← Chapters

အခန်း(၅၅၃) အလွန်အမင်း ပြင်းထန်းသော မနက်ခင်းဝေဒနာ

Vol. 40 Ch. 553

အခန်း(၅၅၃) အလွန်အမင်း ပြင်းထန်းသော မနက်ခင်းဝေဒနာ

Vol. 40 Ch. 553

အခန်း(၅၅၃) အလွန်အမင်း ပြင်းထန်းသော မနက်ခင်းဝေဒနာ

လင်းချင်းဟယ်က ဒါကို သက်တောင့်သက်သာ မရှိဘူးဟု ထင်နေပြီဖြစ်ပါသည်။ သူမက အတွေ့အကြုံ နုနယ်လွန်းလှသည်။ အတွေ့အကြုံ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မူးနောက်သွားလောက်သည့်အထိ မနက်ခင်းဝေဒနာက ဆိုးရွားလွန်းပါသည်။

အခုက အစပိုင်းပဲရှိသေး၏။ ထို့နောက် လင်းချင်းဟယ် အမေတစ်ယောက်ဖြစ်ဖို့ မလွယ်မှန်း ခံစားလိုက်ရပါသည်။ သူမ လမ်းလျှောက်နေရင်း ပျို့အန်ချင်သည့်အဆင့်လောက်ထိ ရောက်လာခဲ့ပါသည်။

ထို့ကြောင့် လင်းချင်းဟယ် အလုပ်မထွက်ချင်သော်လည်း နောက်ဆုံးမှာတော့ အလုပ်ထွက်ခဲ့ရပါသည်။

ကျိုးအာ့နီက အမြွှာနှစ်ယောက်ကို ဝမ်ယွမ်ကို ထိန်းခိုင်းခဲ့သည်။ ကျိုးစစ်နီနဲ့အတူ လင်းချင်းဟယ်ကို လာကြည့်ကြ၏။

"စတုတ္ထဒေါ်လေး ဒေါ်လေးရဲ့ မနက်ခင်း ဝေဒနာက တော်တော်ပြင်းထန်တယ်လို့ ကြားတယ်" လင်းချင်းဟယ်က ဆိုဖာပေါ်တွင် တီဗီကြည့်နေစဥ် ကျိုးအာ့နီနှင့် ကျိုးစစ်နီတို့ ရောက်လာကြ၏။

"နည်းနည်း ပြင်းထန်တယ်" လင်းချင်းဟယ်က ပြန်ပြောလိုက်၏။ သူမ ကျိုးအာ့နီကိုကြည့်လိုက်သည်။ "နင်က အမြွှာနှစ်ယောက်ကို လွယ်ခဲ့ရတာ။ ဘာလို့ အဲ့တုန်းက ဘာတုန့်ပြန်မှုမှ မရှိခဲ့တာလဲ။"

ကျိုးအာ့နီတင်မကဘဲ ကျိုးစန်းနီလည်း ထိုနည်းလည်းကောင်းဖြစ်သည်။ သူတို့နှစ်ယောက်စလုံး ကိုယ်ဝန်ရှိနေစဥ် စားကောင်း သောက်ကောင်းကြပြီး ခံတွင်းကလည်း နေ့တိုင်းလိုလို ပိုပိုပြီး ကောင်းလာခဲ့ကြသည်။

လင်းချင်းဟယ်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏။ သူမ လွန်လွန်ကြူးကြူး မစားရဲပါ။ သူမခင်ဗျာ နည်းနည်းလောက် များအောင်စားလိုက်မိရုံနဲ့ အန်ချင်သွားပါသည်။

အထူးသဖြင့် ဆီများပြီး ညှီသော အရာများကို စားလို့မရပါ။

သို့သော်လည်း ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ကိုယ်ဝန်ဆောင် ပထမ ၃ လက အလွန်အရေးကြီးသည်။ လင်းချင်းဟယ်က ထိုအရာများကို မစားနိုင်ရင်တောင် အသားတချို့ သို့မဟုတ် ငါးတချို့ကို စားရပါမည်။ သိုလှောင်ထားသည့် သစ်သီးတချို့လည်း ရှိ၏။ ထို့ကြောင့် ထိုအရာများကို နေ့တိုင်းစားပြီး သူမ၏ ခန္ဓာကိုယ်ကို ဗီတာမင်၊ ဖောလစ်အက်ဆစ်များဖြင့်  ထောက်ပံ့ပေးရပါသည်။

