← Chapters

Chapter(113)

Vol. 8 Ch. 113

Chapter(113)

Vol. 8 Ch. 113

အသန့်စင်ဆုံးစနစ် အခန်း(113)

ထိုချိန်မှာပဲ "ခန်းမသခင်.......မင်းက ဘယ်ကလာမှန်းမသိတဲ့ကောင်လေးကို ကာကွယ်ပေးနေတာပဲ "ဟု အသံနဲ့အတူ အဖွဲ့တစ်ဖွဲ့သည် ရောက်ရှိလာလေသည်။

ထိုအခါ ကျိုက်ရှစ်သည် "ရှုံးရုန်.........ဒီနေရာက မင်းတို့ကုန်းဖေးဂိုဏ်းမဟုတ်ဘူး ၊ ငါ့ခန်းမထဲလာပြီး ရမ်းကားမယ်ဆိုရင်တော့ မင်းမပြောနဲ့ မင်းတို့ဂိုဏ်းချုပ်ပါ အပြစ်ပေးသင့်ရင် အပြစ်ပေးရမယ်" ဟု ဒေါသတကြီးဖြင့် ပြောလိုက်သည်။

ကျိုက်ရှစ်ရဲ့စကားသည် အမှန်တကယ်ပင် ဖြစ်နိုင်တာကြောင့် ရှုံးရုန်သည် "ခန်းမသခင်.......ငါပြောတာ အဲ့လိုသဘောမျိုးမဟုတ်ပါဘူး ၊ ရှောင်စစ်ကို ငါ့လက်ထဲပြန်အပ်လိုက်ပါ.....ငါဂိုဏ်းချုပ်ကို တင်ပြပြီး အပြစ်ပေးခိုင်းလိုက်ပါ့မယ်" ဟု ​ကောင်းကောင်းမွန်မွန်ပဲ ပြန်ပြောလိုက်သည်။

ကျိုက်ရှစ်လည်း ပြသာနာတွေ မဖြစ်ပွားချင်တဲ့အတွက် "ဒီတစ်ခေါက်တော့ ငါ့အလျော့ပေးလိုက်မယ် ၊ နောက်တစ်ခေါက် မင်းတို့ ကုန်းဖေးဂိုဏ်းက ခုလိုမျိုးထပ်လုပ်မယ်ဆိုရင်တော့ ငါ့အဆိုးမဆိုနဲ့ " ဟု ​ခြိမ်းခြောက်၍ ပြောဆိုလိုက်သည်။

ထိုအခါ ရှုံးရုန်သည် "ခန်းမသခင်တောင် လွှတ်ပေးဖို့ သဘောတူပြီးပြီလေ ၊ မင်းကမလွှတ်ပေးသေးဘူးလား....." လို့ ချောင်ဖုန်းအား မေးလိုက်သည်။ထိုအခါ ချောင်ဖုန်းလဲ လုံရှောင်စစ်အား ရှုံးရုန်တို့အဖွဲ့စီသို့ ပစ်လိုက်လေသည်။

ရှုံးရုန်သည် " ကောင်စုတ်လေး..........ဒီနေရာမှာ ခန်းမသခင်ရှိနေတဲ့အတွက် မင်းကံကောင်းသွားတယ်မှတ်ပါ" ဟု ပြောပြီး မှော်ဆေးပညာရှင်ခန်းမထဲမှ သူ့အဖွဲ့များနဲ့အတူ ထွက်ခွာ၍ သွားပါတော့သည်။

ရှုံးရုန်တို့ ထွက်ခွာ၍ သွားပြီးနောက် ခန်းချန်းသည် "လူငယ်လေး........ငါတို့ တခြားတစ်နေရာသွားပြီး သွားဆွေးနွေးရအောင်" ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် ခန်းချန်းအားခေါင်းငြိမ်းပြလိုက်တဲ့အခါမှာ ကျိုက်ရှစ်သည် "လူငယ်လေး.......မင်းအဆင်ပြေမယ်ဆို အဲ့နတ်သမီးသုံးဖော်ဆေးလုံးကို ဘယ်ကရရှိခဲ့တာလဲ ငါကို ပြောပြခဲ့လို့ရမလား " ဟု မေးလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် နတ်သမီးသုံးဖော်ဆေးလုံးအား ပြန်လည်ထုတ်လိုက်ပြီး လီဖန်စွမ်းအင်အား အသက်သွင်းလိုက်တဲ့အခါ နတ်သမီးသုံးဖော်ဆေးလုံးအတွင်းမှ အဖြူရောင် ငွေ့ရည်အလင်းတန်းလေးထွက်လာပြီး ဆေးလုံးလေးအား လှည့်ပတ်နေလေသည်။

