ဆရာနန်စီ
Vol. 4 Ch. 72
ပေထင်းဟွမ်နှင့် နန်စီတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြ သည်။ နန်စီ၏ ဓားချက်သည် နွယ်ပင်အမြစ်ကို ပြတ်အောင်မဖြတ်မိသည်ကို သတိထားမိသည်နှင့် အမြန်ပြေးသွားလိုက်သည်။ ချုံပုတ်အနောက်တွင် အစိမ်း လဲ့သောသစ်ရွက်နှင့် နီရဲသောကျောက်စိမ်းပန်း နှစ်ပွင့်သုံးပွင့်ရှိသည့် အပင် တစ်ပင်လဲနေသည်ကို မြင်လိုက်ရသည်။
မြေပြင်တွင် ကြယ် ၉ ပွင့် အပင်မှော်သားရဲသည် တိတ်တိတ်လေး တွားသွားနေသည်။ သူ့အမြစ်များကို ထိုနေရာတွင်ချည်နှောင်ထားသော်လည်း ချုံပုတ်ကိုဖြတ်သွားနိုင်သည်။ ၎င်းသည် မြေဆီလွှာရှိသည့်နေရာတိုင်းတွင် တွင်းတူးသည့် အရည်အချင်းကို သုံးနိုင်လေသည်။
သူအဆင့်မှာ နိမ့်သေးသော်လည်း ကင်းထောက်သည့်အပိုင်းနှင့် အဖွဲ့များ ကိုတိုက်ခိုက်ရာနေရာတွင် ရွေးချယ်မှုကောင်းသည်။
ထိုအချိန်တွင် လူအများအပြားရှိနေသဖြင့် ပေထင်းဟွမ်သည် ထိုသားရဲ ကို နေရာ၌ထိန်းကျောင်းမည်မဟုတ်ပေ။ သူမသည် ကစဥ့်ကလျားနတ်စွမ်းအင် ကို ဝိညာဉ်သားရဲအားထိန်းကျောင်းရန် လွှတ်လိုက်သည်။ မည်သူမှ အာရုံ မထားမိချိန်တွင် သိုလှောင်လက်ပတ်အတွင်းသို့ထည့်ပြီး မည်သူမှမရှိသည့် နေရာကိုရှာကာ စာချုပ်တည်ထောင်ရန် ပြင်ဆင်ထားလိုက်သည်။
လက်ရှိတွင် သူမ မသန်မာသေးသဖြင့် လမ်းတစ်လျှောက်တွင် သားရဲ အများအပြားကို စာချုပ်တည်ထောင်နိုင်မည်မဟုတ်ပေ။ သူမသည် မွတ်မြတ် သောသားရဲနှင့်အထက်ရှိသော သားရဲများကိုသာ စိတ်ဝင်စားသည်မှာလည်း မှန်သည်။ သို့သော် ဤအပင်မျိုးသည် တွေ့ရခဲလှသည်။ သူ့အဆင့်သည် နိမ့်ပါး သော်လည်း အလွန်ပင် အသုံးဝင်သည်။
“အာ.. အဲဒီအပင်မှော်သားရဲက ဘယ်ရောက်သွားတာလဲ” ယခုအခါ နန်စီ ၏ ထောက်ပံ့ပေးမှုရှိသဖြင့် နန်ကုန်းချန်ရှီးသည် ရဲတင်းလာသည်။ သူမသည် ပေထင်းဟွမ်ကို လက်ညှိုးထိုးပြီးပြောလေသည် “မင်းက ငါတို့ တိုက်ပွဲကနေ အမြတ်ထုတ်လိုက်တာလား.. အဲဒီမှော်သားရဲကို ဆရာနန်စီကသတ်လိုက်တာ မင်းသိမ်းလိုက်တာလား”
ပေထင်းဟွမ်သည် နန်စီအားကြည့်ပြီးပြောလိုက်သည် “ဆရာနန်စီ ကျွန်တော်က အငယ်တန်းဆေးဖော်စပ်သူပါ.. ကြယ် ၉ ပွင့် တွားသွားကျားက အဆင့် ၁ ဆေးဖက်ဝင်အပင်ပါ.. ကျွန်တော်က ဒီတွားသွားကျားအပင်ကို အဆင့် ၂ မှော်အမြုတေနဲ့လဲချင်ပါတယ် ဘယ်လိုလဲ”
