Chapter(111)
Vol. 8 Ch. 111
အသန့်စင်ဆုံးစနစ် အခန်း(111)
ချောင်ဖုန်းရှိမှ ထွက်ပေါ်လာသော စွမ်းအင် အန်းမြို့နဲ့နီးသော ဂိုဏ်းများသည် သေးငယ်သော မြို့လေးတစ်ခုမှ နတ်နယ်ပယ်အဆင့်အရှိန်အဝါကို မြင်လိုက်ကြရတဲ့အတွက် "တကယ်ပဲမြို့ငယ်လေးတစ်ခုက နတ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမား ပေါ်ထွက်လာတာလား " ဟု ပြောကြကာအံ့အားသင့်နေကြလေသည်။
ချောင်ဖုန်းသည် နတ်နယ်ပယ်အဆင့်သို့ ရောက်ရှိတာနဲ့ အရှင်လျူဖုန်း၏ တတိယကျင့်စဥ်အား စတင်လေ့ကျင့်လေသည်။ထိုကျင့်စဥ်၏ အမည်ကတော့ တန်ပြန်သက်ရောက်ခြင်းကျိန်စာကျင့်စဥ်ဟု အမည်တွင်ပြီး တစ်ဖက်လူ၏ တိုက်ခိုက်ရေးမှန်သမျှကို အလိုအလျောက် ပြန်လည်ထိခိုက်နိုင်သော ကျင့်စဥ်ပင် ဖြစ်လေသည်။
ချောင်ဖုန်းသည် နောက်ထပ်ရက်အနည်းငယ်အတွင်း တန်ပြန်သက်ရောက်ခြင်းကျိန်စာကျင့်စဥ်အား လေ့ကျင့် တက်မြောက်သွားတဲ့အခါ "တန်ပြန်သက်ရောက်ခြင်းကျိန်စာကျင့်စဥ်ကို သန့်စင်မယ်" ဟု နှစ်ခါပင် ရေရွတ်လိုက်သည်။
ထိုအခါ စနစ်မှ "ဂုဏ်ယူပါတယ် စနစ်ရှင်သည် တန်ပြန်သက်ရောက်ခြင်းကျိန်စာကို အနိူင်းမဲ့အဆင့်ထိ တက်မြောက်သွားပါပြီ" ဟုသော အသံသည် ချောင်ဖုန်းသာ ကြားလိုက်ရသည်။
ထို့နောက် ချောင်ဖုန်းသည် ကျင့်ကြံသော အခန်းမှ ထွက်လာပြီး လမ်းလျှောက်လာတဲ့အခါ ရီအိမ်တော်တွင် သူမြင်နေကြ အရာအားလုံးသည် နဂိုနဲ့ လုံးဝမတူတော့ဘဲ အရာရာတိုင်းက အထူးအဆန်းပင် ဖြစ်နေလေသည်။
ထို့အပြင် ရီအိမ်တော်ကို ခိုလှုံလာသည့် လူအများစုသည် ချောင်ဖုန်းအားမမြင်ဖူးတဲ့အတွက် လှည့်ကြည့်လှည့်ကြည့် ဖြင့် စကားတပြောပြောဖြင့် သွားနေကြလေသည်။ချောင်ဖုန်းသည် သူတို့ကို အာရုံမစိုက်ဘဲ လုပင်းတို့အား တွေ့ဆုံဖို့သွားလိုက်သည်။
လုပင်းသည် အိမ်တော်အတွင်း ချောင်ဖုန်းဝင်လာကို တွေ့သောအခါ " သားလေးချောင်.......မင်းလေ့ကျင့်လို့ပြီးသွားပြီးလား " ဟု ပြုံးကာ မေးလိုက်သည်။
ထိုချိန်မှာ စုမိုရောက်ရှိလာပြီး ချောင်ဖုန်းပါးကို ကိုင်လိုက်ပြီး"သားလေးချောင်......ဒီလောက်အချိန်တွေအကြာကြီး အစားမစားရတာကြာတော့ တော်တော်လေးပိန်သွားတာပဲ " ဟု ပြောကာ ထမင်းစပွဲမှာ ထိုင်စောင့်ခိုင်းလိုက်ပြီး ကြက်သားစွပ်ပြုတ်ကို ချက်ပြုတ်နေလေသည်။