ထို့နောက် ချောင်ဖုန်းသည် သူဆေးလုံးအား ပြန်ရုတ်သိမ်းလိုက်ပြီး "ခန်းမသခင်......ဒီလောက်ဆို လုံလောက်ပြီမလား " ဟု ပြောလိုက်သည်။

ထိုအခါ ခန်းမအတွင်းရှိ အဆင့်ငါးအဂ္ဂိရတ်ပညာရှင်သုံးယောက်လောက်သည် အံ့အားသင့်စွာဖြင့် "တကယ်ပဲလား......ငါဒီလောက်ငယ်ရွယ်တဲ့အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်မျိုးကို ပထမဆုံးမြင်ဖူးတာပဲ" ဟု သူတို့၏ နှုတ်များမှ အသံတိုးတိုးလေး ရေရွတ်မိသွားကြသည်။

ကျိုက်ရှစ်နဲ့ခန်းချန်းကတော့ လုံးဝမယုံကြည်နိုင်စွာ ဖြစ်နေခဲ့ပြီး ကျိုက်ရှစ်သည် "မင်း....မင်းက အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်တစ်ယောက်လား.... "ဟု မေးလိုက်သည်။ထိုအခါမှသာ ခန်းမအတွင်းရှိ လူအားလုံးသည် ချောင်ဖုန်းသည် အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်မှန်း သိသွားကြလေသည်။

အားလုံးသည် မယုံကြည်နိုင်ပင်မယ့် ခန်းမသခင်ကိုယ်တိုင်က ပြောလာတဲ့အတွက် အံ့အားသင့်သွားကြသည်။အဆင့်ငါးဆေးလုံးနဲ့ သူ့ရဲ့အထက်ဆေးလုံးများတွင် လီဖန်စွမ်းအင်ဟု ခေါ်သော အဖြူရောင်

ငွေ့ရည့်အလင်းတန်းလေးတစ်ခုပါရှိသည်။

လီဖန်စွမ်းအင်ကို အသက်သွင်းနိုင်ဖို့ဆိုရင် ထိုဆေးလုံးအား ဆေးဖော်စပ်သူတစ်ယောက်ထဲက သာပြုလုပ်နိုင်တဲ့အတွက် အဆင့်ငါးအဂ္ဂိရတ်ပညာရှင်များသည် ချောင်ဖုန်းကို အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်ဆိုတာ သိသွားကြခြင်းဖြစ်သည်။

ချောင်ဖုန်းသည် ကျိုက်ရှစ်အား ခေါင်းငြိမ့်ပြလိုက်ပြီး "ခန်းမသခင်......ကျွန်တော်မှာကိစ္စလေးရှိတဲ့အတွက် ခွင့်ပြုပါအုံး " ဟု ပြောလိုက်ပြီး ခန်းချန်းနဲ့နှစ်ယောက်ထဲ ထွက်ခွာလာခဲ့သည်။ကျိူက်ရှစ်သည် နောက်တစ်ခါ ချောင်ဖုန်းရောက်ရှိလာတဲ့အခါ ရိုရိုသေသေဆက်ဆံဖို့နဲ့ သူ့အားလာခေါ်ဖို့ အမိန့်ပေးလိုက်သည်။

ကျစ်ယွင်းကတော့ "ရှောင်လီ......နင်ဘယ်လိုလုပ်ပြီး အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်ကို ရှာတွေ့လာတာလဲ " ဟုမေးလိုက်သည်။ရှောင်လီကတော့ မျက်နှာငယ်လေးဖြင့် "မမကျစ်ဟွင်း......ငါလဲ လမ်းမှာတွေ့လို့ခေါ်လာခဲ့တာ ၊ အဲ့သခင်လေးက အဆင့်အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်နေမယ်" လို့ မထင်ထားမိဘူး ဟု ပြန်ဖြေလိုက်သည်။

