← Chapters

မှော်သားရဲအုပ်ကြီး ရောက်လာပြီ

Vol. 4 Ch. 76

မှော်သားရဲအုပ်ကြီး ရောက်လာပြီ

Vol. 4 Ch. 76

နန်စီလည်း ခြေလှမ်းရပ်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် ပေထင်းဟွမ်အား ခေါင်းလှည့်ကြည့်လိုက်သည်။ သူမ၏ နိုးနိုးကြားကြားရှိနေ သည့် အကြည့်ကိုမြင်သောအခါ နန်စီသည်ပြုံးပြီး သက်ပြင်းချလိုက်သည်။ ဤ ကောင်လေးသည် သူမထက်ပင် ထက်လိမ့်မည်ဟုထင်မထားပေ။ ထင်ထား သည့်အတိုင်း ထိုလူသဘောကျသည့်လူဖြစ်ရန် ထိုက်သည်။ သို့သော် ဤ ကောင်လေးသည် အလွန်ပင် မာနကြီးပုံပေါက်သည်။ သူ သူ့ကို ကျောင်းသား အဖြစ် သဘောတူပါ့မလား။

“ဆရာ ဘာဖြစ်တာလဲ” နန်ကုန်းချန်ရှီးသည် ပေထင်းဟွမ်ကို စိုက်ကြည့် လေသည်။ ဟင်း.. ဒီစိတ်တိုဖို့ကောင်းတဲ့‌တောသားက အကြောင်းမရှိဘဲ ရပ် လိုက်တာလေ။ သူသာ ကောင်းကောင်းရှင်းမပြနိုင်ရင် အလွတ်မပေးဘူး။

နန်စီသည် သက်ပြင်းချပြီး ခေါင်းခါလိုက်သည်။ သူမသည် ပေထင်းဟွမ် အားမေးငေါ့ပြလေသည် “မင်းတို့ခေါင်းဆောင်က လှုပ်ရှားမှုကို ခံစားမိနေပြီ သူ့ကိုသွားမေးပါ့မလား”

နန်ကုန်းချန်ရှီးသည် ဝိညာဉ်သခင်မိသားစုကြီးလေးခုထဲမှ တစ်ခုဖြစ် သည့် နန်ကုန်းမိသားစုမှဖြစ်သည်။ သူမ၏အခြေခံမှာ အလွန်ကောင်းကာ ကျင့်ကြံသည့်အရည်အချင်းမှာလည်း မြင့်သည်။ သူမ၏ မကောင်းသည့် အချက်တစ်ခုမှာ မောက်မာလွန်းခြင်းဖြစ်သည်။ ထိုအရာသည် နဂိုကဘာမှ မဟုတ်သော်လည်း ပေထင်းဟွမ်အား အကြောင်းမဲ့ရန်စလောက်အောင် ရူးမိုက်လှသည်။ ထို့အပြင် သူမသည် အင်ပါယာကျောင်းမှ ကျောင်းသူတစ် ယောက်ဖြစ်သည်။ နန်စီသည် သူမကို ဆိုးဆိုးဝါးဝါးကျဆုံးသည်ကို မမြင်ချင် ပေ။

“ရှောင်ကျို့ ဘာဖြစ်တာလဲ” ရှန်းယန်ဖိုသည် ရှေ့တိုးပြီး ပေထင်းဟွမ် အား မေးလေသည်။ ပေထင်းဟွမ်သည် သူ့လက်ကိုကိုင်ကာ မျက်လုံးများ ကျဉ်းမြောင်းပြီး အရှေ့သို့မျှော်ကြည့်လေသည် “မှော်သားရဲတွေလာပြီ အဖွဲ့ လိုက်ကြီးပဲ”

“အာ.. မဟုတ်သေးဘူး ဘယ်မှာလဲ ဘယ်မှာလဲ” ရန့်ရှောင်ကျယ်လည်း ရောက်လာကာ လှည့်ပတ်ကြည့်လေသည်။ ပတ်ပတ်လည်တွင် အလွန်ပင် တိတ်ဆိတ်နေသည်။ မှော်သားရဲအုပ်ကြီး တိုက်ခိုက်ခဲ့သည့် မြင်ကွင်းမျိုးမတွေ့ ရပေ။ သူသည် မူလနေရာသို့ပြန်သွားကာ နားစွင့်နေလိုက်သည်။ သူ၏ မျက်နှာ ထားသည် သိသိသာသာပြောင်းလဲသွားသည်။

ထစ်ချုန်းသည့်အသံများ ကြားရလာသည်။ တစ်ခဏအတွင်း၌ပင် မြေကြီးမှာ တုန်ခါလာသည်။ မကြာမီတွင် မြေကြီးလှုပ်ယမ်းသည့် အသံပါလာ သည်။ သစ်ရွက်ကိုင်းများသည် ယိမ်းပြီး မိုးကောင်းကင်ကိုကာလေသည်။ ထို မြင်ကွင်းကိုကြည့်ပြီး ရန့်ရှောင်ကျယ်သည် မှင်တက်နေမိသည်။ မှော်သားရဲ များသည် အဖွဲ့လိုက်ဖြစ်သည်။ သူသည် ခေါင်းလှည့်ပြီး ပေထင်းဟွမ်အား ငေးငိုင်စွာကြည့်မိသည်။ ပေထင်းဟွမ်၏အားသည်လည်း သူတို့နှင့် မတိမ်းမယိမ်းပင်ဖြစ်သည်။ မှော်သားရဲတွေရဲ့ လှုပ်ရှားမှုကို သူ ဘယ်လိုလုပ် အစောကြီးသိရတာလဲ။ သူတို့ကိုမမြင်ရသေးခင်ကို သိနေပြီ။

