ကောင်းကင်မီးကာကွယ်မှု
Vol. 4 Ch. 77
“ဟေး ရှောင်ကျို့ကိုကြည့်လိုက်” ချင်ရှဲလင်သည် အသစ်အဆန်းတစ်ခု ကို ရှာတွေ့လိုက်သည့်အလား ပေထင်းဟွမ်အား ညွှန်ပြလေသည်။ သူမ၏ ခန္ဓာကိုယ်ကို အနီရောင်ခပ်ဖျော့ဖျော့စက်ဝိုင်းတစ်ခုမှ ဝိုင်းပတ်ပြီး ကာကွယ် ထားသည်မှာ အလင်းရောင်ပင် မထိုးဖောက်နိုင်ပေ။ လေဟာနယ်မှာ လှိုင်းတွန့် များထနေပြီး သစ်ရွက်ခြောက်များသည် လွှင့်လာကာ အနီရောင်အလင်း၏ ဝါးမျိုခြင်းကိုခံလိုက်ရလေသည်။
“အဲဒါက… မီးလား.. ဘယ်လိုမီးမျိုးက အဲလောက်တောင် လွှမ်းမိုးနိုင်ရ တာလဲ… ကောင်းကင်မီးလား” ရှန်းယန်ဖိုသည် ငိုချင်မိသော်လည်း မျက်ရည် ထွက်မလာပေ။ ဒီလူက ဒီလောက်တောင် ခပ်ကြမ်းကြမ်းထွက်လာရမှဖြစ်မှာ လား။ သူ့မှာ ကောင်းကင်မီးရှိရင်တောင် ဒီလိုမသုံးသင့်ဘူးလေ။ ကောင်းကင် က သူတို့ကိုတိုက်ခိုက်ဖို့ ဒီလူ့ကိုလွှတ်လိုက်တာလား။ ဆိုလိုတာက သူ့မှာ နတ်မီးအရည်အချင်းရှိတဲ့မှော်သားရဲရှိနေတာပဲ။
“သေစမ်း ဒီကောင်က ဆရာနန်စီထက်တောင် ပိုမိုက်နေသေးတယ်” ရန့်ရှောင်ကျယ်သည် စောဒကတက်မိသည်။ ဆရာနန်စီသည် သူမ၏ တိုက်ပွဲ ရောင်ဝါကိုသုံးပြီး ကာကွယ်ရေးအတားအဆီး တည်ဆောက်ခဲ့သည်။ သို့သော် ပေထင်းဟွမ်သည် မီးတောက်များကို ဆင့်ခေါ်ကာ သူမ၏ခန္ဓာကိုယ်ကို ကာကွယ်လိုက်သည်။ သူမသွားသည့်နေရာတိုင်းမှာ လောင်ကျွမ်းသွားသည်။ သူမ လက်ပိုင်လျက်ရပ်နေကာ စိတ်အေးလက်အေးဖြစ်နေပုံကိုကြည့်ရသည်မှာ သူမသည် ထိုမြင်ကွင်းကို ပျော်မွေ့နေသလိုပင်။
၎င်းသည် မင်၏မွေးဖွားခြင်းမီးတောက်ဖြစ်သည်။ မင်သည် မွေးကင်းစ အရွယ်သာရှိသေးသည်။ သူသည် အိပ်မောကျနေသော်လည်း ပေထင်းဟွမ် သည် သူ၏မီးတောက်ကို ဆင့်ခေါ်ပြီးသုံးနိုင်သည်။ ၉ ရောင်ဇာမဏီမီးငှက် ပေါ်လာသည်နှင့် အားလုံးသည် ပြာအဖြစ်ပြောင်းသွားနိုင်သည်။
ပေထင်းဟွမ်သည် ခန္ဓာကိုယ်မှ ပထမဆုံးမီးတောက်ကို ထုတ်လိုက်သည် နှင့် အာရုံခံစားမိပြီးဖြစ်သည်။ ပေထင်းဟွမ်၏မီးတောက်များသည် အလွန် လွှမ်းမိုးနိုင်သည်။ ထိုမီးတောက်များသည် ဧကရာဇ်တစ်ပါးကဲ့သို့ ကြီးမားသော ဖိအားများပေးစွမ်းသည်။ သူမသည် ကြည့်လေလေ ထိုလူကိုမမြင်ရလေပင်။ သူမတွင် ဝှက်ဖဲများရှိပြီး သူမ၏အင်အားကိုလည်း မဆုံးဖြတ်နိုင်တော့ပေ။
ကံကောင်းစွာပင် မီးတောက်များသည် တဒင်္ဂအတွင်းသာ ပေါ်လာခဲ့၏။ မှော်သားရဲများကြောင့်ဖြစ်လာသော ဖုန်မှုန့်များနှင့် သစ်ရွက်ခြောက်များကို ဖျက်ဆီးပြီးနောက် သူမ ပြန်ရုတ်သိမ်းလိုက်သည်။ သူမသည် ဤမှော်သားရဲ အုပ်ကို အမှန်တကယ် တိုက်ခိုက်ချင်ပုံပေါက်သည်။ မဟုတ်လျှင် မီးတောက်၏ ဖိအားသည် မှော်သားရဲအုပ်ကို မောင်းထုတ်ပစ်နိုင်သည်။
“မှော်သားရဲအုပ်နဲ့ ပထမဆုံးတိုက်ခိုက်တာဆိုပေမဲ့ ကြောက်ဖို့မလိုဘူး.. ဒီသွေးဝက်ရိုင်းကျားတွေက အဆင့် ၈ မှော်သားရဲတွေပဲ.. သူတို့ကို မရှင်းနိုင် တော့ဘူးဆိုရင် ငါ့ရဲ့တိုက်ပွဲရောင်ဝါဒိုင်းကာဆီကိုပြန်လာခဲ့.. ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးနဲ့ အရင်ဆုံးဘေးကင်းအောင်လုပ်ရမယ်” ဆရာနန်စီ ညွှန်ကြားလေ သည်။
