← Chapters

အခန်း(၅၄၈) စတုတ္ထချွေးမမှာ ထပ်ရှိနေတာလား

Vol. 40 Ch. 548

အခန်း(၅၄၈) စတုတ္ထချွေးမမှာ ထပ်ရှိနေတာလား

Vol. 40 Ch. 548

အခန်း(၅၄၈) စတုတ္ထချွေးမမှာ ထပ်ရှိနေတာလား

သူမ ရှင်းပြပြီးနောက် လင်းချင်းဟယ် နားလည်သွားပါသည်။ "အမေ ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ခံရှိပါတယ်။"

အမေကျိုးက သူမ၏ ထောက်ခံမှုကို အာရုံခံမိသောအခါ ချက်ချင်း ပျော်ရွှင်လာခဲ့ပါသည်။ သူမ၏ သမီးဘက်ကို လှည့်လိုက်ပြီး ပြောလိုက်၏။

"နင့်စတုတ္ထယောက်မကိုကြည့်စမ်း။ အဆင်ပြေမှာပါလို့ ငါပြောသားပဲ။ နင်က ဆက်ပြီး ငြင်းချင်သေးတယ်။"

"သမီးက ဘယ်လိုလုပ်ပြီး ငြင်းရမှာလဲ။ သူတို့ ကွာခြားချက်က မကြီးမားလွန်းဘူးလား။" ကျိုးရှောင်မိန်က ပြန်ပြောလိုက်သည်။

သူမလည်း သူမ၏ တူမအရင်းအတွက် အကောင်းဆုံး မျှော်လင့်ထားသည်။ သို့သော်လည်း စမှတ်က မမှန်ကန်ပါ။ ခြားနားချက်များက သိသာလွန်းသဖြင့် မျက်စိမှိတ် နားပိတ်ထားလို့တောင် မရနိုင်ပါ။

"ဒီကွာခြားချက်ကြီးမားတယ် ဆိုတာပဲ အမြဲတမ်း ပြောနေတယ်။ အာ့နီနဲ့ ဝမ်ယွမ်တို့ရဲ့ ကွာခြားချက်က ပိုပြီးတောင် ကြီးသေးတယ်။ အခု သူတို့ဘယ်လောက် အဆင်ပြေနေလဲကြည့်ပါဦး။ နဂါးနဲ့ ဇာမဏီအမြွှာလေးတောင် မွေးပြီးပြီ။" အမေကျိုးက တုန့်ပြန်လိုက်ပါသည်။

ကျိုးရှောင်မိန်က ဒါကိုတော့ မချေပနိုင်တော့ပေ။

လင်းချင်းဟယ်က ပြုံးလိုက်ပြီး စကားဝိုင်းကို ဆက်လိုက်ပါသည်။ "အမေ ကော်တုန်းကို ဘယ်လို သဘောထားလဲ။"

"သူက တော်တော်လေး တော်မယ်ထင်တယ်။ လက်တွေ့ဆန်တဲ့ လူမျိုးပဲ။ မိန်းမရှုပ်တတ်တဲ့ လူမျိုး မဟုတ်လောက်ဘူး။ သူက အစိုးရ အလုပ် လုပ်နေတယ်ဆို။" အမေကျိုးက မေးလိုက်ပါသည်။

"ဟုတ်တယ်။ ရှောင်မိန်နဲ့ တာ့လင်းတို့ရဲ့ အိမ်ထောင်စု စာရင်းပြဿနာကိုလည်း သူပဲ ဖြေရှင်းပေးတာလေ။" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပါသည်။

အမေကျိုးက ကြားရတာ အလွန်ဝမ်းသာသွားပါသည်။ "သူက အစွမ်းအစရှိသားပဲ။"

"သူက ငယ်တော့မငယ်တော့ဘူး။ အသက် ၂၈ နှစ်ရှိနေပြီနော်။” လင်းချင်းဟယ်က ပြောသင့်တာကို ပြောလိုက်ပါသည်။

