← Chapters

မြွေနက်ဝိဥာဥ်၏ဆုလာဘ်

Vol. 69 Ch. 968

မြွေနက်ဝိဥာဥ်၏ဆုလာဘ်

Vol. 69 Ch. 968

ကိုးပြည်ထောင်၏ ကောင်းကင်ဘုံခုံရုံး၌.....

ထိုက်ချူကုန်းမြေတွင် ကောင်းကင်ဘုံခုံရုံးမှာ အကြီးကျယ်ဆုံး အရပ်ဒေသ ဖြစ်သည်။

ထိုက်ချူကုန်းမြေနှင့် ကမ္ဘာမြေအား ဆက်သွယ်ပေးထားသော တောင်ဘက်ကောင်းကင်တံခါးမှာ ရုတ်ချည်းဆိုသလို ပြင်းပြင်းထန်ထန် ပေါက်ကွဲသွားသည်။

ထိုအဖြစ်အပျက်သည် ကောင်းကင်ဘုံခုံရုံး၏ အဆင့်မြင့် ကျင့်ကြံသူများကိုပင် ထိတ်လန့်သွားစေ၏။

၎င်းတို့သည် ကမ္ဘာမြေသို့ ကိုယ်စားလှယ်များ စေလွှတ်ပါက တောင်ဘက်ကောင်းကင်တံခါးကိုသာ အသုံးပြုရသည်။ ယခုတွင်မူ တစ်စုံတစ်ဦးမှာ ခွင့်ပြုချက် မရှိပဲ တောင်ဘက်ကောင်းကင်တံခါးအား အတင်းအကြပ် ဝင်ရောက်လာခြင်းပင်။

ဧကရာဇ် ဇီဝေးနှင့် ကောင်းကင်အရှင်သခင်မှာ တောင်ဘက်ကောင်းကင်တံခါးသို့ ပြာပြာသလဲ ရောက်ရှိလာကြသည်။

တောင်ဘက်ကောင်းကင်တံခါးအား စောင့်ကြပ်ပေးနေသော ဗိုလ်ချုပ်နှစ်ဦးမှာ ယခုကဲ့သို့ အခြေအနေမျိုးနှင့် တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးသောကြောင့် အလွန်အမင်း ကြောက်ရွံ့နေကြလေပြီ။

ဧကရာဇ် ဇီဝေးနှင့် ကောင်းကင်အရှင်သခင်တို့မှာ အနီရောင် ဝတ်စုံနှင့် အမျိုးသားအား တွေ့လိုက်ရပြီးနောက် အမူအရာ ပြောင်းလဲသွားသည်။

"စိုင်ရယ်......"

၎င်းတို့နှစ်ဦးလုံး တပြိုင်နက်တည်း ရေရွတ်လိုက်ကြသည်။

"မတွေ့ရတာ ကြာပြီနော်။"

စိုင်ရယ်မှာ တည်တည်ငြိမ်ငြိမ်ပင် ပြုံးပြလာသည်။

"မင်းတို့ရဲ့ လမ်းကို ခဏငှားသုံးရုံလေးပါ။ အခု သွားတော့မယ်နော်။"

သူသည် စိတ်ဝိဥာဥ်ကျောက်တုံး တစ်သန်းအားထုတ်ကာ ကောင်းကင်အရှင်သခင်အား ပစ်ပေးလိုက်သည်။

"ဒါက တံခါးပြင်ဖို့ငွေ...."

ကောင်းကင်အရှင်သခင်မှာ စိုင်ရယ်အားကြည့်ကာ မျက်နှာပျက်နေသည်။

"ကောင်းကင်ဘုံခုံရုံးကို စိတ်ရှိသလို ဝင်ထွက်သွားလာလို့ရတဲ့ နေရာမှတ်နေလား။"ဟု မေးချင်ပါသော်လည်း မမေးဖြစ်လိုက်ပေ။

စိုင်ရယ်အတွက် ကောင်းကင်ဘုံခုံရုံးသည် အမှန်တကယ်ပင် စိတ်ရှိသလို ဝင်ထွက်သွားလာနိုင်သော နေရာတစ်ခု ဖြစ်သည်။