ချက်ချင်းဆိုသလိုပ့င် အဖြူရောင်အလင်းလုံး လက်လာသည်။ နန်စီသည် အဖြူရောင်ဆေးလုံးကို ဆုပ်ကိုင်ထားသည်။ ဆေးမျက်နှာပြင်တွင် စွမ်းအင်များ တဟုန်ထိုးခုန်တက်နေသည်။ ဆေးမျက်နှာပြင်တွင် ရှုပ်ထွေးသည့် ရှေးဟောင်း ပုံစံများ ရေးဆွဲထားသည်။ ကြည့်လိုက်သည်နှင့် အဂ္ဂိရတ်သခင်ကြီး၏ လက်ရာ ဖြစ်မှန်းသိသာသည်။ “ဟုတ်တယ် ဒါက ကောင်းကင်မီးအဂ္ဂိရတ်ပညာရှင်က သန့်စင်ထားတဲ့ အဆင့် ၄ ဝိညာဉ်စုဆေးပဲ.. အဆင့်တက်တဲ့နေရာမှာ အထောက်အကူမဖြစ်ပေမဲ့ ဘေးထွက်ဆိုးကျိုးမရှိဘဲ အနည်းဆုံးကြယ် ၂ ပွင့် လောက်တော့ အားတိုးစေတယ်.. အနိုင်ရသူက ဒီပြိုင်ပွဲမှာ ဒီဆေးကို ဆုအဖြစ် ရမယ်”
“အာ.. ဝိညာဉ်စုဆေးပဲ.. ကျွန်မဟာ ကျွန်မဟာပဲ” နန်ကုန်းချန်ရှီးသည် လက်ကိုမြှောက်ပြီး တက်ကြွနေသည်။ အားအနေနှင့်ပြောလျှင် သူမသည် ငါးယောက်ထဲတွင် အသန်မာဆုံးဖြစ်သည်။ သူမသည် ပေထင်းဟွမ် မွန်မြတ် သောသားရဲဆင့်ခေါ်နိုင်သည်ကို စိတ်မပူတော့ပေ။
“အဲဒါ ငါ့ဟာပဲ” ချင်ရှဲလင်လည်း အရှုံးမခံပေ။ ရှောင်ကျို့ဟာမဟုတ်လျှင် နန်ကုန်းချန်ရှီး၏ပစ္စည်း အဖြစ်မခံနိုင်ပေ။
ကြယ် ၂ ပွင့်။ ပေထင်းဟွမ်သည် နှုတ်ခမ်းတွန့်လိုက်သည်။ သူမသာ ရလိုက်လျှင် အဆင့် ၂ ကြယ် ၉ ပွင့်အထိတက်နိုင်သည်။ မှော်ဆေးများသည် ပစ္စည်းကောင်းများဖြစ်သည်။ ကံမကောင်းစွာပင် သူမ၏လက်ကောက်ထဲရှိ နောက်ဆုံး အသက်ပြန်လည်ထူထောင်ရေးဆေးကို ဖျက်ဆီးလိုက်ပြီဖြစ်သည်။ အနာဂတ်တွင် ဆေးသန့်စင်နည်းကို သင်ယူရန်စဉ်းစားထားသည်။ တခြားသူဆီ မှ ယူလိုက်ခြင်းသည် ကောင်းသောအကျင့်တော့မဟုတ်ပေ။
ရှန်းယန်ဖိုသည် ကျားဖြူကြယ် ၅ ပွင့်ဝိညာဉ်သားရဲကို ဆင့်ခေါ်လိုက် သည်။ နန်ကုန်းချန်ရှီသည် ကြယ် ၁ ပွင့်ဝိညာဉ်သားရဲကို ဆင့်ခေါ်လိုက်သည်။ ၎င်းသည် ရွံရှာဖွယ်လူမျက်နှာနှင့် နီရဲပျားဖြစ်သည်။ ပေထင်းဟွမ်သည် ဓားမြှောင်အတို အနက်ရောင်ကိုကိုင်ထားသည်။ ကျယ်လောင်သောအသံနှင့် အတူ ဦးခေါင်းတွင် ဦးချို၊ ကြေးနီလုံးနှင့်တူသော သွေးဆာနေသည့် မျက်လုံးနီ များ၊ သံမဏိအပ်ကဲ့သို့ ရှည်လျားသောလက်ချောင်းများရှိသည့် သွေးဝက်ရိုင်း ကျားသည် အားလုံး၏မြင်ကွင်းရှေ့ရောက်လာသည်။
ရှည်လျားသောဦးချိုမှာ သေဆုံးခြင်းနတ်ဘုရားကဲ့သို့ အနက်ရောင်ဖြစ် သည်။ တစ်ယောက်ယောက်ကိုသာ ဦးခေါင်းနှင့်ခွေ့လိုက်ပါက အူများပေါက်ပြီး သေသွားနိုင်သည်။
အစုလိုက်ရောက်လာသော သွေးဝက်ရိုင်းကျားအုပ်ကြီးသည် အားလုံးကို ဝိုင်းလိုက်ကြသည်။ အရေအတွက်မှာ များပြားသဖြင့် သူတို့မှာ တစ်ကိုယ်လုံး တောင့်တင်းသွားကြသည်။ ၎င်းတို့သည် ညှီဟောက်ဟောက်အနံ့ကို မှုတ်ထုတ် လိုက်ပြီး ပြင်းထန်သောအကြည့်များဖြင့် သူတို့အားလုံးဆီသို့ ပြေးလာလေ သည်။
***