← Chapters

တာအိုဆွေးနွေးခြင်း စင်မြင့်ကို ဖျက်စီးပစ်ခြင်း

Vol. 57 Ch. 785

တာအိုဆွေးနွေးခြင်း စင်မြင့်ကို ဖျက်စီးပစ်ခြင်း

Vol. 57 Ch. 785

ဝုန်း ….

မပြီးပြည့်စုံသည့် နေလုံးကြီးက ပေါက်ကွဲထွက်သွားသည်။ ထိုအင်မော်တယ် ဧကရာဇ်သုံးယောက်က သူတို့ စွမ်းအားစက်ကွင်းများ ကြေမွပျက်စီးသွားသည်ကို ချက်ချင်း ခံစားမိလိုက်ကြပြီး သူတို့၏ တာအိုစွမ်းအားများမှာလည်း အပြင်သို့ ထွက်လာသည်။

ဒီလူက အရမ်းအားကောင်းလွန်းတယ် …. ငါတို့တွေ ထွက်ပြေးရမယ် …

ထိုအတွေးက သူတို့စိတ်ထဲ ပေါ်လာကြသည်။

“ ဝုန်း ” လှိုင်းလုံးနှင့်တူသည့် သဲများက ရုတ်ချည်း ပေါက်ကွဲသွားသည်။ သူတို့၏ စွမ်းအားစက်ကွင်း အကာအကွယ်မရှိဘဲ သူတို့သုံးယောက်လုံးမှာ သဲများ၏ ဖျက်စီးခြင်းကို တိုက်ရိုက် ခံရပေလိမ့်မည်။

အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦး၏ ခန္ဓာကိုယ်မှာ တန်း၍ ပျက်စီးသွားသည်။ သူတို့၏ ကြေမွသွားသော ခန္ဓာကိုယ်များမှ ကမ္ဘာဦး စိတ်ဝိညာဉ်များ ထွက်လာသည်နှင့် မဟာသဲကန္တာရအတွင်းမှ ပုဆိန်လှံရှည်အလင်းချက်ဖြင့် တစစီ ဖြစ်သွားရသည်။

အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ကျင့်ကြံသူက အနည်းငယ် ပိုအားကောင်းပေသည်။ သဲလှိုင်းလုံးများက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်လာသော်လည်း သူက နောက်ဆုတ်နိုင်မည့် အခွင့်အရေး ရလိုက်သေး၏။ သို့သော်လည်း မိုဝူကျိက ထိုအခွင့်အရေးအား မပေးချေ။ အဆုံးမဲ့ သဲကန္တာရကြီး ပျောက်ကွယ်သွားသည်နှင့် ပုဆိန်လှံရှည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားတော့သည်။

ဤပုဆိန်လှံရှည် အလင်းတန်းက သူတို့နှစ်ယောက်ကြားမှ အာကာပြင်ကို စုတ်ဖြဲပစ်သည့်အလား  ချောက်နက်ကြီး ပေါ်လာသည်။ ထိုသည်မှာ ရိုးရိုးရှင်းရှင်းနှင့် မငြင်းပယ်နိင်သည့် ဖိနှိပ်မှုတစ်မျိုးသာ ဖြစ်၏။

ထိုပုဆိန်လှံရှည် အလင်းတန်းကြီးက အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်ပစ်လိုက်ရာ သူ့အနေနှင့် ခုခံဖို့ အခွင့်အရေးပင် မရလိုက်ချေ။ သူ မသေခင် မိုဝူကျိ၏ နောက်ဆုံး လျို့ဝှက်တိုက်ကွက် မဟူရာချောက်နက်အကြောင်း တွေးချိန်ပင် မရလိုက်ပေ။ လက်တွေ့၌ သူက မိုဝူကျိသည် မဟူရာချောက်နက် တိုက်ကွက်ကို အဘယ်ကြောင့် ထုတ်သုံးချင်မှန်း နားမလည်နိုင် ဖြစ်ခဲ့ရသည်။ ထိုမပြီးပြည့်စုံသည့် နေဝင်ချိန်လေး၌ ထိုအင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ကျင့်ကြံသူလည်း ဆက်လက်၍ ခုခံနိုင်စွမ်း မရှိတော့ပေ။

အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ကျင့်ကြံသူက နတ်ဘုရားမျိုးနွယ်စုသည် ဤသို့မျိုး ပါရမီရှင်နှင့် ရန်ငြိုးဖွဲ့မိသည့်အတွက် မည်သို့ ဖြစ်လာမည်ကိုလည်း တွေးမနေတော့ချေ။

ထို့အစား သူက ပထမတိုက်ကွက် ဖြစ်သည့် မဟာသဲကန္တာရအကြောင်း တွေးနေမိသည်။ မဟာသဲကန္တာရမှာ လေဟုန်ဆန်မြစ်လောက် ကြောက်ဖို့ မကောင်းသလို နေဝင်ရိုက်ချက်လောက်လည်း ရင်သပ်ရှုမောဖွယ် မကောင်းပေ။ သို့သော်လည်း သူတို့သုံးယောက်လုံး၏ ခန္ဓာကိုယ်မှာ မဟာသဲကန္တာရထဲမှ အလင်းတန်းကြောင့် ဖျက်စီးလုနီးပါး ဖြစ်သွားသည့်အခါမှ ထိုမဟာသဲကန္တာရတိုက်ကွက်အား နားလည်သွားတော့သည်။ မဟာသဲကန္တာရ ပေါ်လာသည်နှင့် ထိုအရာက သူတို့၏ စွမ်းအားများကို ထိန်းချုပ်ပိတ်ပင်ကာ သူတို့အား စိုက်ကြည့်နေခြင်း ဖြစ်၏။ အကယ်၍ သူတို့က ဟကွက်အနည်းငယ်မျှ ဖော်ပြမိသည်နှင့် ကျယ်ပြောလှသည့် မြစ်ကြီးက အပြင်းအထန် ပေါက်ကွဲသွားကာ သူတို့ခန္ဓာကိုယ်များအား တစစီ ဖြစ်သွားစေလိမ့်မည်။

“ အားကောင်းလိုက်တဲ့ ကွင်းဆက် လျို့ဝှက်တိုက်ကွက်တွေပဲ ….” အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့် ကျင့်ကြံသူက မျက်လုံး ပိတ်လိုက်တော့သည်။ သူက ကမ္ဘာဦး စိတ်ဝိညာဉ်ကိုပင် ထုတ်လွှင့်မနေတော့ပေ။ ထိုအရာမှာ မိုဝူကျိထံမှ တစ်ချက်လောက်နှင့် ပျက်စီးသွားမည်မှန်း သိပေ၏။ သူကိုယ့်သူ တိုက်ရိုက် ပြန်လည် ဝင်စားသည့် စက်ဝန်းဆီ သွားလိုက်သည်က အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

………………

“ အားကောင်းလိုက်တဲ့ ကွင်းဆက် တိုက်ကွက်တွေပါ့လား ” ကျီကူက မိုဝူကျိသည် အင်မော်တယ် ဧကရာဇ် သုံးယောက်အား အချိန်တိုလေးအတွင်း သတ်ပစ်နိုင်လိုက်သည်ကို မြင်သောအခါ အသက်ပြင်းပြင်း ရှုထုတ်ရင်း သက်ပြင်းချကာ

“ ကျုပ် မှားသွားတယ် …. ကျုပ်တောင် သူ့ပြိုင်ဖက် မဖြစ်နိုင်လောက်ဘူး ”

ဖုန်းဟွမ်က တိတ်ဆိတ်နေလေ၏။ သူက ကျီကူထက် အားကောင်းပြီး သူ့အမြော်အမြင်ကလည်း ကျီကူထက် ပိုမြင့်မားပေ၏။ သူက မိုဝူကျိ၏ လျိုု့ဝှက်တိုက်ကွက်များမှာ ရိုးရိုး စွဲလမ်းအဆင့် လျို့ဝှက်ပညာရပ် မကဘဲ ကွင်းဆက် စွဲလမ်းအဆင့် လျို့ဝှက်တိုက်ကွက်များ ဖြစ်ကြောင်း ကောင်းကောင်း သိ၏။

“အစ်ကိုဖုန်း … အဲဒီ မိုဝူကျိက နောက်ဆုံးလူကို သတ်ဖို့ လေးခုမြောက် လျို့ဝှက်တိုက်ကွက်ကို လုံးဝ သုံးစရာ မလိုဘူးမလား။ အဲဒါကို သူက ဘာလို့ ထုတ်ပြနေတာလဲ ” ကျီကူက သိချင်စွာ မေးလိုက်သည်။

