chapter(114)
Vol. 8 Ch. 114
အသန့်စင်ဆုံးစနစ် အခန်း(114)
ခန်းချန်းသည် "သခင်လေး......ဒါကငါတို့ ယန်ကျင်းဂိုဏ်းပဲ " ဟု ပြောလိုက်ပြီး တောင်ပေါ်သို့ နှစ်ယောက်သာ ပျံသန်းသွားလိုက်သည်။ချောင်ဖုန်းသည် တောင်ထိပ်ပေါ်သို့ ရောက်တဲ့အခါ ရှင်းလင်းသော လေ့ကျင့်သော ကွင်းပြင်ကြီးကိုသာ တွေ့လိုက်ရသည်။
ထို့နောက် ခန်းချန်းသည် ဇရပ်လေးတစ်ခုတွင် ချောင်ဖုန်းအား စောင့်ဆိုင်းထားခဲ့ပြီး သူ့ရဲ့ ဆရာဖြစ်သော ယန်ကျင်းဂိုဏ်း၏ အကြီးအကဲတစ်ယောက်အား လျင်မြန်စွာ ပြေးခေါ်ဖို့ ဆောင်ရွက်လေသည်။
အချိန်ဟာ တဖြည်းဖြည်းမိုးချုပ်လာပြီ ဖြစ်၍ ချောင်ဖုန်းသည် တောင်ထိပ်ရဲ့ ဇရပ်လေးအတွင်းမှ ထိန်ဝင်းသော လမင်းကြီးအားကြည့်ရှုနေလေသည်။ထိုချိန်မှာ ငယ်ရွယ်ပြီးလှပသော မိန်းမလှပျိုလေးတစ်ယောက်သည် ချောင်ဖုန်းအနားကိုရောက်ရှိလာလေသည်။
ထိုမိန်းမလှလေးသည် ချောင်ဖုန်းအားတွေ့တဲ့အခါ "ကိုကို ကဘယ်သူလဲ......ယန်နင်း..... ကိုကို့ ကိုဒီဂိုဏ်းမှာ တခါမှမမြင်ဖူးဘူး "ဟုပြောလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် "ညီမလေး......ငါကဒီဂိုဏ်းကို ခုမှပထမဆုံး ရောက်ဖူးတဲ့အတွက် မင်းငါ့ကို မမြင်ဖူးတာ မထူးဆန်းပါဘူး " ဟု ပြန်ဖြေလိုက်သည်။
ထိုအခါ ယန်နင်းသည် "ကိုကိုနာမည်က ဘယ်လိုခေါ်လဲ.....ယန်နင်းနာမည်ကတော့ ယောင်ယန်နင်းပါ " ဟု သူ့နာမည်အားမိတ်ဆက်လိုက်သည်။ထိုအခါချောင်ဖုန်းသည် သူ့နာမည်အား ရီချောင်ဖုန်းဆိုတာ ပြန်ဖြေလိုက်သည်။
ထိုချိန်မှာ အကြီးအကဲတစ်ယောက်နဲ့ ခန်းချန်းသည် ရောက်ရှိလေသည်။ထိုအကြီးအကဲ၏ နာမည်ကတော့ကျိုလျန်ပင် ဖြစ်ပြီး ဟဲရှတောင်ထိပ်၏ အရှင်သခင်ပင်ဖြစ်သည်။
ယန်ကျင်းဂိုဏ်းတွင် တောင်ထိပ်အများအပြားရှိပြီး ထိုတောင်ထိပ်များတွင် အကြီးအကဲများသည် တပည့်များကို သူတို့စိတ်ကြိုက်ခေါ်ယူကာ သင်ကြားပေးလေ့ရှိပြီး တောင်ထိပ်များ၏ တပည့်အချင်းချင်း ပြိုင်ဆိုင်လေ့ရှိကြသည်။
