← Chapters

တိုက်ခိုက်ရေးတွင် အထူးကျွမ်းကျင်သူ

Vol. 4 Ch. 79

တိုက်ခိုက်ရေးတွင် အထူးကျွမ်းကျင်သူ

Vol. 4 Ch. 79

မြေပေါ်တွင် မှော်သားရဲများအပုံလိုက်ရှိနေကာ အလောင်းကောင်များ သည် သူ့ကိုဝိုင်းထားလျက်ရှိပြီး နေရာတိုင်းတွင်လဲနေသည်။ မှော်သားရဲများ နည်းနည်းသွားခြင်းကြောင့်ပင် ဖိအားများလျော့သွားခြင်းသာဖြစ်သည်။ မှော်သားရဲအလောင်းကောင်အပုံကြီး မြင့်လာသဖြင့် ပြေးလာသော မှော်သားရဲ များကို ပိတ်ထားသကဲ့သို့ဖြစ်လေသည်။

နေဝင်သွားသည့်မြင်ကွင်းအောက်တွင် အနက်ရောင်ဝတ်ထားသော လူငယ်သည် လက်ထဲတွင်အနက်ရောင်ဓားမြှောင်ကိုကိုင်ထားသည်။ အဆူရာ စစ်ပွဲနန်ဘုရားကဲ့သို့ သူသည် ထူးဆန်းသည့်ခြေလှမ်းများဖြင့် မှော်သားရဲများ အလယ်တွင် ဖြတ်လျှောက်နေသည်။ သူ၏ ရက်စက်သော ဓားသွားဖြတ်နည်း သည် အသီးအရွက်များကို လှီးဖြတ်နေသလိုပင်။ သူလက်မြှောက်လိုက်သည် နှင့် မှော်သားရဲနှစ်ကောင်ကို ရှင်းပြီးဖြစ်လေသည်။ မှော်သားရဲများသည် သူလာ သည်ကိုတွေ့သည်နှင့် နောက်ဆုတ်ကြသည်။ သူတို့၏သွေးနီရောင်မျက်လုံး များသည် ကြောက်ရွံ့မှုဖြင့် ပြည့်နေသည်။

သစ်ရွက်များအကြားမှ ထိုးထွက်လာသောနေရောင်ခြည်သည် ထိုလူငယ် ၏ ခန္ဓာကိုယ်ပေါ်ကျရောက်နေသည်။ သူ့ခန္ဓာကိုယ်ဆီသို့ အေးစက်မှုနှင့် ရက်စက်သော စိတ်နေသဘောထား စိမ့်မဝင်နိုင်ပေ။ လူငယ်၏မျက်နှာမှာ ကျောက်စိမ်းကဲ့သို့ ကြည်လင်ပြီး အာရုံစူးစိုက်ထားသည့် မျက်လုံးများသည် အေးစက်ပြီးဆွဲဆောင်မှုရှိသည်။ သူသည် ‌မှော်ဆန်ဆန်ပင် တောတွင်းတွင် ခုန်ပေါက်နေသည်။ ထိုအရာသည် လှုံ့ဆော်မှုပဲ။

“ဒီကောင်တွေက နံလိုက်တာ သူ.. သူက တကယ်အားကောင်းတာပဲ” နန်ကုန်းချန်ရှီးသည် အလွန်ကြောက်ရွံ့သွားမိသည်။ သူမ ကြည့်လိုက်ချိန်တွင် အဆူရာနှင့် ငရဲနတ်ဘုရားတို့၏ မျိုးဆက်ဟုပင် ထင်သွားမိသည်။

“သူ ဘယ်လောက်တောင် သန်မာတာလဲ.. သူ့မှာ ဝိညာဉ်သခင် တံဆိပ် တောင်မရှိဘဲနဲ့” ရန့်ရှောင်ကျယ်သည် အနည်းငယ် ရှုပ်ထွေးနေသည်။ သူသည် လက်ထဲမှ ဓားရှည်ကို ငုံ့ကြည့်မိသည်။ သူသည် ပေထင်းဟွမ်ကို လုံးဝဥသုံ ရှုံးသွားလေပြီ။ ပေထင်းဟွမ်၏လက်ထဲမှ ဓားမြှောင်သည် နတ်လက်နက်ဖြစ် လျှင်တောင် သူဆိုလျှင် ဓားတစ်ချက်ဝှေ့လိုက်သည်နှင့် သွေးဝက်ရိုင်းကျား နှစ်ကောင်ကို သတ်နိုင်မည်မဟုတ်ပေ။ ဓားသခင်၏အားအင်နှင့်ဆိုလျှင် နောက် ၁၀ နှစ်ကြာသွားသည့်တိုင်အောင် သူ လုပ်နိုင်မည်မဟုတ်ပေ။

ဆရာနန်စီသည် ကြယ်တာရာဓားသခင်ဖြစ်သဖြင့် လုပ်နိုင်သည်။ သူသည် သူတို့နှင့် အဆင့်မတူပေ။ ပေထင်းဟွမ်သည် သူတို့ထက်ပင် ၂ နှစ် ၃ နှစ်ငွယ်ကာ သူတို့ထက်ပင် အားကောင်းနေသည်။ ရန့်ရှောင်ကျယ် ညည်းညူ လိုက်သည် “သူ တမင်လုပ်တာလား.. ကောင်းကင်က ငါတို့ကိုတိုက်ခိုက်ဖို့ သူ့ကို လွှတ်လိုက်တာလား.. အမေ ကျွန်တော်အသက်မရှင်ချင်တော့ဘူး”