သူ့အမြင်၌ မိုဝူကျိ၏ မဟာသဲကန္တာ၊ လေဟုန်ဆန်မြစ်၊ နေဝင်ရိုက်ချက် ကွင်းဆက် တိုက်ကွက်များမှာ အင်မော်တယ် ဧကရာဇ်များကို သတ်နိုင်ကြောင်း သိပေသည်။ ပြောရမည်ဆိုလျှင် လေးခုမြောက် တိုက်ကွက်အား ထုတ်ဖော်ပြသရန် မလိုအပ်ပေ။ သူ့နာမည် ဂုဏ်သတင်းနှင့် ကိုက်ညီမနေပေ။

ဖုန်းဟွမ်က သက်ပြင်းချကာ  “ ကြည့်ကြည့်ပါဦး ”

ဖုန်းဟွမ်က မပြောလျှင်ပင် ကျီကူက ကြည့်လိုက်ပြီးသား ဖြစ်၏။ မိုဝူကျိ၏ မဟူရာချောက်နက် တိုက်ကွက်အောက်၌ တာအို ဆွေးနွေးခြင်း စင်မြင့်မှာ အပျက်အစီးအပုံလိုက် ဖြစ်သွားလေပြီ။

“ ကျုပ် နားလည်သွားပြီ ” ကျီကူက တအံ့တဩ ပြောလိုက်သည်။

ဖုန်းဟွမ်ကလည်း မတတ်နိုင်စွာ ပြောလိုက်သည်

“ သူက စကြဝဠာအစွန်းကို ဒီလိုမျိုး တာအို ဆွေးနွေးခြင်း စင့်မြင့်ကို လုပ်ထားလို့  မကျေမနပ်ဖြစ်တာ ပြနေတာပဲ။ အဲဒါကြောင့် နောက်ဆုံး ပုဆိန်လှံရှည်ရိုက်ချက်နဲ့ တာအို ဆွေးနွေးခြင်း စင်မြင့်ကို ဖျက်စီးပစ်ခဲ့တာ  ”

စကြဝဠာအစွန်း၏ တာအိုဆွေးနွေးခြင်း စင်မြင့်က နာမည်နှင့် မထိုက်တန်သည်မှာ အမှန် ဖြစ်၏။ မဟုတ်လျှင် နတ်ဘုရား မျိုးနွယ်စုမှ အင်မော်တယ် ဧကရာဇ် သုံးယောက်က မိုဝူကျိအား  ဝိုင်းထားသည်ကို တစ်ယောက်ယောက် လာ၍ တားဆီးပေလိမ့်မည်။

“ အဲဒါ ….” ကျီကူက ပျက်စီးနေသော တာအိုဆွေးနွေးခြင်း စင်မြင့်ကို ကြည့်ကာ ဘာပြန်ပြောရမှန်း မသိတော့ပေ   “ စကြဝဠာအစွန်းမှာ ရန်သူတွေ ဖွဲ့မိမှာကို မကြောက်ဘူးလား။ သူက တာအို ဆွေးနွေးခြင်း စင်မြင့်ကိုတောင် ဖျက်စီးပစ်ရဲတယ်ပေါ့ ”

ဖုန်းဟွမ်က ခါးသက်စွာ ပြောလိုက်သည် “ ကျုပ်ကို ပြောပါဦး … သူက တခြားသူ စော်ကားမိမှာကို ကြောက်တဲ့ပုံ ပေါ်လို့လား ”

ကျီကူက ဖုန်းဟွမ်၏ ခံစားချက်ကို နားလည်ပေသည်။ ဖုန်းဟွမ်မှာ စကြဝဠာအစွန်း၏ တာအိုသခင် တစ်ဦး ဖြစ်ပေသည်။ မိုဝူကျိ၏ အပြုအမူက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်နေသည်။