ဦးနှောက်ဖွံ့ဖြိုးစေဖို့အတွက် လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ၃ ရက်တစ်ခါ ပင်လယ်မျှော့ ချက်ခိုင်းပါသည်။

အာဟာရကတော့ သေချာပေါက် လိုမှာ မဟုတ်ပါဘူး။ သူမဗိုက်ထဲက ကလေးလေးကို ထိခိုက်အောင် လုပ်လို့ မဖြစ်ပေ။ လင်းချင်းဟယ်က မလိုချင်ခဲ့သော်လည်း ရလာပြီဖြစ်သဖြင့် ကောင်းကောင်းမွန်မွန် ပြုစုရပါမည်။

ကျိုးအာ့နီက ကိုယ်ဝန်ဆောင်ဖူးသော်လည်း ကိုယ်ဝန်ဆောင်တိုင်းအတွက် ခြားနားသဖြင့် အကြံဉာဏ် မပေးတတ်ပါဘူး။

"လောင်တနဲ့ ကောင်လေးတွေကို မွေးတုန်းကလိုပဲလား" ကျိုးစစ်နီက မေးလိုက်သည်။

"တော်တော်ကြာနေပြီဆိုတော့ ငါမေ့နေပါပြီဟယ်" လင်းချင်းဟယ်က ပြန်ဖြေလိုက်ပါသည်။

"အဘွားပြောတာတော့ အရင်တုန်းက ဒီလိုမဟုတ်ဘူးတဲ့။ ကောင်လေးတွေကို ကိုယ်ဝန်ဆောင်ရတုန်းက ဒေါ်လေး အဆင်ပြေတယ်တဲ့။ ဒါက တကယ်ပဲ ညီမလေးဖြစ်နေမလားမသိဘူးနော်" ကျိုးအာ့နီက ပြောလိုက်ပါသည်။

"နင်တို့ဝမ်းကွဲညီမလေးက နင့်အမြွှာကလေး နှစ်ယောက်ထပ်တောင် ပိုငယ်နေတယ်" လင်းချင်းဟယ်က စိတ်ညစ်စွာ ပြောလိုက်ပါသည်။

ကျိုးအာ့နီလည်း ရယ်မောလိုက်ပါသည်။ "ဘာပဲဖြစ်ဖြစ် သူ့ကို ဒေါ်လေးလို့ ခေါ်ရမှာပဲ။"

"ကော်တုန်းနဲ့ကော အခြေအနေ ဘယ်လိုရှိလဲ" လင်းချင်းဟယ်က ကျိုးစစ်နီဘက်ကိုလှည့်ပြီး မေးလိုက်ပါသည်။

"သူ အခုတလော အလုပ်သွားရတာများပြီး လာဖို့ အချိန်မရှိဘူး" ကျိုးစစ်နီက ပြောလိုက်ပါသည်။ ညနေခင်းတွင် ဝိန်ကော်တုန်းက အားသော်လည်း သူမက ညနေကျောင်းတက်ရသဖြင့် မအားပါ။

ထို့ကြောင့် ပေါင်းလိုက်လျှင် သူတို့ မတွေ့ရတာ ရက်တော်တော်ကြာနေပါပြီ။

"နင် ဘာလို့ စိတ်သိပ်မပါဘူးလို့ ငါထင်နေမိပါလိမ့်" လင်းချင်းဟယ်က ရိုးရိုးသားသား ပြောလိုက်ပါသည်။

ကျိုးအာ့နီက ပွစိပွစိ ဝင်ပြောလိုက်သည်။ "သူက ဂရုကို မစိုက်တာပါ။ တဖက်လူကို သတိရတာမျိုးလည်း သမီး တစ်ခါမှ မတွေ့ဖူးဘူး။"

သူမ အရင်တစ်ချိန် ဝမ်ယွမ်နဲ့ တွဲခဲ့တုန်းက ဒီလောက်ထိ မတည်ငြိမ်ခဲ့ပါ။ သူမ အလုပ်များနေသော အချိန်တချို့ကလွဲပြီး သူမ အားသောအခါ ဝမ်ယွမ်၏ အကြောင်းကို စဥ်းစားနေတတ်သည်။

