← Chapters

မိုးကြိုးကပ်ဘေးအားတိုက်ရိုက်ထုတ်လွှင့်ခြင်း

Vol. 69 Ch. 961

မိုးကြိုးကပ်ဘေးအားတိုက်ရိုက်ထုတ်လွှင့်ခြင်း

Vol. 69 Ch. 961

ဘာလို့ တိုက်ရိုက်ထုတ်လွှင့်နေတာလဲ.........

သောက်ကျိုးနည်းကို တိုက်ရိုက်ထုတ်လွှင့်နေတာဟ......

အန်လင်း အံ့အားသင့်သွားသည်။

အဏုမြူ နတ်သမီး : "ဉာဏ်အလင်းပွင့်သော နတ်အဆောင်ရှင်..... တာအိုသခင် ရော်မု ဘယ်လိုနေလဲ။"

ဝတုတ် ရယ်မောလာသည်။

"ငါ့ဆရာက လုံးဝကို အဆင်ပြေနေတာပေါ့။"

အသည်းကွဲသမားလေး အကြားအမြင် ပညာရှင် : "မိုးကြိုးကပ်ဘေးက ဘယ်တော့စမှာလဲ။"

"တစ်နာရီ အတွင်းပဲ။"

ဝတုတ် တုံ့ပြန်လိုက်သည်။

တစ်ဖွဲ့လုံးမှာ ဉာဏ်အလင်းပွင့်သော နတ်အဆောင်ရှင်နှင့် စကားပြောနေကြသည်။

အန်လင်းသည် တိုက်ရိုက်ထုတ်လွှင့်ခြင်း၏ လက်ဆောင်ပေးသော ကဏ္ဍအား ကြည့်ရှုလိုက်သောအခါ အမြင့်ဆုံးမှာ စိတ်ဝိဥာဥ်ကျောက်တုံး ဖြစ်သည်။

ထျန်းလင်းလင်း တစ်ယောက်တည်းကသာ စိတ်ဝိဥာဥ်ကျောက်တုံး တစ်တုံးပေးခဲ့ပြီး ဝတုတ်မှာ လွန်စွာပျော်ရွှင်နေလေသည်။

အန်လင်း အနည်းငယ် စဥ်းစားကာ စိတ်ဝိဥာဥ်ကျောက်တုံး တစ်ရာအား လက်ဆောင်ပေးလိုက်သည်။

တင်းတောင်.....

"အသိပေးချက် : အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး အန်ကလေးက စိတ်ဝိဥာဥ်ကျောက်တုံး တစ်ရာ လက်ဆောင်ပေးလာပါတယ်။"

ဖုန်းမျက်နှာပြင်တွင် မိုးပြာရောင် နဂါးတစ်ကောင်နှင့်အတူ စိတ်ဝိဥာဥ်ကျောက်တုံးများ ရွာကျလာသည်။ ထိုသည်သာမက တစ်ဖွဲ့လုံးကိုလည်း အသိပေးပြီးသား ဖြစ်သွားကာ တစ်ဦးပြီးတစ်ဦး လိုင်းပေါ်ရောက်လာကြသည်။

ရွှေကျောက်စိမ်း : "သောက်ကျိုးနည်း...... ဓားအင်မော်တယ် အန်လင်းကတော့ ရက်ရောတယ်ဟေ့။"

သူဋ္ဌေးကြီးအန် : "သူဋ္ဌေးကြီးအန်ကို ဂါရဝပြုကြစမ်း။"

သာယာသည့် အသံပိုင်ရှင် နတ်သမီးလေး : "ဘုရားရေ..... ငွေတွေအများကြီးပဲ။"

လွှမ်းမိုးနိုင်သော ဓားမော့သခင်ကြီး : "ဆရာကြီးကို အရိုအသေ ပေးကြဟေ့။"

တည်ငြိမ်သော ကောင်းကင်နတ်မိမယ် : "ဟွန့်... ဖြုန်းတီးတာပဲ။"

ထျန်းလင်းလင်း : "သူဋ္ဌေးအစစ် ရောက်လာပြီ။ ငါလေးက သူဋ္ဌေးလိုလို ဘာလိုလို လုပ်မနေသင့်တော့ဘူး။ ကြိုဆိုပါတယ် သူဋ္ဌေးကြီး အန်လင်း...."

