← Chapters

တာအိုဧကရာဇ်နှင့် တိုက်ပွဲ

Vol. 57 Ch. 789

တာအိုဧကရာဇ်နှင့် တိုက်ပွဲ

Vol. 57 Ch. 789

မိုဝူကျိတို့ ထွက်သွားပြီး အမွေးတိုင်တစ်တိုင်စာမျှပင် မရှိသေးသည့် အချိန်လေးအတွင်း စကြဝဠာအစွန်းဆီ မီးခိုးရောင် သင်္ဘောပျံတစ်စင်း ရောက်ရှိလာသည်။

“ သူတို့က  နတ်ဘုရားမျိုးနွယ်ရဲ့ တာအိုဧကရာဇ် ဝူဝမ့်နဲ့ တာအိုဧကရာဇ် လွန်ဖာတို့ပဲ … ” သင်္ဘောပျံမှ  သူတို့ ထွက်ပေါ်လာသည်နှင့် သူတို့ကို စကြဝဠာအစွန်းမှ လူများက တန်း၍ မှတ်မိလိုက်ကြသည်။ လူများစွာက  သူတို့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။

နတ်ဘုရားမျိုးနွယ်စုက ကောင်းကင်ဘုံအလွန် စကြဝဠာမှာ အားအကောင်းဆုံး မျိုးနွယ်စုထဲမှ တစ်ခု ဖြစ်ပေသည်။ ထို့အပြင် ဝူဝမ့်နှင့် လွန်ဖာတို့အပြင် နောက်ထပ် တာအိုဧကရာဇ် နှစ်ယောက်လည်း ပါရှိနေသေး၏။ အားလုံးက သူတို့ ရောက်လာသည့် အကြောင်းအရင်းကို သိကြသည်။

နတ်ဘုရားမျိုးနွယ်စု၏ သခင်လေး ဝူလီက စကြဝဠာအစွန်း၌ အသတ်ခံလိုက်ရလေသည်။ နတ်ဘုရားမျိုးနွယ်စုက ဘာမှ မလုပ်မှသာ ထူးဆန်းနေပေလိမ့်မည်။

ဝူဝမ့်က သစ်ခေါက်နှင့်တူသော လွန်ဖာနှင့်အတူ ဆင်းလာလေ၏။ နောက်ထပ် တာအိုဧကရာဇ် နှစ်ယောက်မှာ စကြဝဠာအစွန်း အပြင်ဘက်၌ ကျန်ရှိနေပေရာ မိုဝူကျိ ထွက်ပြေးလျှင်ဆိုသည့် အတွေးဖြင့်  ကြိုတင် စောင့်ဆိုင်းနေခြင်းသာ ဖြစ်သည်။

“ ဖုန်းဟွမ်က တာအိုဧကရာဇ် ဝူဝမ့်နဲ့ တာအိုဧကရာဇ် လွန်ဖာတို့ကို နှုတ်ဆက်ပါတယ် ….” ဝူဝမ့် စကြဝဠာအစွန်းထဲ ဝင်လာသည့်အခါ ဖုန်းဟွမ်က သူ့အား ပြုံးရင်း နှုတ်ဆက်လိုက်သည်။

“ တာအိုသခင်ဖုန်း ...  မိုဝူကျိ ရှိသေးလား ” ဝူဝမ့်အသံမှာ အေးစက်စက် ဖြစ်နေသည်။ သူက ဖုန်းဟွမ်အား ထုနှက်ရန် ပြင်ဆင်ထားဟန် ပေါ်နေသည်။

ဖုန်းဟွမ်က သက်ပြင်းချကာ  “ သူက ထွက်သွားဖို့ ဆုံးဖြတ်ထားတာဆိုတော့ နေခိုင်းလို့ မရလိုက်ဘူး ”

