ကြေကွဲမြို့ဟောင်း အနက်ပိုင်း
Vol. 57 Ch. 791
မိုဝူကျိက ဝူလီ၏ သိုလှောင်လက်စွပ်ကို ထုတ်ကြည့်လိုက်သည့်အခါ အစိမ်းရောင်ကျောက် ပမာဏ များများစားစားအပြင် ထိပ်တန်းအဆင့် လွတ်မြောက်ရေး အဆောင်လည်း ပါရှိပေသည်။
မိုဝူကျိက အဆောင်တာအို၌ ကျွမ်းကျင်နှံ့စပ်မှု မရှိသော်လည်း ထိုအဆောင် မျက်နှာပြင်၌ တာအိုစွမ်းအားများ လှည့်ပတ်နေသောကြောင့် မိုဝူကျိအနေနှင့် ထိုအရာမှာ အနိမ့်ဆုံး အဆင့် ၉ အင်မော်တယ် လွတ်မြောက်ရေး အဆောင်သာ ဖြစ်ပေလိမ့်မည်မှန်း မှန်းဆလိုက်မိ၏။
မိုဝူကျိက သွေးနည်းနည်း ထုတ်လိုက်သည့်အခါ ထိုလွတ်မြောက်ရေး အဆောင်မှ မှိန်ဖျော့ဖျော့ မီးခိုးရောင်အလင်းတန်း ထွက်ပေါ်လာကာ မိုဝူကျိအား ရစ်ပတ်သွားပြီး အစအနမကျန်ရလေအောင် ပျောက်ကွယ်သွားလေ၏။
နောက်အခိုက်အတန့်လေး၌ မိုဝူကျိက မူးနောက်နောက် ဖြစ်သွားကာ သူ နှိုးဆွလိုက်သည့် အဆောင်မှာ အဆင့် ၉ ကိုပင် ကျော်လွန်နိင်ခြေ ရှိကြောင်း သတိပြုမိလိုက်သည်။ မဟုတ်လျှင် သူက ဒဏ်ရာအပြင်းအထန် ရနေလျှင်ပင် မူးနောက်နောက် ဖြစ်မည် မဟုတ်ပေ။
မိုဝူကျိက သူကိုယ်သူ အသိစိတ်မလွတ်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပြီး သူသာ သတိမေ့မြောသွားပါက အဆောင်က လုပ်ဆောင်မှု ပြီးဆုံးသွားသည့်အခါ အန္တရာယ်တွင်းထဲ ကျရောက်သွားနိုင်သည်။ ဤနေရာမှာ ကြေကွဲမြို့ဟောင်းဖြစ်ပြီး အေးချမ်းသည့် နေရာ မဟုတ်ပေ။
အချိန်အတော်ကြာပြီးနောက် မိုဝူကျိက သူ့ခြေထောက်မှ တုန်ခါမှုကို ခံစားလိုက်ပြီးနောက် အရိုးကျိူးသံများကို ဆက်တိုက်ဆိုသလို ကြားလိုက်ရသည်။ သူ့ဦးနှောက်ပင် အောက်ဆီဂျင် ပြတ်လပ်လာသောကြောင့် မိုဝူကျိက သတိမမေ့ခင် ထာဝရ ကမ္ဘာထဲ ဝင်လိုက်တော့သည်။
ခဏအကြာတွင် အာကာပြင်မှ မီတာအတော်ရှည်သည့် ဖျံကြီး ကျဆင်းလာကာ ထာဝရ ကမ္ဘာအနားရှိ ရေကန်ထဲ ဆင်းသွားသည်။
…………
အင်မော်တယ် သားရဲအဆင့် ၆ အထွတ်အထိပ်အဆင့် ရောက်နေသည့် ရွိုက်ကောက မိုဝူကျိ တစ်ယောက် ဒဏ်ရာအပြည့်နှင့် ထာဝရ ကမ္ဘာထဲ ဝင်လာသည်ကို မြင်လိုက်သောအခါ ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်သည်
