အခန်း(၅၄၉) လှည့်ကွက်ဆိုတာ
Vol. 40 Ch. 549
အခန်း(၅၄၉) လှည့်ကွက်ဆိုတာ
လင်းချင်းဟယ်က သူမကို အားလုံးစိုက်ကြည့်နေကြောင်း မြင်လိုက်ရသောအခါ ကြက်သေသေနေသော မျက်နှာဖြင့် ကျိုးချင်းပိုင်ကို ကြည့်လိုက်သည်။ "ဘာဖြစ်တာလဲ။"
"စတုတ္ထယောက်မ နင့်မှာကိုယ်ဝန်ရှိနေတာ မသိဘူးလား။" ကျိုးရှောင်မိန်က အံ့အားသင့်သွားသည်။
"ကျွန်မမှာ ကိုယ်ဝန်ရှိနေတာ ကျွန်မ ဘာလို့ မသိတာလဲ။" လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ကြည့်ရင်း ထိုမေးခွန်းကိုပဲ ပြန်မေးလိုက်သည်။
"မကြာခင် ရှိလာတော့မှာပါကွာ။" ကျိုးချင်းပိုင်ကာ ဝံ့ကြွားစွာ ကြေညာလိုက်ပါသည်။
ထိုစကားလုံးများ ထွက်လာတာနဲ့ အားလုံး အခြေအနေကို သဘောပေါက်သွားကြသည်။ ဒါဆို သူမမှာ ကိုယ်ဝန် မရှိဘူးပေါ့။ သူက လိုချင်နေရုံပဲ။
"တကယ် ထင်သွားတာ။ ကျွန်တော့်ကို အလကားသက်သက် ပျော်အောင် လုပ်လိုက်တာပဲ။" ကျိုးကွေ့လိုင်က ငေါက်လိုက်ပါသည်။
ကျိုးခိုင်နှင့် ကျိုးရွှမ်တို့လည်း ထိုနည်းလည်းကောင်းဖြစ်သည်။ သူတို့ တကယ်ဟု ထင်ခဲ့ကြ၏။ ထင်မထားစွာဖြင့် စနောက်နေခြင်းသာဖြစ်ပါသည်။
"စတုတ္ထယောက်မ နင်နဲ့ ငါ့စတုတ္ထအစ်ကိုတို့ ကလေးလိုချင်နေကြသေးတာလား။ အခု ကလေးမွေးဖို့ နည်းနည်း နောက်မကျလွန်းနေဘူးလား။" ကျိုးရှောင်မိန်က ရိုးရိုးသားသား ပြောလိုက်ပါသည်။
လင်းချင်းဟယ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။ "ငါက ဒီနှစ်ဆို အသက် ၃၉ နှစ်ပြည့်ပြီလေ။ ကလေးမွေးနိုင်သေးတယ်လို့ ထင်လို့လား။"
"မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ငါတို့ ရွာထဲက အသက် ၄၀ ကျော်တွေတောင် အငယ်ဆုံးလေးတွေ မွေးတတ်ကြသေးတယ်။" အမေကျိုးက ပြောလိုက်ပါသည်။
"အမေ အမေကမကန့်ကွက်ဘူးလား။" လင်းချင်းဟယ်က သူမကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
အမေကျိုးက သူမကို ကလေးမွေးစေချင်လောက်တော့ဘူးဟု သူမထင်ခဲ့၏။
"ငါက ဘာကန့်ကွက်စရာရှိလို့လဲ။ နင်တို့ရဲ့ လက်ရှိ အခြေအနေကလည်း ကောင်းနေတာပဲ။" အမေကျိုးက ပြန်ပြောလိုက်၏။