ဖုန်းဟွမ်က မိုဝူကျိ ထွက်သွားပြီးနောက်မှ နတ်ဘုရားမျိုးနွယ်စု ရောက်ရှိလာဖို့ရာ နေ့ဝက်ခန့် ကြာမြင့်မည် မဟုတ်ကြောင်း သတိထားမိလိုက်ခြင်း ဖြစ်၏။ မိုဝူကျိက ထွက်သွားဖို့ရာ အလျှင်လိုနေခြင်းမှာ မိုဝူကျိက သတင်းပို့ ဓားပျံ အကြောင်းအရာကို မှန်းဆမိ၍ ဖြစ်ပေလိမ့်မည်။ အရိုးသားဆုံးပြောရလျှင် ဖုန်းဟါမ်က မိုဝူကျိသည် ပါဝင်အကြောင်းအရာအား အတိအကျ မှန်းဆနိုင်သည့်အတွက် အတော်လေး အံ့အားသင့်မိလေ၏။ တစ်ချိန်တည်းဆိုသလို ဝူဝမ့်အပေါ်ကို မကျေမနပ်လည်း ဖြစ်မိသည်။ အကယ်၍ ဝူဝမ့်သာ သတင်းပို့ ဓားပျံ မပို့ခဲ့လျှင် သူ ဖုန်းဟွမ်က မိုဝူကျိအား ထိန်းထားပေးရန် မရည်ရွယ်ဘဲ ကူညီပေးလိုက်ဦးမည် ဖြစ်၏။

တကယ်တော့ ဝူဝမ့်၏ မှန်းဆချက်များမှာ မှန်ကန်ပေ၏။ မိုဝူကျိက ဝူလီကို သတ်ပြီးနောက် စကြဝဠာအစွန်းမှ ချက်ချင်း ထွက်သွားပေလိမ့်မည်။ သူ့ကြောင့်သာ မဟုတ်လျှင် မိုဝူကျိ ထွက်သွားသည်မှာ ကြာမြင့်နေလောက်လေပြီ။

သူက မိုဝူကျိအား နတ်ဘုရားမျိုးနွယ်စုမှ လူများ အချိန်တစ်ခုအထိ ပြန်မရောက်လာကြောင်း ပြောထား၍သာ မိုဝူကျိက နည်းနည်း နေသွားခြင်း ဖြစ်၏။ သို့သော်လည်း ဝူဝမ့်က ဓားပျံကို ပို့လွှတ်၍ အပိုလုပ်မိသွားသည်။ ကံမကောင်းစွာ ထိုဓားပျံကို မိုဝူကျိက သတိပြုမိသွားလေ၏။

“ ဘာ ” ဝူဝမ့်က  သတ်ဖြတ်ငွေ့များ ထွက်ပေါ်လာသည်။ သူက ဖုန်းဟွမ်အား အေးစက်စွာ ကြည့်လိုက်ရင်း  “ တာအိုသခင်ဖုန်းက ကျုပ်တို့ နတ်ဘုရားမျိုးနွယ်ရဲ့စကားကို မရှိတဲ့လေလို သဘောထားလိုက်တာလား …”

ဖုန်းဟွမ်က စိတ်ထဲမှ သရော်လိုက်သော်လည်း အပေါ်ယံ၌ တည်တည်ငြိမ်ငြိမ် ရှိနေဆဲ ဖြစ်သည်

“ တာအိုဧကရာဇ်ရဲ့ စကားတွေက မသင့်တော်ပါဘူး။ ကျုပ် ဖုန်းဟွမ်က တာအိုသခင် တစ်ယောက်လေးပါပဲ … တခြားသူရဲ့ အပြုအမူကို ဘယ်လိုလုပ် လိုက်ထိန်းချုပ်နိုင်မှာလဲ။ ဒါပေမဲ့ ကျုပ် ဖုန်းဟွမက် ကျုပ်တတ်နိုင်သလောက် အကောင်းဆုံး လုပ်ပေးခဲ့တယ်။ တာအိုဧကရာဇ် ဝူဝမ့်ဆီက ကျုပ်ကို ကျေးဇူးတင်ဖို့ မတောင်းဆိုပေမဲ့ တာအိုဧကရာဇ်ဝူရဲ့ ဒေါသကိုလည်း ကျုပ် ခံယူစရာ အကြောင်းမရှိဘူးလို့ ထင်တယ် … ”

ထိုသို့ပြောပြီးနောက် ဖုန်းဟွမ်က ဝူဝမ့်ဆီ သလင်းကျောက် ပေးလိုက်သည်။

ဝူဝမ့် စိတ်ထဲမှ ဒေါသတရား မီးတောက်မှာလည်း ငြိမ်ကျသွားလေ၏။ သူက ဖုန်းဟွမ် ဆိုလိုချင်သည့် အဓိပ္ပါယ်ကို နားလည်ပေသည်။

 ခင်ဗျားတို့ နတ်ဘုရားမျိုးနွယ်က အားကောင်းပေမဲ့ ကျုပ်က ခင်ဗျားတို့ နတ်ဘုရားမျိုးနွယ်က လူ မဟုတ်ဘူး … ကျုပ်က တတ်နိုင်သလောက် ကူညီပေးပြီးပြီ။ ကျုပ် မလုပ်ရင်လည်း ဘာပြဿနာမှ မဖြစ်ဘူး ….