ချောင်ဖုန်းသည် ရွယ်ချင်းကို မတွေ့ရှိသဖြင့် "အဖေ.......ရွယ်ချင်းကဂိုဏ်းကို ပြန်သွားတာလား " ဟု မေးလိုက်သည်။ထိုအခါ လုပင်းသည် နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းမှ အကြီးအကဲတွေသည် ဝူတိုင်းပြည်သို့ ရောက်ရှိလာပြီး သစ္စာဖောက်တွေကို လာရောက်ဖမ်းဆီးရင်းနဲ့ ရီအိမ်တော်သို့ ရောက်ရှိလာပြီး ရွယ်ချင်းကို တခါထဲအတူ ခေါ်ဆောင်သွားခဲ့ကြောင်း ပြောပြလိုက်သည်။
ထိုချိန်မှာပဲ စုမိုသည် ကြက်သားစွပ်ပြုတ်ကို ယူလာပြီး "သားလေးချောင်.....နင်အကုန်စားရမယ်နော် " လို့ပြောကာ စားပွဲပေါ်ကို ချပေးလိုက်သည်။
ချောင်ဖုန်းသည် နတ်နယ်ပယ်အဆင့်ကို ရောက်ရှိသွားတဲ့အတွက် သူ့အတွက်အစားစားဖို့ မလိုအပ်တော့ပင်မယ့် အရသာရှိသော ကြက်သားစွပ်ပြုတ်ကို မြင်တဲ့အခါ မနေနိုင်တော့ဘဲ အားရပါးရ တစ်ပန်းကန်လုံး ကုန်အောင်စားသောက်ပါတော့သည်။
ထို့နောက် ချောင်ဖုန်းသည် ဝူတိုင်းပြည်ကို ရောက်ရှိလာသော အကြီးအကဲများအဖွဲ့သည် ဖုန်းယွီရဲ့သတင်းပေးမှုကြောင့် ရောက်ရှိလာတာဖြစ်နိုင်သည်ခန့်မှန်းလိုက်လေသည်။
ထို့နောက် လုပင်းသည် ရီအိမ်တော်သည် နဂိုထက်အဆပေါင်းများစွာ သာလွန်သွားခဲ့ပြီး လူအများစုသည် သူတို့လက်အောက်ကို ဝင်ရောက်ခိုလှုံလာကြောင်း ပြောပြလိုက်သည်။
ချောင်ဖုန်းသည် ဝတ်ရုံနီဂိုဏ်းအား အမြစ်ပြတ်ချေမှုန်းဖို့အတွက် ရေခဲနဂါးမင်းဂိုဏ်းကို သွားရောက်ဖို့အချိန်ရောက်လာပြီဖြစ်တဲ့အတွက် ယီရှင်းထျန်ကိုလဲ သူ့မိသားစုကို ကာကွယ်စောင့်ရှောက်ဖို့
တောင်းဆိုခဲ့ပြီး ရုပ်သေးရုပ်တစ်ရုပ်အား လုပင်းကို ပေးဆောင်ခဲ့သည်။
ချောင်ဖုန်းသည် သူနောက်တစ်ခေါက်အိမ်ပြန်လာတဲ့အခါ ရီအိမ်တော်သည် အန်းမြို့မှာ အင်အားအကြီးဆုံး ဖြစ်နေလောက်ပြီဟု ခန့်မှန်းလိုက်ပြီး အကုန်လုံးကို နှုတ်ဆက်ကာ ဝိညဥ်လှေလေးဖြင့်
ရီအိမ်တော်မှ ထွက်ခွာလာပါတော့သည်။
အန်းမြို့မှ ထွက်ခွာလာပြီး အချိန်အနည်းငယ်ကြာတဲ့ အခါမှာတော့ ရီချုံသည် ဌက်ပေါက်စလေးအသွင်ဖြင့် ချောင်ဖုန်းခန္ဓာကိုယ်ထဲမှ ထွက်လာပြီး သူ့ခန္ဓာကိုယ်အား ချောင်ဖုန်းရှေ့မှ လှည့်ပတ်ပြလိုက်ပြီး "အကိုကြီး......