“အဲဒီလူက မီဖေးကုန်သွယ်ရေး အဖွဲ့က အင်မော်တယ် ဧကရာဇ်တွေကို သတ်ပြီးတော့ စကြဝဠာအစွန်းကို လာရဲသေးတယ်မလား။ အဲဒါက သူက သတ္တိရှိတယ်ဆိုတာ ပြနေတာပဲ …. အဲဒါသာ အမှန်မဟုတ်ရင် သူက ဝူလီကို သတ်မှာ မဟုတ်ဘူး။ အစ်ကိုဖုန်း … တကယ်လို့ သူနဲ့ ရင်ဆိုင်ရင် သူ့ကို ထိန်းချုပ်ထားနိုင်ပါ့မလား ” ကျီကူက ဖုန်းဟွမ်အား လှည့်ကြည့်ကာ မေးလိုက်သည်။

ဖုန်းဟွမ်က ခေါင်းခါကာ

“ ကျုပ်တော့ ယုံကြည်ချက် မရှိဘူး။ တကယ်လို့ မလိုအပ်ရင် အစ်ကိုကျီလည်း မိစ္ဆာမျိုးနွယ်ကို သူ့ဆီ ရန်သွားမစစေနဲ့ဦး။ ခင်ဗျား သူ့ကို တစ်ချက်တည်းနဲ့  သတ်နိုင်မယ်လို့ ယုံကြည်ချက် မရှိရင် မိစ္ဆာမျိုးနွယ်အတွက် ကပ်ဘေး ဖန်တီးသလို ဖြစ်သွားလိမ့်မယ် ”

“ ကျုပ်လည်း သိပါတယ်။ တကယ်တော့ သူက စည်းမျည်းတွေကို သိတဲ့ပုံပဲ …. မဟုတ်ရင် မီဖေးကုန်သွယ်ရေး အဖွဲ့ကို ဖျက်စီးပြီးလောက်ပြီ ” ကျီကူက ခေါင်းတညိတ်ညိတ်ဖြင့် ပြောလိုက်သည်။

ဖုန်းဟွမ်က အေးစက်စက် ရယ်မောလိုက်ပြီး  “ ကျုပ်တော့ မကြာခင် မီဖေးကုန်သွယ်ရေး အဖွဲ့က ရုတ်ရုတ်သည်းသည်း ဖြစ်တော့မယ်ဆိုတာ သေချာနေပြီ ”

“ ဘာလို့လဲ ” ကျီကူက ဖုန်းဟွမ်အား နားမလည်စွာ ကြည့်လိုက်သည်။ သဘောတရားအရဆိုရလျှင် မိုဝူကျိက မီဖေးကုန်သွယ်ရေးအဖွဲ့နှင့် ရင်ဆိုင်ဖို့ရာ ယခုအချိန်အထိ စောင့်နေစရာ မလိုပေ။ သူက စကြဝဠာအစွန်း ရောက်လာစဉ်ကတည်းက လုပ်ပြီးလောက်လေပြီ။

“ အခု သူ့ဆီမှာ အကြောင်းပြချက် ရှိသွားပြီလေ” ဖုန်းဟွမ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။

ကျီကူက ထပ်မမေးတော့ပေ။ သူလည်း အဖြစ်အပျက်ကို နားလည်လိုက်သည်။ အကယ်၍ စကြဝဠာအစွန်းက စည်းမျည်းများကို ဂရုစိုက်လျှင် ဝူလီကို သတ်ပြီးသည့်နောက်ပိုင်း ထိုအင်မော်တယ် ဧကရာဇ်များက မိုဝူကျိအား ဝိုင်းထားကြချိန် လာရောက်တားဆီးပေလိမ့်မည်။ ဤသို့ဆိုမှတော့ စကြဝဠာအစွန်းမှာ စည်းမျည်းများကို ဂရုမစိုက်ကြောင်း ထင်ရှားလှသည်။