ချောင်ဖုန်းသည် ခန်းချန်းနောက်ကို လိုက်နေရင်းနဲ့ပင် မေးလိုက်သည် "အကြီးအကဲ........ကျွန်တော်တို့အခု ဘယ်ကိုသွားနေတာလဲ...." ဟု မေးလိုက်သည်။ထိုအခါ ခန်းချန်းသည် သူစိတ်ကို အားတင်းပြီးတော့ မခေါ်ချင်ခေါ်ချင်ဖြင့် "သခင်လေး.......ငါတို့ယန်ကျင်းဂိုဏ်းရဲ့ ကိစ္စမှန်သမျှ ဆုံးဖြတ်ချက် ချနိုင်တဲ့ အကြီးအကဲနဲ့တွေ့ဆုံပေးဖို့ ငါအခုယန်ကျင်းဂိုဏ်းကို ဦးတည်သွားနေတာပဲ " လို့ ဖြေလိုက်သည်။

ယန်ကျင်းဂိုဏ်းသည် ယဲ့ဖာမြို့နဲ့စပ်နေသော ဖန်ကွင်းရှမ်မြို့တွင် တည်ရှိသော ဂိုဏ်းတစ်ခုပင်ဖြစ်သည်။ချောင်ဖုန်းနဲ့ခန်းချန်းသည် ယဲ့ဖာမြို့အထွက်ကို ရောက်ခါအနီးမှာတော့ လူဆယ်ယောက်လောက်ရှိသော အဖွဲ့သည် လေပေါ်တွင် ရပ်စောင့်နေခဲ့ပြီး စီးနင်းဖော် သားရဲကောင်ကြီးများသည်လည်း သူတို့အနားမှာ ရှိနေကြလေသည်။

ထိုအဖွဲ့ကတော့ ရှုံးရုန်တို့အဖွဲ့ပင်ဖြစ်ပြီး အားလုံးသည် ဧကရာဇ်နယ်ပယ်အဆင့်များပင်ဖြစ်သည်။ရှုံးရုန်သည် "ဟားဟားဟား.....ကောင်စုတ်လေး မင်းကတော့ ကျားရှေ့တည့်တည့်ကို တကယ်ကြီး ရောက်လာတာပဲ "ဟု ပြောလိုက်ပြီး ဧကရာဇ်နယ်ပယ်အဆင့် စွမ်းအားအရှိန်အဝါများကို ထုတ်လိုက်သည်။

ထိုအခါ ခန်းချန်းသည် "ရှုံးရုန်း.......မင်းတို့ကုန်းဖေးဂိုဏ်းက ယန်ကျင်းဂိုဏ်းရဲ့ အမြတ်ဒေါသကို မသိလို့လား ....." ဟု ပြောလိုက်သည်။

ရှုံးရုန်းသည် ကြောက်ရွံသွားသည့်ပုံဖြင့် "သိပါတယ်ဗျာ ကြောက်လဲကြောက်ပါတယ်....ယန်ကျင်းဂိုဏ်းက သူတို့ရန်သူမှန်သမျှကို ကလေးအစ ခွေးအဆုံး မကျန်သတ်ပစ်တာ ကျွန်တော်မျိုးသိပါတယ် " ဟု ပြောလိုက်ပြီး ချက်ချင်း သတ်ဖြတ်တော့မယ့် မျက်နှာပြောင်းလဲသွားကာ "ဒါပေမယ့် မင်းတို့နှစ်ယောက်ကို ဒီမှာသတ်ပြီး အစဖျောက်လိုက်မယ်ဆိုရင်ရော......."ဟု ဆက်ပြောလိုက်ပြီး ချောင်ဖုန်းတို့ နှစ်ယောက်ကို သတ်ဖြတ်ဖို့ လက်ဖျားနဲ့ သူ့လူတွေအား ညွှန်လိုက်လေသည်။

ထိုအခါ ဧကရာဇ်နယ်ပယ်အဆင့်ကိုးယောက်နဲ့ သားရဲကောင်များသည် ချောင်ဖုန်းတို့ရှိကို တိုက်ခိုက်ဖို့ ပြေးဝင်ကြလေသည်။

ခန်းချန်းသည် ဧကရာဇ်နယ်ပယ်အစောပိုင်းအဆင့်ကို ရောက်ရှိသေးတာ မကြာသေးတဲ့ ကြောက်လန့်တကြား ဖြစ်သွားခဲ့သည်။