ဒီတစ်ခေါက်ရော ငါ့ခန္ဓာကိုယ်မှာ ပြောင်းလဲမှု ရှိသေးလား " ဟု မေးလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် ရီချုံရဲ့ဂျိုက နဂိုနဲ့မတူဘဲ မီးခဲနဲ့တူသော ဂျိုအဖြစ်သို့ ပြောင်းလဲသွားတာကို ပြောပြလိုက်သည်။ထိုအခါ ရီချုံသည် ထပ်မံပြောင်းလဲသွားတဲ့အတွက် ဝမ်းသာသွားပြီး "အကိုကြီး......မင်းအမြန်ဆုံးတိုက်ခိုက်ရမယ့်လူကို ရှာစမ်းပါ ၊ ပြောင်းလဲလာတဲ့စွမ်းအားကို ငါစမ်းကြည့်ချင်နေပြီ" ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည် ရီချုံအား ဂရုမစိုက်ဘဲ လျင်မြန်စွာနဲ့ဘဲ ပျံသန်းကာ သွားနေခဲ့သည်။ချောင်ဖုန်းသည် မြစ်ပြင်တွေ ၊ တောတောင် တွေ များစွာကို ဖြတ်ပြီးတဲ့နောက်တွင် သွမ်ကျာ့တိုင်းပြည်အတွင်းရှိ ယဲ့ဖာလို့ခေါ်သည့်မြို့တစ်မြို့ကို ရောက်ရှိလာလေသည်။
ချောင်ဖုန်းသည် ဝိညဥ်လှေပေါ်သို့ ဆင်းသက်လာပြီး ယဲ့ဖာမြို့အတွင်းကို စတင်ဝင်ရောက်လာခဲ့သည်။ယဲ့ဖာမြို့မှာတော့ လူတစ်ချို့သည် သားရဲကောင်ကြီးများကို စီးနင်းကာ သွာလာနေကြလေသည်။
ရီချုံသည် သားရဲကောင်များတွေ့တဲ့အခါ "အကိုကြီး......ငါအစာမစားရတာတော်တော်ကြာနေပြီ " ဟု ဗိုက်ဆာနေသော အသံမျိုးဖြင့် ပြောလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် ပထမဆုံးရောက်ဖူးတဲ့နေရာဖြစ်တဲ့အတွက် အခြေအနေစောင့်ကြည့်အုံးမယ်လို့ ပြောလိုက်သည်။
ထို့နောက် ချောင်ဖုန်းသည် လမ်းကြားလေးတစ်ခုတွင် မိန်းကလေးတစ်ယောက်အား အုပ်စုဖွဲ့အနိုင်ကျင့်နေတာကို တွေ့လိုက်ရပြီး ထိုမိန်ကလေးသည် လဲကျနေရာမှ ထလာပြီး ချောင်ဖုန်းနောက်ကို ပြေးကပ်လိုက်ပြီး "သခင်လေး.......ကျွန်မကို ကယ်ပါအုံး " ဟုပြောကာ မျက်နှာငယ်လေးဖြင့် အကူအညီတောင်းနေခဲ့သည်။
ချောင်ဖုန်းသည် အလိုလိုနေရင်း ပြသာနာက သူရှိရောက်လာမယ်ဟု မထင်ထားခဲ့ချေ။ထိုမိန်းကလေးသည် ချောင်ဖုန်းနောက်ကို ရောက်လာတဲ့အခါ လူကောင်ထွားထွားအဖွဲ့လိုက်ထဲမှ ရှောင်ရှန်ဟု ခေါ်သော တစ်ယောက်သည် "သခင်မလေးရှောင်လီ......ကျေးဇူးပြုပြီး ငါတို့ကို ထပ်မလှည့်စားပါနဲ့တော့ " ဟု ပြောလိုက်သည်။
ထိုအခါ ရီရှောင်လီဟု ခေါ်သော ချောင်ဖုန်းနောက်မှ မိန်းမပျိုလေးသည် "သခင်လေး.......ရှင်သူတို့ပြောတာ မယုံနဲ့နော် ၊ သူတို့ပြောတာမယုံနဲ့နော် သူတို့က ရှောင်လီကို ဒီတစ်ခါ ဖမ်းမိရင် သတ်ပစ်ကြမှာ " ဟု ပြောလိုက်သည်။