သူသည် မိုးဖြိုဂိုဏ်း၏ ဂိုဏ်းချုပ်ပင်။

ကောင်းကင်ဘုံ ပြင်ဆင်ခြင်းဂိုဏ်းအတွက်မူ အရှင်မ နွီဝါးမှ ဂိုဏ်းချုပ်အဖြစ် တာဝန်ယူထားသည်။

စိတ်ဝိဥာဥ်ကျောက်တုံး တစ်သန်းသည် မလုံလောက်ဟု ဆိုချင်ပါသော်လည်း အတိတ်မှ စိုင်ရယ်အားတွေးကာ ဧကရာဇ် ဇီဝေး ပါးစပ်ပိတ်လိုက်ရသည်။

ဒင်းမြန်မြန် ထွက်သွားရင် အကောင်းဆုံးပဲ....

"ဘာကိစ္စမှ မရှိရင် သွားပြီနော်။"

စိုင်ရယ် ပြုံးကာပြောလာသည်။

"ကောင်းကောင်းသွားပါ။"

ကောင်းကင်အရှင်သခင် ခေါင်းညိတ်ပြလိုက်သည်။

၎င်းတို့သည် အတွေးအခေါ် မတူသူများ ဖြစ်သောကြောင့် ကောင်းကင်အရှင်သခင်မှာ စိုင်ရယ်အား ကြည့်မရပေ။

စိုင်ရယ်မှာ ကောင်းကင်ဘုံခုံရုံးမှ ထွက်ခွာသွားတော့သည်။

..........

ကမ္ဘာမြေ၌.....

အန်လင်းမှာ မြွေနက်ဝိဥာဥ်နှင့် တွေ့ရလေပြီ။

မြွေဖြူဝိဥာဥ် အဆင်ပြေကြောင်း သိလိုက်ရပြီးနောက် မြွေနက်ဝိဥာဥ်မှာ အန်လင်းဘက်သို့ လှည့်လာသည်။

အန်လင်းမှာ သူမ အပြုံးအားကြည့်ကာ ကျောပင်ချမ်းလာမိသည်။

"ကမ္ဘာကို အဆင့်တက်သွားအောင် လုပ်ပေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် စီနီယာ မြွေနက်ဝိဥာဥ်....."

အန်လင်း ချီးကျူးလိုက်သည်။

မြွေနက်ဝိဥာဥ်အား အငယ်များကို အနိုင်မကျင့်သင့်ကြောင်း သတိပေးသည့်အနေဖြင့် စီနီယာဟု ခေါ်လိုက်ခြင်းပင်။

မြွေနက်ဝိဥာဥ် ခပ်ဖွဖွ ပြုံးလာသည်။

"ဒါက ငါ့အလုပ်ပါ။ မြွေမိစ္ဆာတွေ ရှင်းပေးတာလည်း နင့်ကို ကျေးဇူးတင်သင့်တာပေါ့။"

အန်လင်း စိတ်သက်သာရာ ရသွားသည်။

"ကမ္ဘာကို ကာကွယ်ဖို့ အားလုံးမှာ တာဝန်ရှိတယ်လေ။ ကျွန်တော်က လုပ်သင့်တာ လုပ်တာပါ။"

မြွေနက်ဝိဥာဥ် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်။ အဲ့တော့ နင့်ကိုဆုချရမှာပေါ့။"

"ဘာဆုလဲ။"

အန်လင်း မျှော်လင့်သွားသည်။

ထို့နောက် မြွေနက်ဝိဥာဥ်၏ ရွှေရောင်ဓား ပျံဝဲလာသည်ကို တွေ့လိုက်ရတော့သည်။

ထိုသည်မှာ အံ့ဖွယ်လက်နက် လောကဖန်ဆင်းမိစ္ဆာရှင်းဓားပင်

ထိုဓား၏ တိုက်ခိုက်မှုမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

အန်လင်းမှာ မိစ္ဆာရှင်းဓားအား အလျင်အမြန် ထုတ်လိုက်ရသည်။

ဝုန်း.......

