ကမ္ဘာကြီးထူးခြားမှု၏ နောက်ကွယ်မှဖြစ်ရပ်မှန်
Vol. 69 Ch. 959
မြွေဖြူဝိဥာဥ်သည် ထိုသို့တုံ့ပြန်လာမည်ဟု တိုက်ပွဲနတ်ဘုရားများ ထင်မှတ်မထားခဲ့ပေ။
အန်လင်းသည်ပင် ထိုသို့မတွေးထားမိပေ။
ဒီကောင်မလေးက ငါ့ကိုတော်တော်ယုံတာပဲ.......
သူ့အား လေးစားလျှင်ပင် ထိုမျှအထိ ယုံကြည်စရာ မလိုအပ်ပေ။
မည်သို့ပင်ဆိုစေကာမူ သူသည် ထိုအခွင့်အရေးအား အလွတ်ပေးလိုက်စရာ မရှိပေ။
"မင်းက အရမ်းနားလည်ပေးတတ်တာပဲ။ ဘာလို့ ဒီကိုရောက်နေတာလဲ ပြောပြလေ။ ပြီးတော့ ထူးခြားဖြစ်စဥ်နဲ့ ပက်သတ်ပြီး ဘာသတင်းအချက်အလက်တွေ ရထားသေးလဲ။"
အန်လင်း နွေးထွေးစွာ ပြုံးပြလိုက်သည်။
တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်မှာ အန်လင်းအား မျက်စောင်းထိုးလာသည်။
တိုက်ပွဲနတ်ဘုရား ဇီယန်မှာလည်း တိတ်ဆိတ်နေလေသည်။
မြွေဖြူဝိဥာဥ်သည် ၎င်းတို့သုံးဦးကြားတွင် ခေါင်းဆောင်ဖြစ်ကြောင်း သိသာလှသည်။
"အင်း....... ဘယ်ကစပြောရမလဲ။"
မြွေဖြူဝိဥာဥ် တွေးတောလိုက်သည်။
"စိတ်မပူပါနဲ့။ သိသမျှသာ ပြောပြလိုက်။ ငါ့မှာ အချိန်တွေ ရှိပါတယ်။"
အန်လင်း စကားဆိုလာသည်။
တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင် : "......"
မြွေဖြူဝိဥာဥ် ခေါင်းညိတ်ပြလိုက်သည်။
"လွန်ခဲ့တဲ့ သုံးနှစ်တုန်းက တောင်ပံနက်မျိုးနွယ်စုက ဒီကိုကျူးကျော်လာဖို့ လုပ်တယ်လေ။ အဲ့တုန်းက တောင်ပံနက်မျိုးနွယ်စုက ပြင်ပစွမ်းအင် တချို့ကို အသုံးချပြီး လမ်းကြောင်းတစ်ခု ဖွင့်နိုင်ခဲ့တယ်။ အဲ့ဒါတင် မကသေးပဲ မဟူရာည အကြီးအကဲကိုတောင်လွှတ်ပြီး မိစ္ဆာရှင်းဓားကို ယူခိုင်းခဲ့သေးတယ်မလား။"
"စီနီယာအန်လင်းက သူတို့ကို အနိုင်တိုက်ပြီး လမ်းကြောင်းကိုပါ ဖျက်စီးခဲ့ပေမယ့် အဲ့လိုလမ်းမျိုးက ပြန်ဖွင့်လို့ရတယ်။ အဲ့ဒါကြောင့် ကျူးကျော်မယ့်ရန်က ရှိနေသေးတယ်။"
"အရေးအကြီးဆုံးကတော့ တောင်ပံနက်မျိုးနွယ်စုက ဘယ်နည်းလမ်းကိုသုံးပြီး လမ်းဖွင့်ခဲ့လဲ ဆိုတာပဲ။ ပြီးတော့ လောကနှစ်ခုကြား ဘယ်လိုဆက်နွယ်မှုကို အသုံးချခဲ့တာလဲပေါ့။ လောလောဆယ်တော့ တစ်ခုတည်းသော လမ်းကြောင်းက တောင်ဘက်ကောင်းကင်ဂိတ်တံခါးမှာ ရှိနေတယ်။ တောင်ပံနက်မျိုးနွယ်စုက အသုံးချနေတဲ့ ပြစ်ချက်တွေကို ရှာဖွေပြီး ပိတ်ပစ်လိုက်မှ ရမယ်။"
အန်လင်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
