← Chapters

အစ်ကိုကြီးချန်၏ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့်နယ်ပယ်

Vol. 69 Ch. 965

အစ်ကိုကြီးချန်၏ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့်နယ်ပယ်

Vol. 69 Ch. 965

များပြားလှသော မြွေမိစ္ဆာများမှာ လှိုင်းလုံးများနှင့်ပင် ဆင်တူနေသည်။

ရွှမ်းယွမ်ချန်သည် ဓားအားထုတ်ကာ ရှေ့တက်လာသည်နှင့် ယင်းယန်ပုံရိပ် တစ်ခုမှာလည်း တစ်ကီလိုမီတာကျော်အထိ ပြန့်ကားလာသည်။

အသင်္ချေစိတ်ဝိဥာဥ်ထိုက်ကျိ...... ယန်စွမ်းအင် ပေါက်ကွဲခြင်း.....

ရွှေရောင်အလင်းလုံးများမှာ လေထဲရုတ်တရက် ပေါ်ထွက်လာသည်။

"ဘာတွေဖြစ်နေတာလဲ။"

မြွေမိစ္ဆာများ အမူအရာ ပြောင်းလဲသွားရသည်။

"မကြောက်ကြနဲ့။ ဒင်းကို ဖမ်းလိုက်တာနဲ့ ငါတို့ပြဿနာတွေ ပြီးသွားမှာ။"

မြွေမိစ္ဆာများသည် အဆိပ်မှုတ်ကာ ရွှမ်းယွမ်ချန်ထံ ချည်းကပ်လာသည်။

ထိုအချိန်မှာပင် ရွှေရောင်အလင်းလုံး တစ်ခုသည် အလွန်တောက်ပလာကာ ပေါက်ကွဲသွားတော့သည်။

ဝုန်း.....

ဝုန်း......

ဝုန်း......

ရွှေရောင် ပေါက်ကွဲမှုများမှာ ကောင်းကင်နှင့်မြေပြင်အား လွှမ်းမိုးသွားလေသည်။

စွမ်းအင်လှိုင်းဂယက်များနှင့်အတူ မြွေမိစ္ဆာများလည်း ပြာကျသွားရသည်။

ရွှမ်းယွမ်ချန်မှာ ရောက်ရာနေရာ ဗုံးကွဲစေနိုင်သော ဗုံးလူသား တစ်ဦးလိုပင်။

ရွှေရောင်အလုံးများ ဆက်လက်ဖြစ်ပေါ်လာနေပြီး စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် မြွေမိစ္ဆာများသည်လည်း ဆိုးဆိုးရွားရွား ထိခိုက်ကုန်ကြသည်။

ရွှမ်းယွမ်ချန်နှင့် တစ်ကီလိုမီတာ ပတ်လည်သည် မရဏသင်္ချိုင်းကြီး ဖြစ်လာခဲ့သည်။

"ပြေးကြ...."

"ဒီလူသားရဲ့ နယ်ပယ်က အရမ်းကြောက်ဖို့ကောင်းတာပဲ။"

"အမေရေ..... ဒါက ဘာစွမ်းအင်ကြီးလဲ။ ကြမ်းလိုက်တာ။"

မြွေမိစ္ဆာများ ထွက်ပြေးကုန်ကြသည်။

ရွှမ်းယွမ်ချန်၏ စွမ်းအင်သည် တိုက်ရိုက်ဆန်သော သေဆုံးမှုအား ယူဆောင်လာနိုင်သောကြောင့် ရန်သူများ ကြောက်လန့်ကုန်သည်။

ကြောက်ဖို့ကောင်းတယ်.......

တအားကြောက်ဖို့ကောင်းတယ်.......

အန်လင်းသည်လည်း ရွှမ်းယွမ်ချန်၏ စွမ်းအင်အပြည့်အဝအား ပထမဆုံး မြင်ဖူးခြင်းပင်။ မည်သို့ပင်ဆိုစေကာမူ အစ်ကိုကြီးချန်သည် လမ်းမှားအား လျှောက်လှမ်းနေသလို သူခံစားနေရသည်။

"ပြေးချင်တာလား။ အဲ့လောက်မလွယ်ဘူး။"

ရွှမ်းယွမ်ချန်သည် လက်သင်္ကေတများ ပြောင်းလဲလိုက်ပြီးနောက် တစ်ကီလိုမီတာ ပတ်ဝန်းကျင်မှာ လေထုများ သိပ်သည်းစေးကပ်သွားသည်။

အသင်္ချေစိတ်ဝိဥာဥ်ထိုက်ကျိ..... ယင်းစွမ်းအင် ပေါင်းစည်းခြင်း....

