← Chapters

အဖွဲ့မှားဝင်မိသလိုပဲ....

Vol. 69 Ch. 960

အဖွဲ့မှားဝင်မိသလိုပဲ....

Vol. 69 Ch. 960

အန်လင်း၊ ရွှမ်းယွမ်ချန်၊ တပိုင်နှင့် တီနာတို့မှာ မြက်ခင်းပြင်တွင်နေရန် ဆုံးဖြတ်လိုက်ကြသည်။

အန်လင်းသည် မြွေနက်ဝိဥာဥ် ရှိနေသော နေရာသို့ မသွားဝံ့ပေ။

"ကျောင်းသားအန်လင်း..... ရှေးဟောင်းထိုက်ချူကုန်းမြေကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းရှိရင် သွားသင့်လား။"

ရွှမ်းယွမ်ချန်သည် ရှေးဟောင်းထိုက်ချူကုန်းမြေအား အလွန်စိတ်ဝင်စားသည်။

"မြွေဝိဥာဥ်ကလန်က ရှေးဟောင်းထိုက်ချူကုန်းမြေရဲ့ ပျက်ပြယ်ခြင်း ကြယ်စင်အပိုင်းမှာ ရှိတာလေ။ အရမ်းအန္တရာယ်များတော့ မသွားတာ ပိုကောင်းတယ်။ အရေးအကြီးဆုံးကတော့ ဝင်ပြီးရင် ထွက်ဖို့နည်းလမ်း မရှိတာပဲ။ လမ်းကြောင်းသာ ရုတ်တရက် ပျောက်သွားရင် အားလုံး ကိုယ်ကျိုးနည်းကုန်မှာ။"

အန်လင်းမှာ ရှေးဟောင်းထိုက်ချူကုန်းမြေတွင် ပိတ်မိမနေချင်ပေ။

သူသည် ရှေးဟောင်းထိုက်ချူကုန်းမြေမှ သတ္တဝါဆန်းများ ကမ္ဘာပေါ် ရောက်မလာစေရန်သာ ဤနေရာတွင် နေနေခြင်း ဖြစ်သည်။

မြွေဖြူဝိဥာဥ်နှင့် မြွေနက်ဝိဥာဥ်သည် လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်ထားသောကြောင့် အသည်းအသန် စိုးရိမ်နေစရာ မရှိပေ။

အန်လင်းနှင့် ရွှမ်းယွမ်ချန်သည် ဟိုဟိုသည်သည် စကားဆိုရင်း သိုးပေါ်လှဲလျောင်းနေသော မိန်းမငယ်လေးကို သတိပြုမိလိုက်ကြသည်။

သူမ၏ နူးညံ့သိမ်မွေ့သော အလှတရားသည် မြက်ခင်းပြင်နှင့် လိုက်ဖက်ညီနေသည်။

"မြွေဖြူဝိဥာဥ်က အရွယ်ရောက်တာ မြန်သားပဲ။"

အန်လင်း သက်ပြင်းချလိုက်သည်။

ရွှမ်းယွမ်ချန် ခေါင်းညိတ်ထောက်ခံလိုက်သည်။

"ဟုတ်တယ်။ အရင်တုန်းက ကလေးမလေးလိုပဲ။ အခုတော့ တာဝန်တွေ ထမ်းပိုးတတ်နေပြီ။"

"သူမရဲ့ ခန္ဓာကိုယ်ရောပဲ။"

အန်လင်း ရေရွတ်လာသည်။

"ခါးသေးသေး၊ ရင်သားထွားထွားနဲ့ သူမ ကောက်ကြောင်းတွေက ပြီးပြည့်စုံလွန်းတယ်။"

ရွှမ်းယွမ်ချန် : "......."

သောက်ကျိုးနည်း....... ငါတို့ အကြောင်းအရာ တစ်ခုတည်းကို ပြောနေတာရော ဟုတ်ရဲ့လား.....

မင်းပြောတဲ့ အရွယ်ရောက်တယ်ဆိုတာ ဒါကိုပြောချင်တာလား......