မိုဝူကျိအတွက် စည်းမျည်းများကို စိုးရိမ်နေစရာ မလိုတော့ပေ။

ကျီကူက ကြက်သီးများ ထလာသလို ခံစားလိုက်ရသည်။ နောက်ဆုံးတွင် မိုဝူကျိက နောက်ဆုံးတိုက်ကွက်ဖြင့် တာအိုဆွေးနွေးခြင်း စင်မြင့်ကို ဖျက်စီးခဲ့သည့် အကြောင်းအရင်းကို သဘောပေါက်သွားသည်။ နံပါတ်တစ်ချက်အနေနှင့် သူက စကြဝဠာအစွန်း၏ အခြေခံ စည်းမျည်းကို စမ်းသပ်လို၍ ဖြစ်ပြီး နံပါတ်နှစ်အချက်မှာ သူက အားလုံးကို သူ့အား ရန်လာမစရန် ရှင်းရှင်းလင်းလင်း အသိပေးလိုခြင်း ဖြစ်၏။ နံပါတ်သုံးချက်အနေနှင့် သူက လူရမ်းကား တစ်ယောက်၏ အမြင်ကို ထုတ်ဖော်လို၍ ဖြစ်သည်။ သူက လူရမ်းကား ဖြစ်နေသောကြောင့် မီဖေးကုန်သွယ်ရေး အိမ်တော်မှာ သူ့အား ရန်စထားသည့်အတွက် ပြန်လည် ပြဿနာ ရှာသည်က ပုံမှန်သာ ဖြစ်သည် မဟုတ်ပါလော။

………..…

ကောင်းကင်ဘုံအလွန် တာအိုကွင်းပြင်၌ လူများစွာ ရှိနေသော်လည်း လုံးဝကို တိတ်ဆိတ်နေသည်။ မိုဝူကျိအကြောင်း မသိကြသော လူ အများစုက ယခု သူ့အကြောင်း လိုက်လံစုံစမ်းနေကြသည်။

မိုဝူကျိက လက်ဝါးဖြန့်ကာ သိုလှောင်လက်စွပ် သုံးကွင်းလုံးကို သိမ်းဆည်းလိုက်သည်။ တစ်ချိန်တည်းဆိုသလို အသက်ဓာတ်စုပ် နွယ်ပင်ကို ဆုပ်ကိုင်ကာ ထိုအပေါ်တွင် ရှိနေသော စိတ်ဝိညာဉ်အမှတ်အသားကို ဖျက်စီးပစ်လိုက်သည်။

ထို့နောက် သူ့သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းထားလိုက်သည်။

အကယ်၍ သူ့အသက်ဓာတ် လမ်းကြောင်းကြောင့်သာ မဟုတ်လျှင် ထိုနွယ်ပင်က သူ့အား ချုပ်ထိန်းထားနိုင်လိမ့်မည်။ သူ့အား ချုပ်ထိန်းနိုင်သွားသည်နှင့် သေခြင်းတရားကို ထိုင်စောင့်နေသလိုသာ ဖြစ်လိမ့်မည်။ နွယ်ပင်အကြောင်း ထည့်မပြောလျှင်ပင် ယခင် သဲကျိုးကလည်း မိုဝူကျိအား စိုးရိမ်ပူပင်မှု ခံစားရစေသည်။

ကျယ်ပြောလှသည့် စကြဝဠာကြီးအတွင်း၌ မြောက်များစွာသော ပါရမီရှင်များနှင့် မရေတွက်နိုင်သော နည်းလမ်းများ ရှိကြသည်။ သူ့တွင် တချို့နည်းလမ်းများကို ဖြေရှင်းဖို့ရာ အဆိပ်ဖြေ လမ်းကြောင်းနှင့် အသက်ဓာတ်လမ်းကြောင်းတို့ ရှိသော်လည်း သူ မဖြေရှင်းနိုင်သည့် နည်းလမ်းနှင့် တွေ့လာလျှင် မည်သို့လုပ်ရမည်နည်း။

နတ်ဘုရား မျိုးနွယ်စုမှာ စကြဝဠာအစွန်း၌ အုပ်စိုးနေသော မျိုးနွယ်စုထဲမှ တစ်ခု ဖြစ်ပေသည်။ နတ်ဘုရားမျိုးနွယ်စု၌ သေချာပေါက် မဟာဧကရာဇ်များစွာ ရှိပေလိမ့်မည်။ အကယ်၍ ထိုမဟာဧကရာဇ်များက စကြဝဠာအစွန်း၌ ရောက်လာပြီး သူ့အား ပိတ်ဖမ်းလျှင် သူ့အနေနှင့် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိလျှင်ပင် ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။

