← Chapters

ကောင်းကင်တမာန်တော်ရောက်ရှိလာခြင်း

Vol. 69 Ch. 966

ကောင်းကင်တမာန်တော်ရောက်ရှိလာခြင်း

Vol. 69 Ch. 966

ထိုလက်ညှိုးအား မြင်လိုက်ရချိန်တွင် ခေါင်းကိုးလုံးမြွေမှာ လွန်စွာကြောက်ရွံ့သွားသည်။

တီနာသည်လည်း အမူအရာ ပြောင်းလဲသွားကာ ဓားပုံရိပ်အား ပစ်လွှတ်လိုက်သည်။

ထိုလက်ညှိုးထံမှ ရွှေရောင်အလင်းများ ဖြာထွက်လာကာ တီနာ၏ ဓားပုံရိပ်အား ပေါက်ကွဲသွားစေသည်။

တီနာ သွေးအန်ကာ ကောင်းကင်ထက်မှ ပြုတ်ကျသွားရသည်။

"နာလေး....."

အန်လင်း မျက်နှာပျက်သွားကာ အပြေးသွားဖမ်းလိုက်သည်။

"ဘီလူးအန်လင်း....."

တီနာမှာ သေလုဆဲဆဲ ဖြစ်နေလေပြီ။

"ပြေးတော့...."

အန်လင်း တုန်လှုပ်သွားကာ အားအင်ဖြည့်တင်းပေးသော အင်မော်တယ်ဆေးလုံးအား တီနာ ပါးစပ်ထဲ ထည့်ပေးလိုက်ပြီးနောက် သူမအား ဂမ်ဒမ်သုံးနှင့် ထားခဲ့ကာ အက်ကြောင်းဘက်သို့ ထွက်လာလိုက်သည်။

သူသည် ထိုသတ္တဝါအား သေချာပေါက် သင်ခန်းစာ ပေးရမည် ဖြစ်သည်။

ခေါင်းကိုးလုံးမြွေမှာလည်း ထိုလက်ညှိုးသည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိလိုက်ရသည်။

ထိုလက်များသည် အက်ကြောင်းအား ဆွဲဖြဲပစ်လိုက်သည်။

ခက်ခက်ခဲခဲ ပိတ်ထားရသော အက်ကြောင်းမှာ ဆုတ်ပြဲသွားပြန်သည်။

မြွေဖြူဝိဥာဥ်မှာ မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ နှုတ်ခမ်းထောင့်စွန်းမှ သွေးများစီးကျလာသည်။ အက်ကြောင်းအား ထိန်းချုပ်နေရသော သူမအတွက် ယခုအဖြစ်အပျက်မှာ သက်ရောက်မှု ကြီးမားလွန်းလှသည်။

ပုံရိပ်တစ်ခု အက်ကြောင်းထဲမှ ထွက်ပေါ်လာလေသည်။

အက်ကြောင်းထဲမှ မည်သည့်မြွေမှ ထွက်မလာပဲ ထိုပုံရိပ် တစ်ခုတည်းသာ ထွက်လာသည်။

ထိုသည်မှာ မိစ္ဆာဦးချိုနှင့် အနီရောင်ဝတ်စုံ ဆင်မြန်းထားသော အမျိုးသား တစ်ဦးပင်။

"စစ်မှန်မိစ္ဆာလား။"

အန်လင်း အမူအရာ ပြောင်းလဲသွားသည်။

ထိုအမျိုးသား၏ သွေးနီရောင် မျက်ဝန်းများမှာ ရက်စက်ကြမ်းကြုတ်မှု မရှိပဲ အကြင်နာတရားများ ပြည့်လျှံနေသည်။

"ဒီကနေ ထိုက်ချူကုန်းမြေကို လာလို့ရလောက်တယ်ဆိုပြီး လာလိုက်တာ။"

ထိုအမျိုးသား စကားဆိုလိုက်သည်။

"ဟုတ်သားပဲ။ တံခါးပိတ်ရဦးမယ်။"

၎င်းသည် တစ်ဖက်သို့လှည့်ကာ အက်ကြောင်းအား ဆွဲပိတ်လိုက်သည်။

ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်နှင့်ပင် ခက်ခက်ခဲခဲ ပိတ်နေရသော အက်ကြောင်းအား လက်ဗလာဖြင့် ဆွဲပိတ်လိုက်ခြင်းပင်။

ထို့နောက် ထိုအမျိုးသားမှာ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ကမ္ဘာနှစ်ခုကြားမှ လမ်းကြောင်းမှာ ပိတ်သွားခဲ့လေပြီ။

မြွေဖြူဝိဥာဥ်မှာ ထိုအမျိုးသားအားကြည့်ကာ သူမ၏ မှော်ရတနာအား တိတ်တဆိတ် သိမ်းဆည်းလိုက်သည်။

ခေါင်းကိုးလုံးမြွေမှာလည်း မျက်စိမျက်နှာ ပျက်နေရသည်။

သွားပြီ...... အားလုံးပြီးသွားပြီ....

