ဇာမဏီအရိပ်
Vol. 4 Ch. 80
နန်ကုန်းချန်ရှီ၏ နှလုံးသားမှာ အကြာကြီး မငြိမ်သက်နိုင်တော့ပေ။ အကြောင်းအရင်းတချို့ကြောင့် ဤအခိုက်အတန့်တွင် သူမ ထိုလူငယ်ကိုမြင် လိုက်ရချိန်တွင် သူမ၏ဓားရှည်ပျော့ကို လိမ်ယူသွားသည့် သားရဲသည် ပေထင်းဟွမ်၏ သားရဲဖြစ်ရန်ကို မျှော်လင့်မိသည်။ ထိုလူငယ်သည် သူမ၏ ဓားရှည်ကိုကိုင်ပြီး မှော်သားရဲများကိုသတ်သည့်မြင်ကွင်းကို ကြည့်ချင်မိသည်။ ဒီလိုလူကိုသာ သူမ လက်ထပ်လိုက်ရရင် သူမပျော်နိုင်မှာပဲ မဟုတ်ဘူးလား။ လူအများက အားကျကြလိမ့်မယ်။ သူ့ဘေးမှာရပ်နေရရင် သူမ သေသွားရင် တောင် ဘေးကင်းတယ်လို့ ခံစားရလိမ့်မယ်။
“အာ.. ငါ့ဆုလေး ငါ့ဆုတော့ ဒီအတိုင်းရေစုန်မြောပါပြီ ရှောင်ကျို့ မင်းက တော့ကွာ” ရန့်ရှောင်ကျယ်သည် အော်ဟစ်လေသည်။ ဒီကော်ငလေးသည် မရိုးရှင်းသည်ကို သူသိထားသည်။ မိုးနတ်မင်းရေ ဒီလူ့ကို လွှတ်လိုက်ရအောင် ဘာလို့များ ဒီလောက် နှလုံးသားမဲ့ရတာလဲ။
ပေထင်းဟွမ်သည် ရန့်ရှောင်ကျယ်၏ အသံကိုကြားသောအခါ ခေါင်း အသာဆတ်ပြီး ပြုံးပြလိုက်သည်။ ရုတ်တရက်ဆိုသလို သူ၏အေးစက်သော အသွင်အပြင်နှင့်ယှဉ်လျှင် မီးရှူးမီးပန်းများကဲ့သို့ မျက်စိစူးလောက်သည့် အသွင်အပြင်ဖြစ်သွားသည်။ သူတို့လေးယောက်သည် မှင်တက်သွားလေသည်။
အတန်ကြာငေးငိုင်ပြီးနောက် သူသည် သွေးဝက်ရိုင်းကျားအုပ်၏ နင်းချေ ခံရလုမတတ်ဖြစ်သွားသည် “သတိထား” နန်ကုန်းချန်ရှီးသည် လက်ထဲမှ လက်နက်ကိုမြှောက်ပြီး သွေးဝက်ရိုင်းကျားကို ခုတ်ကာ ရန့်ရှောင်ကျယ်ရှေ့သို့ အလျင်စလိုရောက်လာသည်။ လူမျက်နှာနှင့်နီရဲပျားလည်း အမြန်ရောက်လာ သည်။ နန်ကုန်းချန်ရှီးသည် အားကုန်သုံးပြီး အနားကပ်လာသည့် သွေးဝက်ရိုင်း ကျားကိုတားခဲ့သည်။ ထိုအရာကပင် ရန့်ရှောင်ကျယ်၏ အသက်ကိုကယ်လိုက် နိုင်သည်။
ပေထင်းဟွမ်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချမိသည်။ ဒီလူ တွေက စစ်မြေပြင်မှာတောင် အာရုံကတခြားရောက်နေတုန်းပဲ။ အရိုက်ခံရဖို့ ပဲတန်တယ်။
သူမသည် နန်ကုန်းချန်ရှီးအား စေ့စေ့ကြည့်လိုက်သည်။ အရင်က စစ်ပွဲမှ ထွက်ပြေးခဲ့သူသည် ဘာကြောင့် သဘောထားပြောင်းသွားသည်ကို သူမ နားမလည်ပေ။ ဆရာနန်စီရှိနေခြင်းကြောင့်ဖြစ်နိုင်သည်။ သို့သော် မည်သို့ပင် ဖြစ်စေကာမူ သူမသည် အကျပ်အတည်းဖြစ်နေသည့်အချိန်တွင် လှုပ်ရှားခဲ့ သည်။
သူတို့လေးယောက်သည် မှော်သားရဲအုပ်ကို တိုက်ခိုက်ရန် အတူသွားခဲ့ ကြသည်။ အရင်ကဆိုလျှင် သူတို့ကိုယ်သူတို့ အထင်ကြီးရလောက်သည်ဟု ထင်ခဲ့ကြသော်လည်း ပေထင်းဟွမ်၏လုပ်ဆောင်မှုကိုမြင်ပြီးနောက် သူတို့၏ သတ်ဖြတ် ခြင်းနှုန်းမှာ ပေထင်းဟွမ်၏ ခုတ်ထစ်သည့် အရည်အချင်းနှင့် ယှဉ်လျှင်နှေးသည်ကို သိခဲ့ရသည်။
