သွေးဝက်ရိုင်းကျားကို တိုက်ခိုက်ခြင်း
Vol. 4 Ch. 78
“သတ်” ကြွေးကြော်သံနှင့်အတူ ပေထင်းဟွမ်၏ခန္ဓာကိုယ်မှ လူသတ် ရောင်ဝါများထွက်လာသည်။ သူမ၏သွက်လက်သောပုံရိပ်သည် အရင်ဆုံးပြေး ထွက်သွားကာ လက်မှဓားမြှောင်ကိုကိုင်ထားပြီး သွေးဝက်ရိုင်းကျားဆီသို့ ဦးတည်သွားလေသည်။
ရှန်းယန်ဖိုသည် သေလုမတတ်ကြောက်နေခဲ့သည်။ သူသည် သူ့အဖွဲ့ကို ပင် ဂရုမစိုက်နိုင်တော့ဘဲ သူမနောက်လိုက်လာသည် “ရှောင်ကျို့ သတိထား”
ဒီလူ့ကို သင်ပေးမယ့်လူမရှိဘူးလား။ သူ့ကိုယ်သူတောင် ကာကွယ်နိုင် တာမဟုတ်ဘူး။ သူ့မှာ စာချုပ်မှော်သားရဲလည်းမရှိဘူး။ သွေးဝက်ရိုင်းကျားအုပ် ထဲကို ပြေးဝင်သွားတာ ကိုယ့်သေတွင်းကိုယ်တူးတာမဟုတ်ဘူးလား။
သို့သော် နန်ကုန်းချန်ရှီးသည် လက်ဆန့်ပြီး သူ့ကိုပြန်ဆွဲထားလိုက်သည် “အစ်ကိုဖို ကျွန်မတို့ကအဖွဲ့ပဲ… တစ်ယောက်တည်း မလှုပ်ရှားနဲ့” သူမ စကား ဆုံးသည်နှင့် ချွန်ထက်သောဦးချိုသည် တိုးဝင်လာသည်။
“သတိထား” ရန့်ရှောင်ကျယ်နှင့် ချင်ရှဲလင်တို့၏လက်နက်မှာ သူ့ကို ကာကွယ်ရန်ရောက်လာသည်။ သူတို့သည် အတူပူးပေါင်းပြီး သွေးဝက်ရိုင်း ကျားကို သတ်လိုက်ရာ သူတို့လေးယောက်မှာ သွေးများဖြင့်စိုရွှဲသွားလေသည်။
သူတို့လေးယောက်သည် သက်ဆိုင်ရာနေရာတွင် ဝင်ယူပြီး ပုံစံဖွဲ့စည်း လိုက်သည်။ ရှန်းယန်ဖိုသည် ပေထင်းဟွမ်ကို သွားကယ်ရန်ခေါင်းမာနေသည်။ သို့သော် နန်ကုန်းချန်ရှီးသည် သူ့ကိုလွှတ်မပေးပေ။ သူတို့သည် ဖွဲ့စည်းပုံပင် ပျောက်သွားလုနီးပါးဖြစ်လေသည်။ ရန့်ရှောင်ကျယ်နှင့် ချင်ရှဲလင်တို့သည် ဘေးနှစ်ဖက်မှ သူတို့ကိုကာပေးနေရာ သွေးဝက်ရိုင်းကျားကြောင့် ဒဏ်ရာများ ရကြလေသည်။
“မင်းတို့ ကိုယ့်ဘာသာပဲ ဂရုစိုက်ကြ ရှောင်ကျို့ကို စိတ်ပူဖို့မလိုဘူး” နန်စီ၏အသံသည် တိုက်ပွဲရောင်ဝါဒိုင်းကာထဲမှထွက်လာပြီးမှ နောက်ဆုံးတွင် လေးယောက်အဖွဲ့သည် ထိန်းချုပ်နိုင်သွားလေသည်။
ရှန်းယန်ဖိုသည် ပေထင်းဟွမ်ကို စိတ်ပူနေကြောင်း ချင်ရှဲလင်သိသည်။ သူမသည် သူ့ကိုနှစ်သိမ့်ပြီးပြောလိုက်သည် “သခင်လေး ဘာတွေစိတ်ပူနေတာ လဲ.. ဘာပဲဖြစ်ဖြစ် ဆရာနန်စီက သူ့ကိုစောင့်ကြပ်နေပါတယ်.. ဆရာနန်စီက ရှောင်ကျို့ကို အဲလောက်တန်ဖိုးထားတာ.. သူတစ်ခုခုဖြစ်အောင်လွှတ်မထားပါ ဘူး”
ရှန်းယန်ဖိုသည် ပေထင်းဟွမ်ကို စိတ်ပူနေသဖြင့် ထိုအကြောင်းကို မေ့လုနီးပါးပင်။ သူသည် ခပ်ပျာပျာဖြင့် ပြုံးလိုက်သည် “သွေးဝက်ရိုင်းကျားတွေ ထပ်သတ်ကြတာပေါ့”