ထိုအခါ ရှောင်ရှန်သည် "သခင်မလေးရှောင်လီ..........နင်ဘာတွေလျှောက်ပြောနေတာလဲ ၊ ခုချိန်သခင်ကြီးသာ ရောက်လာရင် ကျွန်တော်တို့အားလုံး အပြစ်ပေးခံရတော့မယ်" ဟု စိတ်ညစ်သွားသည့်ပုံဖြင့် ပြောလိုက်သည်။
ကြားထဲက ချောင်ဖုန်းသည် ဘယ်သူကို ယုံလို့ယုံရမှန်း မသိဖြစ်သွားလေသည်။ရှောင်ရှန်သည် သူ့အမိန့်ပြားတစ်ခုကို ချောင်ဖုန်းအား ထုတ်ပြလိုက်ပြီး "သခင်လေး......မင်းသူပြောတာတွေ ယုံမနေနဲ့ " ဟု ပြောလိုက်သည်။
ထိုချိန်မှာ ရှောင်လီသည် ချောင်ဖုန်းနောက်မှ ပျောက်ကွယ်သွားပြီး "နောက်ဆုံးတော့ ငါဘာသာတစ်ယောက်ထဲ လွတ်လွတ်လပ်လပ် လျှောက်သွားလို့ရပြီကွ" ဟု အောက်ကာ ထွက်ပြေးသွားလေသည်။
ထိုအခါရှောင်ရှန်တို့လဲ သားရဲကောင်ကြီးများစီးကာ "သခင်မလေး.....အန္တရာယ်များတယ် တစ်ယောက်ထဲလျှောက်မသွားနဲ့" ဟု အော်ကာ ရီရှောင်လီနောက်ကို လျင်မြန်စွာ လိုက်သွားပါတော့သည်။
ချောင်ဖုန်းသည် " ငရှုပ်မလေးတစ်ယောက်ပါလား... " ဟု ရေရွတ်ပြီး ရှေ့ကိုဆက်သွားမယ်ချိန်မှာ "သခင်လေး......ရှင်က ဘယ်သွားမလို့လဲ "ဆိုသော အသံနဲ့အတူ ရီရှောင်လီသည် ချောင်ဖုန်းနောက်က ပြန်ထွက်ပေါ်လာလေသည်။
ထိုအခါ ချောင်ဖုန်းသည် "မင်းက ထွက်မသွားသေးဘူးလား......" ဟု မေးလိုက်သော်လည်း ရီရှောင်လီသည် ပြုံးပြုံးဖြင့် ဘာမှ မဖြေကြားပေ။ရီရှောင်လီသည် သူ့အနားမှာ ရှိနေသော်လည်း
စွမ်းအင်အငွေ့အသက်ကို လုံးဝ မခံစားရတဲ့အတွက် ချောင်ဖုန်းသည် အံ့အားသင့်နေခဲ့သည်။
ရီရှောင်လီသည် ထိုက်ရှီးဂိုဏ်း၏ ဂိုဏ်းချုပ်သမီးတော်ပင်ဖြစ်ပြီး
ဂိုဏ်းချုပ်ဖြစ်သောရီကျီရှို့သည် သူ့သမီးသုံးယောက်အား ဂိုဏ်းပြင်ပကို ထွက်သွားခွင့်မပြုပေ။ချောင်ဖုန်းသည် ရီရှောင်လီအား "မိန်းကလေး......မင်းက ဒီယဲ့ဖာမြို့ကပဲလား " ဟု မေးလိုက်သည်။
ထိုအခါ ရှောင်လီသည် "သခင်လေး.......ငါက ဒီမြို့ကဆိုတာ မှန်ပင်မယ့် တခါတလေမှ အပြင်ထွက်ဖူးတာ ၊ နင်က ဘယ်နေရာကို သွားချင်လို့လဲ " ဟု မေးလိုက်သည်။ချောင်ဖုန်းသည် "မိန်းကလေး......အဲ့တာဆို နင်ယန်ကျင်းဂိုဏ်းဆိုတာ ကြားဖူးလား " ဟု မေးလိုက်သည်။
ထိုအခါ ရှောင်လီသည် "ဟီးဟီး......သခင်လေး......ငါယန်ကျင်းဂိုဏ်းဆိုတာ တခါမှ မကြားဖူးဘူး " ဟု ရယ်ရယ်မောမော ပြန်ဖြေလိုက်သည်။