တာအိုသခင် တောသားလေး နွားကြီး : "ရက်ရောလိုက်တာ။ သူဋ္ဌေးကြီး အန်လင်းကပဲ ဒီလိုပေးနိုင်တာ။ ကျွန်တော် အရိုအသေ ပေးတာကို လက်ခံပေးပါ။"

အဖွဲ့ထဲတွင် စာများဆက်တိုက် တက်လာသည်။

ဉာဏ်အလင်းပွင့်သော နတ်အဆောင်ရှင်မှာလည်း မယုံကြည်နိုင် ဖြစ်နေမိသည်။

"အာ.... စိတ်ဝိဥာဥ်ကျောက်တုံး တစ်ရာအတွက် ကျေးဇူးတင်ပါတယ် သူဋ္ဌေးကြီး အန်လင်း.... ခင်ဗျားကို အရမ်းချစ်တာပဲ။ ခင်ဗျား အကြောင်းတွေ အများကြီး ကြားဖူးပါတယ်။"

ဉာဏ်အလင်းပွင့်သော နတ်အဆောင်ရှင်မှာ အဆီတုံးများနှင့်အတူ ဝမ်းသာစွာ ကခုန်နေတော့သည်။

အန်လင်း တောင်းဆိုချက်တစ်ခု ပို့လိုက်သည်။

အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး အန်ကလေး : "တာအိုသခင် ရော်မုကို နည်းနည်းနီးအောင် ကြည့်လို့ရမလား။"

ဉာဏ်အလင်းပွင့်သော နတ်အဆောင်ရှင် ခေါင်းညိတ်ပြလာသည်။

"ရတာပေါ့။ ဆရာက မိုးကြိုးကပ်ဘေး မခံယူရသေးဘူးလေ။ ကြည့်ချင်သလောက်ကြည့်ပါ။"

သူသည် သူဋ္ဌေးကြီး၏ တောင်းဆိုချက်အား ငြင်းပယ်စရာ မရှိပေ။ သူ၏ ခန္ဓာကိုယ်အား လိုချင်သည်ဟု ဆိုလာလျှင်ပင် လက်ခံလိုက်မည် ဖြစ်သည်။

ဉာဏ်အလင်းပွင့်သော နတ်အဆောင်ရှင်မှာ တာအိုသခင် ရော်မုထံ ပြေးသွားသည်။

ရှန့်ချင်အင်မော်တယ်ဂိုဏ်းချုပ် ဖြစ်သည်နှင့်အညီ ရော်မုမှာ မာန်မာနကြီးသူ ဖြစ်သည်။ မည်သူကမှ သူ့နားမကပ်ရဲပဲ အကွာအဝေး တစ်ခုမှသာ ကြည့်ရှုရဲကြ၏။

တပည့်ဖြစ်သူ ဉာဏ်အလင်းပွင့်သော နတ်အဆောင်ရှင်မှာ တစ်ခုတည်းသော ခြွင်းချက်ပင်။

"ဆရာ... ဆရာ..... ကမ္ဘာကြီးကို ကာကွယ်မယ့် အဖွဲ့ထဲက ကျင့်ကြံသူတွေက ဆရာ့ကို နီးနီးကပ်ကပ် မြင်ချင်နေကြတယ်။"

ဉာဏ်အလင်းပွင့်သော နတ်အဆောင်ရှင်မှ ပြုံးကာပြောလာသည်။

ရော်မု အော်ဟစ်လိုက်သည်။

"သွားစမ်း..... မင်းအခြေအနေကို နားမလည်ဘူးလား။"

"ဒါ.... ဒါပေမယ့် သူဋ္ဌေးကြီး အန်လင်းက စိတ်ဝိဥာဥ်ကျောက်တုံး တစ်ရာတောင် ပေးထားတာ....."

ဉာဏ်အလင်းပွင့်သော နတ်အဆောင်ရှင် မကျေမနပ် ဖြစ်သွားသည်။

ဝုန်း.....

