← Chapters

ငါက ဘယ်လိုလုပ်သူနဲ့ယှဉ်နိုင်မှာလဲ

Vol. 4 Ch. 75

ငါက ဘယ်လိုလုပ်သူနဲ့ယှဉ်နိုင်မှာလဲ

Vol. 4 Ch. 75

ပေထင်းဟွမ်သည် အင်ပါယာကျောင်းမှကျောင်းသားမဟုတ်သော်လည်း ဆရာနန်စီသည် ပေထင်းဟွမ်ကို ကျောင်းသားအဖြစ်သတ်မှတ်နသ်။ အကယ်၍ ပေထင်းဟွမ်သာ ပထမရပါက သူမရော ဆုရရန် အရည်အချင်းပြည့်မှီသည် လား။ နန်ကုန်းချန်ရှီးသည် ခံပြင်းနေသော်လည်း မမေးရဲပေ။ တောသားသည် အစွမ်းအစမရှိပါဟုသာ သူမကိုယ်သူမ နှစ်သိမ့်နေရသည်။ သူမသာ သူမ၏ မွန်မြတ်သားသားရဲကို ဆင့်ခေါ်ပြီးအကူအညီတောင်းပါက မွန်မြတ်သောသားရဲ သည် သူမ၏ ဝိညာဉ်လက်နက်ကို လှည့်ဖျားပြီးယူသွားကြောင်းကို ပြောရန် အခွင့်အရေးရသွားမည်။ ဆရာနန်စီသည် သူမအတွက် တရားမျှတမှုကို ပြန် မပေးမည်ကိုမကြောက်ပေ။

သို့သော် ရှန်းယန်ဖိုနှင့် တခြားသုံးယောက်သည် ကျောင်း၏ ပါရမီရှင် ကျောင်းသားများဖြစ်သည်။ အစောက ဝိညာဉ်ပြောင်းပြန်ဖြစ်သွားစေသည့် အတွေ့အကြုံကို ကြုံတွေ့လိုက်ရပြီးနောက် သူတို့လေးယောက်သည် နန်စီ၏ အနောက်မှ သတိရှိရှိနှင့် လိုက်လာကြသည်။ အထူးသဖြင့် လမ်းတစ်လျှောက် တွင် မှော်သားရဲအပင်များစွာကိုတွေ့ရသည်။ ကံကောင်းစွာပင် နန်ကုန်းချန်ရှီး အား စားသုံးရန်လုပ်ခဲ့သည့် အပင်လောက် အားမကောင်းကြပေ။ သို့သော် ရန့်ရှောင်ကျယ်သည် သစ်ငုတ်တိုနှင့် ခလုတ်တိုက်ရာ ပေထင်းဟွမ်က ဆွဲထား လိုက်ရသည်။ ထိုသစ်ငုတ်တိုသည် မြေကြီးမှော်သားရဲဖြစ်သည်ကို သူတို့ လေးယောက်သိလိုက်ရသည်။ တစ်စုံတစ်ယောက်မှ ဆွဲပြီး မြေကြီးထဲဆွဲသွင်း လိုက်သည်နှင့် ဝိညာဉ်ဂုဏ်းပင် ဘာမှလုပ်နိုင်မည်မဟုတ်ပေ။ သူတို့လေး ယောက်သည် ရှေ့ဆက်ပြီးပင်မလျှောက်ရဲတော့ပေ။

တစ်ဖက်တွင် ပေထင်းဟွမ်သည် အလွယ်တကူလျှောက်နိုင်လေသည်။ သူမခြေထောက်အောက်မှ သစ်ကိုင်းများ၊ သစ်ရွက်ကြွေများသည် သူမကို မထိ နိုင်ပေ။ သူမသည် အန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်သည်။ သူမ၏ စူးရှသော အာရုံနှင့် ကောင်းမွန်သောလှုပ်ရှားမှုနည်းစနစ်များသည် လမ်းတစ်လျှောက် တွေ့လာသော အန္တရာယ်များကို ရှောင်ရှားနိုင်စေသည်။ အမှန်တကယ်ပင် အားကျစဖွယ်ပင်။

“မင်းတို့ သတိထားမိကြလား ရှောင်ကျို့ရဲ့ အင်္ကျီမှာ အပေါက်တွေအများ ကြီးရှိတာ.. ဒါပေမဲ့ လုံးဝတိုးမလာဘူး” ချင်ရှဲလင်သည် သူတောင်းစားထက်ပင် သူတောင်းစားနှင့်တူနေသော သူမ၏အင်္ကျီများကို ကိုင်ကြည့်လေသည်။ ထို့ကြောင့်ပင် ပေထင်းဟွမ်ကို ပထမဆုံးအကြိမ်တွေ့ချိန်က သူမ၏ အင်္ကျီများ မှာ စုတ်ပြဲနေခြင်းပင်။ နောက်ခြေလှမ်းအနည်းငယ်သာ လှမ်းလိုက်ရင် သူမ၏ ရင်ဘတ်ပင်ပေါ်သွားနိုင်သည်။