"အသက် ၂၈ ဆိုတော့လည်း ဘာဖြစ်လဲ။ တာ့လင်း နဲ့ ရှောင်မိန်တို့ လက်ထပ်တုန်းက အဲ့လိုအသက်ပဲ မဟုတ်ဘူးလား။ အခု တာ့လင်း ရှောင်မိန်ကို ဘယ်လောက်ချစ်လဲ ကြည့်ပါလား။" အမေကျိုးက ပြန်ပြောလိုက်ပါသည်။

ဝိန်ကော်တုန်း တော်သည်ဆိုတာကို ဒီတိုင်း တွေးလိုက်ခြင်း မဟုတ်ပါ။ သူမ သေသေချာချာ စဥ်းစားပြီးပါပြီ ပထမဆုံး ဝိန်ကော်တုန်း၏ မိသားစု အခြေအနေက ကောင်းမွန်၏။ သူ့မိဘများက ကောင်းမွန်ရမည်။ မဟုတ်ပါက စတုတ္ထမိသားစုနဲ့ အဆင်ပြေနေမှာမဟုတ်ပါ။

ဝိန်ကော်တုန်း၏ ကိုယ်ပိုင်အခြေအနေလည်း ရှိသေး၏။ ယွမ် ၁၀၀ ကျော်လစာနှင့် ဂုဏ်သရေရှိ အစိုးရ အလုပ်ကို ပိုင်ဆိုင်ထားသည်။ တကယ်ပဲ အားကိုးရပါသည်။

နောက်ပိုင်းမှာ ဘာမှစိတ်ပူဖို့ မလိုသည့် လူစားမျိုးဖြစ်သည်။

အမေကျိုးက သေချာပေါက် သူမ၏ မြေးမအတွက် သဘောတူပါသည်။ ဟိုဘက်အိမ်က အဘွားကျူး၏ မြေးထက် အများကြီး ပိုသာသည်။ ကိုယ့်ကိုယ်ကို ပိုသာသည်ဟု ထင်နေသော အကျင့်ယုတ်ယုတ်၊ အပေါက်ဆိုးဆိုး၊ ရုပ်ဆိုးဆိုးကောင်ထက် အများကြီး ပိုသာပါသည်။

အမေကျိုး၏ တုန့်ပြန်မှုကို မြင်သောအခါ လင်းချင်းဟယ် နားလည်သွားပြီး ပြောလိုက်၏။ "တကယ်တော့ မေ့ကျားရဲ့ အမေကလည်း သမီးကို ဒီကိစ္စပြောဖူးပါတယ်။ သူလည်း စစ်နီကို သဘောကျပြီး သူ့ချွေးမ ဖြစ်စေချင်တယ်လို့ ပြောတယ်။"

ထိုစကားကို ကြားသောအခါ အမေကျိုး၏ မျက်လုံးများ ဝိုင်းစက်သွား၏။

ကျိုးရှောင်မိန််လည်း အနည်းငယ် အံ့အားသင့်သွားပါသည်။ ကျိုးရွှမ်၊ ကျိုးကွေ့လိုင်တို့နဲ့အတူ မီးဖိုချောင်ထဲမှာ ညစာချက်ရင်း အလုပ်ရှုပ်နေသည့် ကျိုးစစ်နီကို သူမ လှမ်းကြည့်လိုက်၏။ သူမအကြောင်းပြောနေကြတာကို သူမ မသိသေးပါ။

"ဒါဆိုလည်း ဒီအကြောင်းကို ဘာလို့ မပြောခဲ့တာလဲ။" အမေကျိုးက မေးလိုက်၏။ "ဒီလောက် မင်္ဂလာရှိတဲ့ ကိစ္စပဲကို"

"မနေ့က စစ်နီကို ခေါ်ခဲ့ပါတယ်။ ကော်တုန်းကို ကိုယ်တိုင်ကြည့်ခိုင်းဖို့ပေါ့။ သမီးလည်း အဲ့အကြောင်း လာပြောဖို့ အစီအစဥ်ရှိပါတယ်။ ကော်တုန်းရဲ့ သဘောထားကို ခန့်မှန်းကြည့်ရသလောက်တော့ သူလည်း စစ်နီကို သဘောကျပြီး တွဲချင်နေမှာပါ။ ဒါပေမယ့်လည်း အောင်မြင်မလားဆိုတာက အသာထားဦး။ သူ့လက်တွဲဖော်အတွက် သူစံနှုန်းမြင့်မြင့်ထားတယ်လို့ သမီးထင်တယ်။" လင်းချင်းဟယ်က ပြောလိုက်သည်။