ရော်မု တုန်လှုပ်သွားလေသည်။

ထို့နောက် သူ၏မျက်ဝန်းများ တောက်ပလာတော့သည်။

"မြန်မြန်..... ငါ့ဘက်ကို ကင်မရာလှည့်လိုက်...."

ဉာဏ်အလင်းပွင့်သော နတ်အဆောင်ရှင် : "....."

အဖွဲ့ထဲမှသူများ : "......"

ရော်မုမှာ လက်နှစ်ချောင်းပင် ထောင်ပြလိုက်သေးသည်။

"အားလုံးပဲ တွေ့ရတာ ဝမ်းသာပါတယ်။ သခင်လေး အန်လင်းကိုလည်း စိတ်ဝိဥာဥ်ကျောက်တုံး တစ်ရာအတွက် ကျေးဇူးတင်ပါတယ်။ တခြားတော့ ပြောစရာ မရှိပါဘူး။ မိုးကြိုးကပ်ဘေးကို အောင်မြင်မယ်ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်နေတယ်။"

အဖွဲ့ဝင်များမှာ like ခလုပ်အား နှိပ်လိုက်ကြသည်။

အန်လင်းမှာ ပုံမှန်ဟုတ်သလိုနှင့် ဟုတ်မနေသော အခြေအနေကြောင့် ကြောင်အမ်းအမ်း ဖြစ်နေရသည်။

ထျန်းလင်းလင်း : "စီနီယာ ရော်မုက အောင်မြင်မှာပါ။ တိလင်းလင်းကလည်း ကျွန်မနဲ့ သဘောတူတယ်။ ဖြစ်ကိုဖြစ်လာမှာ။"

ဝိဥာဥ်ကလေးလေးရှီ : "ဟုတ်တယ်။ ကောင်းကင်နဲ့ မြေပြင်က ပြောင်းလဲမှုတွေ ဖြစ်နေတာ။ စီနီယာ ရော်မုက ဟင်းလင်းပြင်သို့အပြန် အဆင့်ကို သေချာပေါက် တက်နိုင်လိမ့်မယ်။"

အသည်းကွဲသမားလေး အကြားအမြင် ပညာရှင် : "စီနီယာ ရော်မုရဲ့ အနာဂတ်ကိုဖတ်တာ လုံးဝကံကောင်းနေတယ်။"

အန်လင်း : "......"

အတုအယောင် တာအိုသခင် ဘုန်းတော်ကြီး အန်ကလေး : "ကျွန်တော်လည်း ကံကြမ္မာ ဖတ်လိုက်သေးတယ်။ စီနီယာက ကမ္ဘာပေါ်မှာ အသန်မာဆုံး ကျင့်ကြံသူ ဖြစ်လာမှာ။"

သူသည် အဓိပ္ပါယ် မရှိသော ချီးကျူးစကားများအား ကရားရေလွှတ် လျှောက်ပြောလိုက်သည်။

ရော်မု ပြုံးသွားလေသည်။

"အားပေးစကားတွေအတွက် ကျေးဇူးတင်ပါတယ်။ အခု ပြင်ဆင်လိုက်ဦးမယ်နော်။ မိုးကြိုးကပ်ဘေး ခံယူတာကို သဘောကျရင် likeပေးဖို့ မမေ့ကြပါနဲ့။"

အန်လင်း : "......"

ရော်မုသည် ကြောက်မက်ဖွယ် မိုးကြိုးကပ်ဘေးအား ခံယူရတော့မည် ဖြစ်ပါသော်လည်း likeနှင့် လက်ဆောင်များအား မမေ့လျော့ပေ။

အဖွဲ့ထဲရှိ ကျင့်ကြံသူများမှာ ရော်မုအား ထောက်ခံအားပေးနေကြသည်။

တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်သည်လည်း အန်လင်း၏ဖုန်းအား ခိုးကြည့်နေလေသည်။

သူမသည် ဖုန်းသုံးတတ်ပါသော်လည်း လူသားများ၏ နည်းပညာအား အသုံးမပြုလိုခဲ့ပေ။ ယခုတွင်မူ သိချင်စိတ် ပြင်းပြနေသောကြောင့်သာ လှမ်းကြည့်မိခြင်း ဖြစ်သည်။