ထိုစဉ် ဝူဝမ့်က သလင်းကျောက်ထဲ စိတ်စွမ်းအား ပို့လွှတ်လိုက်သည်။ သူက မိုဝူကျိ ထွက်သွားစဉ်က မြင်ကွင်းကို မြင်တွေ့လိုက်ရပြီး ဖုန်းဟွမ်က ဆက်နေရန် ဖြောင့်ဖြသော်လည်း မရရှိကြောင်း သိလိုက်ရသည်။ ဝူဝမ့်လည်း ဖုန်းဟွမ်သည် သူတို့ကြောင့် မိုဝူကျိနှင့် တိုက်ပွဲအဖြစ်ခံ၍ အချိန်ဆွဲထားမည် မဟုတ်ကြောင်း သိထားပေသည်။ ထို့အပြင် ဝူဝမ့်က နောင်တရလာမိ၏။ သူက သတင်းပို့ ဓားပျံသည် မိုဝူကျိအား အလျှင်စလို ထွက်သွားစေသည့် အကြောင်းအရင်းမှန်း သိလိုက်ရသည်။ မိုဝူကျိက ဝူလီကို သတ်ပြီးပြီးချင်း ထွက်မသွားဘဲ နေလိမ့်မည်ဟု မည်သူက သိမည်နည်း။ အကယ်၍ သူ သိနေလျှင် ဖုန်းဟွမ်ဆီ လှမ်းအကြောင်းကြားမိမည် မဟုတ်ပေ။

“ စောစောလေးက ဝူလီရဲ့ သေဆုံးမှုကြောင့် ဒေါသအရမ်းထွက်နေလို့ပါ။ တာအိုသခင်ဖုန်းကို မေးပါရစေ … မိုဝူကျိက ဘယ်ကို ထွက်သွားတာလဲ ” ဝူဝမ့်က လက်နှစ်ဖက် ယှက်၍ မေးလိုက်သည်။

သူ့စိတ်ထဲ၌ သမုဒ္ဒရာသုံးစင်းနှင့် ပင်လယ်လေးခုကို ဖျက်စီးပစ်နိုင်လောက်အောင် ဒေါသကြီးနေဆဲ ဖြစ်သော်လည်း မိုဝူကျိကို မဖမ်းမိလျှင် ထိုဒေါသတရားကို ဖြန်ချေစရာ နည်းလမ်း မရှိပေ။

ဖုန်းဟွမ်က အားနာစွာ ပြောလိုက်၏  “  အဲဒီ မိုဝူကျိက တစ်ယောက်ယောက်ကို သွားရှာမယ်ဆိုပြီး ပြောခဲ့တာဆိုတော့ သူက စကြဝဠာအစွန်းကနေ ချက်ချင်း ထွက်မသွားလောက်ဘူး။ သူက အူးကျောက်ဟယ်ရဲ့ လေသင်္ဘောနဲ့ ထွက်သွားတာ …. ”

“ တာအိုသခင်ဖုန်းက မိုဝူကျိရဲ့ ဇာစ်မြစ်အကြောင်းကိုများ သိလား ” မိုဝူကျိက မီဖေးကုန်သည်အိမ်တော်ကို ဖျက်စီးပစ်ခဲ့သော်လည်း နတ်ဘုရားမျိုးနွယ်က ထိုကိစ္စကို အာရုံစိုက်ဖို့ရာ စိတ်မပါပေ။

သို့သော် မိုဝူကျိက ဝူလီကို သတ်ပစ်လိုက်ပြီ ဖြစ်သောကြောင့် ဝူဝမ့်က မိုဝူကျိအကြောင်း စုံစမ်းမိချင်လာသည်။

ဖုန်းဟွမ်က မိုဝူကျိ၏ ဇာစ်မြစ်အကြောင်းကို ခန့်မှန်းမိသော်လည်း သူက  “မိုဝူကျိနဲ့ ခဏလေးပဲ စကားပြောခဲ့ရတာဆိုတော့  ကျုပ်လည်း သိပ်တော့ မသေချာဘူး။”

ဖုန်းဟွမ်က ဖီဖေးကုန်သွယ်ရေး အဖွဲ့သည် မိုဝူကျိ၏ ဇာစ်မြစ်အကြောင်း သေချာပေါက် စုံစမ်းပြီးသား ဖြစ်မည်မှန်း သေချာသိသည်။ သို့သော်လည်း သူက မိုဝူကျိနှင့် မိတ်ဆွေမဖွဲ့ခဲ့ရသော်လည်း ဤသို့လူမျိုးအား ရန်မစလိုပေ။