ချောင်ဖုန်းသည် ခေါင်းခါလိုက်ပြီး "မင်းတို့က သေချင်နေမှာတော့ ငါကဖြည့်ဆည်းပေးရမှာပေါ့ " ဟု ရေရွတ်ပြောဆိုလိုက်တဲ့အခါ ခန်းချန်းသည် ချောင်ဖုန်းရှိမှာ သိုဝှက်ထားတဲ့အရာများရှိသလားလို့ မျှော်လင့် လိုက်လေသည်။

ဧကရာဇ်နယ်ပယ်အဆင့်နဲ့ သားရဲကောင်များ အနားကို ရောက်လာတဲ့အခါ ချောင်ဖုန်းသည် ရုပ်သေးရုပ်များနဲ့ ရီချုံကို ထွက်ကာ တိုက်ခိုက်ခိုင်းလိုက်သည်။

ရီချုံသည် ပျော်ရွှင်ဝမ်းသာစွာဖြင့် "ရေးရေး......ငါဗိုက်ကို ပြန်ဆည့်ရမယ့် အချိန်ရောက်ပြီ ဒါပေမယ့် ငါရဲ့ဆန်းကြယ်တဲ့စွမ်းအင်ကို ထုတ်သုံးဖို့ မင်းတို့နဲ့ မတန်သေးဘူး " ဟု ပြောဆိုကာ ဧရာမနတ်ဆိုးဌက်ဆိုးကြီးအသွင်ဖြင့် သားရဲကောင်များကို လိုက်လံတိုက်ခိုက်ပြီး စားသောက်လေသည်။

ရုပ်သေးရုပ်များကလဲ အချိန်အနည်းငယ်အတွင်းမှာပင် ဧကရာဇ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားများအား သတ်ဖြတ်လိုက်လေသည်။ရှုံးရုန်သည် သူ့လူတွေ တစ်ယောက်ပြီးတစ်ယောက်သေဆုံးသွားတဲ့အခါ ကြောက်လန့်၍ သွားပြီး ထွက်ပြေးဖို့တောင် အားမရှိတော့ပေ။

ထိုချိန်မှာပဲ ချောင်ဖုန်းသည် "ငါရဲ့ လမ်းကို နှောင့်နှေးအောင်လာလုပ်တဲ့ မင်းလဲ မင်းလူတွေနောက် လိုက်သွားတော့ " ဟု ပြောကာ ရှုံးရုန်းအား သတ်ပစ်လိုက်လေသည်။

ထိုအခါ "ဂုဏ်ယူပါတယ် စနစ်ရှင်သည် သန့်စင်ခွင်အကြိမ်ရေ နှစ်ဆယ့်ငါးကြိမ်ကို ရရှိသွားပြန်ပါပြီ " ဟု ပြောလိုက်သည်။

ထို့နောက် ချောင်ဖုန်းသည် "အကြီးအကဲခန်းချန်း......ကျွန်တော်တို့ ဆက်သွားကြရအောင်လေ " ဟု ပြောလိုက်ကာ မှင်သက်နေသော ခန်းချန်းသည် သတိပြန်ဝင်လာပြီး ယန်းကျင်းဂိုဏ်းကို ဆက်သွားဖို့ ပြင်ဆင်လိုက်သည်။

ရုပ်သေးရုပ်များနဲ့ရီချုံသည် ချောင်ဖုန်းရှိသို့ ရောက်သွားတာကို မသိသော ခန်းချန်းသည် သွားနေရင်း နောက်သို့ပြန်လှည့်ကြည့်တဲ့အခါ ဘယ်သူမှ မရှိတော့တဲ့အတွက် အံ့အားသင့်ရင်း ယန်ကျင်းဂိုဏ်းကိုသာ လျင်မြန်စွာ ပျံသန်းလိုက်သည်။

နာရီအနည်းငယ်ကြာပြီးနောက် ချောင်ဖုန်းတို့သည် ဖန်ကွင်းရှမ်မြို့ကို ရောက်ရှိလာပြီး ယန်းကျင်းဂိုဏ်းရဲ့ တောင်အောက်ခြေကို ရောက်ရှိလာလေသည်။ယန်ကျင်းဂိုဏ်းသည် မြင့်မားသော တောင်ထိပ်များတွင် ဖွဲ့စည်းထားသော ဂိုဏ်းတစ်ခုဖြစ်သည်။

All Chapters