← Chapters

Chapter(112)

Vol. 8 Ch. 112

Chapter(112)

Vol. 8 Ch. 112

အသန့်စင်ဆုံးစနစ် အခန်း(112)

ရှောင်လီရဲ့ စကားကြောင့် ချောင်ဖုန်းသည် စိတ်ပျက်စွာနဲ့ပဲ ခေါင်းခါလိုက်သည်။ဒါပေမယ့် ရှောင်လီသည် သူ့စကားကို ဆက်ပြောလိုက်သည်။ရှောင်လီသည် "သခင်လေး......ယန်ကျင်းဂိုဏ်းကို ရှောင်လီ မသိပင်မယ့် သိနိုင်မယ့်လူတစ်ယောက်ရှိတယ် " ဟု ပြောကာ ချောင်ဖုန်းကို ခေါ်ဆောင်သွားလေသည်။

ရှောင်လီသည် နာရီဝက်အတွင်းမှာ ချောင်ဖုန်းအား ယဲ့ဖာမြို့အတွင်းရှိ ကြီးကျယ်ခမ်းနားသောနေရာတစ်ခုကို ခေါ်ဆောင်သွားလေသည်။ထိုနေရာကတော့ အဂ္ဂိရတ်မှော်ပညာရှင်အဖွဲ့အစည်းများ

စုစည်းတည်ဆောက်ထားသော မှော်ဆေးပညာရှင်ကျောင်းတော်ပင်ဖြစ်လေသည်။

ချောင်ဖုန်းသည် ယဲ့ဖာမြို့တွင် ဒီလောက်ထိ ခမ်းခမ်းနားနား တည်ဆောက်ထားသော မှော်ဆေးပညာရှင်ခန်းမကြီး ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ရှောင်လီသည် "သခင်လေး.........ဒီနေရာက ယဲ့ဖာမြို့ရဲ့ အခမ်းနားဆုံးအရာဖြစ်သလို့ အဂ္ဂိရတ်မှော်ဆေးပညာရှင်များအတွက် တန်ဖိုးအရှိဆုံး နေရာလဲ ဖြစ်တယ် " ဟု ပြောပြလိုက်သည်။

ထို့နောက် ရှောင်လီသည် ချောင်ဖုန်းအား ခန်းမထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ခန်းမတံခါးများသည် ဖွင့်ထားတဲ့အတွက် ချောင်ဖုန်းတို့သည် အလွယ်တကူ ဝင်လာခဲ့လေသည်။ခန်းမထဲသို့ ရောက်တဲ့အခါ အားလုံးသည် တန်းစီပြီး ဆေးလုံးများကို ဝယ်ယူနေတာကို တွေ့လိုက်ရသည်။

ချောင်ဖုန်းသည် ထိုလူတွေကို ကြည့်လိုက်ပြီး "ရှောင်လီ......မင်းငါ့ကို ဘာလို့ ဒီကို ခေါ်လာတာလဲ " ဟု မေးလိုက်သည်။ထိုအခါ ရှောင်လီသည် "သခင်လေး.......ရှင်ခဏစောင့်နော်" ဟု ပြောကာ ထွက်သွားပြီး ဆေးလုံးရောင်းနေသော မိန်းမပျိုတစ်ယောက်နဲ့ စကားသွားပြောလေသည်။

ချောင်ဖုန်းသည် ဘေးပတ်ပတ်လည်လည်ကို ကြည့်လိုက်တဲ့အခါ ဆေးအမယ်မျိုးစုံနဲ့ ကျောက်စိမ်းသေတ္တာဘူးလေးထဲတွင် ထည့်ထားသော ဆေးအရောင်မျိုးစုံကို တွေ့လိုက်ရသည်။ထိုချိန်မှာပဲ ရှောင်လီသည် ချောင်ဖုန်းနားကို ပြန်လည်ရောက်ရှိလာပြီး "သခင်လေး......မမကျစ်ဟွင်း ရောက်လာရင် မေးကြည့်လိုက်နော် " ဟု ပြောလိုက်သည်။

ခဏအကြာမှာတော့ မိန်းကလေးတစ်ယောက်သည် ယောကျာ်းလေးအဝတ်အစားနဲ့ ချောင်ဖုန်းတို့ ရှိကို ရောက်ရှိလာလေသည်။ထိုမိန်းကလေးကတော့ ရှောင်လီရဲ့ ဒုတိယအမဖြစ်သော ရီကျစ်ဟွင်းပင်ဖြစ်သည်။