“ တာအိုဧကရာဇ် ဝူ …. ကျုပ်က မိုဝူကျိအကြောင်းကို အကြမ်းဖျင်း စုံစမ်းထားပါတယ်။ သူက လူသားမျိုးနွယ်က ဖြစ်ပါလိမ့်မယ်။ တာအိုဧကရာဇ်ဝူအနေနဲ့ ကျီချန်းလောင်ကို အဲဒီလူရဲ့ ဇာစ်မြစ်အကြောင်း မေးလိုက်ရုံပါပဲ ” လန်ရန်၏ အသံက ထွက်ပေါ်လာသည်။

“ လူသားမျိုးနွယ် …” ဝူဝမ့်က အေးစက်စက် လှောင်ပြောင်သံဖြင့်

“ သူက လူသားမျိုးနွယ်ဆိုတော့ လူသားမျိုးနွယ်က ဆက်လက် တည်ရှိနေဖို့ မလိုတော့ဘူး။ လွန်ဖာ …. ငါ့အဖွဲ့ကို စုဆောင်းထားပေး ငါတို့တွေ အထက်ဘုံရဲ့ စကြဝဠာမြို့ကို သိမ်းပိုက်မယ်။ ပြီးတော့ အထက်ဘုံကို ဖျက်စီးပစ်မယ်။ အင်မော်တယ်လောကကိုတော့ ငါတို့ နတ်ဘုရားမျိုးနွယ်အတွက် တိုက်ပွဲ လေ့ကျင့်တဲ့နေရာအဖြစ် အသုံးပြုကြတာပေါ့ ”

“ ဟုတ်ကဲ့ ” သစ်ခေါက်နှင့်တူသည့် အမျိုးသားက တုံ့ပြန်လိုက်သည်။

သစ်ခေါက်က လှည့်ထွက်မသွားခင် ယခင် စကြဝဠာအစွန်း အပြင်ဘက်၌ စောင့်ဆိုင်းနေကြသော နတ်ဘုရားမျိုးနွယ်၏ လူတစ်ယောက်က အပြေးအလွှား ရောက်လာသည်။ သူက ဝူဝမ့်ကို တင်ပြလိုက်သည်

“ မဟာအကြီးအကဲ …. အခုပဲ သတင်း ဝင်လာတယ်။ မိုဝူကျိက ကြေကွဲမြို့ဟောင်းနေရာဆီ ဦးတည်သွားနေတာတဲ့ …. အမြင်နဲ့တင် သူက ကြေကွဲမြို့ဟောင်းထဲ ပုန်းမလို့ ထင်တယ် ”

“ အရမ်းကောင်းတယ်။ ငါတို့တွေ လူသားမျိုးနွယ် ဖျက်စီးမဲ့ကိစ္စကို ခဏအချိန်ဆွဲထားတာပေါ့။ မိုဝူကျိကို အရင်ဆုံး ဖမ်းကြမယ်။ လွန်ဖာ … အရင်ဆုံးသွားနှင့် ၊ ငါတို့တွေ နောက်ကနေ လိုက်လာမယ် ” ဝူဝမ့် အသံမှာ အေးစက်နေသည်။

“ ဟုတ်ကဲ့ ” လွန်ဖာက ပြန်ဖြေလိုက်သည်။ ရုတ်ချည်းဆိုသလို သူ့နောက်ကျော၌ တောင်ပံတစ်စုံ ပေါ်လာသည်။ အားပြင်းပြင်းခတ်လိုက်သည်နှင့် လွန်ဖာက အစအနမရှိ‌ ပျောက်ကွယ်သွားတော့သည်။

လွန်ဖာ၏ အမြန်နှုန်းမှာ အမြန်ဆုံးဖြစ်သည့်အတွက် ဝူဝမ့်က သူ့ကို မိုဝူကျိအား တားဆီးရန် လွှတ်လိုက်ခြင်း ဖြစ်၏။

…………….…

မိုဝူကျိ လက်ထဲမှ မြေပုံမှာ ဝူလီဆီမှ ရရှိထားခြင်း ဖြစ်၏။ စကြဝဠာအစွန်း၌ သူ့အချိန်များမှာ ကြွယ်ဝလွန်းခဲ့သည်ဟု ပြော၍ ရပေသည်။