နောက်ဆုံးတိုက်ကွက်ဖြင့် တာအိုဆွေးနွေးခြင်း စင်မြင့်ကို ဖျက်စီးလိုက်သည့်အခါက သူ့စွမ်းရည်များမှာ မလုံလောက်သေးကြောင်း အတိအကျ သိလိုက်ရသည်။ တာအို ဆွေးနွေးခြင်း စင်မြင့်ကို ဖျက်စီးပြီးနောက် သူက မီဖေးကုန်သွယ်ရေး အဖွဲ့ဆီ ချက်ချင်း ဦးတည်လိုက်သည်။ သူက စကြဝဠာအစွန်းမှာ ကြာကြာ နေသင့်သည့် နေရာ မဟုတ်ကြောင်း သိပေ၏။ သူက ထွက်သွားတောမ့ည် ဖြစ်ရာ ထွက်မသွားခင် ပိုက်ဆံအနည်းငယ် လုယက်ခဲ့လို့ ရသည် မဟုတ်ပါလော။

“ အစ်ကိုကြီးတာ့ဟွမ် ….” မိုဝူကျိ တစ်ယောက် တာအိုဆွေးနွေးခြင်း စင်မြင့်ကို တစစီ လုပ်ပစ်ပြီးနောက် ထွက်လာသည်ကို မြင်လိုက်ရသောအခါ ယန်ယွဲ့ရုန်က မြန်မြန် ရောက်လာသည်။ သူမ လေသံမှာ အနည်းငယ် တုန်တုန်ယင်ယင် ဖြစ်နေမိသည်။ အစ်ကိုကြီးတာ့ဟွမ်က အစ်မရှောင်ယုအတွက် ကူ၍ လက်စားချေပေးခဲ့သည်။

“ ယွဲ့ရုန် … ငါတို့တွေ နောက်ထပ် နေရာကို သွားကြမယ် ” မိုဝူကျိက ပြုံးကာ ပြောလိုက်သည်။ သူက တည်းခိုဆောင်သို့ ပြန်သွားဖို့ရာပင် စိတ်မပါပေ။ မီဖေးကုန်သွယ်ရေး အဖွဲ့ကို လုယက်ပြီးနောက် သူက ဤနေရာမှ ချက်ချင်း ထွက်သွားမည် ဖြစ်၏။

“ အစ်ကိုကြီးတာ့ဟွမ်နဲ့ အတူတူ လိုက်ခဲ့မယ် ” ယန်ယွဲ့ရုန်က မိုဝူကျိအား သူမ၏ အစ်ကိုကြီးအဖြစ် သတ်မှတ်ထားလေသည်။ မိုဝူကျိကြောင့်သာ မဟုတ်လျှင် သူမ ယန်ယွဲ့ရုန်က သေနေလောက်လေပြီ။

“ ကောင်းပြီ အခုကစပြီးတော့ မင်းက ငါ့ညီမလေးပဲ ….” မိုဝူကျိက ကျယ်ကျယ်ပြောလိုက်သည်။ သူက ယန်ယွဲ့ရုန်သည် သူ့ဘေးနားမှ နေ၍ ထောက်ပံ့ပေးနိုင်မည့် နည်းလမ်း မရှိကြောင်း သိပေသည်။ အကယ်၍ သူသာ သူမနှင့်အတူတူ ရှိမနေလျှင် သူမက သေချာပေါက် သေနေလောက်လေပြီ။ ထို့ကြောင့် သူက အားလုံး သိစေရန် ကျယ်ကျယ် ပြောလိုက်ခြင်း ဖြစ်၏။ အကယ်၍ တစ်ယောက်ယောက်က ယန်ယွဲ့ရုန်ကို ရင်ဆိုင်လိုလျှင် သူ မိုဝူကျိအား အရင်ဖြတ်သန်းသွားရမည် ဖြစ်သည်။

မိုဝူကျိက ဘာမှမပြောဘဲဖြင့် လူအုပ်ကြီးက စတင်၍ ထွက်ခွာသွားကြသည်။

မိုဝူကျိနှင့် မိတ်ဆွေဖွဲ့လိုသည့် လူတချို့ ရှီသော်လည်း မည်သူကမှ မချည်းကပ်ရဲကြပေ။

မိုဝူကျိက ဘယ်သူကို သတ်လိုက်တာလဲ ….

