက်ရှိသွားသည်။

မိုဝူကျိက စိတ်ထဲ၌ သက်ပြင်းသာ ချလိုက်သည်။ သူ စတင်ကျင့်ကြံစဉ်မှ စတင်၍ သူ့ထက် အဆင့်မြင့်သည့် ကျင့်ကြံသူများနှင့်သာ ရင်ဆိုင်နေခဲ့ရသည်။ ယနေ့ သူ့အနေနှင့် သူ့ထက် အဆင့်နိမ့်သော သူနှင့် ပထမဆုံး တိုက်ခိုက်ခြင်း ဖြစ်ပေသည်။ အမြင်နှင့်တင် ထိုလူက ယုံကြည်ချက် ပြည့်ဝနေကြောင်း သိသာလှသည်။ ဤလူက အင်မော်တယ် အုပ်စိုးသူ အစောပိုင်းအဆင့်လေးနှင့် အင်မော်တယ် အုပ်စိုးသူ အထွတ်အထိပ်အဆင့်ကို စိမ်ခေါ်ရဲပေသည်။

“ တကယ်လို့ မင်းက အင်မော်တယ် ဧကရာဇ်အဆင့် ဖြစ်နေရင် ငါနဲ့ ယှဉ်ဖို့ အခွင့်အရေးလေး ရဦးမယ်။ မင်းက ဉာဏ်မကောင်းတာ သနားစရာပဲ ” ဝူလီက မိုဝူကျိအား နွေးထွေးတည်ကြည်‌သော အသံဖြင့် ပြောလိုက်သည်။ သူက ယခင်လေလံပွဲမှာ ရှိစဉ်ကလောက် မောက်မာမှုမျိုး မရှိပေ။

မိုဝူကျိက ထိုစကားကို ကြားသောအခါ စိတ်အနှောင့်အယှက် ဖြစ်လာမိသည်။ အရိုးသားဆုံး ပြောရလျှင် သူက အဆင့်တူအတွင်း တစ်ခါမှ မရှုံးခဲ့ဖူးပေ။ သူနှင့် လက်ရည်ချင်း ယှဉ်နိုင်သူမှာ လိန်ဟုန်ကျီ တစ်ယောက်သာ ဖြစ်၏။ ယခင် သူတို့နှစ်ယောက်လုံးမှာ မဟာလော့ရှန်း ပြီးပြည့်စုံခြင်းအဆင့်တွင် ရှိနေစဉ် သူတို့တိုက်ပွဲ ရလဒ်မှာ လိန်ဟုန်ကျီက ထွက်ပြေးသွားရသည်။

 ဘယ်အရာကများ ဝူလီကို ယုံကြည်ချက် အပြည့် ဖြစ်နေစေသနည်း။

ဝူလီက တည်ငြိမ်စွာ ပြောလိုက်သည် “ ငါနဲ့ အဆင့်တူ ကျင့်ကြံသူတွေက တာအိုဆွေးနွေးခြင်းစင်မြင့်ကနေ အသက်ရှင်ရက် ထွက်မသွားဖူးဘူး ”

မိုဝူကျိက ထိုလူနှင့် ပေါက်ပေါက်ဖောက်နေဖို့ရာ စိတ်မပါပေ။ သူ့လခြမ်းကွေး ပုဆိန်လှံရှည်က လေထုထဲ၌ စက်ဝန်းပြတ် တစ်ခု ဖြစ်ပေါ်လာစေလိုက်သည်။ သူက အေးစက်စွာ ပြောလိုက်သည်  “ မင်းရဲ့ ပြန်လည်ဝင်စားတဲ့ စက်ဝန်းဆီ ရောက်မှပဲ စကားဆက်ပြောတော့ …. လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက အစ်မကြီးရှောင်ယုက မင်းလက်ချက်နဲ့ သေဆုံးသွားရတယ်။ ဒီနေ့တော့ အစ်မကြီးရှောင်ယုအတွက် လက်စားပြန်ချေပေးမယ် ”

ခပ်ဖျော့ဖျော့ သတ်ဖြတ်ငွေ့များ ထွက်ပေါ်လာသည်။ ထိုစဉ် ဝူလီက ရှေ့တစ်လှမ်း ရှေ့တိုးကာ  သူ့စွမ်းအားစက်ကွင်းကို ထုတ်ဖော်လိုက်သည်။ တာအိုဆွေးနွေးခြင်း စင်မြင့် ပတ်လည်၌ လူများပင် ခံစားရခက်လာသည်။

 မိုဝူကျိက အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့်တွေကို သတ်ပြီးတော့ အဆင့်တက်သွားတော့ရော ဘာအရေးလဲ …..