သူက မီးဖေးကုန်သွယ်ရေး အဖွဲ့မှ အစိမ်းရောင် အင်မော်တယ်ကျောက် သုံးသန်းကျော်ကို ရရှိခဲ့ရုံသာမက ဝူလီ၏ လက်စွပ်တစ်ကွင်းတည်းဖြင့် အစိမ်းရောင်ကျောက် သန်းချီနှင့်အတူ မြောက်များစွာသော ရတနာများ ပါဝင်နေသည်။ သူ မဖွင့်ကြည့်ရသော ကျောက်စိမ်းသေတ္တာတချို့ပင် ရှိနေလေ၏။

ထို့အပြင် နတ်ဘုရားမျိုးနွယ်စုမှ အင်မော်တယ် ဧကရာဇ် သုံးယောက်ဆီမှ ရရှိလာသော လက်စွပ်များလည်း ကျန်ရှိနေသေး၏။ သူက ဖွင့်ကြည့်ဖို့ရာ အချိန်မရသေးပေ။ ကြေကွဲမြို့ဟောင်းရောက်မှ စိတ်အေးနိုင်မည် ဖြစ်၏။

လေသင်္ဘောမှာ အဆင့် ၉ ပျံသန်းရေး ရတနာ ဖြစ်သောကြောင့် အတော်လေး မြန်ဆန်လှသည်။ နှစ်နာရီအတွင်း မိုဝူကျိက ကြေကွဲမြို့ဟောင်း၏ တည်နေရာ အမှတ်အသားကို ကျောက်စိမ်းမြေပုံ၌  တွေ့နေရလေပြီ။

မိုဝူကျိက စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။ သူက ကြေကွဲမြို့ဟောင်း၏ မိတ်ဆက်အကြောင်း မြင်ဖူးထား၍ ကြေကွဲမြို့ဟောင်းထဲ ဝင်လိုက်သည်နှင့် နတ်ဘုရားမျိုးနွယ်စုမှ သူတို့အဆင့်မြင့် ကျင့်ကြံသူအားလုံးကို စေလွှတ်လျှင်ပင် သူ့အား ရှာတွေ့ဖို့ရာ မလွယ်ကူကြောင်း သိထား၏။

“ အစ်ကိုကြီးတာ့ဟွမ် …. ညီမတို့တွေ ဘယ်လောက် ကြာဦး …   ” ယန်ယွဲ့ရုန်က စကားပြီးအောင် မပြောနိုင်ခင် သတ်ဖြတ်ငွေ့က မိုဝူကျိ၏ လေသင်္ဘောဆီ ရောက်ရှိလာသည်။ လေသင်္ဘောကို ကာကွယ်ရေး အစီအရင်များ ခင်းကျင်းထားသော်လည်း ပြင်းထန်လွန်းသည် သတ်ဖြတ်ငွေ့အောက်၌ ယန်ယွဲ့ရုန်က စကားမပြောနိုင်ပင် ဖြစ်သွားရသည်။

မကောင်းတော့ဘူး …

မိုဝူကျိက ဝူလီတို့၊ အင်မော်တယ် ဧကရာဇ်သုံးယောက်တို့နှင့် ရင်ဆိုင်ဖူးသည့်အတွက် ဤလူမှာ နတ်ဘုရားမျိုးနွယ်မှ အဆင့်မြင့် ကျင့်ကြံသူ ဖြစ်ကြောင်း မည်သို့ မပြောနိုင်ဘဲ နေမည်နည်း။

“ ယွဲ့ရုန် လေသင်္ဘောကို မြန်မြန် ထိန်းလိုက် … ပြီးရင် ကြေကွဲမြို့ဟောင်းဆီ သွားပြီးတော့ ပုန်းစရာနေရာ ရှာပြီးတော့ ငါ့ကို စောင့်နေ …. တကယ်လို့ ငါ ပြန်မလာခဲ့ရင် အဲမှာ ဆက်နေနေပြီးတော့ ကျင့်ကြံနေလိုက် …. ”

မိုဝူကျိက စကားဆုံးအောင် မပြောလိုက်ရဘဲ လေသင်္ဘောမှ ခုန်ထွက်လိုက်သည်။ သူ့လခြမ်းကွေး ပုဆိန်လှံရှည် အလင်းတန်းက မီတာဆယ်ချီ ရှည်လျားသော အလင်းတန်းကြီး ထွက်ပေါ်လာကာ ရောက်ရှိလာသူထံ တိုးဝင်သွားသည်။