တီနာ၏ ခွင့်ပြုချက် မရှိပဲ ပြင်ပမှ သက်ရှိများ အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာထဲ ဝင်ရောက်လာပါက တီနာသည်လည်း စိတ်မသက်မသာ ဖြစ်ရပေလိမ့်မည်။
"အရှင်မ နွီဝါးက မြွေဝိဥာဥ်ကလန်ကိုလွှတ်ပြီး စုံစမ်းစစ်ဆေးခိုင်းပေမယ့် ဘာမှတော့ မထူးခြားဘူး။"
"အရင်လတည်းက ထူးခြားဖြစ်စဥ်တွေ ရှိနေတာ။ အပူချိန်တွေမြင့်ပြီး သက်ရှိစွမ်းအင်တွေလည်း အားကောင်းလာတယ်။ တလောကလုံး ပြောင်းလဲလာတော့မယ်လို့ အရှင်မက ခန့်မှန်းနေတယ်။ ဒီအပြောင်းအလဲကြောင့် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်တွေလည်း မိုးကြိုးကပ်ဘေး ခံယူလာနိုင်လိမ့်မယ်တဲ့။"
"သက်ရှိစွမ်းအင်တွေကို လေ့လာပြီး အစ်မကြီး အနက်ရောင်က သဘာဝ မန္တာန်ဝင်္ကပါရဲ့ တည်နေရာကို ကောက်ချက်ချခဲ့တာ။ အခု ဒီနေရာက မန္တာန်ဝင်္ကပါရဲ့ ဒုတိယမြောက် အဓိကဆုံမှတ်ပဲ။"
မြွေဖြူဝိဥာဥ်မှာ သိထားသမျှ ရှင်းပြလိုက်သည်။
"နေပါဦး။ ဒီနေရာက ဒုတိယမြောက် အဓိကဆုံမှတ်လား။ အဲ့လိုမျိုး ခွဲလို့ရတာလား။"
အန်လင်း အံ့အားသင့်သွားသည်။
"မန္တာန်ဝင်္ကပါ ပြီးပြည့်စုံသွားရင် ပထမ အဓိကဆုံမှတ်က မြေအောက်မှာ ဖြစ်တည်လာလိမ့်မယ်။"
မြွေဖြူဝိဥာဥ် ပြုံးကာပြောလိုက်သည်။
"အစ်မကြီး အနက်ရောင်က မြေအောက်မှာ အဲ့ဒါကို ကာကွယ်နေတာလေ။"
"မင်းပြောတဲ့ အစ်မကြီး အနက်ရောင်က မြွေနက်ဝိဥာဥ်လား။"
အန်လင်း မေးမြန်းလိုက်သည်။
"ဟုတ်တယ်။ အစ်မကြီး အနက်ရောင်က မြွေနက်ဝိဥာဥ်ပဲ။"
"ကျွန်မက အရှင်မ နွီဝါးရဲ့ အခြွေအရံတဲ့။ လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းက ဆိုးဆိုးရွားရွား ထိခိုက်သွားတာလေ။ ဒြပ်စင်ငါးပါး နတ်ကြာပန်းကြောင့် အခုမှ ပြန်ရှင်သန်လာတာ။"
မြွေဖြူဝိဥာဥ် ရှင်းပြလာသည်။
တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင် မျက်ခုံးနှိပ်နေရသည်။
ထင်ထားတဲ့အတိုင်းပဲ.....
အန်လင်း ထိတ်လန့်သွားသည်။
သူသည် မြွေဖြူဝိဥာဥ်၏ ဇစ်မြစ်အား သံသယ ဖြစ်ခဲ့သောကြောင့် ယခုသိလိုက်ရသောအခါ အံ့အားသင့်ခြင်း မရှိပေ။ သူကြောက်ရွံ့မိသည်မှာ သူ့အားမုန်းတီးနေသော မြွေနက်ဝိဥာဥ်ပါ ဤနေရာသို့ ရောက်ရှိနေခြင်းကို ဖြစ်သည်။
"ဘာလို့ ကာကွယ်နေရတာလဲ။"
ဝင်္ကပါတွင် အပြောင်းအလဲများ ဖြစ်လာပါက အဓိကဆုံမှတ်များသည် ထိုပြောင်းလဲမှု၏ အကြောင်းအရင်း ဖြစ်နေတတ်သည်။ မည်သို့ပင်ဆိုစေကာမူ အရှင်မ နွီဝါးသည် ကောင်းကင်ဘုံခုံရုံးအား အကြောင်းမကြားထားခဲ့ပေ။
လျှို့ဝှက်ချက်တွေ ရှိနေတာလား......