မြွေမိစ္ဆာများမှာ ခန္ဓာကိုယ်အား လှုပ်ရှားရန် စွမ်းအင်များစွာ အသုံးပြုနေရသည်ကို သိလိုက်ကြရသည်။

ပို၍ထိတ်လန့်ဖွယ် ကောင်းသည်မှာ ရွှေရောင် အလင်းလုံးများ ရုပ်လုံးပေါ်လာခြင်းပင်။

ဝုန်း.....

ဝုန်း.......

ဝုန်း......

"အား......"

ပေါက်ကွဲသံနှင့် အော်ဟစ်သံများ ဆူညံကာ တစ်ကီလိုမီတာ အတွင်းမှ မြွေမိစ္ဆာများအားလုံး မာလကီးယားသွားသည်။

ခေါင်းနီမြွေမိစ္ဆာ ထိတ်လန့်သွားရသည်။

"စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်ပဲ ရှိသေးတဲ့ ဒီလူသားတွေက မခေပါလား။"

ထိုအချိန်တွင် နတ်သမီးငယ်လေး တစ်ပါးမှာ ၎င်းရှေ့သို့ ရောက်ရှိလာသည်။

ခေါင်းနီမြွေမိစ္ဆာ မျက်မှောင်ကျုံ့ကာ တိုက်ခိုက်တော့မည့် အချိန်မှာပင် ရင်ဘတ်အား ဓားဖြင့်ထိုးခံလိုက်ရလေသည်။

"နတ်ဘုရားကျင့်စဥ်..... ပိတ်ပင်ထားသော နတ်ဘုရားတိုက်ကွက်....."

တီနာသည် အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာမှ ရရှိထားသော တိုက်ကွက်အား အသုံးပြုလိုက်ပြီး ပတ်ဝန်းကျင် တခွင်လုံး အေးခဲသွားရသည်။

ခေါင်းနီမြွေမိစ္ဆာမှာ ကာကွယ်ရေး အလွှာတစ်ခုသာ ဖန်တီးလိုက်နိုင်သည်။

ရွှပ်......

ခေါင်းနီမြွေမိစ္ဆာ ဓားထိုးခံရကာ သွေးများပန်းထွက်လာသည်။

ထိုသည်သာမက ကျယ်ပြန့်လှသော ဓားစိတ်ဆန္ဒကြောင့် ၎င်းမှာ လွင့်ပါထွက်သွားရသည်။

"ယီးတဲ့မှ....."

ခေါင်းနီမြွေမိစ္ဆာ ဒေါသထွက်သွားသည်။

"သွေးမိစ္ဆာဧကရာဇ်....."

ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိသော မြွေမိစ္ဆာသုံးကောင် ထပ်မံထွက်ပေါ်လာသည်။

တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်မှာ ၎င်းတို့ထဲမှ တစ်ကောင်ထံ ချက်ချင်းသွားလိုက်သည်။

အန်လင်းသည်လည်း ဂမ်ဒမ်သုံးနှင့် ဂမ်ဒမ်လေးအားထုတ်ကာ ကျန်နှစ်ကောင်အား အလုပ်များနေစေလိုက်သည်။

မြွေဖြူဝိဥာဥ်မှာ မှော်ရတနာအား အသက်သွင်းကာ ကမ္ဘာနှစ်ခုကြားမှ လမ်းကြောင်းအား ပိတ်ရန်ကြိုးစားလိုက်သည်။

တပိုင်မှာလည်း ပတ်ဝန်းကျင်ရှိ မြွေမိစ္ဆာများအား တိုက်ခိုက်နှိမ်နင်းနေသည်။

အက်ကြောင်းမှာ တဖြည်းဖြည်း သေးငယ်လာသည်။

အဆုံးတွင်မူ ရှေးဟောင်းထိုက်ချူကုန်းမြေမှ မိစ္ဆာများမှာ အက်ကြောင်းထဲမှ ထွက်မလာနိုင်တော့ပေ။

မြက်ခင်းပြင်မှ မြေမိစ္ဆာများသည်လည်း အန်လင်းတို့၏ ဆော်ပလော်တီးခြင်းကို ခံနေရသည်။

ထိုသည်မှာ မြင့်မြတ်သော မြွေဝိဥာဥ် သုံးပါးထဲမှ အတောင်ခြောက်ဖက်နှင့် မြွေသည်ပင် ယောင်ကျီး၏ အမှုန်စွမ်းအင်ဓားကြောင့် အစိပ်စိပ်အမြွှာမြွှာ ဖြစ်သွားလေပြီ။

ယောင်ကျီးသည် ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ် အဆင့်မျှရှိပြီး အတောင်ခြောက်ဖက်နှင့် မြွေသည် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်သာ ရှိသောကြောင့် မယှဥ်နိုင်ပေ။

ထိုသည်သာမက သူမသည် လူသတ်လက်နက်အဖြစ် ဖန်တီးခံထားရသောကြောင့် ရန်သူများအား အကောင်းမွန်ဆုံး တိုက်ခိုက်နိုင်သည်။