ကျစ်ဟွင်းသည် ချောင်ဖုန်းတို့အနားကို ရောက်ရှိလာတာနဲ့ "ရှောင်လီ......နင်ဘာလို့ ဒီနေရာကို လိုက်လာတာလဲ " ဟု ပြောလိုက်သည်။ထိုအခါ ရှောင်လီသည် "မမကျစ်ဟွင်း......ဒီကသခင်လေးက

မေးစရာရှိလို့တဲ့ "ဟု ပြောလိုက်သည်။

ထိုအခါ ကျစ်ဟွင်းသည် ချောင်ဖုန်းကို ခေါင်းအစခြေအဆုံး ကြည့်လိုက်ပြီး စွမ်းအင်အငွေ့အသက်မရှိတဲ့အတွက် သာမာန်လူတစ်ယောက်ဟု ထင်လိုက်မိသည်။ချောင်ဖုန်းသည် "မိန်းကလေးကျစ်ဟွင်း......မင်းယန်ကျင်းဂိုဏ်းဆိုတာ ကြားဖူးလား " ဟု မေးလိုက်သည်။

ကျစ်ဟွင်းသည် "ယန်ကျင်းဂိုဏ်းဟုတ်လား..... " ဟု ပြောနေချိန်မှာ အဂ္ဂိရတ်ပညာရှင် ဝတ်စုံထားသော ခန်းချန်းဟု ခေါ်သော လူတစ်ယောက်သည် ရောက်ရှိလာပြီး "ငါကယန်ကျင်းဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပဲ.........ဘာကိစ္စရှိလို့လဲ " လို့ ချောင်ဖုန်းအား မေးလိုက်သည်။

ထိုအခါချောင်ဖုန်းသည် "အကြီးအကဲ......ကျွန်တော်တို့ တခြားနေရာမှာ စကားသွားပြောလို့ ရမလား" ဟု ရိုသေစွာ လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်သည်။ထိုအခါခန်းချန်ရဲ့ နောက်မှာပါလာသော ယန်ဖေးကျီဆိုတဲ့ နောက်လိုက်တစ်ယောက်သည် "အကြီးအကဲခန်းချန်းလိုလူမျိုးနဲ့ သီးသန့်ဆွေးနွေးရအောင် မင်းက ဘယ်သူမို့လို့လဲ " ဟု ​လေသံမာမာဖြင့် ပြောလိုက်သည်။

ခန်းချန်သည် ယန်ဖေးကျီကို အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်တဲ့ ယန်ဖေးကျီသည် ကြောက်ရွံပြီး ဘာမှဆက်မပြောရဲတော့ပေ။ထိုအခါမှသာ ခန်းချန်သည် "ကောင်လေး.......ငါ့မှာ တခြားအရေးကြီးကိစ္စတွေ ရှိတဲ့အတွက် မင်းနဲ့သီးသန့်ဆွေးနွေးဖို့ အချိန်မရှိဘူး မင်းပြောချင်ရင် " လို့ပြောနေတုန်းမှာပင် ချောင်ဖုန်းသည် နတ်သမီးသုံးဖော် ဆေးလုံးအား ထုတ်ပြလိုက်တဲ့အခါ ခန်းချန်သည် သူပြောနေတဲ့စကားရပ်သွားပြီး " အဲ့တာနတ်သမီးသုံးဖော်ဆေးလုံးမလား " ဟု အံ့အားသင့်သော ပုံဖြင့်ပြောလိုက်သည်။

ထိုအခါမှသာ ချောင်ဖုန်းသည် "ဘယ်လိုလဲအကြီးအကဲခန်းချန်း......တခြားအရေးကြီးတဲ့ကိစ္စတွေ ရှိသေးလား..... " ဟု မေးလိုက်သည်။ခန်းချန်းသည် "ကောင်လေး......မင်းငါ့ကို အဲ့ဆေးလုံးခဏလောက်ပြလို့ရမလား..... " ဟု တောင်းလိုက်သည်။

ချောင်ဖုန်းသည် ဆေးလုံးအား ခန်းချန်းတို့ပေးလိုက်တဲ့အခါ ခန်းချန်းသည် ဆေးလုံးကို လေပေါ်သို့ မြှောက်လိုက်ပြီး သူ့ရှိမှာ ရှိသော နတ်သမီးသုံးဖော်ဆေးလုံးကိုလဲ ချောင်ဖုန်းပေးလိုက်သော ဆေးလုံးနဲ့ ယှဥ်၍ ထားလိုက်သည်။

ထို့နောက် ခန်းချန်းသည် သူ၏ရတနာပစ္စည်းအား ဆေးလုံး နှစ်လုံး၏ အပေါ်သို့ တင်လိုက်သည်။စက္ကန့်အနည်းငယ် အကြာမှာတော့ ထိုဆေးလုံးနှစ်လုံးသည် အချင်းချင်း အားသာချက်ကို ပြိုင်ပါတော့သည်။