သို့သော်လည်း သူမ၏ ညီမ ရည်းစားထားနေသော ပုံစံကိုကြည့်ရတာ နည်းလမ်းကြီးအတိုင်း လုပ်နေရသလိုပင်။

ကျိုးစစ်နီက သူမ၏ စတုတ္ထဒေါ်လေးကိုကြည့်ကာ အမှန်အတိုင်းပြောလိုက်ပါသည်။ "သူ သမီးကို လုံးဝသဘောကျမယ်မထင်ဘူးနော်။"

လင်းချင်းဟယ်က သူမ၏ နဖူးကို ကိုင်လိုက်ရသည်။ လောလောဆယ် ပြဿနာက ဝိန်ကော်တုန်း စစ်နီကို မကြိုက်တာ မဟုတ်ဘဲ စစ်နီက ဝိန်ကော်တုန်းကို လုံးဝ စိတ်မဝင်စားတာမျိုး ဖြစ်နေပြီလား။

"ငါနင့်ကို ဒီတိုင်းပဲလွှတ်ထားမယ်။ နင့်ဖာသာနင် တွဲကြည့်လိုက်စမ်းပါ" လင်းချင်းဟယ်က လက်ရမ်းပြလိုက်သည်။

လောလောဆယ် သူမ ကိုယ့်ကိုယ်ကိုတောင် ဂရုမစိုက်နိုင်ပါ။ ထို့ကြောင့် ဘာလို့ဒီလောက် အများကြီးဝင်ပါပေးနိုင်မည်နည်း။

"မနေ့က သမီးအမေကို ဖုန်းဆက်လိုက်တယ်။ ဒေါ်လေးအားရင် သူ့ကိုဖုန်းဆက်ပါဦးတဲ့" ကျိုးအာ့နီက ပြုံးကာ ပြောလိုက်သည်။

"ကောင်းပါပြီ။ ငါ အချိန်ရရင် ဖုန်းဆက်လိုက်ပါ့မယ်" လင်ချင်းဟယက ခေါင်းငြိမ့်လိုက်ပါသည်။ "အမြွှာလေးတွေကော ဘယ်လိုနေလဲ။"

"သူတို့အဖေနဲ့အတူ အထည်စက်ရုံမှာပဲပေါ့" ကျိုးအာ့နီက ပြန်ဖြေလိုက်ပါသည်။

"ဝမ်ယွမ်လည်း အလုပ်များနေတာ နင်အရင်ပြန်နှင့်တော့" လင်းချင်းဟယ်က တိုက်တွန်းလိုက်သည်။ "စစ်နီ နင်လည်း ပြန်တော့၊ ငါအိပ်တော့မယ်။"

သူမ အလွယ်တကူ အိပ်ငိုက်လာတတ်သည်။ စားနေရင်းနဲ့ပင် အိပ်ငိုက်လာတတ်၏။ အထူးသဖြင့် ဒီလိုအေးစက်သည့် ရာသီဥတုမျိုးတွင်ဖြစ်သည်။ သူမ အိပ်ယာထဲဝင်ပြီးသွားသောအခါ ပြန်မထချင်တော့ပါ။

ကျိုးအာ့နီနဲ့ ကျိုးစစ်နီတို့ အကြာကြီးမနေခဲ့ကြပါ။ သူတို့ဖက်ထုပ်ဆိုင်သို့ လာခဲ့ကြ၏။ ကျိုးချင်းပိုင်က ဖက်ထုပ်များ လုပ်နေဆဲဖြစ်ပါသည်။

"စတုတ္ထဦးလေး သမီး ဖက်ထုပ် ၂ ကျင်းလောက် လိုချင်လို့ပါ" ကျိုးအာ့နီက တောင်းဆိုလိုက်သည်။

ကျိုးချင်းပိုင်က ပြောလိုက်၏။ "သွားထည့်ချေ"