တစ်နာရီခန့်သော အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားသည်။

တောင်ထိပ်တွင် တိမ်တိုက်မည်းများ စုဝေးနေလေပြီ။

"ဆရာတော့ မိုးကြိုးကပ်ဘေး ခံယူတော့မယ်။"

ဉာဏ်အလင်းပွင့်သော နတ်အဆောင်ရှင် အော်ဟစ်လာသည်။

"လက်ဆောင်တွေပို့ပြီး ကူညီပေးကြပါ။ မင်းတို့ရဲ့ ဆုတောင်းတွေက ဆရာ့ကို ကူညီပေးနိုင်လောက်ပါတယ်။"

သူသည် တစ်မီတာ အကွာအဝေးမှ တိုက်ရိုက်ထုတ်လွှင့်နေသည်။

ကျင့်ကြံသူများမှာ လက်ဆောင်ပေးပို့လာကြသည်။

ရွှေကျောက်စိမ်း : "မိုးကြိုးကပ်ဘေး ဆယ်ချက်တိုင်းမှာ ယွမ်တစ်သန်းပေးမယ်ကွာ။"

ကယ်တင်ရှင် : "မိုးကြိုးကပ်ဘေး ဆယ်ချက်တိုင်း ပြိုင်ကားတစ်စီးဟေ့။"

ထျန်းလင်းလင်း : "မိုးကြိုးကပ်ဘေး ဆယ်ချက်တိုင်း စိတ်ဝိဥာဥ်ကျောက်တုံး တစ်တုံးပေးမယ်။"

.......

ကျင့်ကြံသူများမှာ အားပေးမှုအား ဖော်ပြနေကြသည်။

ဉာဏ်အလင်းပွင့်သော နတ်အဆောင်ရှင်မှာ ဝမ်းသာနေလေသည်။

အန်လင်း : "....."

ဒီအဖွဲ့က တစ်ခုခုတော့ မှားနေတယ်....

ယခု မိုးကြိုးကပ်ဘေးသည် အရေးကြီးသောကြောင့် မြွေဖြူဝိဥာဥ်၊ တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်၊ တိုက်ပွဲနတ်ဘုရား ဇီယန်၊ တပိုင်၊ တီနာနှင့် ရွှမ်းယွမ်ချန်တို့ပါ အန်လင်းနား ရောက်ရှိလာသည်။

"ပိုင်လေး..... မင်းလည်း အဖွဲ့ဝင် မဟုတ်ဘူးလား။"

အန်လင်း ကြောင်တောင်တောင် ဖြစ်သွားသည်။

"စီနီယာ အန်လင်းရဲ့ဖုန်းနဲ့ ကြည့်ရတာ ပိုကောင်းတယ်။"

အန်လင်း : "....."

၎င်းတို့မှာ တိုက်ရိုက်ထုတ်လွှင့်ခြင်းအား စုဝေးကြည့်ရှုနေကြသည်။

ပထမဆုံး ရွှေရောင်ဟာလာပြင်လျှပ်စီးမှာ တာအိုသခင် ရော်မုပေါ် ကျဆင်းလာသည်။

ဝုန်း........

ကျယ်လောင်လှသော ပေါက်ကွဲသံမှာ ပဲ့တင်ထပ်သွားလေသည်။

ဖုန်းမှတဆင့် ကြည့်နေသူများပင် ထိတ်လန့်သွားရသည်။

ပတ်ဝန်းကျင် တခွင်လည်း ရွှေရောင်လွှမ်းသွားရလေသည်။

ခရက်....

ဖုန်းမျက်နှာပြင်တွင်လည်း ရွှေရောင်များ တောက်ပသွားသည်။

ထို့နောက် အနက်ရောင် ဖြစ်သွားတော့သည်။

"ဘာတွေဖြစ်နေတာလဲ။"

တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင် အံ့အားသင့်နေသည်။

"ဘာလို့မည်းသွားတာလဲ။ အနက်ရောင် ဒြပ်စင်မိုးကြိုးလား။"

အန်လင်း : "......."

"လိုင်းပြတ်သွားတာပါဟ...."

All Chapters