← Chapters

မြက်ခင်းပေါ်မှတွေ့ဆုံမှု

Vol. 69 Ch. 958

မြက်ခင်းပေါ်မှတွေ့ဆုံမှု

Vol. 69 Ch. 958

"ဘာဖြစ်လို့လဲ။"

အန်လင်း မေးမြန်းလိုက်သည်။

ထိုအမေးနှင့်အတူ မြေပုံကိုလည်း လေ့လာလိုက်လေသည်။

ရွှမ်းယွမ်ချန်မှာ မည်သည့်စကားမှ မဆိုပဲ အဖြူရောင် အလင်းတစ်ခုဖြင့် အနီရောင်အစက်များအား ဆက်လိုက်သည်။

အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

"ဒါက မန္တာန်ဝင်္ကပါလား။"

ရွှမ်းယွမ်ချန် ခေါင်းညိတ်ပြလိုက်သည်။

"အနီရောင် အစက်တွေက ဗြောက်သောက်ထင်ရပေမယ့် ဆက်ကြည့်လိုက်ရင် ယင်းယန်စက်ဝိုင်း ဖြစ်နေတယ်။ မသိရင် သဘာဝ အစီအရင်ကြီးလိုပဲ။"

အဖြူရောင် အလင်းများသည် ရှုပ်ထွေးလွန်းသော မန္တာန်ဝင်္ကပါတစ်ခုပုံ ဖြစ်လာသည်။

"ဒီမန္တာန်ဝင်္ကပါက ပြီးပြည့်စုံမှု ရှိမနေဘူး။"

အန်လင်းသည် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်ကြောင့် ပြစ်ချက်များအား ရှာတွေ့လိုက်သည်။

ထိုမန္တာန်ဝင်္ကပါအား စွမ်းအင်စီးကြောင်း တစ်ခုလောက်နှင့်ပင် ပြိုကျသွားစေနိုင်သည်။

ရွှမ်းယွမ်ချန် ခေါင်းညိတ်ပြလာသည်။

"ဝင်္ကပါရဲ့ ဆုံမှတ်တချို့ မရှိသေးတာ ဒါမှမဟုတ် ငါတို့ မတွေ့သေးတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် အခုတောင် ပြစ်ချက်ရှာဖို့ ခက်နေပြီ။"

"ဒီမှာလေ။"

အန်လင်းမှာ တည်နေရာတစ်ခုအား ညွှန်ပြလိုက်သည်။

ထိုနေရာမှာ မွန်ဂိုလီးယား တိုင်းပြည် ဖြစ်သည်။

ရွှမ်းယွမ်ချန် : "........."

"ကျောင်းသား အန်လင်းက မန္တာန်ဝင်္ကပါတွေကို ကောင်းကောင်းနားလည်တာပဲ။"

ရွှမ်းယွမ်ချန် မှတ်ချက်ပြုလာသည်။

အန်လင်းမှာ မနေတတ်သလို ဖြစ်သွားရသည်။ သူသည် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်ကြောင့်သာ ထိုကဲ့သို့ ပြစ်ချက်ရှာနိုင်ခဲ့ခြင်းပင်။

၎င်းတို့နှစ်ဦးမှာ အချိန်ဖြုန်းမနေပဲ မွန်ဂိုလီးယားသို့ ထွက်ခွာလာခဲ့သည်။

တီနာသည် တပိုင်၊ အန်လင်းနှင့် ရွှမ်းယွမ်ချန်တို့အားခေါ်ကာ လေဟာနယ် ခုန်ကျော်လိုက်သည်။ အန်လင်းသည် အန်မင်ချွန်နှင့် ထျန်းလင်းလင်းတို့အား ထားခဲ့ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

.............

မြက်ခင်းပြင်တစ်ခုပေါ်၌......

ခရက်......

အနက်ရောင် ဝဲဂယက်တစ်ခု ထွက်ပေါ်လာသည်။

အန်လင်း၊ ရွှမ်းယွမ်ချန်၊ တီနာနှင့် တပိုင်တို့မှာ မြက်ခင်းပြင်၏ ကောင်းကင်ပေါ် ရောက်ရှိလာကြသည်။

"ဒီနေရာက သက်ရှိစွမ်းအင် အားနည်းလွန်းနေတယ်။ မန္တာန်ဝင်္ကပါရဲ့ အဓိကဆုံမှတ်နားမှာဆိုတော့ အားကောင်းနေသင့်တာမလား.... ဝုတ်။"

တပိုင် ရေရွတ်လိုက်သည်။

ရွှမ်းယွမ်ချန်လည်း ကြောင်အမ်းအမ်း ဖြစ်နေမိသည်။

အန်လင်း အသက်ပြင်းပြင်းရှူကာ အံ့ဖွယ်အာရုံအား ဖြန့်ကျက်လိုက်သည်။

"ဒီနေရာ မှန်ပါတယ်။ တခြားတစ်နေရာမှာ သက်ရှိစွမ်းအင်တွေ သွားစုနေတာပါ။"

အန်လင်းမှာ နေရာတစ်ခုသို့ လှမ်းကြည့်လိုက်သည်။

..........