တပိုင်မှာလည်း သက်ပြင်းချကာ ပြောလိုက်သည်။

"အရင်တုန်းက ကျွန်တော်က သူမ လေးစားရတဲ့သူလေ။ အခုတော့ သူမ ကျင့်ကြံရေးက ကျွန်တော့်ထက် သာနေပြီ..... ဝုတ်။"

"ဒါက မင်းအပြစ် မဟုတ်ပါဘူး။"

အန်လင်း နှစ်သိမ့်ပေးလိုက်သည်။

"သူမက သာမန်မှ မဟုတ်တာ။"

တပိုင် : "....."

အန်လင်းသည် အံ့ဖွယ်အာရုံ ကောင်းမွန်လွန်းသောကြောင့် ၎င်းတို့၏ ကျင့်ကြံရေးအဆင့်များအား ချက်ချင်းမြင်နိုင်ခဲ့သည်။

တိုက်ပွဲနတ်ဘုရား ဇီယန်သည် အစမှ ပြန်လည်ကျင့်ကြံကာ အခြေခိုင်လာပြီးနောက် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း စဦးအဆင့်သို့ ရောက်နေလေပြီ။

တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်သည် တိုက်ပွဲချီအား သက်ရှိစွမ်းအင်အဖြစ် ပြောင်းလဲနိုင်သူ ဖြစ်သောကြောင့် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အထွဋ်အထိပ် အဆင့်သို့ ရောက်ရှိနေခဲ့သည်။

မြွေဖြူဝိဥာဥ်မှာမူ ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်ပင် ဖြစ်နေ၏။

သူမသည် ယခင်ဘဝမှ ကျင့်ကြံရေးစွမ်းအင်များ ပြန်လည်စုဆောင်းနေခြင်းသာဖြစ်ပြီး အဆင့်တက်သွားခြင်း မဟုတ်ပေ။ ထိုသို့မဟုတ်ပါက အန်လင်းသည်ပင် ဖိအားခံစားရလောက်သည်။

နေဝင်ရီရော အချိန်ဖြစ်ကာ လိမ္မော်နီရောင် နေခြည်များ မြက်ခင်းပြင်ပေါ် ကျဆင်းလျက် ပန်းချီတစ်ချပ်သဖွယ် လှပနေစေသည်။

နွားနှင့်သိုး အော်သံများမှလွဲ၍ ပတ်ဝန်းကျင်မှာ ဆိတ်ငြိမ်နေလေသည်။

"အစာစားကြမယ်ဟေ့။"

အန်လင်း အော်ဟစ်လိုက်သည်။

"ဒီနေ့တော့ အမဲသား ကျွေးမယ်။"

သူ၏ ဟင်းချက်စွမ်းရည်အား အလဟဿ အဖြစ်မခံသင့်ပေ။

တိုက်ပွဲနတ်ဘုရား ဇီယန် ဒေါသထွက်သွားသည်။

"ငါတို့နွားကိုသတ်ပြီး မင်းကကျွေးမလို လုပ်နေသေးတယ်။ အရှက်မရှိလိုက်တာ။"

အန်လင်း ရယ်မောလာသည်။

"ငါက ကောင်းကင်ဘုံခုံရုံးရဲ့ နံပါတ်တစ် အချက်အပြုတ် နတ်ဘုရားပဲ။ ငါ့ရဲ့ ဟင်းလျာတစ်ပွဲက စိတ်ဝိဥာဥ်ကျောက်တုံး သိန်းချီတန်တယ်။ မင်းရဲ့နွားက ဘယ်လောက်တန်လို့လဲ။ ချက်ပေးတာတောင် ကျေးဇူးတင်လိုက်ဦး။"

"မင်း....."

တိုက်ပွဲနတ်ဘုရား ဇီယန် ဒေါသသွေးများ ဆူပွက်လာသည်။

"ဟွန့်....."

တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်မှာမူ အန်လင်းအား လျစ်လျူရှုထားသည်။

ထိုအချိန်တွင် မြွေဖြူဝိဥာဥ်မှာ အန်လင်းဘေးသို့ ရောက်ရှိလာသည်။

"စီနီယာ အန်လင်းရဲ့ လက်ရာကို စားရတော့မှာပေါ့။"

"သခင်မ..... ကျွန်မတို့ အဆင့်က မဖြစ်မနေ အစာစားဖို့ မလိုပါဘူး။"

တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင် မျက်မှောင်ကျုံ့လိုက်သည်။

"ဒါပေမယ့် စီနီယာ အန်လင်းကိုယ်တိုင် ချက်ကျွေးတာလေ။"

မြွေဖြူဝိဥာဥ်မှာ အမဲသားတစ်တုံးအား ယူစားလိုက်သည်။

"အား..... အရသာ ရှိလိုက်တာ။"

အန်လင်း ပြုံးကာပြောလိုက်သည်။

"မင်းက အရသာ ခံတတ်တာပဲ ..... ပိုင်လေး...."