သူမသား အငယ်ဆုံးက ထရပ်ကားကြီး တစ်စီးတောင် ဝယ်နိုင်သည်။ ထို့ကြောင့် ၄ ယောက်မြောက် ကလေးကို မွေးဖို့က ဘယ်လောက် ကုန်ကျမှာမို့လို့လဲ။ ရေးကြီးခွင်ကျယ် ကိစ္စမဟုတ်ပါ။
ကျိုးချင်းပိုင်က အလွန်ကျေနပ်သွားသည်။ လင်းချင်းဟယ်က မျက်စပစ်ကာ ပြောလိုက်သည်။ "ကျွန်မ ကလေးမွေးရင် အလုပ်လုပ်လို့ရမှာ မဟုတ်တော့ဘူး။"
"အလုပ် လုပ်လို့မရလည်း မလုပ်နဲ့ပေါ့။ ဘာပဲဖြစ်ဖြစ် နင့်စီးပွားရေးက ဒီလောက်အဆင်ပြေနေတာ။ အဲ့လစာလောက်တော့ မှုနေစရာ မလိုပါဘူး။" အမေကျိုးက ပြန်ပြောလိုက်သည်။
လင်းချင်းဟယ်က ထိုအကြောင်းကို မပြောချင်တော့ဘဲ ကျိုးချင်းပိုင်ကိုသာ မျက်စပစ်လိုက်ပါသည်။
"အမေ အမေက ကလေးမလိုချင်လို့လား။" ကျိုးခိုင်က မေးလိုက်သည်။
လင်းချင်းဟယ်က မကျေနပ်စွာ ပြောလိုက်၏။ "နင်တောင် မိန်းမယူပြီး ကလေးမွေးတော့မယ်လေ။"
ကျိုးခိုင်က ပြုံးရယ်လိုက်၏။ "ပြဿနာ မရှိပါဘူး။ ကျွန်တော်တို့ မိသားစုထဲမှာ ယောက်ျားလေး အလုံအလောက် ရှိတယ်။ ဖြစ်နိုင်ရင် ညီမလေး တစ်ယောက်လောက် ကြိုးစားပြီး ယူကြည့်ပါလား။"
ထိုစကားလုံးများကြောင့် ကျိုးချင်းပိုင်က သူ့သားကြီးကို သဘောကျသွားပါသည်။
လင်းချင်းဟယ်က စကားမပြောချင်တော့ကြောင်း ပြသလိုက်ပါသည်။
ဒီလိုနဲ့ ကျိုးချင်းပိုင်က လိုချင်သော်လည်း လင်းချင်းဟယ်က သိပ်ပြီး စိတ်မပါတာကို အားလုံး သိလိုက်ကြရပါသည်။
တကယ်တော့ သူမ မလိုချင်တာ မဟုတ်ပါ။ ကိုယ်ဝန်ရဖို့ မဖြစ်နိုင်တော့ဘူးဟု ထင်နေသောကြောင့်သာဖြစ်ပါသည်။ သူမက အသက် ၃၉ နှစ်တောင် ရှိနေပြီ။ အခုမှ ကိုယ်ဝန်ရတယ်ဆိုရင် အရင်နှစ်တွေတုန်းကကော ဘာလို့မရခဲ့တာလဲ။
သားကြောဖြတ်တာကို ကစားစရာများ မှတ်နေလား။
သိပ်မကြာခင် ကျိုးစစ်နီ၊ ကျိုးရွှမ်၊ ကျိုးကွေ့လိုင်တို့ ညစာများကို အတူတူ ယူဆောင်လာကြသည်။ အရင်အတိုင်းပဲ စားချင်စရာ ဟင်းပွဲများ ဖြစ်ပါသည်။
မိသာစုအတူတူစုရုံးရင်း စားပွဲဝိုင်းတွင် စားကြ သောက်ကြသည်။
စားသောက်ပြီးနောက် ကျိုးချင်းပိုင်က လင်းချင်းဟယ်ကို လမ်းလျှောက်ဖို့ ခေါ်သွားသည်။ ဒီအချိန်တွင် အပြင်ဘက်မှာ အလွန်စည်ကားနေပါသည်။ လမ်းလျှောက်ဖို့ အလွန်ကောင်းမွန်သော နေရာတစ်ခု ဖြစ်သည်။