မိုဝူကျိက အင်မော်တယ် ဧကရာဇ် သုံးယောက်နှင့် နတ်ဘုရားမျိုးနွယ်မှ သခင်လေးကို ဖြစ်၏။ မည်သူကများ မိုဝူကျိနှင့် စကားပြောရဲမည်နည်း။

သူတို့ကိုယ်သူတို့ နတ်ဘုရားမျိုနွယ်စုနှင့် အရှုပ်အထွေးကြား ပို့လွှတ်လိုက်သလို ဖြစ်မနေဘူးလား

မိုဝူကျိကို မည်သူကမှ စကားမပြောရဲကြသော်လည်း လူများစွာက မိုဝူကျိအား ကြည့်နေကြဆဲ ဖြစ်သည်။ သူတို့က မိုဝူကျိသည် ယခု ဘယ်သွားမလဲဟု သိချင်နေကြသည်။ တခို့က မိုဝူကျိနှင့် စကားပြောချင်ပြီး မည်သည့်နေရာ၌ နေနေသည်ကိုလည်း သိချင်ကြသည်။ ဤနည်းလမ်းဖြင့် နတ်ဘုရားမျိုးနွယ်စုမှ လူများ ရောက်လာသည့်အခါ သူတို့က နတ်ဘုရားမျိုးနွယ်စုဆီ တင်ပြပြီး ဆုလာဘ်များ ရယူနိုင်မည် မဟုတ်ပါလော။

“ သူက ဘယ်သူလဲဆိုတာ သိပြီ ထင်တယ် ” လူအုပ်ထဲက တစ်ယောက်က အလန့်တကြား အော်ပြောလိုက်သည်။

“ ဘယ်သူလဲ ” လူများစွာက တစ်ချိန်တည်း မေးလိုက်ကြသည်။

“ သူက ကောင်းကင်ဘုံအလွန်မြို့မှာ ဆေးလုံးအိမ်တော် ဖွင့်ခဲ့တဲ့ အဲဒီ မိုဝူကျိလေ …. ကျုပ်ကြားတာတော့ သူက မီဖေးကုန်သည်အိမ်တော်က အင်မော်တယ် ဧကရာဇ် နှစ်ယောက်ကို သတ်ပစ်ခဲ့တာတဲ့  ”

“ ဟုတ်တယ် သူပဲ ။ ငါလည်း သူ စကြဝဠာအစွန်း ရောက်မလာခင် မီဖေးကုန်သည်အိမ်တော်ကို ဝင်ပြီး ဖျက်စီးခဲ့တယ်ဆိုပြီး ကြားလိုက်ရသေးတယ်။ သူက သူတို့ရဲ့ အင်မော်တယ် ဧကရာဇ် ယူရှင်းကိုတောင် သတ်ပစ်ခဲ့တာတဲ့ ”

“ အရမ်းအားကောင်းလိုက်တာ ”

“ သူက မီဖေးကုန်သွယ်ရေး အဖွဲ့ဆီ သွားမှာ အသေအချာပဲ။ သူ ဦးတည်နေတဲ့ နေရာကို ကြည့်လိုက်ကြပါဦး ”

“ မြန်မြန် ကြည့်ကြည့်ကြ … ပွဲကောင်းကောင်းလေး ကြည့်ရတော့မယ်။ ဒီနှစ်တွေမှာ မီဖေးကုန်သွယ်ရေးအဖွဲ့က ကောင်းကင်ဘုံအလွန်မြို့ကနေ အကျိုးအမြတ် အများကြီးရထားတာ .. သူတို့က တခြားဆေးလုံးအိမ်တော်တွေကို ပစ္စည်းကောင်းကောင်း ရောင်းခွင့် မပေးဘူး။ ဒီတစ်ကြိမ်တော့ သူတို့တွေ လူမှားပြီး စော်ကားမိလိုက်တာပဲ ”

“ ဒါပေမဲ့ မီဖေးကုန်သွယ်ရေးအဖွဲ့က နတ်ဘုရားမျိုးနွယ် မဟုတ်ဘူးလေ။ နတ်ဘုရားမျိုးနွယ်စုရဲ့ အဆင့်မြင့် ကျင့်ကြံသူ တော်တော်များများက ဒီမှာ မရှိကြပေမဲ့ မီဖေးရဲ့ အဆင့်မြင့် ကျင့်ကြံသူတွေကတော့ ရှိနေလိမ့်မယ် ”