“ ကျတော်သခင်ကြီးကတော့ ထာဝရ ကမ္ဘာထဲ ဝင်လာတဲ့အခါတိုင်း သေလုနီးပါး ဖြစ်နေတာချည်းပဲ … တော်သေးတာပေါ့။ ဉာဏ်ကောင်းပြီး လုပ်ရည်ကိုင်ရည် ကောင်းတဲ့ ဒီရွိုက်ကောလေး ရှိနေလို့ပေါ့ … မဟုတ်ရင် ကျတော်ရဲ့ သခင်ကြီး ဘယ်နှကြိမ်လောက် ပျောက်ကွယ်ပြီးလောက်ပြီလဲ။ ဟူး …. ကျတော်က အများကြီးလဲ လုပ်ရတယ်။ အမြဲတမ်းလည်း အဆူခံရတယ် ဟူး ဟူး …. ”
အတွေ့အကြုံကြွယ်ဝလှသည့် ရွိုက်ကောက မိုဝူကျိအား ဟုန်မုန့်စွမ်းအင်နား ရွေ့ထားလိုက်သည်။
သာမာန်အခြေအနေအောက်၌ ရွိုက်ကောက ဟုန်မုန့်စွမ်းအင်အကြောင်း ကောင်းကောင်း သိထားပေရာ မိုဝူကျိက မည်မျှပင် ဒဏ်ရာပြင်းထန်နေစေကာမူ ပြန်ကောင်းလာစမြဲ ဖြစ်သည်။
သို့သော်လည်း ရွိုက်ကောက ရက်အနည်းငယ် ကြာပြီးနောက် တစ်ခုခု လွဲမှားနေကြောင်း သတိပြုမိလိုက်သည်။ မိုဝူကျိ ခန္ဓာကိုယ်မှ တခြားအစိတ်အပိုင်း ဒဏ်ရာများမှာ ပြန်ကောင်းလာသော်လည်း သူ့ရင်ဘတ်မှာ ဆက်တိုက် သွေးယိုစိမ့်နေဆဲ ဖြစ်ကာ မီးခိုးရောင် စွမ်းအားများက ဆက်တိုက် စိမ့်ထွက်နေသေး၏။
ထို့အပြင် ရွိုက်ကောအနေနှင့် သူ့သခင်ကြီး၏ အသက်ဓာတ်မှာ အားနည်းလာကြောင်း ပထမဆုံးအကြိမ် သတိထားမိလိုက်ခြင်း ဖြစ်သည်။
ရွိုက်ကောက အဆင့် ၇ သားရဲ ဖြစ်လာတော့မည့် အင်မော်တယ်သားရဲ ဖြစ်လေရာ မိုဝူကျိ ပြဿနာကြား ရောက်နေကြောင်း မပြောနိုင်လျှင် သူ အဆင့် ၇ အထိ ကျင့်ကြံလာရသည့် ကျင့်ကြံရေး အရင်းအမြစ်အားလုံးမှာ ဖြုန်းတီးလာသကဲ့သို့ ဖြစ်ပေတော့မည်။
ရွိုက်ကောက မိုဝူကျိဆီ အပြေးအလွှားသွားကာ မိုဝူကျိ ဒဏ်ရာအတွင်းကို စိတ်စွမ်းအားဖြင့် ထိုးဖောက်စစ်ဆေးကြည့်လိုက်သည်။
ရွိုက်ကောက မီးခိုးရောင်စွမ်းအားများ ထုတ်လွှင့်နေသည့် သုံးလက်မ အရှည်ရှိ မီးခိုးရောင် သံချွန်လေးကို မြင်လိုက်ရသည်။
ထိုသံချွန်လေးက အကြောင်းအရင်းသာ ဖြစ်ရမည်။ တုံ့ဆိုင်းမနေဘဲ ရွိုက်ကောက နှုတ်သီးဟကာ မီးခိုးရောင်စွမ်းအားများ စုပ်ယူပစ်လိုက်သည်။ နောက်အခိုက်အတန့်လေး၌ ရွိုက်ကောက ကြောင်အမ်းသွားလေ၏။ အကြောင်းအရင်းမှာ သူက မီးခိုးရောင်စွမ်းအားများ စုပ်ယူလိုက်သည်နှင့် သံချွန်လေးက အသစ်စက်စက် မီးခိုးရောင်စွမ်းအားများကို ထပ်မံ ထုတ်လွှင့်နေပြန်သည်။