အိမ်တွင် အမေကျိုးနဲ့ ကျိုးရှောင်မိန်တို့က ဝိန်ကော်တုန်းကိစ္စကို ကျိုးစစ်နီအား ပြောပြခဲ့ပါသည်။
ကျိုးစစ်နီက ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ဒီကိစ္စက ဘယ်ကနေဘယ်လို ရောက်လာတာတုန်း။"
"နင်သူ့ကို သဘောမကျဘူးလား။" ကျိုးရှောင်မိန်က ကြက်သေ သေသွားသည်။
"ဒေါ်လေး ဘာတွေပြောနေတာလဲ။ အစ်ကိုဝိန်က သမီးကို ဒီတိုင်းလိုက်ပို့တာပါ။ သူနဲ့ သမီးတို့ အဲ့ဒီကိစ္စကို ဘာမှမတွေးကြဘူး။ အဲ့တာကြောင့် အဘွား ကိစ္စတွေကို လျှောက်မပြောပါနဲ့။” ကျိုးစစ်နီ ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။
"အဘွားက လျှောက်ပြောနေတာမဟုတ်ဘူး။ နင့်စတုတ္ထဒေါ်လေး ခုနက ရောက်လာတော့ ဝိန်မိသားစုက နင့်ကိုသဘောကျတဲ့အကြောင်း ပြောသွားတယ်လေ။ ဝိန်ကော်တုန်းဆိုတဲ့ ကောင်လေးကလည်း နင့်ကို တွဲကြည့်ချင်တယ်။ ဒီလိုက်လိုက်ဖက်မလား ကြည့်တာပါ။ တွဲကြည့်ရင် သိမှာပေါ့။" အမေကျိုးက ပြောလိုက်သည်။
"တွဲစရာမလိုပါဘူး။ သမီးတို့က မလိုက်ဖက်ဘူး။" ကျိုးစစ်နီက မရှက်ပါ။ ထို့အစား ရယ်မောရင်း ခေါင်းခါလိုက်ပါသည်။
သူမ ဝိန်ကော်တုန်းကို မြင်ဖူးပါသည်။ သူမကို သူ ဘယ်လိုလုပ်ပြီး သဘောကျနိုင်မည်နည်း။ ပြောစရာမလိုအောင် ထိုကဲ့သို့ သခင်လေးများ၏ စံနှုန်းက ဘယ်လိုမျိုးလဲ လူတိုင်း သိကြသည်။
"စမ်းကြည့်ရမှာပေါ့အေ၊ သူ့မိဘတွေလည်း နင့်ကိုတွေ့ဖူးပြီး သဘောကျကြတယ်။ နင်နဲ့သူ တွဲသင့်တယ်နော်။ မလိုက်ဖက်ရင် အဲ့အချိန်ကျမှ ဆွေးနွေးကြပေါ့။။ ပြီးတော့လည်း သူ့မိသားစု အခြေအနေက အရမ်းကောင်းတယ်လို့ အဘွားတော့ ထင်တယ်။" အမေကျိုးက တိုက်တွန်းသည်။
"အဘွား သူသမီးကို သဘောကျမှာ မဟုတ်ဘူး။" ကျိုးစစ်နီက စိတ်ပျက်စွာ ပြောလိုက်ပါသည်။
"အဘွားက နင့်ကို မြို့တော်မှာပဲ ခေါ်ထားချင်တာ။ မြို့တော်က တစ်ယောက်ယောက်နဲ့ လက်ထပ်လိုက်ရင် အနီးအနားမှာ နေလို့ရမယ်။ အဲ့ကျရင် မကြာခဏလာလည်ပြီး တွေ့လို့ရတာပေါ့။ နင့်အဘွားပြောတာ နားထောင်လိုက်။ သူ့ကို သွားတွဲကြည့်လိုက်ပါ။ အဆင်မပြေရင် ဘာမှမဖြစ်ဘူး။ အခုက ပွင့်ပွင့်လင်းလင်း ဖြစ်နေကြပြီဆိုတော့ အဲ့ကိစ္စကို သိပ်ပြီး စိတ်မပူနဲ့။" ကျိုးရှောင်မိန်ကလည်း ဖျောင်းဖျသည်။