ကျိုးအာ့နီက အိတ်တစ်လုံးကိုင်လျက် ဖက်ထုပ်များ သွားထည့်လိုက်သည်။ နေ့လည်စာကို ဖက်ထုပ်စားရရင် လုံလောက်ပါပြီ။ ထည့်ပြီးနောက် ပိုက်ဆံကို ပိုက်ဆံခြင်းထဲ ထည့်လိုက်ပါသည်။

"သမီးတို့ အရင်ပြန်နှင့်တော့မယ်နော်" ကျိုးအာ့နီက ပြောလိုက်သည်။

"အေး" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်၏။

သူဖက်ထုပ်ထုပ်တာ ပြီးဆုံးသွားပါပြီ။ ထို့နောက် ဆိုင်ကို ဒေါ်လေးမာဆီသို့ အပ်ခဲ့၏။ ဒေါ်လေးမာက လင်းချင်းဟယ်၏ ကိုယ်ဝန်ကိစ္စကို သိပြီးသားဖြစ်သည်။ သို့သော် သတင်းမဖြန့်ခဲ့ပါဘူး။

ကျိုးချင်းပိုင် အိမ်ပြန်လာတော့ လင်းချင်းဟယ်က အိပ်ယာဝင်နေပါပြီ. အလွန်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသဖြင့် သူပြန်လာတာကိုပင် သတိထားမိသည့်ပုံမပေါ်ပါ။

ကျိုးချင်းပိုင်က ပြုံးရယ်လိုက်၏။ သူမကို မနှောင့်ယှက်တော့ပါ။ သူသန့်ရှင်းရေးလုပ်လိုက်ပြီး ဖက်ထုပ်ဆိုင်သို့ ပြန်လာခဲ့သည်။

"ဆရာမလင်းကော" ဒေါ်လေးမာက မေးလိုက်၏။

"အိပ်နေတယ်။ တော်တော်အိပ်တာပဲ။" ကျိုးချင်းပိုင်က ရွှင်ပျစွာ ပြန်ပြောလိုက်ပါသည်။

"အဲ့တာ ပုံမှန်ပါပဲ။ ဘာပဲဖြစ်ဖြစ် ဆရာမလင်းကလည်း မငယ်တော့ဘူး။ ကလေး ရလာတာက တော်တော်လေး တိုက်ဆိုင်လွန်းတယ်" ဒေါ်လေးမာက ပြောလိုက်သည်။

သူတို့နှစ်ယောက် နောက်ထပ် ကလေးရနိုင်မှာ မဟုတ်ဘူးဟု သူမထင်ထားခဲ့သည်။ ကျိုးခိုင်နဲ့ သူတို့ညီအစ်ကိုတွေရဲ့အသက် ဘယ်လောက်တောင် ရှိနေပြီလဲ။

အငယ်ဆုံးသားဖြစ်သူ ကွေ့လိုင်က ဒီနှစ်ဆို အသက် ၁၇ နှစ်ပြည့်ပြီဖြစ်ပြီး လူငယ်တစ်ယောက် ဖြစ်နေပါပြီ။

သို့သော်လည်း ကိစ္စများကို အကောင်းဆုံး ကိုင်တွယ်တာ အကောင်းဆုံး ဖြစ်ပါသည်။ ရလာပြီဆိုကတည်းက ကံကြမ္မာဖြစ်ပြီး သေချာပေါက် မွေးရပါမည်။

သူမ၏ အလုပ်ကို ဆုံးရှုံးသွားရခြင်းကလည်း အရေးမကြီးပါ။ မိသားစုကို ထောက်ပံ့ဖို့ သူမ၏ အလုပ်ကို အားကိုးနေရခြင်းလည်း မဟုတ်ပေ။

လင်းချင်းဟယ် မနက် ၁၁ နာရီလောက်အထိ အိပ်ခဲ့၏။ ကျိုးချင်းပိုင် ဝက်နံရိုးများ၊ ကြာစေ့ ဆန်ပြုတ်တို့ဖြင့် ပြန်ရောက်လာခါမှ လင်းချင်းဟယ် နိုးလာခဲ့ပါသည်။

"ကျွန်မ ဝက်မဖြစ်နေပြီ" လင်းချင်းဟယ်က ပြောလိုက်၏။

ကျိုးချင်းပိုင်က တိုက်တွန်းသည်။ "နည်းနည်းလောက် စားကြည့်ပါ။ ဆားတွေ အများကြီး ထည့်မထားတော့ နည်းနည်းတော့ အရသာ ကင်းမဲ့နေလိမ့်မယ်။"