နားကွဲမတက် ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာလေသည်။

မြွေဖြူဝိဥာဥ်နှင့် အခြားသူများလည်း နောက်သို့ဆုတ်လိုက်ရသည်။

"အစ်မကြီး အနက်ရောင်..... တော်တော့။"

မြွေဖြူဝိဥာဥ် အော်ဟစ်လိုက်သည်။

အန်လင်းမှာ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ မြွေနက်ဝိဥာဥ်၏ တိုက်ခိုက်မှုအား ခုခံနိုင်ခဲ့၏။

"နင်က..... တိုးတက်လာသားပဲ။"

မြွေနက်ဝိဥာဥ် ရယ်မောကာ ရှေ့သို့ချီတက်လာသည်။

အန်လင်း ထိတ်လန့်သွားကာ စွမ်းအင်အပြည့်အဝဖြင့် မြွေနက်ဝိဥာဥ်အား ခုခံလိုက်သည်။

မြွေနက်ဝိဥာဥ်၏ တိုက်ခိုက်မှုများမှာ တဖြည်းဖြည်းနှင့် ပိုမိုကြမ်းတမ်းလာသည်။

ဝုန်း.....

ဝုန်း.....

ဝုန်း......

အန်လင်းမှာ အကြိမ်ကြိမ်အခါခါ လွင့်ထွက်နေလေသည်။

"စစ်နတ်ဘုရားရဲ့ ခုတ်ချက်ခြောက်ချက်..... ဝါယောဓား....."

အန်လင်း အော်ဟစ်ကာ မြွေနက်ဝိဥာဥ်၏ ဦးခေါင်းအား ချိန်ရွယ်တိုက်ခိုက်လိုက်သည်။

မြွေနက်ဝိဥာဥ်မှာ လျင်မြန်စွာ ရှောင်ရှားလိုက်ပြီးနောက် အန်လင်း၏ ရင်ဘတ်အား ဓားဖြင့်ထိုးချလိုက်သည်။

"ဖူး......"

အန်လင်း သွေးအန်သွားလေသည်။

မြွေနက်ဝိဥာဥ်မှာ ပျော်ရွှင်စွာဖြင့် အန်လင်းထံ ဦးတည်လာသည်။

အန်လင်းမှာ အသည်းအသန် ခုခံနေရသည်။

"ဒါက ဆုလာဘ်လား။"

သူဒေါသထွက်နေလေသည်။

"တာအိုပေါင်းစည်းခြင်း အဆင့်ကို တိုက်ခိုက်ခွင့်ရတာ ဂုဏ်ယူစရာပဲမလား။"

မြွေနက်ဝိဥာဥ် စိတ်လှုပ်ရှားနေသည်။

"ဖိအားမပေးနဲ့တော့။"

အန်လင်း အံကြိတ်လိုက်သည်။

မြွေနက်ဝိဥာဥ်၏ ဓားပုံရိပ်မှာ အန်လင်းပေါ် ကျဆင်းလာသောကြောင့် နောက်ထပ်တစ်ကြိမ် သွေးအန်လိုက်ရသည်။

"ဖိအားပေးတော့ရော ဘာဖြစ်လဲ။ နင်ဘာလုပ်မှာလဲ။"

မြွေနက်ဝိဥာဥ် အလွန်ပျော်ရွှင်နေသည်။

"ခုခံစမ်းပါ။ နင်ခုခံလေ ငါပျော်လေပဲ။ နင့်ကို ဘယ်သူက လာကယ်မှာလဲ။"

အန်လင်း : "....."

မြွေနက်ဝိဥာဥ်က ပုံမှန်မဟုတ်တဲ့ စွဲလမ်းမှု ရှိနေတာလား.....

မညိသို့ပင်ဆိုစေကာမူ အမှန်တကယ်လည်း သူ့အားလာကယ်မည့်သူ မရှိပေ။

မြွေနက်ဝိဥာဥ်သည် မန္တာန်တစ်ခုဖြင့် ပြင်ပကမ္ဘာအား စည်းခြားထားသောကြောင့် မြွေဖြူဝိဥာဥ်သည်ပင် ဘာမှမတတ်နိုင်ပေ။

"ငါက စကားတည်တယ်လေ။ နင့်ကိုတွေ့တိုင်း သမမယ်လို့ မပြောထားဘူးလား။"

မြွေနက်ဝိဥာဥ် အန်လင်းထံ ရောက်ရှိလာပြန်သည်။

"အဲ့ဒါဆိုလည်း ကျွန်တော့်ကို အပြစ်မတင်နဲ့တော့။"

အန်လင်းမှာ မြွေနက်ဝိဥာဥ်အားကြည့်ကာ အမူအရာ ပြောင်းလဲသွားတော့သည်။

All Chapters