ထို့အပြင် ဒုတိယမိသားစု၏ လျို့နီက လွဲပြီး ကျိုးမိသားစု၏ ကျန်သောသူအားလုံးက အတော်လေး ရိုးသားကြသည်။ တွဲတာဆိုတာ တွဲတာသက်သက်သာဖြစ်သည်။ အခြေအနေတွေ ဘယ်လိုပဲ ဖြစ်နေပါစေ လက်မထပ်ရသေးခင် မိန်းကလေးတစ်ဦး၏ တန်ဖိုးအရှိဆုံးဘဝကို သူတို့ပေးမည် မဟုတ်ပေ။ အများဆုံး လက်ကိုင်ရုံသာ ရှိမည်။
ထို့ကြောင့် တွဲကြည့်လည်း အဆင်ပြေပါသည်။
"စိတ်မပူပါနဲ့။ သူက သေချာပေါက် နင့်ကို သဘောကျမှာပါ။ သူ နင့်လို မိန်းကလေးကောင်းမျိုးကို သဘောမကျရင် သူဘယ်လို မိန်းကလေးမျိုးကို သဘောကျမှာလဲ။ အဲ့ကျရင် မိန်းမယူဖို့တောင် မထိုက်တန်တော့ဘူး။” အမေကျိုးက ပြောလိုက်ပါသည်။
"အဘွား"
ကျိုးစစ်နီက ငြင်းဖို့ကြံသော်လည်း ကျိုးရှောင်မိန်က ဖြတ်ပြောလိုက်သည်။ "တွဲကြည့်လိုက်ပါအေ။ နင့်စတုတ္ထဒေါ်လေးတောင် နင်တွဲကြည့်သင့်တယ်လို့ထင်နေတာ။ သိပ်ပြီး စဥ်းစားမနေနဲ့။ အဆင်မပြေရင် တခြားတစ်ယောက် ရှာကြတာပေါ့။ ဒီအခွင့်ကောင်းမျိုးကို ကြိုးစားမကြည့်ဘဲ လက်လွှတ်ခံလိုက်လို့ မဖြစ်ဘူး ဟုတ်ပြီလား။"
ကျိုးစစ်နီ မတတ်နိုင်တော့ပါ။ သူမ အဘွားနဲ့ ဒေါ်လေးတို့၏ ပူးတွဲ တိုက်တွန်းမှုများကြောင့် သူမလက်ခံလိုက်ရပါသည်။ သို့သော် သူမ ကြိုးစားကြည့်မည်ဟုသာ ပြောလိုက်ခြင်း ဖြစ်၏။ သူမ ရင်ထဲထည့်ထားမည် မဟုတ်ပါ။
သူမမိသားစု၏ အခြေအနေကို သူမနားလည်၏။ သူမ၏ ဒုတိယအစ်မ ဒုတိယခဲအိုနှင့် လက်ထပ်နိုင်ခဲ့တာ ကံကောင်းလို့သာဖြစ်သည်။ သူမမှာတော့ သူမ၏ ဒုတိယအစ်မလို ကံကောင်းမှုမျိုး မရှိနိုင်ပါ။
ထို့အပြင် ဝိန်ကော်တုန်းကိုလည်း သူမ မြင်ဖူးသည်။ သခင်လေး ဆန်လွန်း၏။ သူက သူမကို တန်ဖိုးထားမှာ မဟုတ်ပါ။ သူ သဘောမကျတာကို မြင်မှ သူမ အဘွားထပ်ပြောမှာ မဟုတ်တော့ပါ။
ကျိုးခိုင် ပြန်လာသောအခါ ထိုအကြောင်းကို ပြောခဲ့သည်။ လင်းချင်းဟယ်က ၂ ရက်နေ့တွင် ဝိန်မိသားစုအိမ်သို့ ညစာစားဖို့ သွားခဲ့ပါသည်။ ကျိုးချင်းပိုင်နှင့် ကျိုးခိုင်တို့လည်း လိုက်လာကြပါသည်။
သူတို့ လက်ဆောင်များစွာ ဝယ်လာခဲ့ကြပါသည်။
ကျိုးခိုင်က သစ်သားယောင်းမကို ယူလိုက်ပြီး သူ့ယောက္ခထီးကို အနားပေးလိုက်ပါသည်။ ဝိန်ကော်တုန်းကလည်း ကူညီဖို့ ဝင်သွား၏။ လင်းချင်းဟယ်က ထိုကိစ္စကို အမေဝိန်နှင့် တိုင်ပင်ခဲ့သည်။