ဒီကွာဟချက်က တော်တော်ဆိုးနေပြီလား။

မဟုတ်သေးဘူး ပေထင်းဟွမ်က ကြောက်စရာကောင်းနေတယ်လို့ ပြော သင်တာ။ သူက ဝိညာဉ်သခင်ကြီးရဲ့ အသိအမှတ်ပြုမှုနဲ့ဆို အဆင့် ၁ ကြယ် ၇ ပွင့်ဝိညာဉ်သခင်ပဲရှိသေးတာလေ။ စိတ်စွမ်းအားကျ ဘာလို့ အဲလောက် အားကောင်းနေတာလဲ။

တခြားသူများလည်း ထိုအရာကို သတိထားမိသည်မှာ သေချာသည်။ သူတို့သည် ပေထင်းဟွမ်ကို တစ္ဆေသရဲတစ်ကောင်လို ကြည့်ကြလေသည်။ သူ သည် သူတို့၏ခေါင်းဆောင်ဖြစ်နေသဖြင့် အနာဂတ်တွင် မှော်သားရဲတောတွင် ဖြတ်ထိုးဉာဏ်ရှိသည့် ခေါင်းဆောင်ဖြစ်သည့် ပေထင်းဟွမ်နှင့်အတူ သွားမှ ဘေးကင်းလိမ့်မည်။

ထိုအန္တရာယ်နီးကပ်လာသည်ကို ကြည့်ပြီး သူတို့လေးယောက်သည် သတိဝင်မလာနိုင်သေးပေ။ နန်စီသည် ပြုံးပြီး ခေါင်းခါလိုက်သည်။ သူမသည် ပေထင်းဟွမ်အား တလေးတစားကြည့်မိသည်။ သူမသည် ထိုကောင်လး၏ အားကိုမမြင်နိုင်ပေ။ သူမ ချောင်းနှစ်ချက်ဟန့်ကာ သတိပေးလိုက်သည် “အဲဒါ အဆင့် ၈ မှော်သားရဲ သွေးဝက်ရိုင်းကျားပဲ.. သူ့အားက တွားသွားကျားလောက် မသန်မာပေမဲ့ အဖွဲ့လိုက်ဆိုရင် တွားသွားကျားထက်တောင် ကိုင်တွယ်ရခက် သေးတယ်.. မင်းတို့ သတိထားရမယ်”

နန်စီသည် ခြေထောက်ကို အသာဆောင့်လိုက်သည်နှင့် မြေပေါ်မှ ငွေရောင်အစီအရင်ပုံစံ ပေါ်လာသည်။ အဖြူရောင်အစီအရင်သည် မိုးပေါ်သို့ ထောင်တက်သွားကာ ကြီးမားသောကာကွယ်ရေးအဝိုင်းအလင်းတန်းပေါ်လာ ပြီး သူမကို လွှမ်းခြုံလိုက်သည်။

တွားသွားကျာထက်တောင် ကိုင်တွယ်ရခက်တယ်ဟုတ်လား။ ဆိုလိုတာ က တွားသွားကျားက ရှင်းဖို့လွယ်တာလား။

ဆရာနန်စီ ဒါက ဟာသပြောနေတာတော့ မဟုတ်ပါဘူးနော်။ ရှင်းဖို့လွယ် တဲ့ကိစ္စကို ကိုင်တွယ်ဖို့ဆိုတာ ဒီလောက်ကြောက်ဖို့ကောင်းနေတာ။ ဒါသာ ရှင်းပစ်ဖို့မလွယ်ဘူးဆိုရင် သူတို့အကုန်လုံးကို စားလိုက်တော့မှာလား။

မှော်သားရဲများရောက်မလာခင်မှာပင် လေတိုက်လိုက်သဖြင့် ညှိုးနွမ်းနေ သော သစ်ကိုင်းများနှင့် သစ်ရွက်ခြောက်သည် သူတို့ဆီလွင့်ပါလာလေသည်။ ဆရာနန်စီသည် တိုက်ခိုက်ရောင်ဝါဖြင့် အတားအဆီးတည်ထောင်လိုက်ရာ လုံခြုံနေသည်။ သူတို့လေးယောက်သာ မလွယ်ကူနိုင်တော့ပေ။ သူတို့လေး ယောက်သည် အသက်ပြင်းပြင်းရှူလိုက်ကြသည်။ သို့သော် အမှိုက်သရိုက် တချို့သည် သူတို့မျက်နှာဆီသို့ လွင့်လာကာ ပါးစပ်ထဲသို့ဝင်လေသည်။ သူတို့သည် အရှက်ကွဲသလို ရှက်သွားကြလေသည်။

***

All Chapters