လေပေါ်တွင် ဆေးလုံးနှစ်လုံးသည် စတင်၍ လည်ပတ်လာခဲ့ပြီး စွမ်းအင်လှိုင်း နှစ်ခုသည် စတင်ပေါ်ထွက်လာပါတော့သည်။ထိုအခါ ခန်းမအတွင်းမှာ ရှိနေသောလူများသည် လေပေါ်တွင် ရှိသောဆေးလုံးနှစ်လုံးကို ကြည့်ကာ "အဲ့တာအဆင့်ငါးဆေးလုံးတွေရဲ့ စွမ်းအင် အားသာချက်ယှဥ်ပြိုင်ပွဲပဲ ၊ ငါအဲ့လိုမျိုးကို မှော်ဆေးဆရာပြိုင်ပွဲအချို့မှာ အကြိမ်အနည်းငယ်ပဲ မြင်ဖူးတယ်" ဟု လူတစ်ယောက်သည် တီတိုးပြောဆိုနေခဲ့သည်။

ထိုအချိန်မှာပဲ ဆေးလုံးနှစ်လုံးရဲ့ ယှဥ်ပြိုင်မှုတွင် ချောင်ဖုန်း၏ ဆေးလုံးသည် အနိုင်ရသွားပြီး ခန်းချန်းရဲ့ ဆေးလုံးသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ထိုအခါ ခန်းချန်းသည် သူရဲ့ဆေးလုံးသည် ခဏလေးအတွင်းမှာ ပြုတ်ကျသွားလိမ့်မည်ဟု ထင်မထားခဲ့ချေ။

ခန်းချန၏ ဆေးလုံး​ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတဲ့အခါ လူတစ်ယောက်သည် လက်ခုပ်တီးကာ ချောင်ဖုန်းတို့ရှိရောက်လာပြီး "ခန်းချန်း.......မင်းက အဆင့်နိမ့်ဆေးလုံးတစ်လုံးကို ဝယ်လာပြီး ဘယ်လိုလုပ်ယှဥ်ပြိုင်ရဲတာလဲ" ဟု ပြောကာ သူ့ရဲ့ နတ်သမီးသုံးဖော်ဆေးလုံးအား ထုတ်လိုက်ပြီး ချောင်ဖုန်းရဲ့ ဆေးလုံးနဲ့ ထပ်မံယှဥ်ပြိုင်လိုက်သည်။

ထိုလူကို မြင်တဲ့အခါ ခန်းချန်းသည် "မင်္ဂလာပါ.....ခန်းမသခင်" ဟု ပြောကာ အရိုအသေပြုပြီး နောက်သို့ ဆုတ်သွားလေသည်။ခန်းမတစ်ခုလုံးရှိ လူများသည် ထိုလူအားတွေ့တဲ့အခါ အဲ့တာခန်းမသခင်ကျိုက်ရှစ်ပဲ ဟု လူတစ်ယောက်သည် အော်ဟစ် ပြောလိုက်တဲ့အခါ မမြင်ဖူးသော လူများသည် ကျိူက်ရှစ်အား အသည်းအသန်ကြည့်နေကြလေသည်။

ကျိုက်ရှစ်ရဲ့ စိတ်ထဲတွင် "ငါရဲ့နတ်သမီးသုံးဖော်ဆေးလုံးက ငါရဲ့ဆေးမီးဖိုထဲမှာ အကြိမ်ပေါင်းများစွာ သန့်စင်ထားတဲ့အတွက် ဒီကောင်လေးရဲ့ဆေးလုံးကိုတော့ အသာအယာနိုင်လောက်မှာပါ " ဟု တွေးပြီး ဆေးလုံးနှစ်လုံးရဲ့ယှဥ်ပြိုင်မှုကို ကြည့်နေချိန်တွင် သူ့ရဲ့ဆေးလုံးသည် ​အောက်သို့ ပြုတ်ကျသွားလေသည်။

ထိုအခါ ကျိုက်ရှစ် "ဘာ........ဒီကောင်လေးရဲ့ ဆေးလုံးက ငါ့ဆေးလုံးထက်သာလွန်နေတာလား.... " ဟု ရေရွတ်လိုက်သည်။ချောင်ဖုန်းရှိက ဆေးလုံးသည် ကျိုက်ရှစ်ထက်တောင် သာလွန်နေသဖြင့် လူအုပ်ကြီးထံမှ "ညီငယ်လေး......ငါ့ကို အဲ့ဆေးလုံးပြန်ရောင်းမလား မင်းဝယ်ထားတဲ့တန်ဖိုးထက် နှစ်ဆနဲ့ ပြန်ဝယ်မယ် " " သခင်လေး ငါမင်းကို သုံးဆပေးမယ် ငါ့ကိုပြန်ရောင်းပါ"လို့ဆိုသော အသံပေါင်းစုံသည် ထွက်ပေါ်လာပါတော့သည်။

