ထူးခြားသောကျင့်ကြံရေးအဖွဲ့
Vol. 69 Ch. 957
အန်လင်းသည် စာပို့လိုက်ပါသော်လည်း မည်သူကမှ တုံ့ပြန်မလာကြပေ။
ကျင့်ကြံသူများ အလုပ်ရှုပ်နေခြင်းကြောင့် ဖြစ်နိုင်ပါသော်လည်း အဖွဲ့မှာ ထူးထူးခြားခြား ငြိမ်သက်နေသည်။
အန်လင်း အနည်းငယ်တွေးကာ အဖွဲ့ခေါင်းဆောင်အား ခေါ်ကြည့်ရန် ပြင်လိုက်စဥ်မှာပင် အဖွဲ့သားတစ်ဦးမှ တုံ့ပြန်လာသည်။
လွှမ်းမိုးနိုင်သော ဓားမော့သခင်ကြီး : "ဟမ့်.... ငါမင်းကို သိလည်းမသိပါလား။ အဖွဲ့ဝင်အသစ်လား။"
အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး အန်ကလေး : "လူသစ်လေးကို အစ်ကိုကြီးကပဲ ဂရုစိုက်ပေးပါဦး (သနားစရာပုံလေးဖြင့်)
အန်လင်းမှာ သနားစရာကောင်းအောင် ဟန်ဆောင်မည်ဟု ဆုံးဖြတ်လိုက်သည်။
တာအိုသခင်ကြီးမိုးကြိုး : "အဖွဲ့ဝင်အသစ်က စည်းကမ်းမရှိကြတော့ဘူးပဲ။ ဒီအဖွဲ့ထဲမှာ စာပို့ခွင့်ရဖို့ လွယ်တယ်ထင်နေလား။ မိန်းကလေး အဝတ်အစားနဲ့ ဓာတ်ပုံရိုက်ပြီး အသံမက်ဆေ့ပါ ပို့ပေးစမ်း...... ဟားဟားဟား...."
အန်လင်း မျက်နှာပျက်သွားသည်။
ဒီအဖွဲ့က တစ်နေ့တခြား ကြောင်တောင်တောင် နိုင်လာတာပဲ....
လွှမ်းမိုးနိုင်သော ဓားမော့သခင်ကြီး : "မိုးကြိုး.... အရူးလုပ်မနေနဲ့။ လူသစ်လေး ကြောက်သွားဦးမယ်။ အန်ကလေး စိတ်မပူနဲ့နော်။ တစ်ခုခု လိုအပ်ရင် ငါ့ဆီသာ စာပို့လိုက်။"
အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး အန်ကလေး : "ကျေးဇူးတင်ပါတယ် စီနီယာ လွှမ်းမိုးနိုင်သော ဓားမော့သခင်ကြီး...."
လွှမ်းမိုးနိုင်သော ဓားမော့သခင်ကြီးမှာ လက်အောက်ငယ်သားတစ်ယောက် ရောက်ရှိလာသောကြောင့် အလွန်အမင်း စိတ်ကျေနပ်နေမိသည်။
ထိုအချိန်တွင် အဖွဲ့ထဲသို့ စာတစ်စောင် ဝင်ရောက်လာသည်။
ကယ်တင်ရှင် : "!!!"