"စတုတ္ထယောက်မ သူစစ်နီနဲ့တွဲပြီး နောက်ဆုံးမှာ သဘောမကျမှာကို စိတ်ပူနေတာလား။" ကျိုးရှောင်မိန်က သူမ၏ ဆိုလိုရင်းကို နားလည်ပါသည်။

"ဟုတ်တယ် မဟုတ်ရင် ငါတားထားပါ့မလား။ သူက ဘလိုင်းဒိတ်လည်း အများကြီး လုပ်ဖူးတယ်။ ပြောရရင် သူ့ကိုယ်ရည်ကိုယ်သွေးတွေက တကယ်ပဲ အပြစ်အနာအဆာ ကင်းပါတယ်။ သူ့ပုံစံမှာ ဘာမှအပြစ်ပြောစရာမရှိဘူး။ သူ့မိသားစုကောပဲ။ သူ့စံနှုန်းတွေက နည်းနည်းမြင့်တာလေး တစ်ခုပဲ ပြောစရာရှိတယ်။" လင်းချင်းဟယ်က ပြောလိုက်၏။

"ဘာလို့ အဲ့လောက် စံနှုန်းတွေ အများကြီး ထားနေရတာလဲ။ မိန်းမတစ်ယောက်ကို ရွေးချယ်ရင် အကျင့်သီလကိုပဲ ကြည့်သင့်တာ မဟုတ်ဘူးလား။" အမေကျိုးက ညည်းတွားလိုက်၏။

"သာမန်လူတွေကတော့ အဲ့လိုပေါ့။ သူကတော့ မတူဘူး။ မဟုတ်ရင် သူအခုချိန်ထိ လက်မထပ်ရသေးဘဲ ရှိနေမယ်ထင်လို့လား။" လင်းချင်းဟယ်က ဆက်ပြောသည်။ "သူတို့တွဲကြပြီး စစ်နီကို စိတ်ကျေနပ်မှုမရှိရင် စစ်နီ နာကျင်သွားမှာကို စိတ်ပူတာပါ။"

ကျိုးရှောင်မိန်က ခေါင်းငြိမ့်လိုက်သည်။ ဒီလိုတွေသာဖြစ်လာရင် ကိုင်တွယ်ဖို့ တကယ်ခက်ခဲနိုင်ပါသည်။

အမေကျိုးကတော့ အတော်လေး ယုံကြည်ချက် ပြည့်ဝနေ၏။ "သူ စစ်နီလို လူမျိုးကို စိတ်ကျေနပ်မှု မရှိရင် ဘယ်လိုလူမျိုးကို လိုချင်တာလဲ။ အဲ့တာဆိုရင် တစ်သက်လုံးသာ မိန်းမ မယူတာ အကောင်းဆုံးပဲ။"

သူမ၏ မြေးမလေးက ဘယ်လောက်တောင် တော်လိုက်သလဲ။ သူမ ရွာသို့ ပြန်သွားပါက သူမကို လက်ထပ်ချင်သည့်လူများ အိမ်ပေါက်ဝမှာ တန်းစီနေကြမှာ မဟုတ်လား။

"စတုတ္ထချွေးမ။ နင်သူတို့ကို အကြောင်းပြန်လို့ရတယ်။ သူတို့ကို တွဲခိုင်းဖို့သာ ပြောလိုက်။ သူတို့ စိတ်မကျေနပ်ရင် အဲ့ကျမှ ဆွေးနွေးခိုုင်းလိုက်။ နင့်အကြီးဆုံးမရီးကိုတော့ ငါသွားပြောလိုက်မယ်။" အမေကျိုးက ပြောလိုက်သည်။