ကျိုလျန်သည် ယန်နင်းက ချောင်ဖုန်းနားကပ်နေတာကို တွေ့တဲ့အခါ " ယန်နင်း ......နင်က ဒီချိန်ကြီး ကို့အခန်းမှာ ကိုမနေဘဲ ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ " ဟု မေးလိုက်သည်။ထိုအခါ ယန်နင်းသည် "ဆရာ......ယန်နင်းပျင်းလို့ ဒီကိုကိုနဲ့ စကားလာပြောနေတာပါ " ဟု ပြန်ဖြေလိုက်သည်။
ကျိုလျန်သည် "သွားအိပ်တော့......မနက်ကြ စောစောထပြီး လေ့ကျင့်ဖို့ပြင် " ဟု ပြတ်သားစွာအမိန့်ပေးလိုက်သည်။ထိုအခါ ယန်နင်းသည် "ကိုကိုချောင်ဖုန်း.......ယန်နင်းကို သွားခွင့်ပြုပါအုံး " ဟု ပြောကာ ကျိုလျန်အား အရိုအသေပြုကာ ထိုနေရာမှာ ထွက်သွားပါတော့သည်။
ကျိုလျန်သည် ထိုင်ခုံတွင် ထိုင်လိုက်ပြီး "သခင်လေး.......ခန်းချန်းပြောပြတာတွေက ယုံကြည်ဖို့ မကောင်းပင်မယ့် သူ့က ငါရဲ့သစ္စာအရှိဆုံး တပည့်ဖြစ်တဲ့အတွက် သူငါ့ကိုလိမ်မှာ မဟုတ်တာ ယုံကြည် တယ် ၊ သခင်လေးက ငါတို့ဂိုဏ်းနဲ့ ဘာကိစ္စများဆွေးနွေးချင်လို့လဲ... " ဟု မဝေ့ဝိုက်ဘဲ မေးလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် "အကြီးအကဲ...... တကယ်တော့ ကျွန်တော်က ရေခဲနဂါးမင်းဂိုဏ်းကို သွားဖို့အတွက် အကြီးအကဲတို့ဂိုဏ်းကို အကူအညီတောင်းဖို့လာခဲ့တာပဲ " ဟု ပြောလိုက်သည်။
ထိုအခါ ကျိုလျန်သည် မျက်မှောင်ကြုတ်သွားပြီး "သခင်လေး......ရေခဲနဂါးမင်းဂိုဏ်းကို ဝင်ဖို့ ခက်ခဲတယ် ဆိုတာ မင်းသိရဲ့လား " ဟု မေးလိုက်သည်။
ချောင်ဖုန်းသည် ကျိုလျန်မေးတာကို ဂရုမစိုက်ဘဲ "ကျွန်တော်သာ အဲ့ဂိုဏ်းကိုသာ ဝင်နိုင်မယ်ဆို အကြီးအကဲအတွက် အကျိူးရှိစေမှာပါ " ဟု ပြောလိုက်သည်။ထိုအခါ ကျိုလျန်မျက်နှာသည် ချက်ချင်းပြောင်းလဲသွားပြီး "သခင်လေး.......မင်းတကယ်ပြောတာလား " ဟု ဝမ်းသာစွာနဲ့မေးလိုက်သည်။
ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်တဲ့အခါ ကျိုလျန်သည် "သခင်လေး.......ရေခဲနဂါးမင်းတံဆိပ်ဂိုဏ်းကို ဝင်ဖို့အတွက် ပုံမှန်ဆို မလွယ်ကူပေမယ့် ခုချိန်မှာငါတို့ ယန်ကျင်းဂိုဏ်းက တာဝန်တစ်ခုရှိနေတဲ့ အတွက် ကံကောင်းတယ်လို့ ပြောရမယ် " လို့ပြောလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် "တာဝန်.....ဘယ်လို တာဝန်လဲအကြီးအကဲ....." ဟု မေးလိုက်သည်။ရေခဲနဂါးမင်းဂိုဏ်းတွင်ရှိသော အကြီးအကဲတစ်ယောက်၏ သမီးတော်တစ်ယောက်သည် ငယ်ရွယ်ပြီး စွမ်းအင်မလုံလောက်တဲ့အတွက် ရေခဲနဂါးမင်းဂိုဏ်းမှ