………….…

“ အိမ်တော်သခင်မို …” မိုဝူကျိက မီဖေးကုန်သွယ်ရေး အဖွဲ့ရှေ့ ရောက်လာသည့်အခါ ဝတ်ရုံစိမ်းနှင့် အမျိုးသားက အလျှင်အမြန် ထွက်လာပြီး နှုတ်ဆက်လေ၏။

မိုဝူကျိက ထိုလူကို မှတ်မိပေသည်။ ထိုသူမှာ မီဖေးကုန်သွယ်ရေး အဖွဲ့၌ တာဝန်ခံ ဖြစ်ပြီး သူ စကြဝဠာအစွန်းဆီ ရောက်ရှိလာစဉ်က ထိုလူက သူ့ကိုယ်သူ မီဖေးကုန်သွယ်ရေး အဖွဲ့၏ တာဝန်ခံဟု မိတ်ဆက်ကာ  အဖွဲ့ဒုခေါင်းဆောင်က သူ့အား ဖိတ်ကြားလိုကြောင်း လာပြောသောသူ ဖြစ်သည်။

“ ထွက်သွားစမ်း … ” မိုဝူကျိက လက်ဝါးတစ်ချက်သာ ရိုက်လွှတ်လိုက်သည်။ ဤအင်မော်တယ်ဘုရင် တာဝန်ခံက မီတာဆယ်ချီ လွှင့်ထွက်သွားကာ မြေပြင်ပေါ် ဗုန်းခနဲ ကျရောက်သွားပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။

မိုဝူကျိက သူ့ဆီ ကျရောက်လာသော စိတ်စွမ်းအားများစွာကို ခံစားမိလိုက်သည်။ သို့သော်လည်း ထိုစိတ်စွမ်းအားများက သူ့အား စစ်ဆေးကြည့်နေကြရုံသာ ဖြစ်၏။ မိုဝူကျိက နှာခေါင်းရှုံ့ကာ  စကြဝဠာအစွန်းမှာ သူတို့တံခါးရှေ့၌ ရှိသော ကိုယ့်ကိစ္စကိုသာ အာရုံစိုက်ကြသော လူများသာ ဖြစ်ကြသည်။

 ကောင်းတယ် …. အရမ်းကောင်းတယ်

သူ့လခြမ်းကွေး ပုဆိန်လှံရှည်က လေထုထဲ စက်ဝန်းပြတ်တစ်ခု ထုတ်လွှင့်လိုက်သည်။ ထိုငွေရောင် ပုဆိန်လှံရှည် အလင်းချက်က မီဖေးကုန်သွယ်ရေး အဖွဲ့တံခါးဆီ ရောက်ရှိသွားသည်။

“ ဘန်း ” တံခါးအထက်၌ ရွှေရောင်စာလုံး သုံးလုံးမှာ ပြာဖြစ်သွားတော့သည်။ ပြောရမည်ဆိုလျှင် တံခါးတစ်ချပ်လုံး အမှုန့်ဖြစ်သွားခြင်း ဖြစ်ပေသည်။

မိုဝူကျိက အမှန်ပင် လွတ်လပ်လှသည်။ ထိုနှစ် ကောင်းကင်ဘုံအလွန်မြို့ထဲ၌ ဆေးလုံးအိမ်တော် ဖွင့်ခဲ့စဉ်အခါက သူက မီဖေးကုန်သွယ်ရေး အိမ်တော်အပေါ် ရန်မလုပ်ခဲ့သော်လည်း သူတို့က သူ့ကို လာနှောင့်ယှက်နေသေး၏။ ယနေ့ သူက အတိုးပါ ပြန်ယူရမည်။

“ ရပ်စမ်း ” အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် အဝါရောင်ဝတ်ရုံနှင့် လူလတ်အရွယ် အမျိုးသားက အပျက်အစီးပုံဆီ ရောက်ရှိလာသည်။

ဤအဝါရောင်ဝတ်ရုံနှင့် အမျိုးသားက မတိုက်ခိုက်ပေ။ ထို့အစား သူက  အေးစက်စွာ ပြောလိုက်သည်  “ အိမ်တော်သခင်မို … ကျုပ်ရဲ့ မီဖေးကုန်သွယ်ရေး အဖွဲ့ကို အကြောင်းအရင်းမရှိဘဲ ဘာလို့ တိုက်ခိုက်ရတာလဲ ”

***

All Chapters