နန်စီသည် ပေထင်းဟွမ်၏လက်ထဲမှ မှော်အမြုတေကို ယူလိုက်သည်။ ထို မှော်အမြုတေသည် လူမျက်နှာပင့်ကူ၏ အမြုတေဖြစ်သည်။ သူမသည် အံ့ဩသွား၏။ ဒီကောင်လေးမှာ ဘယ်လိုအင်အားမျိုးရှိနေတာလဲ။ သူ တကယ် ကြီး လူမျက်နှာပင့်ကူကို သတ်ခဲ့တာပဲ။ ဒီမှော်သားရဲရဲ့ အခွံက ထိုးမပေါက်နိုင် လောက်အောင် မာကျောတာကို ဘယ်သူသိမှာလဲ။ ဝိညာဉ်သခင်ကြီးအဆင့် ရောက်တဲ့လူအများစုတောင် မသတ်နိုင်ကြဘူး။ သူ ဘယ်လိုရလာတာလဲ။
“ဒါက မင်းရဲ့ အမြုတေလား” နန်စီမေးလိုက်သည်။
“ဟုတ်ပါတယ် လွန်ခဲ့တဲ့ ၃ ရက်က အမဲလိုက်ထားတာပါ” ပေထင်းဟွမ် ခေါင်းညိတ်လိုက်သည်။
“ဆရာနန်စီ သူ လိမ်နေတာ.. သူက အစွယ်ကွေးကျားကိုတောင် မရှင်းနိုင် ဘူး.. ဘယ်လိုလုပ် လူမျက်နှာပင့်ကူကို ရှင်းနိုင်မှာလဲ” နန်ကုန်းချန်ရှီးသည် ပေထင်းဟွမ်အား အထင်သေးနေတုန်းပင်။ ဒီလူ့မှာ ဝိညာဉ်သခင်တံဆိပ် တောင်မရှိဘူးလေ။ အဆင့်နိမ့်ဝိညာဉ်ကျင့်ကြံသူပဲနေမှာ။ ဒါက တိုက်ခိုက်ပြီး ရလာတာလို့ ဘယ်သူပြောနိုင်လို့လဲ။
နန်စီသည် ပေထင်းဟွမ်၏ မျက်နှာထားကိုကြည့်ပြီး မသက်မသာမခံစား ရပေ။ သူမသည် လိမ်ညာနေခြင်းမရှိသည်မှာလည်း သိသာနေသည်။ သူမသည် မှော်အမြုတေကို ပေထင်းဟွမ်ဆီသို့ပြေးပြီးပြောလိုက်သည် “ဒီအတိုင်း ကြယ် ၉ ပွင့် အပင်မှော်သားရဲလေးတင်ပဲကို.. ငါက ဓားသခင်ဆိုတော့ မီးတောက်မရှိဘဲ ဆေးလည်းမဖော်စပ်နိုင်ဘူး.. ငါ့ကိုပေးလည်း အသုံးမဝင်ဘူး.. အဲဒါကို မင်း အတွက်လက်ဆောင်ပေးတယ်လို့ သဘောထားလိုက်ပေါ့.. အင်ပါယာကျောင်း ရဲ့လေ့ကျင့်ရေးအဖွဲ့ကနေ ကြိုဆိုပါတယ် ဒါပေမဲ့.. လေ့ကျင့်ရေးအဖွဲ့ကို ဝင် လာပြီးရင် နောက်ဆို အင်ပါယာကျောင်းရဲ့ ကျောင်းသားဖြစ်သွားပြီဆိုတာကို သိထားရမယ်”
“မဖြစ်နိုင်တာ ဒီစည်းမျဉ်းကို ဘယ်သူလုပ်ထားတာလဲ အရင်က ကျွန်တော်တို့ မကြားဖူးပါဘူး” ရန့်ရှောင်ကျယ်၏ မျက်လုံးများသည် ရှုပ်ထွေး စွာဖြင့် ပြူးလာသည်။ အင်ပါယာကျောင်းတွင် လေ့ကျင့်ရေးအဖွဲ့ဝင်များ အကြောင်းကို သူကြားဖူးသည်။ အရင်ဆုံးလိုသည်မှာ အင်ပါယာကျောင်း၏ ကျောင်းသားဖြစ်ရန်ဖြစ်သည်။ အခုက ဘာလို့ပြောင်းပြန်ဖြစ်သွားရတာလဲ။
နန်စီသည် ရန့်ရှောင်ကျယ်ကို စိုက်ကြည့်လိုက်သည်။ သူမကို ဆွဲချတဲ့ ကျောင်းသားက ဒီမှာဘာလို့ရှိနေတာလဲ။ သူမက အရင်ကဘာလို့မသိခဲ့ရတာ လဲ “ကျောင်းအုပ်ကြီးက စည်းမျဉ်းချထားတာ ပြဿနာရှိလို့လား”
သေချာပေါက် သူ့တွင် ကန့်ကွက်ချက်မရှိပေ။ သူ သေသွားလျှင်တောင် မပြောရဲပေ “မရှိဘူး မရှိဘူး.. ရှောင်ကျို့ အရူးလုပ်ခံရမှာကြောက်လို့ပါ”
ဒီကောင်လေးက သူမစရိုက်ကို မေးခွန်းထုတ်နေတာလား။ နန်စီသည် ရှက်ရွံ့သွားသည်။ ကျောင်းအုပ်၏လုပ်ရပ်များသည် ကျောင်းသားများကို လှည့်စားထားခြင်းဖြစ်သည်ကို သူမ ဝန်ခံရမည်။
***