ယန်ကျင်းဂိုဏ်းကို ပို့ဆောင်ထားခံရသည်။
ယခုအခါမှာ ထိုမိန်းမပျိုလေးသည် လုံလောက်တဲ့ စွမ်းအင်ကို ရောက်ရှိနေသောကြောင့် ရေခဲနဂါမင်းဂိုဏ်းကို ပြန်လည်ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း ပြောပြလိုက်သည်။ထိုသို့ ပြန်ပို့ဆောင်ပေးရာတွင် သက်တော်စောင့်များလိုအပ်တဲ့အတွက် ချောင်ဖုန်းအတွက်အခွင့်အရေးရှိသွားကြောင်း ပြောပြလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် "အကြီးအကဲ.......မင်းမှာစာလိပ်အလွတ်ရှိလား " ဟု မေးလိုက်သည်။ကျိုလျန်သည် ဝမ်းသာအားရဖြင့် "သခင်လေး......ငါ့မှာကံကောင်းလို့ စာလိပ်တစ်လိပ်ကျန်သေးတယ်" ဟု ပြောကာ လက်နှစ်ဖက်ဖြင့် ချောင်ဖုန်းကို ရိုသေစွာပေးလိုက်သည်။
ချောင်ဖုန်းသည် စိတ်စွမ်းအင်ကို အသုံးပြုကာ လျင်မြန်စွာဖြင့် စာလိပ်ပေါ်တွင် ရွှေရောင်စာလုံးများကို ရေးဆွဲလိုက်ပြီး ကျိုလျန်ကို ပြန်ပေးလိုက်သည်။ကျိုလျန်သည် ချောင်ဖုန်းပေးလိုက်သော စာလိပ်ကို ဖွင့်ကြည့်လိုက်သည်။
ကျိုလျန်သည် သူ့တွင်ရှိသော နတ်သမီးသုံးဖော်ဆေးလုံးဖော်စပ်နည်းထက် ပိုအဆင့်မြင့်သော ဖော်စပ်နည်းကို ရရှိသွားတဲ့အတွက် ဝမ်းသာသွားကာ ထိုင်နေရာမှ ထလိုက်ပြီး "သခင်လေး......မင်းငါ့ကို ဒီဆေးကျမ်းတကယ်ပေးတာလား " ဟု မယုံကြည်နိုင်စွာဖြင့်မေးလိုက်သည်။
ထိုအခါ ဘေးမှာထိုင်ကာ နှုတ်ပိတ်နေသော ခန်းချန်းသည် "ဆရာ......ဆေးကျမ်းစာလိပ်က ဆရာလက်ထဲရောက်နေပြီလေ ၊ သခင်လေးကို မေးစရာလိုသေးလို့လား " ဟု ပြောလိုက်သည်။
ထိုအခါ ကျိူလျန်သည် ခန်းချန်းအား မင်းတိတ်တိတ်နေစမ်း "ငါသခင်လေးကို မေးနေတာ မမြင်ဘူးလား " ဟု လေသံမာမာဖြင့်ပြောလိုက်သည်။
ချောင်ဖုန်းသည် ပြုံးလိုက်ပြီး "အကြီးအကဲ.......ရေခဲနဂါးမင်းဂိုဏ်းကို သွားဖို့ ဘယ်နှစ်ရက်လောက်လိုသေးလဲ " ဟု မေးလိုက်သည်။ထိုအခါ ကျိုလျန်သည်"သခင်လေး အများဆုံး တစ်ရက်နှစ်ရက်ပဲ" ဟု ပြောလိုက်ပြီး ချောင်ဖုန်းနေဖို့အတွက် ဟဲရှတောင်ထိပ်၏ အခန်းတစ်ခန်းမှာ ပြင်ဆင်ထားပေးဖို့ အမိန့်ပေးလိုက်သည်။