ယန်ယွဲ့ရုန်က အသိဝင်လာသောအခါ လေသင်္ဘောက ပြင်းထန်သည့် အင်မော်တယ် သဘာဝစွမ်းအားများကြောင့် လွှင့်ထွက်သွားပြီ ဖြစ်၏။ သူမ စိတ်ထဲ၌ သင်္ဘောပျံကို မည်သို့ ထိန်းချုပ်ရမည့်အကြောင်းကို စိတ်အာရုံထဲ ညွှန်ကြားချက် ရုတ်ချည်း ပေါ်လာသည်။ ထို့အပြင် သူမ ခြေထောက်နား၌ ကြေကွဲမြို့ဟောင်း၏ ကျောက်စိမ်းမြေပုံကိုလည်း တွေ့လိုက်ရသည်။

ယန်ယွဲ့ရုန်လည်း ချက်ချင်း တုံ့ပြန်လိုက်သည်။ သူမသာ ဆက်နေနေပါက အစ်ကိုကြီးတာ့ဟွမ်အတွက် ဝန်ထုတ်ဝန်ပိုးသာ ဖြစ်လိမ့်မည်။ သူမက တုံ့ဆိုင်းမနေတော့ဘဲ‌ လေသင်္ဘောကို ကြေကွဲမြို့ဟောင်းဆီ အရှိန်တင်လိုက်သည်။

ယန်ယွဲ့ရုန်က ဆုံးဖြတ်ချက် ပြတ်သားစွာ ထွက်သွားသည်ကို မြင်မှ မိုဝူကျိလည်း သက်ပြင်းချနိုင်တော့သည်။

“ ဝုန်း  ” မိုဝူကျိ၏ ပုဆိန်လှံရှည်အလင်းတန်းက အာကာပြင်အတွင်း ငွေရောင် အက်ကြောင်းတစ်ခုလို ထွက်ပေါ်သွားသည်။ သို့သော်လည်း ထိုအက်ကြောင်းမှာ လက်သီးတစ်ချက်ဖြင့် ဖျက်စီးခံလိုက်ရပြီး ပုဆိန်လှံရှည် အလင်းတန်းများ ပေါက်ကွဲထွက်လာသောကြောင့် အာကာပြင်ထဲ၌ မီးပန်းများ ထုတ်လွှင့်သလို ဖြစ်နေသည်။

“ မင်းက အင်မော်တယ် ဧကရာဇ် သုံးယောက်နဲ့ သခင်လေးကို သတ်နိုင်တာ မထူးဆန်းတော့ပါဘူး။ မင်းမှာ နည်းလမ်းတွေ ရှိနေတာပဲ …” သစ်ခေါက်နှင့် တူသည့်အသားရည် ရှိသော အမျိုးသားကြီးက မိုဝူကျိရှေ့ ရောက်လာသည်။ သူ့လေသံမှာ ပုလွေကျိုးလို ဖြစ်နေပြီး နားထောင်ဖို့ ခက်ခဲလှသည်။

သူ့နောက်ကျော၌ တောင်ပံတစ်စုံ ရှိနေသည်။ ထိုတောင်ပံများကြောင့် မိုဝူကျိနောက် အလွယ်တကူ လိုက်လာနိုင်ခြင်းသာ ဖြစ်ရမည်။

မိုဝူကျိ စိတ်ထဲ လေးလံမိသွားသည်။ သူက ဖုန်းဟွမ်သည် အစပိုင်းတွင် တမင်သပ်သပ် အချိန်ဆွဲဖို့ရာ ခေါ်ထားခြင်းများလားဟု သံသယဝင်လာမိသည်။ အကယ်၍ ဖုန်းဟွမ်သာ နတ်ဘုရားမျိုးနွယ်မှ အဆင့်မြင့် ကျင့်ကြံသူများ အချိန်တစ်ခုအထိ ပြန်ရောက်လာဦးမည် မဟုတ်ကြောင်း မပြောခဲ့လျှင်  သူက မီဖေးကုန်သွယ်ရေး အဖွဲ့ဆီမှ အစိမ်းရောင်ကျောက်များ တောင်းပြီးသည်နှင့် စကြဝဠာအစွန်းမှ ထွက်သွားမိလောက်သည်။ သူက ဟဲရှီးအဖွဲ့၌ပင် အချိန်ဖြုန်းနေမည် မဟုတ်ချေ။