“ဟုတ်တယ် ဒီကောင် လမ်းလျှောက်တာ ဘာလို့ဒီလောက်ချောမွေ့နေ တာလဲမသိဘူး.. သူက မကောင်းတာတစ်ခုမှမကိုင်ကြည့်ခဲ့သလိုပဲ” ရှန်းယန်ဖို သည် ပေထင်းဟွမ်၏ သွက်လက်သောပုံရိပ်ကိုစိုက်ကြည့်နေသည်။ သူလှမ်း လိုက်သောခြေလှမ်းမှာ သတိမမူသလိုထင်ရသော်လည်း ခြေလှမ်းတိုင်းမှာ မမြင်ရသည့်အန္တရာယ်များကို ရှောင်ရှားနေသည်ကို သူတို့အားလုံးသိကြသည်။ သူ့ခြေလှမ်းအတိုင်းမလိုက်သူများသည် အန္တရာယ်နှင့်တွေ့သည်။

“ဟင်း ဟန်ဆောင်နေလိုက်” နန်ကုန်းချန်ရှီးသည် နှုတ်ခမ်းဆူကာ တိုးတိုးပြောပြီး စောဒကတက်လေသည်။

“ဒီကောင် လမ်းလျှောက်တာ ကနေသလိုပဲ.. သူ့ကိုကြည့်ရတာ ပင်ပန်း မနေဘူး.. သခင်လေး မင်းက အင်ပါယာမြို့မှာ နံပါတ် ၁ သခင်လေးဆိုပေမဲ့ ရှောင်ကျို့ရဲ့ တင့်တယ်မှုနဲ့တော့ မယှဉ်နိုင်ဘူးပဲ” ရန့်ရှောင်ကျယ်သည် ပေထင်းဟွမ်ကိုကြည့်ပြီး ဤလူသည် နေရာတိုင်းတွင်ကြည့်ကောင်းသည်ဟု ခံစားရသည်။ ဤလူသည် တစ်စုံတစ်ရာမှားယွင်းသွားသည်ကို သူ ရှာမတွေ့ ပေ။

“ငါလား ငါကဘယ်လိုလုပ် သူနဲ့ယှဉ်နိုင်မှာလဲ” ရှန်းယန်ဖိုသည် ခေါင်းခါ ကာ ပေထင်းဟွမ်ကို စိုက်ကြည့်လိုက်သည်။ သူသည် သူ့ကိုကြည့်ရသည်ကို မငြီးငွေ့ပေ။ သူ၏စုပြီးချည်နှောင်ထားသည့် ရှည်လျားသောဆံပင်သည် သူ၏ ခြေလှမ်းအတိုင်း ညင်သာစွာယိမ်းနေသည်။ လေတိုက်လာသည်နှင့် သူ၏ အနက်ရောင်ဝတ်ရုံမှာ လွှင့်သွားကာ သူ၏ပိန်ပါးသောခါးကိုပေါ်လွင်စေသည်။ သစ်ရွက်များအကြားမှ ထွက်လာသော အလင်းအစက်အပျောက်များသည် သူ၏ခန္ဓာကိုယ်ပေါ်ကျနေသည်မှာ အရောင်ငါးမျိုးဖြင့် အလင်းပြန်နေရာ အဆူရာစစ်ပွဲနတ်ဘုရားကဲ့သို့ ဖြစ်နေသည်။ သူသည် ဤကဲ့သို့လူနှင့် မယှဉ်နိုင် သည်သာမက ကမ္ဘာပေါ်မှလူအားလုံးပင် သူနှင့်ယှဉ်နိုင်မည်မဟုတ်ပေ။

နန်ကုန်းချန်ရှီးသည် မှင်တက်မိသည်။ ဒါကရှန်းယန်ဖိုဟုတ်ရဲ့လား။ အင်ပါယာမြို့တော်မှာ နံပါတ် ၁ သခင်လေးဆိုသည့် နာမည်ရရန်အတွက် သူသည် ရှီချွင်းမိသားစု၏ နတ်မိစ္ဆာပါရမီရှင်ရှီချွင်းယန်နှင့် တိုက်ခိုက်ခဲ့သည်။ ယခု သူသည် ပေထင်းဟွမ်ထက် နိမ့်ကျသည်ဟု ပြောနေသည်။ ဒီတောသားက ဘာတွေများဒီလောက် ကောင်းနေလို့လဲမသိဘူး။ သူ့အင်အားကို အကဲဖြတ် ကြည့်ရသလောက် သူက အဲလောက်လည်း မသန်မာပါဘူး။

“နေဦး” ရှေ့မှလျှောက်နေသော ပေထင်းဟွမ်သည် ရုတ်တရက် လက်ကို မြှောက်လိုက်သည်။ အတန်ကြာသည်အထိလျှောက်လာပြီးနောက် သူမသည် ဤအဖွဲ့၏ခေါင်းဆောင်ဖြစ်နေပြီဖြစ်သည်။

***

All Chapters