လင်းချင်းဟယ်က ပြန်ပြောသည်။ "အမေ လက်ခံချင်တယ်ဆိုရင် စစ်နီကို အရင်ဆုံး မေးရမှာပေါ့။ ညစာစားပြီးရင် စစ်နီကို မေးလိုက်လေ။”

"မေးရမှာပေါ့။ စစ်နီက လက်ခံပါ့မလား မသိဘူး။" အမေကျိုးက ဆိုသည်။

အခု သူမ တော်တော်လေး စိတ်အားထက်သန်နေပါသည်။ ယောက်ျားလေးဘက်က မသေချာဘူးဟု ကြားလိုက်သောအခါ သူမ ဝံ့ကြွားစွာ ပြုမူခဲ့၏။ ဒီလိုပဲ ဖြစ်သင့်တာ မဟုတ်လား။ သူမ၏ မြေးမလေးက တန်ဖိုးမရှိတာ မဟုတ်ပါ။ သူမက အသက် ၂၀ အစောပိုင်းသာ ရှိသေးသည်။ မိန်းကလေးတစ်ယောက်၏ အရေးပါဆုံး အချိန်ဖြစ်၏။ ဒီလိုအသက်အရွယ်မျိုးမှ တန်ဖိုးအရှိဆုံး ဖြစ်ပါသည်။

"အခြေအနေ ဘယ်လိုလဲ။" ကျိုးခိုင်က စကားဝိုင်းတစ်ခုလုံးကို ထိုင်နားထောင်နေခဲ့ပြီး အခုတော့ ဝင်ပြောဖို့ အခွင့်အရေး ရခဲ့ပါပြီ။ သူ ရီဝေစွာဖြင့် မေးလိုက်၏။

"ဘာကို အခြေအနေ ဘယ်လိုလဲ။" ကျိုးရှောင်မိန်က ပြန်မေးလိုက်သည်။

"စစ်နီနဲ့ အစ်ကိုကြီးတို့အခြေအနေလေ။" ကျိုးခိုင်က ခါးမတ်မတ်ထိုင်ကာ မေးလိုက်၏။

"နင်ကြားတဲ့အတိုင်းပဲ။ ဒါပေမယ့် နင်နဲ့ မေ့ကျားတို့ကို မထိခိုက်စေရပါဘူး။ စိတ်မပူနဲ့ နင်နဲ့ စစ်နီတို့က ဝမ်းကွဲတွေ။ မိသားစုတစ်ခု ခြားတယ်။" လင်းချင်းဟယ်က အာမခံလိုက်၏။

မောင်နှမအရင်းတွေသာဆို အဆင်မပြေနိုင်ပါ။ ဆွေမျိုးများ ဖလှယ်ခြင်းဖြစ်သွားလိမ့်မည်။ သို့သော် ဝမ်းကွဲနှစ်ယောက် မိသားစု တစ်စုတည်းကို လက်ထပ်ရင်တော့ ပြဿနာမရှိနိုင်ပါ။

"မဟုတ်ဘူး၊ အဲ့တာကို ဆိုလိုတာမဟုတ်ဘူး။ ကျွန်တော်ဆိုလိုတာက အစ်ကိုကြီးက ဘာလို့ စစ်နီကို တွဲချင်တာလဲဆိုတာ မေးချင်တာပါ။" ကျိုးခိုင်က ပြောလိုက်၏။

"နင့်ယောက္ခမက စစ်နီကို မျက်စိကျနေတာကြာပြီ။ စစ်နီရောက်လာတော့ သူအဲ့အကြောင်း ပြောချင်နေတာ။ ငါသဘောမတူခဲ့ဘူး။ ဒါပေမယ့် ခဏခဏ ပြောလာတော့ ငါလည်း မငြင်းနိုင်တော့ဘူး။" ဟု လင်းချင်းဟယ်က ပြန်ဖြေလိုက်ပါသည်။ သူမက အတော်လေး သဘောကျသဖြင့် လာပြောခဲ့ခြင်း ဖြစ်သည်။

ကျိုးခိုင်က ပြောလိုက်သည်။ "ဒါဆို အစ်ကိုကြီးက စစ်နီကို သဘောကျတယ်လား။ စစ်နီကို ကျွန်တော် ဘယ်လိုခေါ်ရမှာလဲ။"