အန်လင်းမှာလည်း ထိုအမျိုးသားအား မထိုးနှက်ရန် ကိုယ့်ကိုယ်ကို စိတ်ထိန်းလိုက်ရသည်။

အက်ကြောင်းအား လက်ဗလာသက်သက် ဆွဲပိတ်ရန်မှာ မလွယ်ကူပေ။

၎င်းသည် ကောင်းကင်နှင့်မြေပြင်၏ တာအိုတရားအား နားလည်သူဖြစ်ကာ အနည်းဆုံး တာအိုပေါင်းစည်းခြင်းအဆင့် ရှိပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ထိုအမျိုးသားသည် အန်လင်းတို့အား စိတ်ပင်မဝင်စားပေ။ တီနာကိုလည်း အနှောင့်အယှက်ပေးသည်ဟု ထင်သောကြောင့်သာ တုံ့ပြန်ခဲ့ပုံရသည်။

ထို့ကြောင့် အန်လင်းမှာ အလျင်စလို မတိုက်ခိုက်ခြင်းပင်။

သူသည် ဦးနှောက်မရှိသော အရူးမဟုတ်ပေ။

အဆင့်မြင့် ကျင့်ကြံသူတိုင်းသည် ကောင်းကင်အရှင်သခင်ကဲ့သို့ လွယ်လွယ်ကူကူ ညှိနှိုင်းနိုင်မည် မဟုတ်သောကြောင့် ပြဿနာ ဖြစ်လာပါက သူ၏အသက်ပါ ပါသွားပေလိမ့်မည်။

အကောင်းဆုံး နည်းလမ်းမှာ ရှောင်ပုန်းနေရန်သာ။ အဆင့်မြင့် ကျင့်ကြံသူ တစ်ဦးသည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ငချွတ်လေးအား ဂရုစိုက်နေမည် မဟုတ်ပေ။

အားလုံး၏ အတွေးမှာလည်း ထိုကဲ့သို့ပင် ဖြစ်သည်။

စစ်မှန်မိစ္ဆာမှာ ဓားအားထုတ်ကာ ကောင်းကင်အား ကြည့်ရှုနေသည်။

ထို့နောက် အန်လင်းဘက်သို့ လှည့်လာလေသည်။

အန်လင်း ထိတ်လန့်သွားရသည်။

မမြင်ပါစေနဲ့...... မမြင်ပါစေနဲ့......

စစ်မှန်မိစ္ဆာ စိတ်လှုပ်ရှားသွားသည်။

"မင်္ဂလာပါ။ ငါ့နာမည်က စိုင်ရယ်ပါ။ မိုးဖြိုဂိုဏ်းရဲ့ ပထမမြောက် ကောင်းကင်တမာန်တော်လေ။ မင်းနာမည်ကို သိလို့ရမလား။"

အန်လင်း : "......."

အခြားသူများ : "......."

ဘယ်လိုအခြေအနေကြီးလဲ.....

အန်လင်းမှာ ရင်ဘတ်ဆင်နင်းခံရသလို ခံစားလိုက်ရသည်။

ဒီလူက မိုးဖြိုဂိုဏ်းက ပထမ ကောင်းကင်တမာန်တော်လား.......

ချန်းချန်သည်လည်း သူ့အား မိုးဖြိုဂိုဏ်းထဲဝင်ရန် ဖိတ်ခေါ်ခဲ့ဖူးသည်။

အန်လင်းသည် ထိုသူ၏ အမေးအား ပြန်မဖြေလိုပေ။

"မင်္ဂလာပါ.... စီနီယာ ကျွန်တော်က အန်လင်းပါ။"

အန်လင်း တလေးတစား နှုတ်ဆက်လိုက်ရသည်။

စိုင်ရယ်မှာ တစ်စုံတစ်ခုအား မှတ်မိသွားဟန်ပင်။

"သခင်လေး အန်လင်း..... မင်းက ထူးခြားတဲ့သူပဲ။ ငါနဲ့အတူတူ ကြီးကျယ်ခမ်းနားတာတွေ မလုပ်ချင်ဘူးလား။"

အန်လင်း : "......"