ပေထင်းဟွမ်သည် သူတို့ကိုတိုက်ခိုက်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် ရောက်လာသည်။
“ငါ တကယ် အသက်မရှင်ချင်တော့ဘူး” ရန့်ရှောင်ကျယ်သည် တစ်ချက် ခုတ်တိုင်း အော်လေသည်။ သူ၏ ညည်းညူနေသောအသံမှာ နန်းတော်ထဲမှ နာကြည်းနေသည့် မိန်းမနှင့်တူလေသည်။
သူတို့သည် ရယ်ချင်မိသော်လည်း အနှောင့်အယှက်အဖြစ်မခံရဲပေ။ သူတို့သည် တောင့်ခံရမည်။
ပေထင်းဟွမ်သည် သူတို့ကို ဂရုမစိုက်အားပေ။ ထိုအခိုက်အတန့်တွင် သူမ၏ရှေ့၌ အာရုံထွေပြားစရာများရှိနေသည်။ ထိုလှည့်စားမှုများသည် သူမ၏ ကိုယ်ပွားများနှင့်ဆင်တူသည်။ သူတို့သည် သူမခန္ဓာကိုယ်မှ လွင့်ထွက်သွားပြီး သွေးဝက်ရိုင်းကျားဆီသို့ တစ္ဆေတစ်ကောင်ကဲ့သို့ ခြေလှမ်းများဖြင့် သွားနေ၏။ သူတို့သည် သူမကို မှော်ဆန်ဆန် ခြေထောက်သိုင်းများကို သင်ပေးနေသလို ပင်။
ပေထင်းဟွမ်သည် အသက်ပြင်းပြင်းရှူလိုက်သည်။ ဤခံစားချက်သည် အလွန်ပင် လျှို့ဝှက်ဆန်းကြယ်လွန်းသည်။ သူမသည် မိုးကြိုးသွားကို အာရုံစိုက် ထားရန် စိတ်ထဲမှ သတိပေးလိုက်သည်။ သူမသည် မျက်လုံးမှိတ်ပြီး စိတ်ထဲမှ ခံစားချက်အတိုင်း လိုက်သွားသည်။ သူမ ရှေ့သို့တိုးသည်။ ဘယ်ဘက်၊ ညာဘက်မှ ဘယ်ဘက်ဆက်သွားသည်။ ရက်စက်ကြမ်းကြုတ်ပြီး ကြီးမားသော သွေးဝက်ရိုင်းကျားများအကြားတွင် လူဝင်စရာမရှိသည့် နေရာသို့ရောက်သွား သလိုပင်။ သွေးဝက်ရိုင်းကျားများ၏ ရှည်လျားပြီး ချွန်ထက်သော ဦးချိုများ သည် သူမ၏ အင်္ကျီကိုပင်မထိပေ။ ၎င်းသည် အလွန်ပင် အံ့ဩဖွယ်ရာ ခြေလှမ်း သိုင်းဖြစ်သည်။ သူမအရင်ဘဝက သုံးခဲ့သည့် လေအရိပ်ခြေလှမ်းသုံးလှမ်းသိုင်း နှင့် အနည်းငယ် ကွာခြားသည်။ ဤဘဝတွင်လေ့ကျင့်သည့် ဝိညာဉ်ချီနှင့် တွဲဖက်လိုက်သောအခါ သက်ရောက်မှုသည် ဆယ်ဆပိုကောင်းလာသည်။
ဇာမဏီအရိပ်သည် သွက်လက်ပေါ့ပါးသည်။
၎င်းမှာ ပေထင်းဟွမ်ကိုယ်တိုင် ဤခြေလှမ်းသိုင်းကို ပေးထားသည့် နာမည်အသစ်ဖြစ်သည်။ ခြေလှမ်းများသည် သူမ၏ခံစားချက်အပေါ်မူတည် ကာ လေဟာနယ်ထဲမှ ဝိညာဉ်စွမ်းအင်အတက်အကျမှလာသည့် ခံစားချက်မှ ဖြစ်ပေါ်လာသည်။ ဟုတ်တယ်.. ဒါပဲ။
သူမသည် သွေးဝက်ရိုင်းကျားဘေးသို့ တစ်လှမ်းချင်းရွှေ့သွားလိုက်သည်။ သူမလက်ထဲမှ ဓားမြှောင်သည် ခြေလှမ်းအတိုင်း လှုပ်ရှားနေသည်။ သွေးထွက် လာသည်နှင့် သူမသည် သွေးဝက်ရိုင်းကျားနောက်တစ်ကောင်ဆီသို့ သွားကာ လက်ပြန်ထိုးစိုက်လိုက်သည်။ သူမ၏လှပပြီး တင့်တယ်သော သိုင်းကွက်များ သည် ပြီးပြည့်စုံသည့်နန်းတွင်းအကလိုပင်ဖြစ်နေတော့သည်။
***