သူတို့လေးယောက်သည် ပထမဆုံးအကြိမ် ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ် သော်လည်း အရင်ကကျောင်းတွင် သင်ယူခဲ့ပြီးဖြစ်သည်။ သူတို့သည် တစ်ယောက်ကျောနှင့် တစ်ယောက်ကပ်ထားကာ စက်ဝိုင်းပုံသဏ္ဍာန်ဖော် လိုက်သည်။ တစ်ယောက်ချင်းစီသည် ရှေ့မှသွေးဝက်ရိုင်းကျားတစ်ကောင်စီကို တာဝန်ယူထားသည်။ အကယ်၍ သူတို့၏အပေါင်းအဖော် အန္တရာယ်များလာပါ က ကယ်ရန်လည်းအဆင်ပြေနေသည်။ အစတော့ သွေးဝက်ရိုင်းကျားများ များပြားလာသဖြင့် ဖြေရှင်းရန် အနည်းငယ်ခက်ခဲသည်။ အချိန်ကြာလာသည် နှင့်အမျှ တစ်ဦးနှင့်တစ်ဦးအသားကျလာရာ ပူးပေါင်းမှုမှာလည်း ချောမွေ့လာ ကာ တဖြည်းဖြည်းလမ်းပေါ်လာသည်။
ရှန်းယန်ဖို၏ကျားဖြူသည် အဆင့်မြင့်ရာ သွေးတောရိုင်းကျားကို တစ်ချက်တည်းနှင့် မေ့အောင်လုပ်နိုင်သည်။ ရှန်းယန်ဖိုသည် ရှေ့တိုးပြီး ထိုးစိုက်လိုက်ရုံပင်။ နန်ကုန်းချန်ရှီး၏ လူမျက်နှာနီရဲပျားတွင် ကိုယ်လက်များ မသန်အောင်လုပ်နိုင်သည့် အစွမ်းအစရှိသည်။ အထူးသဖြင့် သွေးဝက်ရိုင်းကျား ၏ မျက်လုံးကိုစိုက်ကြည့်ပြီး အဆိပ်အပ်နှင့်ထိုးလိုက်လျှင် သွေးဝက်ရိုင်းကျား သည် ခေါင်းကိုဝှက်ပြီးလှည့်ပတ်ပြေးနေရာ သူတို့လေးယောက်တိုက်ခိုက်ရန် လွယ်ကူသွားသည်။
ရှန်းယန်ဖိုသည် နဖူးမှချွေးများကိုသုတ်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြော လိုက်သည် “ဟူး.. လက်တွေ့တိုက်ပွဲမှာ အများကြီးသင်ယူလိုက်ရပြီ.. လူတွေ က အကျပ်အတည်းဖြစ်မှ ကိုယ့်အစွမ်းအစကိုထုတ်နိုင်တာ ငါ ဒီလောက် အများကြီးသတ်နိုင်လိမ့်မယ်လို့ ထင်မထားဘူး”
ရန့်ရှောင်ကျယ်သည် အလွန်လန်းဆန်းနေသည်။ သူသည် လက်ထဲမှ ဓားရှည်ကိုဝေ့ယမ်းပြီး ပြောလိုက်သည် “ငါတို့စစ်ပွဲလက်ကျန်ပစ္စည်းတွေကို ကြည့်လိုက်.. သွေးဝက်ရိုင်းကျားတွေ အများကြီးပဲ.. မှော်သားရဲတွေ နောက်ထပ် လာစမ်းပါ.. ဒါကမှ လန်းဆန်းမှုလို့ခေါ်တယ်”
“ငါနိုင်ပြီ ဟုတ်တယ်မလား ငါ နိုင်ပြီ ငါ့နီရဲပျားက အများကြီးကူညီပေး ထားတာ” နန်ကုန်းချန်ရှီးသည် အကောင်သေများကို အမြန်ရေတွက်နေသည်။
“မရှက်ဘူးလား.. အဲဒီကောင်တွေကို နင့်မှော်သားရဲက သတ်လိုက်တယ် လို့ တွေးနေတာလား” ချင်ရှဲလင်သည် မှော်သားရဲနှင့် စာချုပ်မရှိသဖြင့် သူမ၏ အင်အားသည် ဝိညာဉ်သခင်တို့ မှော်သားရဲတို့နှင့် မယှဉ်နိုင်ပေ။
“ဘာလို့ရှက်ရမှာလဲ.. နင့်မှာ မှော်သားရဲတောင်မရှိတာနဲ့ သူများလည်း မရှိရဘူးလား” နန်ကုန်းချန်ရှီးသည် ဝိညာဉ်စုဆေးရရန် စိတ်ပိုင်းဖြတ်ထား သည်။ သူမသည် မေးမော့ထားကာ ချေငံစွာပြုံးလိုက်သည်။
“စကားများမနေနဲ့တော့ စကားများနေလည်း အသုံးမဝင်တော့ဘူး ကြည့် လိုက်”
ရှန်းယန်ဖို၏ လက်ချောင်းများသည် တုန်ယင်လုနီးပါးပင်။ သူ ထိတ်လန့် နေသည်။ သူတို့လေးယောက်သည် မှင်တက်သွားကြသည်။ သူတို့ဘာမြင်လိုက် တာလဲ။
***