ထိုပစ္စည်းမှာ မရိုးရှင်းလှပေ။ ရွိုက်ကောက သံချွန်လေးကို ကိုက်ကာ ဆွဲနှုတ်ဖို့ ကြိုးစားလိုက်သော်လည်း မည်မျှကြိုးကြိုးစားစား မရပေ။ သံချွန်ကို ကိုက်ဆွဲလိုက်သည်နှင့် မိုဝူကျိပါ ပါလာလေ၏။ သံချွန်မှာ မိုဝူကျိ၏ အရိုးထဲ အတော်လေး နက်နေပေသည်။
သူက အထင်သေးစွာဖြင့် “ ငါ ရွိုက်ကော မကိုင်တွယ်နိုင်တဲ့အရာ ရှိတယ်လို့ မထင်ဘူး။ ငါ ဝါးစားပစ်မယ် ” ရွိုက်ကောက ကျယ်ကျယ်ဟကာ သံချွန်၏ အစွန်းဖျားကို ဝါးစားပစ်လိုက်သည်။
သစ်သားသံချွန်အပေါ်၌ ခပ်သေးသေး အက်ကြောင်း ပေါ်လာပြီး ရွိုက်ကောကို နည်းနည်းလေးမှ အဟန့်အတား မဖြစ်စေပေ။ သံချွန်ကို ဝါးစား မပစ်နိုင်ကြောင်း မယုံခြင်းမှာ သူ့ဘိုးဘေးများက ရှန်းထျန်းရတနာများကိုပင် စားခဲ့ကြသည် မဟုတ်ပါလော။ သူ ရွိုက်ကောမှာလည်း သွေးဆာခြင်နက်၏ မျိုးဆက် ဖြစ်ပေရာ သူ့သခင်ကြီးက သူ့မျိုးရိုးမှာ အရက်စက်ဆုံး ပိုးကောင်ငါးမျိုးထဲမှ တစ်မျိုးဖြစ်ကြောင်း ပြောခဲ့သေး၏။
ရွိုက်ကောက အားကုန်သုံး၍ နှုတ်သီးဟကာ သံချွန်အား ထပ်မံကိုက်ခဲလိုက်ပြီး တာအိုစွမ်းအားများကို လှည့်လည်လိုက်သည်။ ထို့နောက် သံချွန်အဖျားပိုင်းလေးမှာ ရွိုက်ကောကြောင့် ပဲ့ပါသွားသည်။
သံချွန် ထောင့်တစ်နေရာကို ကိုက်နိုင်လိုက်သည်နှင့် သူတို့ဘေးပတ်လည်မှ သေခြင်းတရား စွမ်းအားများမှာလည်း အားပျော့ကျသွားသည်။ ရွိုက်ကောက တစ်ခါတည်းဖြင့် ထိုစွမ်းအားများကို စုပ်ယူပစ်လိုက်ပြီး သံချွန်ကို နောက်တစ်ခါ ပြန်ကိုက်ထားလိုက်သည်။
သံချွန်မှာ အနည်းငယ် ပဲ့ပါသွားပြီးနောက် ကျန်ရှိနေသော အပိုင်းမှာ ဂျယ်လီတုံးလို ဖြစ်သွားလေသည်။ ကျန်ရှိနေသော အပိုင်းက မိုဝူကျိအရိုးထဲ ဆက်လက် တွယ်ကပ်မနေတော့သောကြောင့် ရွိုက်ကောက အကုန်ဆွဲနှုတ်ကာ ဝါးစားပစ်လိုက်ပြီး မျိုချလိုက်သည်။
သံချွန်ကို ဖယ်ထုတ်လိုက်သည်နှင့် မိုဝူကျိ၏ ဒဏ်ရာများမှာ ဟုန်မုန့်စွမ်းအင် အကူဖြင့် အလျှင်အမြန် ပြန်လည် ကောင်းမွန်လာနေသည်။ ထိုစဉ် ဟုန်မုန့်စွမ်းအင် မပါလျှင်ပင် မိုဝူကျိက အသက်ဓာတ်လမ်းကြောင်း တစ်ခုတည်းဖြင့် ပြန်ကောင်းနိုင်စွမ်း ရှိ၏။
“ ဂွီ ” ရွိုက်ကောက မိုဝူကျိ၏ အခြေအနေကို ပြန်မစစ်ဆေးနိုင်ခင် မိမိဗိုက်မှ အသံထွက်လာသည်ကို ကြားလိုက်ရသည်။
