← Chapters

အခန်း(၅၇၉) ကျောက်စိမ်းလို ချောမွေ့နူးညံ့ခြင်း

Vol. 42 Ch. 579

အခန်း(၅၇၉) ကျောက်စိမ်းလို ချောမွေ့နူးညံ့ခြင်း

Vol. 42 Ch. 579

အခန်း(၅၇၉) ကျောက်စိမ်းလို ချောမွေ့နူးညံ့ခြင်း

လက်ထောက်ခေါင်းဆောင်ကျန်းနှင့် ရွှယ်မိန်လီတို့လည်း ဘာမှ မတတ်နိုင်ပါ။

"စကားမစပ် အစ်ကိုလတ်လည်း ဒီရောက်နေတယ်။ မနက်ဖြန်ကျရင် ကျွန်တော် အစ်ကိုလတ်နဲ့ အပြင်သွားလိုက်ဦးမယ်။ ခေါင်းကိုင်အမေက မနက်ဖြန် ညနေကျရင် ညစာလာစားဖို့ မှာလိုက်တယ်" ကျန်းကမ်းက ပြောလိုက်ပါသည်။

"ဒါဆို နင့်ခေါင်းကိုင်အမေနဲ့ ခေါင်းကိုင်အဖေတို့ကို မနက်ဖြန် ဟင်းချက်ပစ္စည်းတွေ ဘာမှ မဝယ်ထားနဲ့လို့ ပြောလိုက်ဦး။ နင့်အဖေနဲ့ ငါဝယ်ခဲ့ပေးမယ်" ရွှယ်မိန်လီက ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့" ကျန်းကမ်းက ခေါင်းငြိမ့်လိုက်ပါသည်။

သူလည်း ပင်ပန်းနေပါပြီ။ ကိုယ်လက်သန့်စင်လိုက်ပြီး သူ့အခန်းထဲသူ ဝင်အိပ်လိုက်သည်။

အငယ်ဆုံးသမီးလေး ကျန်းယွီက သူ့အစ်ကို ယူလာသည့် မုန့်ပဲသရေစာများကို စားသောက်နေပါသည်။ "အရသာရှိလိုက်တာ"

ရွှယ်မိန်လီက ပြုံးလိုက်ပါသည်။ သူမလည်း ထိုင်လိုက်ပြီး တစ်စိပ်လောက်စားကြည့်လိုက်သည်။ သူမယောက်ျားအတွက်လည် တစ်ခု ယူပေးလိုက်ပြီး ပြောလိုက်သည်။ "ကျိုးမိသားစုက တော်တော် ရက်ရောတာပဲနော်။"

အမှန်ပင်။ သူတို့ တစ်ခုခု မျှော်လင့်နေတာ မဟုတ်ပါ။ သို့သော်လည်း ကျိုးမိသားစုက တကယ်ပဲ သဘောကောင်းပြီး ပွင့်လင်းကြသည်။ ဒီလိုလူမျိုးတွေနဲ့ ဆက်ဆံရတာကို သဘောမကျတဲ့လူ ရှိနိုင်မည် မဟုတ်ပါ။

ဒီမိသားစုနဲ့ ဆက်ဆံရေးကို သူမ ဆက်ပြီး ထိန်းသိမ်းသွားချင်ပါသည်။

ဘာပဲဖြစ်ဖြစ် သူတို့က နာမည်ကောင်းကြသည်။ သူ့သားကိုပဲကြည့်ပါဦး။ အချိန် ဘယ်လောက်မှ မရှိသေးသော်လည်း သူ့စိတ်ဓာတ်က ပြောင်းလဲသွားသည့်ပုံပေါ်သည်။ အရင်တုန်းကဆို အနည်းငယ် ဆင်ခြင်တုံတရား ကင်းမဲ့သူဖြစ်သည်။

"ဒီဆွေမျိုးတွေက တကယ်တော်ကြပါတယ်။ နောက်ဆို ပိုပြီး အဆက်အဆံ လုပ်ရမှာပေါ့" လက်ထောက်ခေါင်းဆောင်ကျန်းကလည်း ခေါင်းငြိမ့်လိုက်ပါသည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ကတော့ ထိုအချိန်တွင် အိမ်မှာ တီဗီကြည့်နေကြသည်။ လင်းချင်းဟယ်က ထိုင်ခုံပေါ်မှာ ထိုင်နေပြီး ကျိုးချင်းပိုင်က စာရင်းများကို စစ်နေပါသည်။