"သခင်မကို ဘာမှော်ဆေးရည်များ တိုက်ထားတာလဲ။"

တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင် သက်ပြင်းချလိုက်သည်။

အန်လင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ အကြော်ဒယ်အိုးသာ ပါလာပါက ၎င်းတို့ပါ ရူးသွပ်သွားပေလိမ့်မည်။

မြွေဖြူဝိဥာဥ်သည် သူ့အား အဘယ့်ကြောင့် ချစ်ခင်နေရသည်ကို သူလည်းနားမလည်နိုင်ပေ။

........

ဤမြက်ခင်းပြင်ရှိ နွားများမှာ အရည်ရွှမ်းလှသောကြောင့် အန်လင်း၏ ဟင်းချက်စွမ်းရည်နှင့် ပေါင်းစည်းလိုက်သောအခါ လတ်ဆတ်သော အရသာကို ဖြစ်ပေါ်စေသည်။

တိုက်ပွဲနတ်ဘုရား ဇီယန်သည်ပင် ကူကယ်ရာမဲ့စွာနှင့် ဝင်စားလိုက်မိသည်။

စားသောက်ပြီးစီးသည့်နောက် ၎င်းတို့မှာ အပြောင်းအလဲများအား ဆက်စောင့်နေလိုက်ကြသည်။

အချို့သည် တရားထိုင်ကာ အချို့မှာ ကြယ်များအား ကြည့်ရှုနေကြသည်။

အန်လင်းမှာလည်း တပိုင်၏ကျောပေါ် လှဲနေသည်။

သူသည် ဖုန်းအားထုတ်ကာ WeChatထဲ ဝင်လိုက်သည်။

အသိပေးချက်များမှာ ၉၉၉+ထိ ရှိနေလေသည်။

ဘာတွေဖြစ်နေတာလဲ......

အန်လင်း စိတ်ဝင်စားသွားသည်။

အဏုမြူ နတ်သမီး : "ဟူး...စီနီယာ ရော်မု အဆင်ပြေပါ့မလား မသိဘူး။ ဒီလို အဆင့်တက်တာက ကြောက်ဖို့ကောင်းတယ်။"

ရော်မုက ရှန့်ချင်အင်မော်တယ်ဂိုဏ်းချုပ်မလား..... ငါထင်တာမမှားရင် သူက စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူမလား..... ရုတ်တရက်ကြီး ဘာလို့သူ့အကြောင်း ပြောနေကြတာလဲ.....

တာအိုသခင် တောသားလေးနွားကြီး : "ပြောရခက်တယ်။ တာအိုသခင် ရွှီးယန်တောင် မိုးကြိုးကပ်ဘေး ခံယူရင်း ဆုံးပါးသွားတာလေ။ ရွှေရောင်ဟာလာပြင်လျှပ်စီးကို အထင်မသေးသင့်ဘူး။ ဟင်းလင်းပြင်သို့အပြန် အဆင့်ကိုလည်း အခုမှ တက်ဖူးကြတာမလား။ အခက်အခဲကတော့ မနည်းလောက်ဘူး။"

တည်ငြိမ်သော ကောင်းကင်နတ်မိမယ် : "ငါကတော့ စီနီယာကို ယုံတယ်။"

ကယ်တင်ရှင် : "ငါရောပဲ။"

ဉာဏ်အလင်းပွင့်သော နတ်အဆောင်ရှင် : "ဆရာက မိုးကြိုးကပ်ဘေးကို အောင်မြင်မှာ။"

အန်လင်း မျက်လုံးပြူးသွားရသည်။

ကျင့်ကြံသူတစ်ဦးသည် ဟင်းလင်းပြင်သို့အပြန် အဆင့်သို့တက်ရန် မိုးကြိုးကပ်ဘေး ခံယူတော့မည်ပင်။