ထို့နောက် ပြင်းထန်လွန်းသည့် နာကျင်မှုက နောက်မှ ကပ်ပါလာကာ ရွိုက်ကောက နာကျင်မှုကြောင့် မြေပြင်ပေါ် လူးလိမ့်နေရုံမှအပ မတတ်နိုင်တော့ချေ။ မကြာခင် သူ့ဗိုက်ကြီးက ဖောင်းကားလာတာကို မြင်ပြီး လဲကျသွားလေ၏။ ထို့နောက် ဗိုက်ကြီး ဖောင်းကားလာသည်ကို ကြည့်ကာ ငြီးငြူလိုက်သည်
“ အမလေး … ငါ့အစာအိမ်ကြီး ပေါက်ကွဲတော့မှာပဲ … အဲဒီသံချွန်ကြီးက အရမ်းထူးဆန်းလွန်းတယ် ”
……..…
မိုဝူကျိ နှိုးထလာသည့်အခါ ရွိုက်ကော၏ ဗိုက်ကြီးမှာ ပြန်ပြားချပ်သွားလေပြီ။ လတ်တလော ရွိုက်ကောက တာအိုစွမ်းအားများကို လှည့်ပတ်နေရင်း နက်နက်ရှိုင်းရှိုင်း အိပ်မောကျနေသည့် အခြေအနေသို့ ရောက်နေလေ၏။
မိုဝူကျိက အစိမ်းရောင်ကျောက်များ ပစ်လွှတ်လိုက်ပြီး ရွိုက်ကောအား စွမ်းအင် စုစည်းရေး အစီအရင် ခင်းကျင်းပေးလိုက်သည်။ ထို့နောက် သူ့အခြေအနေသူ စစ်ဆေးကြည့်လိုက်သည်။
မိုဝူကျိက ရွိုက်ကောသည် သံချွန်လေးကို ဝါးမျိုပစ်ပြီး ကူညီပေးလိုက်သည့်အကြောင်း ကောင်းကောင်း သိသော်လည်း သူ့အသိစိတ်မှာ မထင်မရှား ဝေဝါးနေသည်။ သူက သံချွန် အစိုက်ခံရပြီးနောက် ရွိုက်ကော၏ အကူအညီကြောင့်သာ မဟုတ်လျှင် မိုဝူကျိက အသက်ဓာတ်လမ်းကြောင်းနှင့်ပင် ပျောက်ကွယ်သွားမည် ဖြစ်ကြောင်း သိပေသည်။
မိုဝူကျိက စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည့်အခါ ထာဝရ ကမ္ဘာလေးမှာ ရေကန်အနီးအနား ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ အပြင်ဘက်၌ အန္တရာယ်ကင်းကြောင်း စစ်ဆေးပြီးနောက် မိုဝူကျိက ထာဝရ ကမ္ဘာမှ သတိကြီးကြီးထား၍ အပြင်ဘက်သို့ ထွက်လာလိုက်သည်။
ဘေးပတ်လည်မှ အင်မော်တယ် စွမ်းအားများ သိပ်သည်းမှုကို ခံစားမိကာ မိုဝူကျိက ဤနေရာတွင် လေ့ကျင့်ခြင်းက အစိမ်းရောင်ကျောက်များနှင့် လေ့ကျင့်ခြင်းနှင့် အတူတူ ဖြစ်မည်မှန်း သိလိုက်သည်။
အစိမ်းရောင်ကျောက်များမှာ အင်မော်တယ်စွမ်းအားများထက် သေချာပေါက် အဆင့်မြင့်သော်လည်း မိုဝူကျိက သူ ရရှိထားသော အစိမ်းရောင်ကျောက်များမှာ အပိုင်းအစမျှသာ ဖြစ်ကြောင်း သိပေသည်။ ထို့ကြောင့်သာ တာအိုစည်းမျည်းများ မပြီးပြည့်စုံခြင်း ဖြစ်၏။