သားလတ်က စာရင်းများ ယူလာခဲ့ခြင်း ဖြစ်သည်။ ပြန်လည်ပြုပြင်ပြီးနောက် ဝင်ငွေက တကယ်ပဲ အရင်ကထက်မြင့်နေပါသည်။

"အိမ်မှာ ထွေထွေထူးထူး ဘာမှမဖြစ်ပါဘူး။ အဖေတို့ ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်ကြပါ။" ကျိုးရွှမ်က ပြောလိုက်ပါသည်။

"စိတ်မပူပါဘူး။ နင်တို့ ညီအစ်ကိုနှစ်ယောက် ရှိနေတာပဲ။ နင်တို့လို ပေကျင်းတက္ကသိုလ် ကျောင်းသားနှစ်ယောက်က အဲ့ဒီဆိုင်တွေကိုတောင် ကောင်းကောင်း မစီမံနိုင်ဘူးဆိုရင် ငါအသက်ကြီးလာရင် နင်တို့ ငါ့ကို စောင့်ရှောက်ဖို့ မျှော်လင့်မနေတော့ဘူး" လင်းချင်းဟယ်က ရယ်မောလိုက်ပါသည်။

ကျိုးရွှမ်က ရယ်မောလိုက်ပါသည်။

ကျိုးချင်းပိုင်က ပြောလိုက်သည်။ "ဘာလို့ စီးကရက်ဆိုင် ရောင်းအားက အများကြီး တက်လာတာလဲ။"

"ညီငယ် စစ်ပြီးသွားပြီ။ ပြည်ပက တင်သွင်းတဲ့ စီးကရက်တွေကို ယူထားတာလေ။ ရောင်းအားက တော်တော်လေး ကောင်းလာတယ်" ကျိုးရွှမ်က ရှင်းပြလိုက်ပါသည်။

"ဖုန်းဆင်ပြီးတော့ နင့်အစ်ကိုကြီး ဖုန်းဆက်သေးလား" လင်းချင်းဟယ်က မေးလိုက်သည်။

"အဲ့ဒီကို ဖုန်းဆက်ကြည့်တော့ သူတို့အစ်ကိုကြီးကို ပြောပေးမယ်လို့ ပြောသွားတာပဲ။ အစ်ကိုကြီးက တာဝန်နဲ့ ရှေ့တန်းထွက်နေရပြီး ပြန်မရောက်သေးတာဖြစ်မယ်" ကျိုးရွှမ်က ပြောလိုက်ပါသည်။

ကျိုးချင်းပိုင်က သူ့သားကိုစိုက်ကြည့်လိုက်သည်။ ကျိုးရွှမ် သူ့စကားအမှားပါသွားတာ သိလိုက်ရပြီး သူ့အမေကို ကြည့်လိုက်ပါသည်။ သူ့အမေ မျက်နှာ အနည်းငယ် မှိုင်သွားသည်ကို မြင်လိုက်ရသည်။

"အမေ အစ်ကိုကြီးကို စိတ်ပူစရာ မလိုပါဘူး။ သူဘယ်လိုပုံစံမျိုးလဲ အမေလည်း သိပါတယ်။ တကယ်တော့ ကျွန်တော်တို့ ညီအစ်ကိုတွေကို တစ်ယောက်မှ စိတ်ပူဖို့ မလိုဘူး" ကျိုးရွှမ်က အမြန်နှစ်သိမ့်လိုက်ပါသည်။

လင်းချင်းဟယ်က သူ့ကိုရွှင်ပျစွာ မျက်စောင်းရွယ်လိုက်ပါသည်။ "နင်မပြောလည်း ဘာမှမဖြစ်ဘူး။ နင့်အစ်ကိုကြီးနဲ့ ဖုန်းမပြောရတာ ကြာပြီမို့လို့ သတိရသွားတာပါ။”