မြက်ခင်းပြင်ပေါ်၌.....

တစ်ကောင်လျှင် ဆယ်မီတာခန့်ရှိသာ နွားများ၊ သိုးများ ကျက်စားနေကြသည်။

အဖြူရောင် သိုးတစ်ကောင်ပေါ်တွင် လှပသော မိန်းမငယ်တစ်ဦး လှဲလျောင်းနေလေသည်။

ဝုန်း.......

အနီးနားမှ ဆူညံသံများ ထွက်ပေါ်နေသည်။

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသား တစ်ဦးသည် လက်သီးကျင့်စဥ်အား လေ့ကျင့်နေသည်။ သူသည် စွမ်းအင်များအား ဖိနှိပ်ထားပါသော်လည်း ထိုးနှက်မှုမှာ ကြမ်းတမ်းနေဆဲပင်။

မြက်ခင်းပြင် တစ်နေရာတွင်မူ အမျိုးသမီးတစ်ဦး တရားထိုင်နေသည်။ သူမသည် ကောင်းကင်အား ရုတ်တရက် မော့ကြည့်လာသည်။

"အမ်...... ငါတို့ ဝင်္ကပါကို ဖျက်ချင်နေတာလား။"

ထိုစကားကြောင့် အမျိုးသားမှာ ရပ်တန့်သွားသည်။

"ဘယ်အရူးကောင်လဲ။ အဟက်..... ဝင်္ကပါနဲ့တင် အစိပ်စိပ်အမြွှာမြွှာ ဖြစ်သွားမှာပါ။"

ဝုန်း......

ထိုစကားနှင့်အတူ ဝင်္ကပါမှာ ပျက်စီးသွားသည်။

ခရမ်းရောင် ဝတ်စုံနှင့် အမျိုးသား : "........"

ဝှစ်.....

ထိုအချိန်တွင် မြစိမ်းရောင် ဓားပုံရိပ် တစ်ခုမှာ ကောင်းကင်ထက်သို့ လျင်မြန်စွာ ပျံတက်သွားသည်။

တရားထိုင်နေသော အမျိုးသမီးမှ လှုပ်ရှားလိုက်ခြင်းပင်။

ဝင်္ကပါအား ဖျက်စီးနိုင်သူသည် ခေသူမဟုတ်သည့်အပြင် ရန်သူဖြစ်နိုင်သောကြောင့် တွေဝေနေစရာ အကြောင်းမရှိပေ။

ဝုန်း......

သူမ၏ ဓားပုံရိပ်မှာ မြစိမ်းရောင် စွမ်းအင်များအဖြစ် ပေါက်ကွဲသွားတော့သည်။

အမျိုးသမီး မျက်မှောင်ကျုံ့လိုက်သည်။

"လေဟာနယ်စွမ်းအင်...... ဟင်းလင်းပြင်သို့အပြန် အဆင့်လား။"

ခွေးစီးနေသော ပုံရိပ်တစ်ခုအား တွေ့လိုက်ရလေသည်။

“အန်လင်းလား။”

အမျိုးသမီးမှာ မယုံကြည်နိုင် ဖြစ်သွားသည်။

သိုးပေါ်တွင် လှဲနေသော အမျိုးသမီးမှာလည်း ရင်းနှီးနေသော ပုံရိပ်အား တွေ့လိုက်ရသောကြောင့် စိတ်လှုပ်ရှားသွားသည်။

"စီနီယာအန်လင်း..... ပြန်လာပြီပဲ။"

အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

"မြွေဖြူဝိဥာဥ်၊ တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်၊ တိုက်ပွဲနတ်ဘုရား ဇီယန် မတွေ့တာကြာပြီနော်။"

၎င်းတို့သည် ကျန်းချီကုန်းမြေတွင် တွေ့ဆုံခဲ့သော သူငယ်ချင်းများပင်။

တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်မှာ မည်သည့်စကားမှ မပြောပေ။

တိုက်ပွဲနတ်ဘုရား ဇီယန်မှာလည်း ကြောင်အမ်းအမ်း ဖြစ်နေသည်။

မြွေဖြူဝိဥာဥ်မှာ အတက်ကြွဆုံးဖြစ်ကာ အန်လင်းရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။

"ဒီနေရာကို ဘယ်လိုသိတာလဲ။ ကျွန်မကို လာရှာတာလား။"

"အာ......"