"အဲ့တာကို သိပ်စိတ်မပူမနေပါနဲ့။ အောင်မြင်မလားဆိုတာလည်း မသေချာသေးပါဘူး။" လင်းချင်းဟယ်က လက်ရမ်းပြလိုက်ပါသည်။ သူမ မျှော်လင့်ချက် မြင့်မြင့် မထားပါ။

"အောင်မြင်သွားရင် ခေါ်ချင်သလို ခေါ်ကြပေါ့ ရေးကြီးခွင်ကျယ်ကိစ္စမှ မဟုတ်တာ။" ကျိုးရှောင်မိန်က အူမြူးနေသည်။

ကျိုးခိုင် သက်ပြင်းချလိုက်သည်။ "ကျွန်တော် အိမ်ပြန်မလာတာ ဘယ်လောက်တောင် ကြာသွားပြီလဲ။ ဘာလို့ ပြောင်းလဲမှုတွေက ဒီလောက် ကြီးမားရတာလဲ။"

"မင်း နောက်ထပ် ပြန်မလာခင် မင်းညီမလေးလည်း မွေးလောက်ပြီ။" ကျိုးချင်းပိုင်က ပြောချလိုက်ပါသည်။

"ဟင်" ကျိုးခိုင် ထခုန်လုနီးပါး ဖြစ်သွားသည်။ သူ့အမေ၏ ဗိုက်ကို တန်းကြည့်လိုက်ပါသည်။

သူတို့မဟုတ်သေးဘဲ စားသောက်ဖို့ စောင့်နေရင်း စစ်တုရင်ကစားနေကြသော အဖေကျိုးနဲ့ အဘိုးဝမ်၊ အမေကျိုးနဲ့ ကျိုးရှောင်မိန်၊ စုတာ့လင်းတို့အားလုံး အံ့အားသင့်သွားကြပါသည်။ အားလုံးက ပြူးကျယ်နေသော မျက်လုံးများဖြင့် လင်းချင်းဟယ်၏ ဗိုက်ကို ကြည့်နေကြသည်။

အုပ်စု၏ အဓိက အာရုံစိုက်စရာ လူဖြစ်လာသည့် လင်းချင်းဟယ်ကတော့ တိတ်ဆိတ်နေခဲ့ပါသည်။

"ဘာလဲဟ ဘာလို့ ရုတ်တရက်ကြီး တိတ်သွားကြတာလဲ" ကျိုးကွေ့လိုင်က မီးဖိုချောင်ထဲမှ ချောင်းကြည့်လိုက်ပြီး အားလုံး သူ့အမေကို စိုက်ကြည့်နေတာကို မြင်လိုက်ရပါသည်။

"နင့်အမေ ကိုယ်ဝန်ရှိနေပြီ။ နင်တို့ အစ်ကိုကြီးတွေဖြစ်ကြတော့မယ်။" ကျိုးရှောင်မိန်က အော်လိုက်ပါသည်။

ကျိုးကွေ့လိုင်၏ မျက်လုံးများ ကျယ်သွား၏။ ထို့နောက် သူ့အစ်ကိုလတ်ကို ပြောလိုက်သည်။ "အစ်ကိုလတ် ငါတို့အမေ ကိုယ်ဝန်ရှိနေပြီတဲ့။ ငါလည်း အစ်ကိုကြီး ဖြစ်တော့မယ်ကွ။"

ကျိုးရွှမ်က ကြက်သေသေသွားပြီး အမြန် ထွက်လာခဲ့သည်။ ကျိုးစစ်နီလည်း အနောက်မှ လိုက်လာခဲ့၏။

ထို့နောက် မိသားစုတစ်စုလုံး လင်းချင်းဟယ်ကို ကြည့်လိုက်ကြသည်။

"စတုတ္ထချွေးမ နင့်မှာ ရှိနေပြန်ပြီလား။" အမေကျိုးက လင်းချင်းဟယ်ကို စိုက်ကြည့်ရင်း ပြောလိုက်ပါသည်။

All Chapters