သူမ၏ သားကြီးကို လွမ်းနေတာတော့ အမှန်ပဲဖြစ်ပါသည်။ အမှန်ပင်။ သူမ စိတ်ပူနေပါသေးသည်။ သို့သော် ရှောင်လွှဲလို့မရမှန်းလည်း သူမ သိ၏။ ဘာပဲဖြစ်ဖြစ် သူမ၏ သားက ဒီအလုပ်ကို လုပ်ကိုင်သဖြင့် သူ့တာဝန်နဲ့ ဝတ္တရားပဲဖြစ်သည်။

" အစ်ကိုကြီးဆီက ဖုန်းရရင် အစ်ကိုကြီးနဲ့ ဖုန်းပြောဖို့ အချိန်တစ်ခုလောက် ချိန်းပေးဖို့ ဘွားလေးမာကို ပြောခဲ့တယ်။ ဘွားလေးမာက ညီငယ်ကို ပြန်ပြောလိမ့်မယ်။ မနက်ဖြန်ကျရင် ကျွန်တော် ညီငယ်ကို သူ ဒီကို ခေါ်လို့ရမလားလို့ ကျွန်တော်ဖုန်းဆက်ပြီး မေးလိုက်မယ်။ " ကျိုးရွှမ်က ပြောလိုက်ပါသည်။

အနည်းငယ် အလုပ်ရှုပ်သော်လည်း လင်းချင်းဟယ်က သဘောတူလိုက်ပါသည်။ "ဟုတ်ပြီ"

ကျိုးရွှမ်က သက်ပြင်းချလိုက်မိပါသည်။

" နင်တစ်နေကုန် ခရီးပန်းလာတာ စောစောသွားနားတော့လေ" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

"ဟုတ်ကဲ့" ကျိုးရွှမ်က အရင်သွားနားလိုက်ပါသည်။

လင်းချင်းဟယ်က နှင်းတောင်ပေါ်က မြေခွေးပျံဇာတ်လမ်းကို ခဏလောက် ကြည့်လိုက်ပြီး ကျိုးချင်းပိုင်နဲ့ အတူတူ သွားနားလိုက်ပါသည်။ သူမ ပြောလိုက်၏။ "သားကြီးရဲ့ အလုပ်က စိတ်ပူစရာပဲနော်။"

"သူ့စွမ်းရည်က ကိုယ့်ထက်တောင် ပိုမြင့်ပါသေးတယ်။ စိတ်မပူပါနဲ့" ကျိုးချင်းပိုင်က ချော့လိုက်သည်။

သူ့သားအကြောင်း သူသိပါသည်။ ဒီကျောင်းသားက ဆရာ့ထက်သာလွန်သည်။ ဘာမှစိတ်ပူဖို့ မလိုအပ်ပါ။ ထို့အပြင် သားကြီးက သူ့အကြောင်းသူသိပါသည်။

လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပါသည်။ သိပ်မကြာခင် သူမ အိပ်ပျော်သွားပါသည်။ ကျိုးချင်းပိုင်လည်း သူမနဲ့အတူ အိပ်လိုက်သည်။

နောက််တစ်နေ့မနက်စောစောတွင် ကျိုးရွှမ်က အပြေးလေ့ကျင့်ခန်း ထလုပ်သည်။ ကျိုးချင်းပိုင်က သူ့အမေကို ဂရုစိုက်ဖို့ မှာခဲ့ပြီး ကားဖြင့် ပင်လယ်စာ သွားဝယ်ခဲ့ပါသည်။

"အဖေ ဒါကျွန်တော်တို့ ကားလား" ကျိုးရွှမ် မျက်လုံးများ ပြူးကျယ်သွားသည်။

ကျိုးကွေ့လိုင်က တော်တော် အကျင့်မကောင်းပါ။ သူတို့မိသားစု ကားဝယ်ထားသည့်အကြောင်းကိုပင် မပြောခဲ့ပေ။ မနေ့ကတည်းက သူမြင်ခဲ့သော်လည်း သူများကားဟု ထင်ခဲ့သည်။

"အေး" ကျိုးချင်းပိုင်က ပုံမှန်အတိုင်း ပြန်ဖြေလိုက်ပြီး ပင်လယ်စာ သွားဝယ်ပါသည်။

ကျိုးရွှမ်က အိမ်နားမှာပဲ ပြေးနေပါသည်။ အဝေးကြီးမသွားခဲ့ပါ။ ဘာပဲဖြစ်ဖြစ် ဒီနေရာအကြောင်း ကောင်းကောင်း မသိသေးဘဲ သူ့အမေကိုလည်း ဂရုစိုက်ရဦးမည်ဖြစ်သည်။