လွှမ်းမိုးနိုင်သော ဓားမော့သခင်ကြီး ဝမ်းသာသွားရသည်။
"ဝိုး...... ခေါင်းဆောင် ကယ်တင်ရှင်ပါလား။ အခု အားပြီပေါ့လေ။"
ကယ်တင်ရှင်မှာ မယုံကြည်နိုင်သော ရုပ်ပုံတစ်ခု ပေးပို့လာသည်။
"သောက်ကျိုးနည်း...... ငါပဲအမြင်မှားနေတာလား။ အဆိပ်သခင်က လိုင်းပေါ်ရောက်နေတယ်ပေါ့လေ။"
တာအိုသခင်ကြီးမိုးကြိုး ကြောင်တောင်တောင် ဖြစ်သွားသည်။
"အဆိပ်သခင်ကြီးတဲ့လား။ ဘယ်သူ့ကိုမှ မမြင်မိပါဘူး။"
အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး အန်ကလေး : "ငါ့ကို ဓားအင်မော်တယ် အန်လင်းလို့ပဲခေါ်ပါ။"
ကယ်တင်ရှင် စိတ်လှုပ်ရှားသွားသည်။
"ဓားအင်မော်တယ် အန်လင်း...... မင်းပြန်လာပြီပေါ့။"
ထျန်းလင်းလင်းလည်း အဖွဲ့ထဲ ရောက်ရှိလာသည်။ သူမ၏ ကြိုးစားမှုများကြောင့် အဖွဲ့ထဲတွင် စီမံခန့်ခွဲရေး ရာထူးအား ရရှိထားလေပြီ။
ထျန်းလင်းလင်းမှာ တစ်ဖွဲ့လုံးအား ခေါ်လိုက်သည်။
"အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး အန်ကလေးကို ကြိုဆိုလိုက်ကြရအောင်။"
အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး အန်ကလေး : "ဒီလိုလုပ်ဖို့ မလိုပါဘူး။"
တာအိုသခင် တောသားလေးနွားကြီး : "သောက်ကျိုးနည်း....."
အသည်းကွဲသမားလေး အကြားအမြင်ပညာရှင် : "ကြိုဆိုပါတယ် ဓားအင်မော်တယ် သခင်ကြီးအန်လင်း...."
သာယာသည့် အသံပိုင်ရှင် နတ်သမီးလေး : "ကြိုဆိုပါတယ် ဓားအင်မော်တယ် သခင်ကြီးအန်လင်း...."
အဏုမြူ နတ်သမီးလေး : "ကြိုဆိုပါတယ် ဓားအင်မော်တယ် သခင်ကြီးအန်လင်း...."
ဓားအင်မော်တယ် မြစ်စိမ်း : "ကြိုဆိုပါတယ် ဓားအင်မော်တယ် သခင်ကြီးအန်လင်း...."
..........
အဖွဲ့ဝင်များမှာ တစ်ဦးပြီးတစ်ဦး နှုတ်ဆက်လာကြသောကြောင့် လွှမ်းမိုးနိုင်သော ဓားမော့သခင်ကြီးနှင့် တာအိုသခင်ကြီး မိုးကြိုးတို့သည်ပင် ထိတ်လန့်လာမိကြသည်။
၎င်းတို့ကြိုဆိုနေသူမှာ အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး အန်ကလေးပင်။
အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး အန်ကလေး : "ကြိုဆိုပေးကြတာ ကျေးဇူးတင်ပါတယ်။ (ရယ်နေသောပုံဖြင့်)"
လွှမ်းမိုးနိုင်သော ဓားမော့သခင်ကြီးနှင့် တာအိုသခင်ကြီး မိုးကြိုးမှာ အသက်ရှူသံများ ပြင်းလာကြသည်။
ဆရာ့ဆရာကြီးရှေ့မှာ ငါတို့က ဖင်ယားမိလိုက်တာလား..........
၎င်းတို့သည် အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး အန်ကလေးအား လူသစ်မှတ်ကာ အနိုင်ကျင့်ရန်ပင် လုပ်ခဲ့ကြသေးသည်။
ငါတို့တော့သွားပြီ.......
