: ကမ္ဘာရဲ့အသန်မာဆုံးကျင့်ကြံသူက လိုင်းကျသွားတာလား.....
Vol. 69 Ch. 962
တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
သူမ ပါးပြင်များ နီရဲကာ ရှက်ရွံ့သွားလေသည်။
"အဲ့.... အဲ့ဒါဆို ငါတို့ ဘာလုပ်ကြမလဲ။"
"ခဏလောက် စောင့်ကြတာပေါ့။"
အန်လင်း တုံ့ပြန်လာသည်။
"ဉာဏ်အလင်းပွင့်သော နတ်အဆောင်ရှင်က ဒီကိစ္စတွေကို သေချာကိုင်တွယ်တတ်မှာပါ။"
အဖွဲ့ထဲမှ ကျင့်ကြံသူများလည်း တိုက်ရိုက်ထုတ်လွှင့်ခြင်း လိုင်းကျသွားသောကြောင့် သည်းမခံနိုင် ဖြစ်နေရလေပြီ။
အားလုံးသည် ဉာဏ်အလင်းပွင့်သော နတ်အဆောင်ရှင်ထံ စာများပို့ကာ ဖုန်းခေါ်ကြတော့သည်။
နှစ်မိနစ်ခန့် ကြာပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြန်လည်အဆင်ပြေလာသည်။
ဝတုတ်တစ်ဦး၏ မျက်နှာအား မြင်လိုက်ရလေသည်။
"မိုးကြိုးကပ်ဘေးက အရမ်းပြင်းလွန်းလို့ လိုင်းပြတ်သွားတာပါ။ အားလုံးကို တောင်းပန်ပါတယ်နော်။ လျှပ်စစ်သံလိုက်နဲ့ ကူညီပေးတဲ့ တာအိုသခင်ကြီး မိုးကြိုးကိုလည်း ကျေးဇူးတင်ပါတယ်။"
ဝတုတ်သည် ဗလတောင့်တောင့်နှင့် အမျိုးသား တစ်ဦးအား ပြသလာသည်။
"အားလုံးပဲ စိတ်မပူကြပါနဲ့။ ဖြစ်လာတဲ့ ပြဿနာတွေကို ကျုပ်ကူရှင်းပေးသွားမှာပါ။"
ထျန်းလင်းလင်း : "ဘယ်သူက သူ့ကိုကြည့်ချင်မှာလဲ။ စီနီယာ ရော်မုကို ပြပါဟ။"
အဏုမြူ နတ်သမီး : "ရော်မုကိုပဲ မြင်ချင်တာလေ။ ဘာတွေလာပြနေတာလဲ။"
ကယ်တင်ရှင် : "ဘာလို့ အဲ့လောက်တောင် ရိုင်းနေကြတာလဲ။ တာအိုသခင်ကြီး မိုးကြိုးကို သူ့အကူအညီအတွက် ကျေးဇူးတင်သင့်တယ်မလား။ နောက်မှလစ်ဖို့ပြောလေ။"
တာအိုသခင်ကြီး မိုးကြိုး : "......"
အန်လင်းမှာလည်း တာအိုသခင်ကြီး မိုးကြိုးမျက်နှာအားကြည့်ကာ အန်ချင်လာသည်။
အဘယ့်ကြောင့်ဆိုသော် မိန်းကလေး အဝတ်အစားနှင့်ပုံအား ပြန်လည်မြင်ယောင်လာသောကြောင့် ဖြစ်သည်။
........
"ဆရာက မိုးကြိုးကပ်ဘေး ခြောက်ဆယ်အထိ အောင်မြင်ပြီးပါပြီ။ ဆက်ပြီးတော့ ခံနိုင်ရည် ရှိဖို့အတွက် လက်ဆောင်လေးတွေ ပို့ပေးကြပါ။"
ဉာဏ်အလင်းပွင့်သော နတ်အဆောင်ရှင် စကားဆိုလိုက်သည်။
အဖွဲ့ထဲတွင် လက်ဆောင်များ ပြည့်နှက်သွားလေသည်။
အန်လင်းမှာ အထူးခြားဆုံး တိုက်ရိုက်ထုတ်လွှင့်ခြင်းအား ကြည့်နေရသလို ခံစားမိသည်။ မိုးကြိုးကပ်ဘေး ခံယူခြင်းအား တိုက်ရိုက်ထုတ်လွှင့်နေသည့်အပြင် လက်ဆောင်များမှာလည်း ငွေသား ယွမ်သန်းချီ၊ ပြိုင်ကားများနှင့် ဇိမ်ခံသင်္ဘောများ ဖြစ်သည်။ ချမ်းသာသော ကျင့်ကြံသူများမှာ အမှန်တကယ် ရက်ရောကြပေသည်။
........