အိမ်နီးချင်းကော်မိသားစုအိမ်က ကောင်မလေးတစ်ယောက်က တံခါးဖွင့်လိုက်ပြီး ကျိုးရွှမ် ပြေးနေသည်ကို မြင်သွားပါသည်။ အစကတော့ ကြက်သေ သေသွားသည်။ ထို့နောက် သူမမျက်နှာ ရှက်သွေးဖြာသွားခဲ့ပါသည်။

ကျိုးညီအစ်ကိုသုံးယောက်တွင် သားကြီးက အရပ်အရှည်ဆုံး၊ သားငယ်က အပြောအကောင်းဆုံးနှင့် သားလတ်က အချောဆုံး ဖြစ်ပါသည်။

အရှေ့နှစ်ယောက်ကလည်း ချောမောကြပါသည်။ သို့သော်လည်း အချောဆုံးကတော့ သားလတ်ဖြစ်သည်။ အထူးသဖြင့် သူ့အရှိန်အဝါက နူးညံ့ပြီး သိမ်မွေ့သောကြောင့်ဖြစ်သည်။ ကျောက်စိမ်းလို နူးညံ့သိမ်မွေ့ပါသည်။

အခု အရွယ်ရောက်လာပြီဖြစ်ပြီး အသက် ၁၉ နှစ် ရှိနေပါပြီ။ မိန်းကလေးငယ်များအတွက် အလွန် မျက်စိကျစရာကောင်းပါသည်။

ကော်မိသားစုက ကောင်မလေးမှာ ကော်မြောင်ကျွင်းဟု ခေါ်သည်။ သူမကလည်း အသက် ၁၉ နှစ် ဖြစ်ပါသည်။ သူမ လက်ထပ်ရမည့် အရွယ်ရောက်နေပါပြီ။ သူမ ဒီလိုလူငယ်မျိုးနဲ့ တွေ့လိုက်ရသောအခါ အလွန်ရင်ခုန်သွားသည်ဟု ပြောနိုင်သည်။

သုံးလေးပတ်လောက် ပြေးပြီးနောက် ကျိုးရွှမ်က အိမ်ပြန်ဖို့ ပြင်လိုက်ပါသည်။ ကော်မိသားစု အိမ်က ဖြတ်သွားသောအခါ သူမကို သတိထားမိပါသည်။ သူတို့က အိမ်နီးချင်းဖြစ်ပြီး အိမ်နီးချင်းများ၏ ဆက်ဆံရေးကို မသိသေးသဖြင့် သူ မနှုတ်ဆက်ခဲ့ပါ။

သို့သော်လည်း ကော်မြောင်ကျွင်းက သူမ၏ ရှက်သွေးဖြာနေသော မျက်နှာနဲ့ ရင်ခုန်မှုတို့ကို မထိန်းနိုင်ဘဲ သူအိမ်ထဲဝင်သည်အထိ မျက်လုံးများက လိုက်ကြည့်နေမိသည်။

"နင် ဘာလို့ သွားမဝယ်သေးတာလဲ။ သူများအကျန် လိုချင်လို့လား” အမေကော် ထွက်လာသောအခါ ဘာကြည့်နေမှန်းမသိဘဲ ကြည့်နေကာ တံခါးမှာ ရပ်နေဆဲဖြစ်သည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူမက မကျေနပ်စွာဖြင့် ဆူပူလိုက်ခြင်းဖြစ်ပါသည်။

"အမေ သမီးတစ်ယောက်ယောက်ကို မြင်လိုက်တယ်။ သူက ကျိုးမိသားစုအိမ်ထဲ ဝင်သွားတယ်" ကော်မြောင်ကျွင်းက ရှက်သွေးဖြာသွားပါသည်။