သူတို့အားလုံးသည် အင်ပါယာမြို့တော်မှ လူများအားလုံး ချီးကျူးကြ သည့် ပါရမီရှင်များဖြစ်ကြသည်။ သူတို့က ပါရမီရှင်ဆိုရင် ပေထင်းဟွမ်က ဘာလဲ။ သူက ပါရမီရှင်တွေကို တိုက်ခိုက်ဖို့အတွက် ကောင်းကင်က အထူးတလည်လွှတ်လိုက်တဲ့လူလား။

ရှန်းယန်ဖိုနှင့်တခြားသူများသည် တကယ်ထိတ်လန့်မိသည်။ အစောက သွေးတောရိုင်းကျားအုပ်စုကို တွေ့စဉ်ကထက်ပင် ပိုကြောက်သွားမိသည်။ သည်တစ်ကြိမ်တွင် သူတို့၏ဝိညာဉ်အတွင်းထဲမှပင် တုန်ယင်နေခြင်းဖြစ်သည်။ အသားစားဒိုင်နိုဆောအဖွဲ့မှ ပုရွက်ဆိတ်များကို သတ်သည်ကိုမြင်ရသ်ထက်ပင် ပို၍ကြောက်ဖို့ကောင်းသည်။

သူတို့လေးယောက်အပြင် နန်စီသည်လည်း ထိတ်လန့်မှုကြောင့် ပါးစပ် ပိတ်ထားမိ၏။ ပေထင်းဟွမ်၏ တစ္ဆေတစ်ကောင်ကဲ့သို့ လှုပ်ရှားမှုနည်းစနစ်၊ ရက်စက်သည့် ဓားသွားပညာနှင့် အလွန်တည်ငြိမ်ပြီး နှလုံးသားမဲ့သည့် အမူ အရာသည် သူမကို တုန်လှုပ်သွားစေသည်။ ဒါက ဘယ်လိုလုပ် ၁၄ နှစ် ၁၅ နှစ် အရွယ်ကောင်လေးဖြစ်နိုင်မှာလဲ။ သူက နှစ်တွေအများကြီး အမှောင်ကမ္ဘာထဲ မှာ လှည့်ပတ်သွားလာပြီး လူတွေရဲ့အသက်ကို ယူရတာအသားကျနေတဲ့ အတွေ့အကြုံရင့် လူသတ်သမားလိုပဲ။ သူသည် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ် နေသလိုပင်။ အလောင်းပုံများအကြားတွင် တွားသွားနေသူတစ်ယောက်သာ ရှိသည်။

ဒီကောင်လေးက ဘယ်လိုအသက်ရှင်နိုင်တာလဲ။ သူမကဲ့သို့လူမှာပင် ထိုကဲ့သို့ တိုက်ပွဲအတွေ့အကြုံများများစားစားမရှိပေ။ ဓားတောင်ကျော်ပြီး သွေးပင်လယ်ကိုဖြတ်ခဲ့သည့်လူများပင် ထိုအစွမ်းအစရှိနိုင်သည်။

“ဝိညာဉ်သခင်တံဆိပ်မရှိတာ ဆိုးလွန်းတာမလား.. အခုကစပြီး သူ့ကို အားနည်းသူအဖြစ်ဆက်ဆံမယ်ဆို ငါ တုံးနေလို့ပဲ.. ကျွမ်းကျင်သူအစစ်တွေက သူတို့ရဲ့အားကို ဖုံးထားတတ်ကြတယ်.. ကြွားလုံးထုတ်တဲ့ငတုံးတွေကသာ သူ ဘယ်လောက်အားကောင်းလဲဆိုတာမသိတာ” ချင်ရှဲလင်သည် ပေထင်းဟွမ်ကို စိုက်ကြည့်ပြီးပြောလေသည်။ သူ၏ဘေးတိုက်ပုံစံသည် နေရောင်အောက်ရှိ ကျောက်စိမ်းကဲ့သို့ တောက်ပနေသည်။ သူ၏ရှည်လျားသောဆံပင်နှင့် ဝတ်ရုံ မှာ လေအတိုက်တွင် လွင့်နေသည်။ သူ၏ပိန်ပါးပြီး သန်မာသည့်ခန္ဓာကိုယ်မှာ မိန်းကလေးများ၏ နှလုံးသားတွင် အမှတ်အသားချန်ထားခဲ့လေသည်။ ယခုအချိန်ကစပြီး ဖျောက်ဖျက်ပစ်၍ရတော့မည်မဟုတ်ပေ။

ရှန်းယန်ဖိုသည် ပျော်သွားသည်။ ထိုလူသည် သူ အသိအမှတ်ပြုပြီး ကာကွယ်ချင်သူဖြစ်သည်။ သူသည် ပိုသန်မာချင်သည်။ သူ သန်မာလာမှသာ သူ့ဘေးတွင်ရပ်ပြီး ကာကွယ်နိုင်မည်ဖြစ်သည်။

***

All Chapters