ကျင့်ကြံသူများ၏ တိုးတက်ခြင်းသည် လောကတိုးတက်ရေးနှင့် ချိတ်ဆက်နေပေသည်။

အန်လင်း အတွေးတစ်ခု ပေါ်လာသည်။

ထိုအချိန်တွင် ရနံ့တစ်ခုအား ရရှိလိုက်သည်။

အန်လင်း လှည့်ကြည့်လိုက်သောအခါ တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်အား တွေ့လိုက်ရသည်။

"နင်သွားမလို့လား။"

သူမသည် ဖုန်းမျက်နှာပြင်အားကြည့်ကာ ပြောလိုက်သည်။

"ဘာလို့မကူညီရမှာလဲ။"

အန်လင်း ပြုံးကာပြောလာသည်။

တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင် ခေါင်းခါပြလိုက်သည်။

"အကျိုးဆက်တွေကိုရော တွေးထားလား။ ကူညီပြီး အဆင့်တက်သွားရင် ဘာဖြစ်မလဲသိလား။ တခါတလေ ကောင်းကင်ကိစ္စတွေကို ဥပေက္ခာ ပြုထားသင့်တယ်။"

အန်လင်း တိတ်ဆိတ်သွားသည်။ သူသည် ကောင်းကင်အား စိန်မခေါ်လိုပေ။

သူအနည်းငယ်တွေးကာ သက်ပြင်းချလိုက်မိသည်။

"နေပါဦး။"

အန်လင်း ခေါင်းရှုပ်သွားသည်။

"ငါဘာလုပ်မှာလဲဆိုတာ ဘယ်လိုသိတာလဲ။"

"အဟမ်း...."

တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင် ချောင်းဟန့်လိုက်သည်။

"နင်က မိုးကြိုးကပ်ဘေး အရှင်သခင်မလား။ နင်ဘာလုပ်ချင်နေလဲ ငါမသိစရာလား။"

အန်လင်း : "......"

ဒီဖြေရှင်းချက်က ယုတ္တိရှိသလိုပဲ.....

သူသည် ဖုန်းအားကြည့်လိုက်သောအခါ အသိပေးချက်များမှာ ၉၉၉+ ဖြစ်နေပြန်လေပြီ။

ထိုသည်သာမက တိုက်ရိုက်ထုတ်လွှင့်ခြင်းပါ ရှိနေသေးသည်။

တာအိုဝတ်စုံနှင့် ဝတုတ်တစ်ဦးသည် တောင်ထိပ်ပေါ်တွင် ရှိနေသည်။

"သူငယ်ချင်းတို့...... ဒီနေ့မှာတော့ ငါ့ဆရာက မိုးကြိုးကပ်ဘေး ခံယူတော့မယ်။ ကြည့်ကြပါဦး..... ငါ့ဆရာက မခန့်ညားဘူးလား။"

"မိုးကြိုးကပ်ဘေး တစ်ခုလုံးကို တိုက်ရိုက်ထုတ်လွှင့်ပေးမှာနော်။ သဘောကျရင် likeနှိပ်သွားပေးပါ။ မုန့်ဖိုးတွေ၊ လက်ဆောင်တွေလည်း ပို့ပေးလို့ ရတယ်နော်။"

"သာယာသည့် အသံပိုင်ရှင် နတ်သမီးလေး...... တာအိုအဆောင်အတွက် ကျေးဇူးတင်ပါတယ်။"

"သူဋ္ဌေးမကြီး ထျန်းလင်းလင်းက စိတ်ဝိဥာဥ်ကျောက်တုံး တစ်တုံးပေးလာပါတယ်။ တန်ဖိုးကြီးလိုက်တဲ့ လက်ဆောင်ပါပဲ။ ကျေးဇူးပါခင်ဗျ။"

ဝတုတ်မှာ လက်ဆောင်ပေးလာသူများအား ကျေးဇူးတင်နေသည်။

အဖွဲ့ဝင်များမှာ ဆုတောင်းစကားများလည်း ပေးပို့နေကြသည်။

အန်လင်း : "......"

ငါအဖွဲ့မှားဝင်မိတာလား.....

All Chapters