"ရွှီး...... တောင်ပံဝိဥာဥ်မြွေကို သတ်ရဲတယ်ပေါ့လေ။ မင်းကိုသတ်ပစ်မယ်။"

ကျောက်စပါးအုံးသည် တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်အား အမြှီးနှင့် ရိုက်ထုတ်လိုက်ပြီးနောက် ယောင်ကျီးထံ ပျံဝဲလာသည်။

ယောင်ကျီးသည် ကြောက်ရွံ့ခြင်း မရှိပဲ မျက်စိတမှိတ်အတွင်း တစ်ကီလိုမီတာကျော် အကွာအဝေးသို့ ရောက်ရှိသွားသည်။

"ဒီစက်ရုပ်က လေဟာနယ် ခုန်ကူးနိုင်တာလား။"

ကျောက်စပါးအုံး မယုံကြည်နိုင် ဖြစ်သွားရသည်။

ယောင်ကျီးသည် ၎င်း၏ရှေ့သို့ ရောက်ရှိလာကာ အမှုန်စွမ်းအင်ဓားအား ဓားပုံရိပ် တစ်ရာကျော်အဖြစ် ပြောင်းလဲလိုက်သည်။

ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒမှာ ညဥ့်ကောင်းကင်ယံအား လွှမ်းမိုးသွားလေသည်။

ကျောက်စပါးအုံးမှာ ဒဏ်ရာဒဏ်ချက်များစွာဖြင့် ဆုတ်ခွာလိုက်ရသည်။ အရေထူသောကြောင့်သာ မဟုတ်ပါက အတောင်ခြောက်ဖက်နှင့် မြွေ၏နောက်သို့ လိုက်သွားရလောက်သည်။

၎င်းနောက်ဆုတ်နေစဥ်မှာပင် ကောင်းကင်နှင့်မြေပြင်မှာ ရုတ်တရက် အမှောင်ကျသွားလေသည်။

ကျောက်စပါးအုံး ကြောင်တောင်တောင် ဖြစ်သွားပြီးနောက် အလင်းပြန်ရလာသောအခါ ရယ်မောနေသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။

"မင်း......"

ထို့နောက် ၎င်း၏လည်ပင်းမှာ ဆိုးရွားစွာ နာကျင်လာသည်။

ကျောက်စပါးအုံးမှာ မျက်စိတမှိတ်အတွင်း ခေါင်းတခြား၊ ကိုယ်တခြား ဖြစ်သွားရတော့သည်။

ကျောက်သပါးအုံး မျက်လုံးပြူးသွားရသည်။ မြင့်မြတ်သော မြွေဝိဥာဥ်သုံးပါးထဲမှ တစ်ပါးဖြစ်ပါသော်လည်း လွယ်ကူစွာ အသတ်ခံလိုက်ရသည်။

သွေးများမှာ မြစ်တစ်စင်းအလား ပန်းထွက်လာလေသည်။

အန်လင်းသည် ကျောက်စပါးအုံး၏ သိုလှောင်ရတနာအား ယူလိုက်ပြီးနောက် အတောင်ခြောက်ဖက်နှင့် မြွေ၏ သိုလှောင်ရတနာအား ယောင်ကျီးထံမှ ရယူလိုက်သည်။

ခေါင်းကိုးလုံးမြွေမှာ အလန့်တကြားနှင့် အက်ကြောင်းဘက် ဆုတ်ခွာတော့သည်။

အမေရေ...... ဒီလောကကြီးက ကြောက်ဖို့ကောင်းလိုက်တာ.... သားသား အိမ်ပြန်ချင်တယ်.....

ခေါင်းကိုးလုံးမြွေသည် အက်ကြောင်းထဲ ဝင်နိုင်ရန် ခန္ဓာကိုယ်အား သေးပစ်လိုက်သည်။

အက်ကြောင်းမှာ အချိန်နှင့်အမျှ သေးငယ်နေလေသည်။

သွေးမိစ္ဆာဧကရာဇ်သည်လည်း တီနာ၏ ဓားစိတ်ဆန္ဒများဖြင့် ဖိအားပေးခံရပြီးနောက် လေဟာနယ် ဝဲဂယက်များ ဖန်တီးရန် လက်ပင်မရှိတော့ပေ။

ခေါင်းကိုးလုံးမြွေမှာလည်း အက်ကြောင်းထဲဝင်ရန် အသည်းအသန် ကြိုးစားနေသည်။

"ငါအိမ်ပြန်နိုင်မှာပါ။"

၎င်းမှာ မျက်ရည်များပင် ဝဲလာသည်။

ထို့နောက် အက်ကြောင်းထဲမှ ထွက်လာသော လက်ညှိုးဖြူတစ်ချောင်းအား တွေ့လိုက်ရလေသည်။

All Chapters