ချောင်ဖုန်းသည် အကြံတစ်ခု ရသွား ကာ သူဆေးလုံးအား ပြန်သိမ်းလိုက်ပြီး သူ့လက်ဆောင်ရထားတဲ့အရာဟု ပြောလိုက်သည်။ထိုအခါ အားလုံးသည် စိတ်ပျက်လက်ပျက်ဖြစ်သွားပင်မယ့် လူတစ်ယောက်သည် "မင်းမရောင်းဘူးဆိုရင် မင်းအသက်ကို သတ်ပြီး ယူရတာပေါ့ " ဟု ပြောကာ သူရှိနေသော နေရာမှ ပျောက်ကွယ်သွားပြီး လျှပ်စီးတစ်ဖွယ် အရှိန်ဖြင့် ချောင်ဖုန်းရှိကို ပြေးသွားသည်ကို ​မြင်လိုက်ကြရသည်။

ထိုအခါ ကျိုက်ရှစ်သည် ဒေါသထွက်စွာအသံဖြင့် "လုံရှောင်စစ်......ငါခန်းမထဲမှာ မင်းလုပ်ရဲလား....." ဟု အော်ဟစ်လိုက်လေသည်။လုံရှောင်စစ်ဆိုသော လူသည် ချောင်ဖုန်းရှိမှ နတ်သမီးသုံးဖော်ဆေးလုံးကို ရဖို့ အရေးကြီးတဲ့အတွက် တခြားဘာမှမရှိဘဲ ချောင်ဖုန်းရှိသို့ တရှိန်ထိုးသာ ပြေးဝင်သွားလေသည်။

လုံရှောင်စစ်သည် ဧကရာဇ်နယ်ပယ်အလယ်အလတ်ကို ရောက်ရှိနေသောကြောင့် "ဟူး......အဲ့သခင်လေးကတော့ လုံရှောင်စစ်လက်ထဲက ပြေးလွတ်မှာမဟုတ်တော့ဘူး " ဟု တီတိုးစွာ ပြောဆိုနေကြလေသည်။

လူတချို့ကတော့ လုံရှောင်စစ် လက်ထဲသို့ နတ်သမီးသုံးဖော်ဆေးရောက်ရှိ သွားရင် ကြားကနေ ဝင်လုဖို့ ချောင်းနေကြလေသည်။

သို့သော် သူတို့အားလုံးထင်သလို မဖြစ်သွားခဲ့ပဲ လုံရှောင်စစ်သည် ချောင်ဖုန်းအနားသို့ ရောက်သွားတဲ့အခါ လက်တစ်ဖက်ထဲဖြင့် လည်ပင်းညှစ်ထားတာကို ခံလိုက်ရသည်။

လုံရှောင်စစ်သည် ကြောက်ရွံစွာဖြင့် "ငါ့ကိုလွှတ်.......ငါ့ကိုလွှတ်..." ဟု အော်ဟစ်နေလေသည်။ထိုအခါ အားလုံးသည် ချောင်ဖုန်းရဲ့အစွမ်းအစကို သိရှိသွားပြီး ဘာမှထပ်လုပ်ဖို့ မကြံစည်ရဲတော့ပေ။

ခန်းချန်းရဲ့ နောက်လိုက်တစ်ဦးဖြစ်သော ယန်ဖေးကျီသည် ခုနလေးတင် သူစော်ကားမိတာကို နောင်တရသွားပြီး ချောင်ဖုန်းအားတောင်းပန်လိုက်ကာ ခန်းချန်းရဲ့နောက်မှာ ပုန်းကွယ်၍ နေလိုက်သည်။

ချောင်ဖုန်းသည် အေးအေးဆေးဆေးပင် "ခန်းမသခင်.....ကျွန်တော်သူ့ကို လွှတ်ပေးလိုက်ရမလား " ဟု မေးလိုက်သည်။ကျိုက်ရှစ်သည် "အစောင့်တွေလာကြစမ်း......ငါ့ရဲ့ခန်းမထဲမှာ ပြသာနာရှာရဲတဲ့လူကို ဖမ်းဆီးခေါ်ဆောင်သွားကြ" ဟု ပြောကာ

အစောင့်တွေအား အမိန့်ပေးလိုက်သည်။

All Chapters