မိုးခြိမ်းသံနှင့်အတူ ပတ်ဝန်းကျင်တခွင် ရွှေရောင်လွှမ်းသွားသည်။
တာအိုသခင် ရော်မုသည် ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အဝါရောင် အဆောင်များ ကပ်ထားကာ မိုးကြိုးကပ်ဘေးအား ရင်ဆိုင်နေလျက် ရှိသည်။
"အားလုံးပဲ..... ဒါက ဆရာရဲ့ ပျားတူဝိဥာဥ်တစ္ဆေအဆောင်ပါ။ အထင်ကြီးစရာ ကောင်းတယ်မလား။ သဘောကျတယ်ဆိုရင် လက်ဆောင်ပေးဖို့ မမေ့ကြပါနဲ့နော်။"
ဉာဏ်အလင်းပွင့်သော နတ်အဆောင်ရှင်မှာ အားပါးတရ စကားဆိုနေသည်။
တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်မှာ အန်လင်းအား ကြည့်ရှုလာသည်။
"အဲ့ဝတုတ်က အရမ်းနားညီးတာပဲ။ သူ့ကို ပိတ်ထားလို့ မရဘူးလား။"
အန်လင်း သက်ပြင်းချလိုက်သည်။
"သူက တိုက်ရိုက်ထုတ်လွှင့်နေတဲ့သူလေ။"
"သုံးစားမရတဲ့ နည်းပညာပဲ။"
တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင် နှာခေါင်းရှုံ့လိုက်သည်။
"သုံးစားမရဘူးတဲ့လား။"
အန်လင်း အနည်းငယ် တင်းသွားသည်။
"ဒီနည်းပညာက မင်းတို့ရဲ့ ကျန်းချီကုန်းမြေထက် အဆပေါင်းများစွာ သာတယ်သိလား။"
"ချောင်လေးက ခရမ်းကြယ်စင် နည်းပညာနဲ့ ယှဥ်ပြောလိုက်တာပါ။"
မြွေဖြူဝိဥာဥ် ပြုံးကာပြောလာသည်။
"ကျန်းချီကုန်းမြေက ဘာနည်းပညာ ရှိလို့လဲ။"
အန်လင်း : "......"
အဲ့လို အဆင့်မြင့် နည်းပညာနဲ့တော့ ယှဥ်လို့ရမလား.....
အရှင်မ နွီဝါးသည်လည်း ခရမ်းကြယ်စင် နည်းပညာများစွာ ပိုင်ဆိုင်ထားကြောင်း အန်လင်း သိရှိထားသောကြောင့် ဘာမှဆက်မပြောတော့ပေ။
.........
ရွှေရောင်ဟာလာပြင်လျှပ်စီးများမှာ အဆက်မပြတ် ကျဆင်းလာနေသည်။
၎င်းတို့ မသိလိုက်ခင်မှာပင် မိုးကြိုးကပ်ဘေး အချက်ရှစ်ဆယ် နီးပါးအထိ ပြီးစီးသွားလေပြီ။
ဟင်းလင်းပြင်သို့အပြန် အဆင့်သို့တက်ရန် ရွှေရောင်ဟာလာပြင်လျှပ်စီး ရှစ်ဆယ့်တစ်ချက်မျှ ရင်ဆိုင်ရသောကြောင့် လွယ်ကူလှသည် မဟုတ်ပေ။
ရော်မုသည် အတော်ပင် အထင်ကြီးစရာ ကောင်းလှသည်။
ဝုန်း.......
အချက်ရှစ်ဆယ်မြောက် မိုးကြိုးကပ်ဘေး ကျဆင်းလာသည်။
ညကောင်းကင်ယံတွင် ရွှေရောင်အလင်းများ တောက်ပကာ ရော်မု၏ အဆောင်များ ပျက်စီးသွားပြီးနောက် သူ၏ဦးခေါင်းတစ်ခုလုံး မည်းတူးသွားရသည်။
စောင့်ကြည့်နေသူများအားလုံး ထိတ်လန့်သွားရသည်။
ဉာဏ်အလင်းပွင့်သော နတ်အဆောင်ရှင်မှာလည်း ဖုန်းအားလွှင့်ပစ်မိမတတ် ဖြစ်သွားလေသည်။
"ဆရာ......."
"ငါအဆင်ပြေပါတယ်။"
ရော်မု တုံ့ပြန်လာမှသာ လူတိုင်း သက်ပြင်းချနိုင်တော့သည်။
ဉာဏ်အလင်းပွင့်သော နတ်အဆောင်ရှင်မှ စကားဆိုလာသည်။
"တွေ့လား။ ငါ့ဆရာက ဆရာကြီးပဲ။ မိုးကြိုးကပ်ဘေး တစ်ချက်ပဲ ကျန်တော့တယ်နော်။ လက်ဆောင်လေးတွေ ပေးကြပါဦး။"
ကျင့်ကြံသူများမှာ ရော်မုအား အားပေးရန် လက်ဆောင်များ ပေးပို့လိုက်ကြသည်။
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။ ထိုဝတုတ်သည် လက်ဆောင်တောင်းရန် မည်သည့်အခွင့်အရေးကိုမှ လက်လွှတ်မခံပေ။
ဒင်းက အစီအစဥ် တင်ဆက်သူ လုပ်ခဲ့သင့်တာ.....