ဒီလိုနဲ့ ချောင်ဖုန်းသည် ဟဲရှတောင်ထိပ်တွင် အခန်းတစ်ခန်းသို့ ရောက်ရှိလာခဲ့ပြီး ခန်းချန်းသည် ချောင်ဖုန်းအတွက် စားစရာအစုံအလင်နဲ့ ဝိုင်အရက်အကောင်းစားများကိုလဲ စီစဥ်ပေးခဲ့သည်။
ကျိုလျန်သည် ချောင်ဖုန်းရှိမှ ဆေးကျမ်းကို ရလိုက်တဲ့အခါ"ဟားဟားဟား......ဒီတစ်ခေါက်ပြိုင်ပွဲကြရင် ဘယ်သူမှ ငါ့ကိုယှဥ်နိုင်မယ်မထင်ဘူး ၊ ဒါတွေက မင်းကြောင့်ဖြစ်လာတာဆိုတော့ မင်းကိုရာထူးတိုးအောင် ငါဂိုဏ်းချုပ်ကို တောင်းဆိုပေးမယ် " ဟု ခန်းချန်းကို ပြောလိုက်သည်။
ထိုအခါ ခန်းချန်းသည် ပျော်ရွင်သွားပြီး ဘာမှမပြောနိုင်ဘဲ ပြုံးရွင်၍သာ နေလေသည်။ချောင်ဖုန်းကတော့ အချိန်ရှိတုန်းမှာ ကျင့်စဥ်တစ်ခုကို လေ့ကျင့်နေပြီ ဖြစ်သည်။ထိုကျင့်စဥ်ရဲ့ နာမည်ကတော့ ယင်ယန်သတ်ဖြတ်ခြင်းကျင့်စဥ်ပင်ဖြစ်ပြီး ရှယုပေးထားသော ကျင့်စဥ်ပင်ဖြစ်သည်။
ထိုကျင့်စဥ်ရဲ့ စွမ်းအားသည် ဝတ်ရုံနီဂိုဏ်း၏ ကျင့်စဥ်အတိုင်း တစ်ဖက်လူ၏ ကျင့်စဥ်စွမ်းအားကို စုပ်ယူပြီး ကိုယ့်စွမ်းအားအဖြစ်ပြောင်းလဲပေးနိုင်သော ကျင့်စဥ်ပင်ဖြစ်သည်။ချောင်ဖုန်းသည် သူတို့နည်းထက် သာလွန်သော ကျင့်စဥ်ကို ရရှိသွားတဲ့အတွက် သဘောကျ ကျေနပ်သွားလေသည်။
ချောင်ဖုန်းသည် နာရီပိုင်း အနည်းငယ်အတွင်းမှာပဲ ယင်ယန်သတ်ဖြတ်ခြင်းကျင့်စဥ်အား တက်မြောက်သွားပြီးနောက် "ယင်ယန်သတ်ဖြတ်ခြင်းကျင့်စဥ်ကို အနိူင်းမဲ့အဆင့်ထိ သန့်စင်မယ် "ဟု စိတ်ထဲက ရေရွတ်လိုက်သည်။
ထိုအခါ စနစ်မှ "ဂုဏ်ယူပါတယ် စနစ်ရှင်သည် ယင်ယန်သတ်ဖြတ်ခြင်းကျင့်စဥ်အား အနိူင်းမဲ့အဆင့်ထိ တက်မြောက်သွားပါပြီ" ဟု ပြောပြီးတဲ့အခါ ချောင်ဖုန်း၏ ခန္ဓာကိုယ်အတွင်းတွင် သွေးကြောအသစ် တစ်ခု ပေါ်ထွက်လာပြီး ဒန်တျန်နဲ့ချိတ်ဆက်၍ သွားသည်။
ချောက်ဖုန်းသည် မှိတ်ထားသော မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး "ဝတ်ရုံနီဂိုဏ်း.......မကြာခင်ငါမင်းတို့ဆီရောက်လာခဲ့မယ်" လို့ကြိမ်းဝါးလိုက်သည်။