“ ဝုန်း ” မိုဝူကျိ နှလုံးကိုပင် တုန်ခါသွားစေမည့် အသံမျိုးကို ကြားလိုက်ရ၍ မိုဝူကျိက ကျောက်တုံးကြီးနောက် မြန်မြန် ဝင်ပုန်းလိုက်ရသည်။
မိုဝူကျိက ထိုသားရဲမှာ ဘာဖြစ်ကြောင်း သတိမထားမိနိုင်ခင် သူ့ရှေ့ရှိ ရေကန်မှာ ပေါက်ကွဲထွက်သွားပြီး ကိုးမီတာ ရှည်လျားသော ဖျံကြီး ထွက်လာသည်။
ထိုဖျံကြီးမှာ ဧရာမ လူဝံကြီးဆီ လှစ်ခနဲ ချီတက်သွားလေ၏။ ဖျံကြီးက ကြီးမားလွန်းသည်ဟု ယူဆ၍ ရသော်လည်း ထိုအနက်ရောင် လူဝံကြီးမှာ ဖျံကြီးထက် နှစ်ဆမက ကြီးမားနေသည်။
“ ဘုန်း ဘုန်း ဘုန်း ” ဖျံကြီးက အနက်ရောင် လူဝံကြီးနှင့် ရင်ဆိုင်တွေ့နေသောကြောင့် နေရာတစ်ခုလုံးမှာ အပြင်းအထန် လှုပ်ခါနေသည်။ မိုဝူကျိက လေအေးများ ရှုရှိုက်လိုက်ပြီးနောက် ဖျံကြီးပင် ဖြစ်စေ၊ လူဝံကြီးပင် ဖြစ်စေ အားလုံးက သူ့ထက် အားကောင်းကြောင်း သိလိုက်ရသည်။ သူတို့ဧရာမ သတ္တဝါကြီး နှစ်ကောင်က သူ အဆုံးသတ်ပစ်ခဲ့သည့် နတ်ဘုရားမျိုးနွယ်မှ တာအိုဧကရာဇ်ထက် အားလျော့နည်းမည် မဟုတ်ချေ။ သူက ရောက်လာသည့် နေရာကို စတင် တွေးမိသွားသည်။
ဤနေရာမှာ အားကောင်းတဲ့ သားရဲတွေ ကြီးစိုးနေတာလား …..
မိုဝူကျိက ဖျံကြီးသည် သူ့ကို သတိထားမိကြောင်း ခံစားမိသေသာ်လည်း အနက်ရောင် လူဝံကြီးကို မောင်းထုတ်ဖို့ရာသာ ဗျာများနေသောကြောင့် မိုဝူကျိအား ဖျော်ဖြေရန် အချိန်မရှိပေ။
မိုဝူကျိကလည်း ထွက်မပြေးပေ။ အကြောင်းမှာ သူက ကြေကွဲမြို့ဟောင်းအနက်ပိုင်းသို့ တကယ်ရောက်ရှိလာခြင်း ဖြစ်နေလျှင် သူ ဘယ်နေရာကို သွားသွား ထိပ်တန်းအဆင့် သားရဲများက ရှိနေဦးမည် ဖြစ်ရာ ဘယ်နေရာကို သွားသွား အတူတူသာ ဖြစ်ပေလိမ့်မည်။ သူ လုပ်နိုင်သည်က သားရဲတစ်ကောင်၏ ပိုက်နက်မှ နောက်တစ်ကောင်၏ ပိုက်နက်ထဲ ကူးပြောင်းသွားသလိုသာ ဖြစ်နေမည်။
ဤနေရာတွင် နေထိုင်ခြင်းက မျှော်လင့်ချက် မှိန်ဖျော့ဖျော့လေး ရှိနေသေး၏။ ဖျံကြီးနှင့် လူဝံကြီးတို့ အသီးသီး ဒဏ်ရာကိုယ်စီ ရကုန်ကြလျှင် သူ့အခွင့်အရေး ရလာနိုင်သည်။
ထို့အပြင် မိုဝူကျိက တာအိုဧကရာဇ်ကို သတ်လာသူ ဖြစ်ရာ ဒဏ်ရာအပြင်းအထန် ရနေသော သားရဲကိုတော့ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ထားမိ၏။