သူ ဝူလီက အင်မော်တယ် အုပ်စိုးသူအဆင့် ရောက်ခါစ ဖြစ်သော်လည်း အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့်ကိုပင် သတ်နိုင်သည် မဟုတ်ပါလော။

ဝူလီက ဧရာမ ရွှေရောင်တံဆိပ်တော်ကြီးကို ထုတ်လိုက်သည့်အခါ တာအိုဆွေးနွေးခြင်း စင်မြင့် တစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။

မိုဝူကျိက ပုဆိန်လှံရှည် တိုက်ကွက်လေးခုထဲ၌ ဒုတိယမြောက်အကွက်ဖြစ်သည့်  လေဟုန်ဆန်မြစ်ကို ထုတ်ဖော်လိုက်သည်။ နှစ် ၂၀ တံခါးပိတ် ကျင့်ကြံပြီးနောက် မဟာသဲကန္တာရ၊ လေဟုန်ဆန်မြစ်၊ နေဝင်ရိုက်ချက်နှင့် မဟူရာချောက်နက်တို့အပေါ်  မိုဝူကျိ၏ အသိအမြင်မှာလည်း  ယခင်ကလို မဟုတ်တော့ပေ။

ယခု သူ့ပုဆိန်လှံရှည် ရိုက်ချက်များမှာ ဆက်လျက်လျို့ဝှက် တိုက်ကွဲများ ဖြစ်လာလေပြီ။ သူ့ပထမရိုက်ချက် မဟာသဲကန္တာရမှာ အစီအရင်အလံ သန်းပေါင်းများစွာအဖြစ် ပြောင်းလဲပစ်နိုင်သည်။

သို့သော်လည်း ဝူလီကဲ့သို့ အင်မော်တယ် အုပ်စိုးသူ အစောပိုင်းအဆင့်လေးနှင့် ရင်ဆိုင်ရာ၌ မိုဝူကျိက အလေးအနက် ထားစရာ မလိုကြောင်း တွေးမိသည်။

 သန်းပေါင်းများစွာ အစီအရင်အလံများကိုလား …..

ထိုဝူလီက သူ့ကိုယ်သူ အထင်ကြီးနေခြင်း ဖြစ်၏။ မိုဝူကျိက ဝူလီက မရိုးရှင်းကြောင်း သိနေသည့်အချက်ကြောင့်သာ မဟုတ်လျှင် လေဟုန်ဆန်မြစ်ကိုပင် ထုတ်သုံးမည် မဟုတ်ပေ။

ဤငွေရောင်မြစ်ကြီးက လေထုထဲမှ စီးကျလာသည်။ ထိုစဉ် နေရာတစ်ခုလုံး၌ သတ်ဖြတ်ငွေ့များနှင့် အပြည့် ဖြစ်သွားသည်။

ဝူလီ၏ စွမ်းအားစက်ကွင်းမှ ဖိအားမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး ဝူလီ ဝန်းကျင်၌ သတ်ဖြတ်ငွေ့များ ကြီးစိုးလာသည်။ ဝူလီ မျက်နှာအမူအယာမှာ ပြောင်းလဲသွားလေ၏။ ဤမျှအထိ သတိလက်လွတ်နေမိခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပေသည်။ ဤမိုဝူကျိက အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့်ကိုမျှ သတ်ဖြတ်နိုင်ရုံတင် မကလောက်ပေ။ မဟာဧကရာဇ်ကိုပင် ကောင်းကောင်း သတ်နိုင်လောက်၏။

တိုက်ကွက် တစ်ကွက်တည်း ရင်ဆိုင်ရုံလေးဖြင့် ဝူလီက သူသည် တကယ့်လူနှင့်မှ တွေ့ဆုံမိသွားကြောင်း သိလိုက်ရသည်။ ဝူလီအနေနှင့် နည်းလမ်းအကုန် ထုတ်သုံးလျှင်ပင် သူက မိုဝူကျိအတွက် ပြိုင်ဖက် ဖြစ်မည် မဟုတ်ပေ။

***

All Chapters