လွှမ်းမိုးနိုင်သော ဓားမော့သခင်ကြီးမှ အသံမက်ဆေ့ ပို့လာသည်။
"ဓားအင်မော်တယ် သခင်ကြီး အန်လင်းကို ကြိုဆိုပါတယ်။ ကျွန်တော့်ရဲ့ ရိုင်းပြမှုကို ခွင့်လွှတ်ပေးပါခင်ဗျ။"
လွှမ်းမိုးနိုင်သော ဓားမော့သခင်ကြီးမှာ အချိန်မဆွဲပဲ တောင်းပန်လိုက်သည်။
အခြားကျင့်ကြံသူများမှာလည်း အန်လင်း၏ အစောပိုင်း စာများကိုဖတ်ကာ ရယ်ရမလို၊ ငိုရမလို ဖြစ်သွားရသည်။
အားလုံးသည် တာအိုသခင်ကြီး မိုးကြိုး၏ တောင်းပန်စာကို စောင့်နေပါသော်လည်း ထူးထူးခြားခြားပင် မည်သည့်စာမှ ရောက်မလာခဲ့ပေ။
တာအိုသခင်ကြီး မိုးကြိုးက မောက်မာလှချည်လား......
စင်စစ်တွင်မူ ၎င်းသည် အကြောက်တရားကြောင့် ကြက်သေသေနေခြင်းပင်။
ထိုအချိန်တွင် အဖွဲ့ထဲသို့ မက်ဆေ့တစ်စောင် ရောက်ရှိလာသည်။
ထိုသည်မှာ ပုံတစ်ပုံ ဖြစ်သည်။
ဗလတောင့်တောင့်နှင့် အမျိုးသားတစ်ဦးသည် အပြာရောင် အိမ်ဖော်ဝတ်စုံလေး ဆင်မြန်းထားကာ တောင်းပန်နေသော မျက်လုံးများကို အထင်းသား တွေ့နေရသည်။
တာအိုသခင်ကြီး မိုးကြိုး : "ဓားအင်မော်တယ် သခင်ကြီး အန်လင်းအတွက် ဓာတ်ပုံလက်ဆောင်ပါ။ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါနော်။"
အန်လင်း : "........."
အဖွဲ့သားများ : "......."
အဖွဲ့တစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ်သွားရသည်။
ထျန်းလင်းလင်း : "ဝိုး.... မိုက်တယ်ဟေ့။"
လွှမ်းမိုးနိုင်သော ဓားမော့သခင်ကြီး : "ကြောက်စရာကြီးဟေ့။ မိုးကြိုးက မရိုးသားဘူးပဲ။"
တာအိုသခင် တောသားလေးနွားကြီး : "ဝေါ့....."
သာယာသည့် အသံပိုင်ရှင် နတ်သမီးလေး : "ဝေါ့...."
အဏုမြူနတ်သမီး : "ဝေါ့....."
ကယ်တင်ရှင် : "ဝေါ့....."
ရွှေကျောက်စိမ်း : "သူ့ရဲ့အသက်ရှင်စိတ်က မသေးဘူးပဲ။"
ဉာဏ်အလင်းပွင့်နေသည့် ငပျင်းလေး : "ငါဘာအမှားလုပ်မိလို့ ဒါကြီးကို ကြည့်နေရတာလဲ။"
အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး အန်ကလေး : "မိုးကြိုး.... အစကတော့ ငါလျှော်ပေးလိုက်မလို့ပဲ။ အခုတော့ စိတ်ပြောင်းသွားပြီ။"
တာအိုသခင်ကြီး မိုးကြိုးမှာ အခြေအနေအား ဖြေရှင်းရန် ကြိုးစားလိုက်သည်။
"စီနီယာအန်လင်းရယ် အဲ့လိုမလုပ်ပါနဲ့။ မကြိုက်ရင် အခုချက်ချင်း ပြန်ဖျက်လိုက်ပါ့မယ်။"
တာအိုသခင်ကြီး မိုးကြိုးမှာ ပုံအားဖျက်ပစ်လိုက်သည်။