ပြင်းထန်သော သဘာဝစွမ်းအားများက ပေါက်ကွဲထွက်ကုန်ပြီး နေရာတစ်ခုလုံးမှာ ရှုပ်ယှက်ခတ်ကုန်ကာ သဲများနှင့် ကျောက်တုံးများပင် လွှင့်ပျံလာသည်။ ခပ်မြင့်မြင့် ရှေးကျကျ သစ်ပင်များပင် ထိုသားရဲနှစ်ကောင် တိုက်ခိုက်မှုကြောင့် တစစီ ဖြစ်သွားပြီး မီတာ ၃၀ ရှိသော ကျောက်တုံးကြီးပင် ကွဲကြေကုန်သည်။
ခဏလေးအတွင်း မိုဝူကျိက ဤနေရကန်၌ ထိပ်တန်းအဆင့် ရတနာရှိမည် ဖြစ်ကြောင်း နားလည်သွားလေ၏။ ထိုအကြောင်းအရင်းကြောင့်သာ ဖျံကြီးက လူဝံကြီးအား ရေကန်အနီး မရောက်စေရန် အတင်းကာဆီးနေခြင်း ဖြစ်ရမည်။
ရေကန်ထဲ၌ ရတနာရှိမှန်း သိသော်လည်း မိုဝူကျိက အရူးအမူး မပြုမူရဲပေ။ သူက ရတနာကို လုယူလိုက်သည်နှင့် ဖျံကြီးသည် လူဝံကြီးနှင့် ဆက်မတိုက်တော့ဘဲ သူ့ဆီ ရောက်လာမည်မှန်း ကောင်းကောင်း သိ၏။ ထိုစဉ် သူက လူဝံကြီးအတွက် ပိုလွယ်ကူအောင် လုပ်ပေးလိုက်သလို ဖြစ်လိမ့်မည်။
မိုဝူကျိက ဖျံကြီးနှင့် လူဝံကြီးတို့မှာ သူ့ရောက်ရှိနေမှန်း သိကြသော်လည်း အာရုံစိုက်ဖို့ရာ အရမ်းအလုပ်ရှုပ်နေကြသည်။ မိုဝူကျိက နောင်အနာဂတ်၌ ဤနေရာတွင် ပိုင်နက် လိုချင်လျှင် အစီအရင်အလံများနှင့်အတူ သေမင်းထောင်ချောက် အစီအရင်ကို ခင်းကျင်းထားရမည်။
“ ဝူးဝါး ” သွေးများပင် နေရာအနှံ့ ပြန့်ကျဲကုန်ပြီး လူဝံကြီး၏ ဦးနှောက်မှာ ဖျံကြီးကြောင့် ပွင့်လုနီးပါး ဖြစ်သွားသည်။ ထို့နည်းတူစွာ ဖျံကြီး၏ ဝမ်းဗိုက်မှာလည်း လူဝံကြီးကြောင့် စုတ်ဖြဲခံလိုက်ရပြီး အတွင်းအင်္ဂါများပင် အပြင်သို့ ထွက်ကျနေသည်။
တိုက်ပွဲက အဆုံးသတ်တော့မည် ဖြစ်ကာ ဒဏ်ရာအပြင်းအထန် ရထားသော လူဝံကြီးက ဖျံကြီးကို အဆုံးမသတ်နိုင်သေးမှန်း သတိပြုမိပြီး ဖြည်းဖြည်းချင်း နောက်ဆုတ်သွားသည်။
ဖျံကြီးကလည်း လူဝံကြီးနောက် ဆက်မလိုပေ။ သူလည်း သူ့ဒဏ်ရာအခြေအနေကို ကောင်းကောင်း သိဟန် ပေါ်ကာ မိုဝူကျိဆီ ပြေးဝင်လာသည်။
မိုဝူကျိလည်း မတ်တတ်ရပ်ကာ လခြမ်းကွေး ပုဆိန်လှံရှည်မှ အလင်းတန်း ထွက်ပေါ်လာပြီး ဖျံကြီးဆီ ဝင်ရောက်သွားသည်။ သူက ဤအခိုက်အတန့်လေးအတွက် အကြာကြီး စောင့်ဆိုင်းနေခဲ့ရသည်။ ဤရေကန်မှာ အတော်လေး ကောင်းသောကြောင့် မိုဝူကျိက ဤနေရာ၌ ခြေကုပ်ရအောင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။