မြွေဖြူဝိဥာဥ်ကြောင့် အန်လင်းပင် ကြောင်တောင်တောင် ဖြစ်သွားမိသည်။

"မဟုတ်ပါဘူး။ ကမ္ဘာကြီးရဲ့ အပြောင်းအလဲကို လာစစ်ဆေးတာပါ။"

"အော်....."

မြွေဖြူဝိဥာဥ်မှာ စိတ်အလိုမကျ ဖြစ်သွားသည်။

"မတွေ့ရတဲ့ အချိန်အတွင်း မင်းပိုလှလာတာပဲ။"

အန်လင်း ချီးကျူးလိုက်သည်။

"တကယ်လား။"

မြွေဖြူဝိဥာဥ် ပျော်ရွှင်သွားလေသည်။

မြွေဖြူဝိဥာဥ်သည် ယခင်က ဆယ်ကျော်သက် ကောင်မလေးနှင့် ဆင်တူပါသော်လည်း ယခုတွင်မူ ကောင်းကင်နတ်မိမယ်လေးအလား တင့်တယ်လှပနေလေပြီ။

နူးညံ့သော မျက်နှာလေးနှင့်အတူ အဖြူရောင်ဝတ်စုံအောက်တွင် စွင့်ကားနေသော ရင်သားများမှာ လှပသော ကောက်ကြောင်းကို ဖြစ်ပေါ်နေစေသည်။

သူမ၏ အလှတရားသည် ရင်သက်ရှုမောဖွယ်ရာ ဖြစ်နေပြီပင်။

အန်လင်းသည် ထျန်းလင်းလင်းအား တွေးမိကာ စိတ်မကောင်း ဖြစ်သွားသည်။

ယခင်က ၎င်းတို့နှစ်ဦးလုံး လိုလီလေးများ ဖြစ်ခဲ့ပါသော်လည်း ယခုတွင်မူ မြေဖြူဝိဥာဥ်မှာ ကောင်းကင်နတ်မိမယ် တစ်ပါးသဖွယ် လှပနေလေပြီ။

သဘာဝတရားက ရက်စက်လိုက်တာ......

မြွေဖြူဝိဥာဥ်မှာ ပြီးပြည့်စုံစွာ အရွယ်ရောက်လာခဲ့သည်။

အန်လင်းမှာ နွားကြီးများအား လှမ်းကြည့်လိုက်မိသည်။

ဒီနွားနို့တွေ သောက်လို့များ ကြီးလာတာလား......

သူမေးချင်မိပါသော်လည်း ရှက်ရွံ့နေမိသည်။

နွားနို့သည် အာဟာရ ပြည့်ဝပါသော်လည်း မည်သူက သောက်၍ရကြောင်း ရှာဖွေတွေ့ရှိခဲ့သည်ကို အန်လင်း သိလိုနေမိသည်။

"မင်းတို့က ဘာလုပ်နေတာလဲ။ ငါမှန်းတာ မမှားရင် ဒီနေရာက ဝင်္ကပါတစ်ခုရဲ့ အဓိကဆုံမှတ်မလား။"

မြွေဖြူဝိဥာဥ်မှာ အန်လင်း၏ အကြည့်အား အဆုံမခံပေ။

"သခင်မ..... သူ့ကို ပြောပြစရာ မလိုဘူးနော်။"

တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင် စကားဆိုလိုက်သည်။

"ဟုတ်တယ်။ ဒါက ကျွန်တော်တို့ မြွေဝိဥာဥ်ကလန်ရဲ့ ကိစ္စပဲ။"

တိုက်ပွဲနတ်ဘုရား ဇီယန်ပါ ထောက်ခံလာသည်။

အန်လင်း မျက်ဆံလှန်လိုက်သည်။

"ကျွန်တော်တို့ မြွေဝိဥာဥ်ကလန်ရဲ့ ကိစ္စတဲ့လား။ တိုက်ပွဲနတ်ဘုရားကြီးက အဲ့အဆင့်တောင် ရောက်သွားပြီလား။"

"မင်းကရော ငါ့ကို အပြင်လူလို့ သတ်မှတ်တာလား။"

အန်လင်း မြွေဖြူဝိဥာဥ်အား ကြည့်ရှုလာသည်။

"ဟမ့်..... သခင်မက ကလေးမဟုတ်တော့ဘူး။"

တိုက်ပွဲနတ်ဘုရား ဇီယန် နှာခေါင်းရှုံ့လိုက်သည်။

"ဒီလိုစကားတွေ အလုပ်ဖြစ်မယ် မထင်နဲ့။"

"အဲ့လိုမဟုတ်ပါဘူး စီနီယာ အန်လင်း...."

မြွေဖြူဝိဥာဥ် ချက်ချင်းငြင်းပယ်လိုက်သည်။

"ကျွန်မ သိသမျှ ပြောပြပါ့မယ်။"

တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင် : " ......"

တိုက်ပွဲနတ်ဘုရား ဇီယန် : "....."

All Chapters