တစ်ဖွဲ့လုံးမှာ ထိုကိစ္စအား ဆွေးနွေးနေကြဆဲပင်။ အန်လင်း၏ မိန်းကလေးပုံသည် တာအိုသခင်ကြီး မိုးကြိုးထက် ပိုမိုလှပသည်ဟု ဆိုကြသည်။
အန်လင်းမှာ စကားလမ်းကြောင်း ပြောင်းလိုက်ရသည်။
"စီနီယာတို့..... ငါ့မှာ မေးစရာရှိတယ်။"
သူ၏စကားသည် အဖွဲ့အပေါ် လွှမ်းမိုးမှု ရှိလှသည်။
အားလုံးမှာ အန်လင်း၏ မက်ဆေ့ကိုသာ စောင့်ဆိုင်းလိုက်ကြသည်။
အန်လင်းမှာလည်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။
အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး အန်ကလေး : "ကမ္ဘာကြီး ပူနွေးလာတာကို ဘယ်လိုထင်ကြလဲ။"
ရွှေကျောက်စိမ်း : "တာအိုသခင် အန်လင်း.... အဲ့ဒါက ငါတို့အတွက်လည်း ပဟေဠိပါပဲ။"
ကယ်တင်ရှင် : "ဘာလို့အဲ့လို ဖြစ်တာလဲတော့ မပြောတတ်ဘူး။ ဒါပေမယ့် လော့ယန်မြို့မှာ ပုံမှန်မဟုတ်တဲ့ စွမ်းအင်စီးကြောင်းတွေ ထောက်လှမ်းမိတယ်။"
သာယာသည့် အသံပိုင်ရှင် နတ်သမီးလေး : "ယင်ကျိုးကျွန်းရဲ့ ဖူထျန်းဘက်မှာလည်း သက်ရှိစွမ်းအင်တွေ အရမ်းအားကောင်းနေတယ်။"
ကောင်းကင်နတ်မိမယ် မြေခွေးနီ : "ချင်းချိုးမှော်နယ်မြေဘက်မှာရောပဲ။"
............
စာများမှာ တစ်စောင်ပြီးတစ်စောင် တက်လာသည်။
အန်လင်းမှာ ကမ္ဘာ့မြေပုံအား ထုတ်လိုက်သည်။
အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး အန်ကလေး : "အဆင်ပြေမယ်ဆိုရင် တည်နေရာတွေ ပို့ပေးပါလား။"
သူသည် တည်နေရာများအား ချက်ချင်းရရှိလိုက်သည်။
ထျန်းလင်းလင်းမှာ အနီရောင် ဘောပင်ဖြင့် ထိုတည်နေရာများအား မှတ်လိုက်သည်။
ထိုအချိန်မှာပင် ချောမောခန့်ညားသော အမျိုးသားတစ်ဦးမှာ အန်လင်းဘေးသို့ ရောက်ရှိလာသည်။
ထျန်းလင်းလင်းသည်ပင် ထိုအမျိုးသားအား ငေးမောသွားမိသည်။
ချောလိုက်တာ...... နှစ်နှစ်လောက် မမြင်ရတာ ပိုချောလာတာပဲ...... သူ့ရင်ခွင်ထဲသာ ပစ်ဝင်လိုက်ချင်တယ်....
ထျန်းလင်းလင်းမှာ အန်လင်းအားကြည့်ကာ စိတ်ကိုတည်ငြိမ်စေလိုက်ရသည်။
"အစ်ကိုကြီးချန် ပြန်ရောက်လာပြီပဲ။"
အန်လင်း ဝမ်းသာသွားသည်။
ရွှမ်းယွမ်ချန် နွေးထွေးစွာ ပြုံးလိုက်သည်။
"စွမ်းအင်စီးကြောင်း ထောက်လှမ်းစက်တွေ တပ်ခဲ့ပြီ။ မင်းရောဘာလုပ်နေလဲ။"
အန်လင်းမှာ မြေပုံအား ညွှန်ပြလိုက်သည်။
"ဒါတွေက စွမ်းအင်စီးကြောင်း မတည်ငြိမ်တဲ့ တည်နေရာတွေလေ။"
ရွှမ်းယွမ်ချန်မှာ မြေပုံအားကြည့်ကာ အံ့အားသင့်သွားသည်။
"တစ်ခုခုတော့ မှားနေပြီ။"