“ ဝုန်း ” လခြမ်းကွေး ပုဆိန်လှံရှည်အလင်းတန်းမှာ ဖျံကြီး၏ ဧရာမလက်သည်းနှင့် တွေ့ကာ သွေးတန်းများစွာ ဖြစ်ပေါ်လာရသည်။ ပုဆိန်လှံရှည် အလင်းတန်းကြောင့် လက်သည်းမှာ ပေါက်ကွဲထွက်သွားသောကြောင့် မိုဝူကျိက ချက်ချင်း နောက်ဆုတ်လိုက်ရသည်။
နောက်အခိုက်အတန့်လေး၌ ဖျံကြီးမှာ မိုဝူကျိ၏ သေမင်းထောင်ချောက် အစီအရင်အတွင်း ကျရောက်လာကာ မိုဝူကျိက အစီအရင်အလံ ပစ်လွှတ်လိုက်သည်နှင့် ဖျံကြီးမှာ ထွက်ပြေးဖို့ရာ ကြိုးစားရင်း စတင်၍ စူးစူးဝါးဝါး အော်ညီးတော့သည်။
အကယ်၍ ဖျံကြီးက အခြေအနေကောင်းနေလျှင် မိုဝူကျိ၏ အဆင့် ၈ သေမင်းထောင်ချောက် အစီအရင်မှာ ဖျံကြီးကို ခဏတာမျှသာ ထိန်းထားနိုင်မည် ဖြစ်သော်လည်း ယခုအခါ ဖျံကြီးက ဒဏ်ရာအကြီးအကျယ် ရနေသောကြောင့် မိုဝူကျိ၏ အစီအရင်နှင့် ပတ်သတ်ပြီး လုံးဝ ကူကယ်ရာမဲ့ ဖြစ်နေသည်။ ဘာကိုမှ မလုပ်နိုင်ဘဲ စူးစူးဝါးဝါးသာ အော်ဟစ်နေသည်။
နှစ်နာရီအကြာတွင် မိုဝူကျိက သေမင်းထောင်ချောက် အစီအရင်အတွင်း ဝင်လိုက်ပြီး ပုဆိန်လှံရှည်ဖြင့် အင်မတန် မောဟိုက်နေသည့် ဖျံကြီးအား အဆုံးသတ်ပေးလိုက်သည်။
ဖျံကြီးကို သတ်ပြီးနောက် မိုဝူကျိက ရေကန်ထဲ ဆင်း၍ ရတနာ ရှာဖို့ရာ အလျှင်မလိုပေ။ သို့သော် ဤပတ်ဝန်းကျင်၌ သေမင်းထောင်ချောက် အစီအရင်များနှင့် အမျိုးမျိုးသော ကာကွယ်ရေး အစီအရင်များကို စတင် ခင်းကျင်းထားလိုက်သည်။
ဤနေရာတွင် သူက ကျင့်ကြံလိုသောကြောင့် ပိုင်နက် မှတ်သားထားရန် လိုအပ်ပေသည်။ ယနေ့မှ စ၍ သူက ယခု ရပ်နေသည့် မြေအစိတ်အပိုင်း၏ အုပ်ချုပ်သူသာ ဖြစ်ပေသည်။
မိုဝူကျိက လက်ရှိတည်နေရာကို မသိသော်လည်း ဤနေရာမှ ထွက်သွားနိုင်ဦးမည် မဟုတ်ကြောင်း သိပေသည်။ ဤနေရာမှ ထွက်သွားနိုင်ဖို့ရာ သူက တိုးတက်ဖို့ လိုအပ်၏။
လေးနာရီအကြာတွင် မိုဝူကျိက ကာကွယ်ရေး အစီအရင်များနှင့် ထောင်ချောက်အစီအရင်များကို ခင်းကျင်းပြီးသွားလေပြီ။ သူက ထိပ်တန်းအဆင့် အင်မော်တယ်သားရဲ ရောက်လာလျှင်ပင် သူတို့က ဤထောင်ချောက်အစီအရင်များ၏ အဓိပ္ပါယ်ကို ခန့်မှန်းမိမည် ဖြစ်ကြောင်း ယုံကြည်ထားသည်။ ယခု သူက ဤနေရာအား သူ့ပိုင်နက်အဖြစ် ကြေညာလိုက်လေပြီ။
မိုဝူကျိက ပြီးစီးသည်နှင့် ရေကန်ထဲ ခုန်ဆင်းလိုက်သည်။
***