"ကျိုးမိသားစုဟုတ်လား” အမေကော်က မကျေနပ်စွာ ပြောလိုက်သည်။

သူမ၏ မိသားစု၊ သူမ ဒုတိယအစ်ကို၏ မိသားစုနှင့် သူမ၏ ဆွေမျိုးအားလုံးက ဒီအိမ်မှာပဲ နေကြရသည်။ အလွန် လူများသည်။ အစကတော့ ပျန့်မိသားစု၏ အိမ်ကို စျေးနှုန်းနည်းနည်းနဲ့ ဝယ်ယူဖို့ အခွင့်ကောင်းယူခဲ့၏။ ဒီလိုဆို သူမတို့မိသားစု ခွဲနေနိုင်မယ် မဟုတ်လား။ ဒီလိုမျိုး စုပြုံနေစရာ မလိုတော့ပေ။

ကျိုးမိသားစုက အရင်လုယူသွားလိမ့်မည်ဟု မထင်ခဲ့ပေ။ သူတို့က မြို့တော်မှ ဖြစ်ကြသည်ဟု ကြားသည်။ သူတို့ အခြေအမြစ် မရှိဘဲ မြောက်ကြွမြောက်ကြွ လုပ်နေသည်ဟု ထင်မိသောအခါ ဖြစ်ချင်တော့ ကျန်းမိသားစု၏ အမျိုးများ ဖြစ်နေကြပါသည်။

ကျန်းမိသားစုမှာ ဘယ်တုန်းက ဒီလိုအမျိုးတွေ ရသွားသလဲမသိပါ။ သို့သော်လည်း သူတို့ မိသားစုနှစ်စုအကြား ဆက်ဆံရေးက ကောင်းမွန်ပါသည်။ လွန်ခဲ့သည့် ရက်ပိုင်းလောက်တုန်းက ကျန်းအဘိုးအဘွားနှစ်ယောက်မှာ သူတို့မြေးနဲ့အတူတူ မြို့တော်သို့ သွားလည်ပတ်ခဲ့သည်။

"သူက ကျိုးမိသားစုကလား မသိဘူး။ အရပ်ရှည်ပြီး အရမ်းချောတာပဲ" ကော်မြောင်ကျွင်းက ရှက်ရွံ့စွာ ပြောလိုက်ပါသည်။

"တော်လောက်ပြီ။ ငါတို့အိမ်ကို သူတို့တွေ လုယူသွားတာနော်။ သူတို့ ကျိုးမိသားစုကို ငါသိပ်ပြီး ကျေနပ်တာမဟုတ်ဘူး" အမေကော်က ပြန်ပြောလိုက်ပါသည်။

"အမေ သူ့ကို မတွေ့ဖူးသေးပါဘူး" ကော်မြောင်ကျွင်းက အမြန်ပြောလိုက်ပါသည်။

"အရင်က တစ်ယောက်တွေ့ဖူးပါတယ်။ နင်ပြောနေတာ သူမဟုတ်ဘူးလား" အမေကော်က ပြန်ပြောလိုက်သည်။

"သူ မဟုတ်ဘူး။ အဲ့ဒီကောင်လေးကို သမီးမြင်ဖူးပါတယ်။ သူက အရပ်ရှည်ပြီး အသက်သိပ်မကြီးသေးဘူး။ ဒါက သူ့အစ်ကိုကြီးဖြစ်မယ် ထင်တယ်" ကွေ့မိန်ကျွန်းက ပြောလိုက်ပါသည်။

သားအမိနှစ်ယောက်က ကျိုးကွေ့လိုင်အကြောင်းကို ပြောနေကြခြင်းဖြစ်သည်။

"သူ့ကို ငါအရင်ကြည့်ပါဦးမယ်။ ဒါပေမယ့် ငါသူတို့ မိသားစုကို သိပ်ပြီး သဘောမကျဘူးနော်” အမေကော်က သတိပေးလိုက်၏။ ကော်မိသားစုရဲ့ အကြံအစည်က ဘယ်လောက်တောင် သိသာလိုက်သလဲ။ သူတို့ အစီအစဥ်ပျက်ခဲ့ရသဖြင့် မကျေနပ်တာ မဆန်းပါ။

သူတို့ သဘောမကျရင်တောင် ကော်မိသားစုကို မကောင်း မဆက်ဆံပေ။ အမေကော်မှာ ကိုယ်ပိုင်အစီအစဥ်များ ရှိနေပါသေးသည်။

All Chapters