"ကောင်းကင်ကို ဖျက်စီးတာမျိုးလား။"

အန်လင်း မျက်နှာပျက်သွားသည်။

"သခင်လေး အန်လင်း..... ကြည့်ရတာ ငါတို့က ကံပါပုံပဲ။ ရိုးရှင်းတဲ့ စကားနောက်က အဓိပ္ပါယ်ကိုတောင် သိနေတယ်လေ။"

စိုင်ရယ် ပြုံးကာပြောလာသည်။

"ချန်းချန်ကို တွေ့ဖူးလို့ပါ။ သူက မိုးဖြိုဂိုဏ်းထဲဝင်ဖို့ ဖိတ်ဖူးတယ်လေ။"

အန်လင်း တုံ့ပြန်လိုက်သည်။

ချန်းချန်သည်လည်း မိုးဖြိုဂိုဏ်းသို့ဝင်ရန် ဖိတ်ခေါ်ဖူးပါသော်လည်း သူသည် အမှန်တကယ်ပင် ထိုဂိုဏ်းအား စိတ်မဝင်စားပေ။

စိုင်ရယ် စိတ်လှုပ်ရှားသွားသည်။

"ကြည့်ရတာ သေချာမဖိတ်လို့ ထင်တယ်။ မိုးဖြိုဂိုဏ်းထဲ ဝင်တာနဲ့ တတိယမြောက် ကောင်းကင်တမာန်တော် ရာထူးကိုပေးမယ်။ အံ့ဖွယ်ဆေးလုံး သုံးလုံး၊ အံ့ဖွယ်လက်နက် တစ်ခု၊ စိတ်ဝိဥာဥ်ကျောက်တုံး သန်းငါးရာနဲ့ ကောင်းကင်နတ်မိမယ် လှလှလေးတွေ အယောက်တစ်သောင်းလောက်ကို မောင်းမဆောင်အဖြစ် ရမယ်ကွာ။"

အန်လင်း မျက်လုံးပြူးသွားသည်။

တပိုင်မှာလည်း ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

ကောင်းကင်နတ်မိမယ် တစ်သောင်းတောင်လား......

အခြားသူများမှာလည်း ဘာပြောရမည်လဲပင် မသိတော့ပေ။

၎င်း၏ကတိစကားမှာ မယုံကြည်နိုင်စရာ ကောင်းလှသည်။

တိုက်ပွဲနတ်ဘုရား ဇီယန်မှာ တံထွေးမြိုချလိုက်မိသည်။

"သခင်လေး အန်လင်း ဘယ်လိုထင်လဲ။"

စိုင်ရယ် ယုံကြည်ချက်ရှိစွာ မေးလိုက်သည်။

"ကျွန်တော့်ကို အဲ့လိုလူ ထင်နေတာလား။"

အန်လင်း အံကြိတ်လိုက်သည်။

စိုင်ရယ် ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။

"အခုက ငြင်းနေတာလား။"

အန်လင်း ခေါင်းညိတ်ပြလာသည်။

"ဟုတ်တယ်။"

ကောင်းကင်နတ်မိမယ် တစ်သောင်းပါတဲ့ မောင်းမဆောင်ပေါ့လေ....... ငါတသက်လုံး ဒူးထောက်ရင်တောင် ရမှာမဟုတ်ဘူး......

"မင်းက တော်တော်ခေါင်းမာတာပဲ။"

စိုင်ရယ်မှာ ဒေါသမထွက်ပေ။

၎င်းသည် ရွှမ်းယွမ်ချန်နှင့် ဆင်တူကာ နွေးထွေးသော နွေဦးလေပြေကဲ့သို့သူမျိုး ဖြစ်သည်။

"ကောင်းပြီလေ။ သခင်လေး အန်လင်း နောက်တစ်ခါ ပြန်ဆုံဖို့ မျှော်လင့်ပါတယ်။"

စိုင်ရယ်သည် တပါးသူအား အတင်းအကြပ် ဖိအားပေးခြင်းမျိုး လုပ်တတ်သူ မဟုတ်ပါချေ။

သူသည် ကောင်းကင်အား ဖျက်စီးမည့်သူ ဖြစ်သောကြောင့် အခြားသူများ၏ ကိစ္စထဲ ဝင်ပါနေစရာလည်း အကြောင်းမရှိပေ။

သူအန်လင်းအားကြည့်ကာ ခေါင်းခါလိုက်သည်။

သူသည် ဓားအားထုတ်လိုက်သည်နှင့် ယင်းယန်အမှတ်အသားတစ်ခု ပေါ်ထွက်လာသည်။

ဝုန်း.......

အဖြူရောင် အလင်းများနှင့်အတူ လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာလေသည်။

စိုင်ရယ်၏ဓားသည် ကောင်းကင်ဂိတ်တံခါးအား ဖွင့်လိုက်ခြင်းပင် ဖြစ်တော့သည်။

All Chapters