ကြောက်မက်ဖွယ် မိုးကြိုးကပ်ဘေးကြောင့် ကောင်းကင်နှင့်မြေပြင်မှာ တုန်ခါလာလေပြီ။
စောင့်ကြည့်နေသူများမှာလည်း အသက်ပင် မရှူနိုင်ကြပေ။
ဉာဏ်အလင်းပွင့်သော နတ်အဆောင်ရှင်သည်ပင် ပါးစပ်ပိတ်သွားသည်။
ခရက်......
ဘုန်း......
ရွှေရောင်ဟာလာပြင်လျှပ်စီးမှာ ကောင်းကင်ထက်မှ သက်ဆင်းလာသည်။
ရော်မုမှာ ရှိရှိသမျှ စွမ်းအင်များအားသုံးကာ အဆောင်များ ထွက်ပေါ်စေလိုက်သည်။
ရွှေရောင်ဟာလာပြင်လျှပ်စီးမှာလည်း ဓားတစ်လက်အလား ရော်မု၏ ခန္ဓာကိုယ်ထဲ ထိုးစိုက်သွားလေသည်။
မိုးကြိုးတစ်ခုလုံး ပေါက်ကွဲကာ စွမ်းအင်လှိုင်းဂယက်များ ပျံ့နှံ့သွားသည်။
"ဆရာ အောင်မြင်သွားလား။"
ဉာဏ်အလင်းပွင့်သော နတ်အဆောင်ရှင်မှာ တိုးညင်းစွာ ရေရွတ်လိုက်သည်။
"ဟားဟားဟား...... အခုကစပြီး ငါက ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူပဲ။"
ရယ်သံတစ်ခု ပဲ့တင်ထပ်သွားသည်။
ကျင့်ကြံသူများလည်း အားပေးလာကြသည်။
"ဟားဟား..... ဆရာ အောင်မြင်မယ်ဆိုတာ သိသားပဲ။ အားလုံးပဲ အားပေးကြပါဦး။"
ထိုစကားနှင့်အတူ ရော်မုထံ ပြေးသွားသည်။
အဖွဲ့ထဲတွင် လက်ဆောင်များ ပြည့်နှက်သွားလေသည်။
အားလုံးမှာ အောင်ပွဲခံနေကြသည်။
ကမ္ဘာမြေ၏ ကျင်ကြံရေးလောကသည် ခေတ်သစ်တစ်ခုသို့ ရောက်ခဲ့ပြီပင်။
"ကောင်းလိုက်တာ။"
အန်လင်းမှာလည်း လက်သီးလက်မောင်းတန်းကာ အားပေးနေသည်။
ရော်မုမှာ မီးကျွမ်းထားသလို ဖြစ်နေလေသည်။
ရော်မု ပြုံးကာပြောလိုက်သည်။
"အားပေးကြတာ ကျေးဇူးတင်ပါတယ်။ အခု အောင်မြင်သွားတဲ့အတွက် လက်ဆောင်လေးတွေ....."
ရော်မုမှာ စကားပြောနေရင်း နောက်သို့လန်ကျသွားသည်။
"ဆရာ....."
ဉာဏ်အလင်းပွင့်သော နတ်အဆောင်ရှင်မှာ အပြေးဖမ်းလိုက်သည်။
"ဆရာ့ရဲ့ အရှိန်အဝါက တည်ငြိမ်ပါတယ်။ ပင်ပန်းသွားတာထင်တယ်။ ပြန်သတိရလာအောင် လက်ဆောင်ပေးကြပါဦးနော်။"
လက်ဆောင်များ ပြည့်နှက်သွားပြန်သည်။
အန်လင်း : "....."
တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင် : "....."
"ဆရာနဲ့တပည့်က တစ်ပုံတည်းပဲ။"
ရွှမ်းယွမ်ချန် ကူကယ်ရာမဲ့စွာ ပြောလာသည်။
"ဆရာကောင်းရင် တပည့်ကောင်းမှာပဲ..... ဝုတ်။"
တပိုင် စကားဆိုလာသည်။
"ဆရာက အရှက်မရှိရင် တပည့်လည်း မျက်နှာပြောင်တိုက်မှာပေါ့။"
မြွေဖြူဝိဥာဥ် တုံ့ပြန်လိုက်သည်။
သူမသည် တိုက်ရိုက်ထုတ်လွှင့်ခြင်းအား ထိုမျှစိတ်မဝင်စားပေ။
"ဟင်းလင်းပြင်သို့အပြန် အဆင့်ကတော့ ကမ္ဘာမှာ ရှိလာပြီ။"
တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင် သတိပေးလိုက်သည်။
"ငါတို့ပိုပြီး သတိထားရတော့မယ်။ သဘာဝ အပြောင်းအလဲတွေ အချိန်မရွေး ဖြစ်လာနိုင်တယ်။"