"ဒါက ကျွန်မတို့ မျိုးနွယ်စုရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ပဲ။"
မြွေဖြူဝိဥာဥ် တွေဝေသွားသည်။
"ငါ့ကို အပြင်လူလို ဆက်ဆံပြန်ပြီလား။"
အန်လင်း ရင်နာဟန်ဖြင့် မျက်မှောင်ကျုံ့လိုက်သည်။
တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်မှာ ဓားထုတ်လာလေသည်။
"နင်က အပြင်လူ မဟုတ်လို့လား။"
"ဟုတ်တယ်။ သခင်မ သူ့ကိုလျစ်လျူရှုထားလိုက်။ ဒါက ကျွန်တော်တို့ မျိုးနွယ်စုရဲ့ လျှို့ဝှက်ချက်ပဲ။"
တိုက်ပွဲနတ်ဘုရား ဇီယန်သည် မြွေဖြူဝိဥာဥ်ထက် မြွေနက်ဝိဥာဥ်အား ပိုမိုကြောက်ရသောကြောင့် တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်အား ထောက်ခံလိုက်သည်။
"အဲ့လိုမပြောနဲ့။ စီနီယာ အန်လင်းက အပြင်လူ မဟုတ်ဘူး။"
မြွေဖြူဝိဥာဥ် စကားဆိုလာသည်။
သူမ အသက်ပြင်းပြင်းရှူကာ အန်လင်းအား ကြည့်ရှုလိုက်သည်။
"ကမ္ဘာကြီး အဆင့်တက်ဖို့က စကြာဝဠာ စွမ်းအင်တွေ စုပ်ယူဖို့လိုတယ်။ စကြာဝဠာဗလာထောက်တိုင်ကိုသုံးပြီး ဘယ်နေရာကနေ စွမ်းအင်စုပ်ယူမှာလဲ ကြည့်ကြတယ်။ အဲ့ဒါက မန္တာန်ဝင်္ကပါရဲ့ ပထမ အဓိကဆုံမှတ်ပဲ။"
"ဒါပေမယ့် အဲ့နေရာက ဝင်္ကပါရဲ့ အကြီးဆုံး ပြစ်ချက်လည်း ဖြစ်နေတယ်။"
အန်လင်း၏ အမူအရာ ပြောင်းလဲသွားသည်။
"တောင်ပံနက်မျိုးနွယ်စုကရော စကြာဝဠာ စွမ်းအင်တွေကို အသုံးချခဲ့တာလား။"
မြွေဖြူဝိဥာဥ် ခေါင်းညိတ်ပြလာသည်။
"ဒါအဖြစ်နိုင်ဆုံးပဲ။ အဲ့ဒါကြောင့် အစ်မကြီး အနက်ရောင်က ကာကွယ်နေရတာ။"
"မင်းကရော ဘာလို့ဒီနေရာကို ကာကွယ်နေတာလဲ။"
အန်လင်း မေးမြန်းလိုက်သည်။
"အင်း....."
မြွေဖြူဝိဥာဥ် စကားဆိုလိုက်သည်။
"ဘာလို့လဲဆိုတော့ ဒီနေရာမှာ မြွေဝိဥာဥ်ကလန်နဲ့ ရှေးဟောင်းထိုက်ချူကုန်းမြေကို ဆက်သွယ်ပေးတဲ့လမ်းကြောင်း ရှိနေနိုင်လို့....."
"ဘာ......"
အန်လင်း ကြောင်တောင်တောင် ဖြစ်သွားသည်။
တီနာ ဝင်ရောက်ပြောဆိုလာသည်။
"ဒီနေရာက ရှေးဟောင်းထိုက်ချူကုန်းမြေရဲ့ နယ်မြေအဆီအနှစ် သလင်းကျောက်နဲ့ နယ်မြေအူတိုင်တွေကိုသုံးပြီး တည်ဆောက်ထားလို့လား။"
မြွေဖြူဝိဥာဥ် အံ့အားသင့်သွားသည်။
"နင်လည်း အဲ့ဒါတွေကို နားလည်တာလား။"
"စီနီယာတစ်ယောက် ပြောပြဖူးလို့ပါ။"
တီနာသည် ကမ္ဘာတစ်ခု၏ ဖန်ဆင်းရှင်ဖြစ်ကြောင်း ပြောပြမည် မဟုတ်ပေ။
အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာသည် အဆင့်တက်နေစဥ်တွင် ရှေးဟောင်းထိုက်ချူကုန်းမြေအား အာရုံခံနိုင်ပါသော်လည်း ပြင်ပစွမ်းအင်များအား စုပ်ယူဖူးခြင်း မရှိပေ။ စွမ်းအင်များ၏ တည်ရှိခြင်းနှင့် မတည်ရှိခြင်း အလွှာသည် ဝေဝါးလွန်းသောကြောင့် ထိုစွမ်းအင်များ၏ လာရာရင်းမြစ်ကိုလည်း သူမ မသိပေ။
ဖြစ်နိုင်သည်မှာ တည်ရှိခြင်းနှင့် မတည်ရှိခြင်း၊ မတည်ရှိခြင်းနှင့် တည်ရှိခြင်းသည် အတူတူသာ ဖြစ်လိမ့်မည်။
ထိုဖြေရှင်းချက်ကသာ ယုတ္တိရှိပေသည်။
"အဲ့ဒါဆို ငါလည်းနေပေးမယ်လေ။"
"ဒီကမ္ဘာအတွက် အားလုံးမှာ တာဝန်ရှိတယ်။ ပြီးတော့ ဒါက ငါ့မွေးရပ်မြေပဲ။ ငါလည်း ကူညီသင့်တာပေါ့။"
အန်လင်း ပြုံးကာပြောလာသည်။
တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်နှင့် တိုက်ပွဲနတ်ဘုရား ဇီယန်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။
အန်လင်းသည် မြွေဝိဥာဥ်ကလန်၏ ကိစ္စများထဲပင် ဝင်ပါရဲလေသည်။
ထို့အပြင် တရားမျှတမှု ရှိဟန်ပါ ဆောင်နေသေးသည်။
မြွေဖြူဝိဥာဥ် ပျော်ရွှင်သွားရသည်။
"စီနီယာအန်လင်းက အကောင်းဆုံးပဲ။"