အမေဝိန်က အပျော်လွန်သွားပြီး ပြောလိုက်၏။ "သူ့အားလပ်ရက်က လူနာပြက္ခဒိန် ပထမလဆို ပြီးပြီ။ သူ့ကို ဒီအချိန်တောအတွင်း စစ်နီနဲ့ လျှောက်လည်ဖို့ ပြောလိုက်မယ်။"
လင်းချင်းဟယ် ပြန်ပြောလိုက်၏။ "သူတို့မှာ ရေစက်ပါရင် သေချာပေါက် အတူတူဆုံစည်းကြမှာပါ။ မပါရင်တော့ အတင်းအကျပ် လုပ်ယူလို့မရဘူးပေါ့။"
"အတင်းအကျပ် လုပ်ယူတာမျိုးက မကောင်းတာ ကျွန်မသိပါတယ်။ ဒါပေမယ့် ဒီကောင်ကို စိတ်နှစ်ထားဖို့ ပြောရမယ်။ တကယ်တော့ ပြောစရာတောင် လိုမယ်မထင်ဘူး။ သူလည်း သဘောကျနေတယ် ထင်ပါတယ်။” အမေဝိန်က ရယ်မောလိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် မနေ့တုန်းကလို သူ့သားပါးစပ်ဟပြီး ကျိုးစစ်နီကို လိုက်ပို့ဖို့က တကယ့်ကို ရှားပါးဖြစ်စဥ် ဖြစ်ပါသည်။ သူလည်း စိတ်ကူးတချို့ ရှိရမည်။ အိမ်မှာ ဧည့်သည်တွေ ရှိတုန်းက ယဥ်ကျေးမှုအရ လိုက်ပို့ရခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူက အိမ်ရှင်ဖြစ်သဖြင့် ဧည့်ဝတ်ကျေပွန်မှု လျော့ပေါ့လို့ မဖြစ်ပါဘူး။
သို့သော် မနေ့ကတော့ သူက ဧည့်သည် ဖြစ်၏။ မလိုအပ်သော်လည်း သူမကို လိုက်ပို့ခဲ့ပါသည်။
"ကျွန်မတို့အားလုံး သူ့အစ်မရဲ့ မင်္ဂလာပွဲကို သွားခဲ့ကြတယ်နော်။ ရေစက်လို့ပြောလို့ရတာပေါ့။" အမေဝိန်က ပြုံးရယ်လိုက်ပါသည်။
"သူ့အစ်မက အခု တော်တော်လေးကို အဆင်ပြေနေပြီ။ နဂါးနဲ့ ဇာမဏီအမြွှာပူးလေးတောင် ရထားတယ်။" လင်းချင်းဟယ်က ပြောလိုက်၏။
"နဂါးနဲ့ ဇာမဏီ အမြွှာပူး ဟုတ်လား။” အမေဝိန် အံ့သြသွားသည်။ ကျိုးအာ့နီတစ်ယောက် အမြွှာပူး မွေးသည့်အကြောင်း သူမ မသိသေးပါ။
"ဟုတ်တယ်" လင်းချင်းဟယ် ရင်ထဲတွင် ပြုံးလိုက်မိပါသည်။ ဒါက အမေကျိုး သူမကို ပြောခိုင်းလိုက်သောအရာ ဖြစ်သည်။ ဝိန်မိသားစု၏ စိတ်ဝင်စားမှုကို ရယူရမည်။ အောင်မြင်သွားခါမှ သူတို့ကော အမြွှာပူးလေး ရနိုင်မလား ဆွေးနွေးနိုင်ကြပါသည်။
ထို့အပြင် ကျိုးစစ်နီလည်း အမြွှာပူးလေး မွေးလိမ့်မည်ဟု အာမမခံနိုင်ပေ။
ရိုးရိုးရှင်းရှင်း ပြောရလျှင် လှည့်ကွက်တစ်ခုသာ ဖြစ်သည်။