“ ဒီဧကရာဇ် နာမည်က လွန်ဖာပဲ …. မင်းရဲ့ သိုလှောင်လက်စွပ် ပေးရင် မင်းကို သက်ညှာပေးဖို့ စဉ်းစားပေးနိုင်တယ် ” မိုဝူကျိကို နားမလည်နိုင် ဖြစ်သွားစေသည်က သစ်ခေါက်နှင့်တူသော လူအိုကြီးမှာ မတိုက်ခိုက်ဘဲ မိုဝူကျိဆီမှ သိုလှောင်လက်စွပ် တောင်းနေခြင်း ဖြစ်၏။

မိုဝူကျိက ချက်ချင်းဆိုသလို အကြောင်းအရင်းကို သိလိုက်သည်။ ဤလူက အချိန်ဆွဲနေခြင်းသာ ဖြစ်ပြီး ဤလူက သူ့ကို မကြောက်သော်လည်း သူ ထွက်ပြေးလျှင် မတားဆီးနိုင်မည်ကို စိုးရိမ်နေခြင်း ဖြစ်ပေသည်။

မိုဝူကျိက ထိုအတွေး တွေးမိလိုက်သောကြောင့် ဘာလို့များ အချိန်ထပ်ဖြုန်းတီးနေရမည်နည်း။ သူ့လခြမ်းကွေး ပုဆိန်လှံရှည်မှ ထိုလူအိုကြီးအား မျှောပါသွားစေမည့် မဟာသဲကန္တာတိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။ နောက်အခိုက်အတန့်လေး၌ သူ့လေဟုန်ဆန်မြစ်မှာ ကျဆင်းလာသည်။ မြစ်ဘေး၌ နေတစ်လုံး ရှိနေသေး၏။

သူ့ပုဆိန်လှံရှည် တိုက်ကွက်လေးခု၏ ပထမသုံးကွက်ကို တစ်ခါတည်း ထုတ်သုံးပစ်လိုက်သည်။ ထိုသုံးခုလုံးမှာ စွဲလမ်းအဆင့် လျို့ဝှက်တိုက်ကွက်များ ဖြစ်သော်လည်း သူ့အသိစိတ်ပင်လယ်နှင့် စိတ်စွမ်းအားအပေါ် များစွာ သက်ရောက်မှု မရှိချေ။

လွန်ဖာက လက်သီးတစ်ချက်ဖြင့်သာ တုံ့ပြန်ထားသော်လည်း ကာကွယ်ရေး လက်သီးချက် ဖြစ်ပေသည်။ မိုဝူကျိက သူ့အင်မော်တယ် သဘာဝစွမ်းအား၏ သိပ်သည်းဆမှာ လွန်ဖာနှင့်  မယှဉ်နိုင်ကြောင်း ကောင်းကောင်း သိထားသည်။

လွန်ဖာက အလွန်အားကောင်းနေသည့်အတွက် သူ့အနေနှင့် အကုန်ထုတ်တိုက်ရုံမှအပ ရွေးချယ်စရာ မရှိပေ။

ထို့အပြင် သူက ဆုံးရှုံးမဲ့ ကစားပွဲကို မဝင်ပါပေ။ သူ့မဟာသဲကန္တာရမှာ သတ်ဖြတ်ရေး အစီအရင်အဖြစ် ပြောင်းလဲနိုင်လေ၏။ တာအိုဆွေးနွေးခြင်း စင်မြင့်ထက်၌ ထိုအင်မော်တယ် ဧကရာဇ် သုံးယောက်လုံးမှာ အားနည်းလွန်းသောကြောင့် သူ့မဟာသဲကန္တာရ၏ တိုက်ကွက်အား  အင်အားအပြည့် မပြသလိုက်ရပေ။

သူ့မဟာသဲကန္တာရအပြင် သူက နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၇ လေ့ကျင့်သူ ဖြစ်၏။ သူ့တွင် အဓိက သတ်ဖြတ်ရေး တိုက်ကွက်များ ဖြစ်သည့် စိတ်စွမ်းအင် မြှားနှင့် သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်းတို့ ရှိနေသေးသည် မဟုတ်ပါလော။

လွန်ဖာက အလွန်အားကောင်းသော်လည်း သူ ထွက်ပြေးမည်ကို စိုးရိမ်နေရသည်။ ဆိုလိုသည်မှာ လွန်ဖာက သတိထားကာ ချုပ်ထိန်းထားပေလိမ့်မည်။ ဤသို့မျိုး အခြေအနေအောက်၌ မိုဝူကျိက လွန်ဖာအား ရှင်းထုတ်နိုင်ခြေ များပေသည်။