"အရသာ ကင်းမဲ့တာ ကောင်းပါတယ်" လင်းချင်းဟယ်က ပြောလိုက်သည်။ ထို့နောက် ဝက်နံရိုးနှင့် ကြာစေ့ဆန်ပြုတ်တို့ကို စားလိုက်ပါသည်။ တကယ်ပဲ အရသာရှိပါသည်။ သို့သော်လည်း အများကြီးတော့ စားလို့မရသေးပါ။

သူမ နှစ်ပန်းကန်သာ စားခဲ့၏။ ကျန်တာကို ကျိုးချင်းပိုင်က အပြတ်ရှင်းလိုက်ပါသည်။

"ကိုတို့ နွေရာသီအားလပ်ရက်အထိ စောင့်ပြီး ရှန်ဟိုင်းမြို့တော်မှာ အိမ်တစ်လုံး ဝယ်နေကြမလား" ကျိုးချင်းပိုင်က ပြောလိုက်၏။

"အင်း" လင်းချင်းဟယ်က ကန့်ကွက်စရာမရှိပါ။ ဘာပဲဖြစ်ဖြစ် ဒါတွေအကုန်လုံးကို သူပဲ စီစဥ်ထားခြင်း ဖြစ်သည်။ သူမအတွက် အကောင်းဆုံး ပတ်ဝန်းကျင်ကို သူရှာဖွေနိုင်ပါလိမ့်မည်။

လင်းချင်းဟယ်က နေ့လည်ခင်းတွင် သန်းဝေနေသော်လည်း ထပ်မအိပ်ချင်တော့ပါ။ ကျိုးချင်းပိုင်နဲ့အတူ ခဏနားဖို့ မျက်လုံးများကိုသာ မှိတ်ထားလိုက်သည်။ သူ ဖက်ထုပ်ဆိုင်သို့ ပြန်သွားသောအခါ လင်းချင်းဟယ် ဖုန်းရုံတစ်ခုကို ရှာပြီး အကြီးဆုံးမရီးကို ဆက်လိုက်ပါသည်။

အကြီးဆုံးမရီး၏ ရယ်မောသံကို ဖုန်းထဲတွင် ကြားနေရပါသည်။ "စတုတ္ထယောက်မ အာ့နီပြောတာ နင်ကိုယ်ဝန်ရှိနေပြီဆို ဟုတ်လား။"

"ဟုတ်တယ်။ ကျွန်မ ဒီအသက်အရွယ်တောင် ရောက်နေပြီ၊ ဆိုးဝါးလိုက်တာနော်" လင်းချင်းဟယ်က စိတ်ပျက်လက်ပျက် ညည်းလိုက်ပါသည်။

"ဘာဖြစ်လို့လဲဟဲ့။ ကမာအိုတွေက ပုလဲကောင်းကောင်း မွေးပေးတတ်တယ်။ စတုတ္ထမတ်လေးအတွက် ညပုလဲလေးသာမွေးပေးလိုက်။ သူအပျော်လွန်သွားလိမ့်မယ်" အကြီးဆုံးမရီးက ရွှင်ပျစွာ ပြောလိုက်ပါသည်။

"ဒါနဲ့ အကြီးဆုံးမရီး နည်းလမ်းလေး ဘာလေး မရှိဘူးလား။ ကျွန်မရဲ့ မနက်ခင်း ဝေဒနာက အရမ်းပြင်းထန်နေတယ်။ အမြဲတမ်း အန်ချင်နေတယ်" လင်းချင်းဟယ်က ပြောပြလိုက်သည်။

"အရင်တုန်းက ချိုင်ပါ့မိန်ရဲ့ တတိယယောက်မလည်း အဲ့လိုဖြစ်ဖူးတယ်လို့ ကြားဖူးတယ်။ ပထမ ၃ လ ပြီးရင် သက်သာသွားလိမ့်မယ်။ သည်းခံလိုက်ရင် ပြီးသွားပါလိမ့်မယ်" အကြီးဆုံးမရီးက ပြန်ပြောလိုက်ပါသည်။

All Chapters