မိုဝူကျိက ဒေါသတကြီး တိုက်ခိုက်သည်ကို မြင်ပြီး လွန်ဖာက အေးစက်စွာ နှာရှုံ့လိုက်သည်။ သူ့ခေါင်းအထက်၌ ဧရာမ သစ်ပင်ကြီး တစ်ပင် ပေါ်လာပြီး ထိုသစ်ပင်ကြီး၏ အမြစ်များမှာ ထွက်ပေါ်လာသည်။ မိုဝူကျိ၏ ဝဲကတော့ စွမ်းအားစက်ကွင်းမှာ တစစီ ဖျက်စီးခံနေရပြီး သူ့လေဟုန်ဆန်မြစ်မှာလည်း ကျဆင်းလာစဉ် ထိုအမြစ်များ၏ ပိုင်းဖြတ်ခြင်းကို ခံလိုက်ရသည်။

မိုဝူကျိထံ ပြင်းထန်သော အင်မော်တယ် သဘာဝစွမ်းအားများ တန်ပြန်သက်ရောက်လာသည်။ မိုဝူကျိက သူ့အသိစိတ်ပင်လယ်၌ နာကျင်မှုကို ခံစားလိုက်ရပြီး အသက်သွေးတချို့ အန်မိသွားသည်။

သူ့တိုက်ကွက် သုံးခု၌ အပြည့်အဝ ထွက်ပေါ်လာနိုင်သည်မှာ မဟာသဲကန္တာရသာ ဖြစ်၏။ ဤတစ်ကြိမ်၌ မိုဝူကျိ၏ မဟာသဲကန္တာရမှာ အဆုံးမဲ့ သဲလှိုင်းများအဖြစ် ပြောင်းလဲမသွားဘဲ အစီအရင်အလံများစွာအဖြစ် ပြောင်းလဲသွားသည်။ ထိုအစီအရင်အလံ သန်းပေါင်းများစွာက သူတို့နှစ်ယောက်ကြားမှ နေရာအကြား ရောက်ရှိလာသည်။

မိုဝူကျိက တုံ့ဆိုင်းမနေပေ။ သူ့လခြမ်းကွေး ပုဆိန်လှံရှည်ကို ဝေ့ယမ်းလိုက်သည့်အခါ မပြီးပြည့်စုံသည့် နေဝင်မှုကား ရုတ်ချည်းဆိုသလို လွန်ဖာနောက် လိုက်နေသည့် ဧရာမ ကြယ်တာရာအသွင် ပြောင်းလဲသွားလေ၏။

“ အသေးအမွှား လှည့်ကွက်လေးတွေ ” လွန်ဖာက နှာခေါင်းရှုံ့လိုက်သည်။ ဧရာမ သစ်ပင်ကြီးမှာ ပွင့်ထွက်လာပြီး သစ်သားတောင်ကြီးက နေလုံးကို ကာဆီးထားလိုက်သည်။

ကြယ်နီက ပေါက်ကွဲထွက်သွားသည်။ မိုဝူကျိ၏ နေဝင်ရိုက်ချက်မှာ အပြည့်အဝ မဖြစ်ပေါ်သေးခင် အတင်းအကျပ် ပျောက်ကွယ်သွားလိုက်ရသည်။ မိုဝူကျိက ပါးစပ်ဟကာ  မြှားတစ်စင်း ပစ်လွှတ်လိုက်တော့သည်။

လွန်ဖာ၏ ဧရာမ သစ်ပင်ကြီးမှာ နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြီး ဘေးပတ်လည်ကို ကာဆီးထားသည့် ကွန်ယက်သဖွယ် ဖြစ်ပေါ်လာသည်။ သူက မိုဝူကျိသည် သူတို့နှစ်ယောက်ကြားမှ ခြားနားချက်ကို သိပြီးနောက် ထွက်ပြေးဖို့ ကြိုးစားလိမ့်မည်ဟု သေချာယုံကြည်နေသည်။

သို့သော်လည်း မိုဝူကျိက မထွက်ပြေးပေ။ သူက ထွက်မပြေးရုံသာမက မိုဝူကျိက ရှေ့တစ်လှမ်းတိုးလိုက်သေး၏။ သူက စိတ်စွမ်းအား မြှားကို ဖွဲ့စည်းလိုက်သည်။ ချက်ချင်းဆိုသလို သတ်ဖြတ်ငွေ့များက တည်နေရာ ပိတ်လှောင်ကွန်ယက် တစ်ခုလုံး၌ ပြည့်နှက်သွားတော့သည်။

***

All Chapters