အခန်း(၅၅၅) သက်သက်လွတ်
Vol. 40 Ch. 555
အခန်း(၅၅၅) သက်သက်လွတ်
ကိုယ်ဝန်ရလာကတည်းက လင်းချင်းဟယ်၏ ခံတွင်းမှာ အနည်းငယ် ထူးဆန်းနေခဲ့သည်။
တောတောင်ပင်လယ်များမှ ရှားပါးသည့် ဟင်းလျာများကို သိပ်ပြီး ခံတွင်းမတွေ့ပါ။ သို့သော်လည်း သာမန် အစားအသောက်များကိုတော့ အလွန်စားနိုင်ပါသည်။
ဥပမာအားဖြင့် တခြားနေရာများမှ တင်သွင်းသော တရုတ်ဂေါ်ဖီထုပ်များ ဖြစ်သည်။
လင်းချင်းဟယ်က ၎င်းတို့ကို အလွန်အမင်း ကြိုက်နှစ်သက်ပါသည်။
အသားကိုတော့ ပုံမှန် နေ့စဥ်လိုအပ်ချက်များအတိုင်းသာ ထိန်းသိမ်းထားသည်။ လုံးဝ စိတ်ဝင်စားမှုမရှိပါ။
ကျိုးချင်းပိုင်က အခုသူမ၏ လိုအပ်ချက်အတိုင်း အားလုံးကို ဦးစားပေးထားသည်။ လင်းချင်းဟယ်၏ ကိုယ်ဝန်အကြောင်း မိသားစုသာ သိထားသည်။ ရပ်ကွက်ထဲက ကျန်လူများက မသိကြသေးပေ။
လင်းချင်းဟယ် ရာထူးတိုးခဲ့သောကြောင့် သူမ အားလပ်ချိန်ပိုများပြီး လူများစွာကလည်း သူမကို တွေ့မြင်ခဲ့ကြသည်။ ထို့ကြောင့် ဒီနှစ် သူမအလုပ်ထွက်ပြီး အိမ်မှာကလေးကို ပြုစုဖို့ နေထိုင်နေတာကိုလည်း မသိခဲ့ကြပေ။
ဂေါ်ဖီထုပ်များအပြင် လင်းချင်းဟယ်က မှိုများကိုလည်း ကြိုက်နှစ်သက်သည်။ ရှီတာကီမှိုနှင့် လက်ဖက်ပင်မှိုတို့ကဲ့သို့ မှိုခြောက်များကို ချက်ပြုတ်ထားလျှင် သူမ အများကြီးစားသောက်နိုင်ပါသည်။
ကျိုးချင်းပိုင်လည်း ဘာမှမတတ်နိုင်ပါ။ သူကြက်စွပ်ပြုတ်နှင့် တခြားဟင်းလျာများကို ချက်ပေးသော်လည်း သူမ အနည်းငယ်သာသောက်ပြီး ဆက်မသောက်တော့ပါ။ သူ့မိန်းမက ထိုအရာများကိုသာ ကြိုက်နှစ်သက်ခဲ့ပါသည်။
သူမက ကြိုက်နှစ်သက်သည်ဆိုသဖြင့် ဝက်နံရိုးများကို ဝယ်ယူကာ စွပ်ပြုတ်မျိုးစုံကို ဖန်တီးချက်ပြုတ်ခဲ့ပါသည်။
ဝက်နံရိုးနှင့် မှိုစွပ်ပြုတ်၊ ဝက်နံရိုးနှင့် ရေမှော်စွပ်ပြုတ်၊ ကြက်မှိုစွပ်ပြုတ် အစရှိသဖြင့် အားလုံးကို သူ့မိန်းမအတွက်သာ ချက်ပြုတ်ပေးခဲ့ပါသည်။
ဒီလိုအစားအသောက်မျိုးနှင့် မိသားစုတစ်စုလုံးက ဂရုစိုက်သဖြင့် လင်းချင်းဟယ်က သူမ၏ ခန္ဓာကိုယ်ပုံသဏ္ဌာန်ကို ဂရုစိုက်ရတာ သဘောကျသော်လည်း ဝဖြိုးလာခဲ့ပါသည်။ အထူးသဖြင့် သူမက အအိပ်မက်လာသောကြောင့်ဖြစ်သည်။
ကျိုးကွေ့လိုင်က ဒီနေ့ သူ့အဘွားတို့အိမ်သို့ရောက်လာပြီး ဝက်သား ကျင်းတချို့ ပေးလိုက်သည်။
"ဘာလို့ အသားတွေ ဒီကို လာပို့နေတာလဲ" အမေကျိုးက ဝင်ပေါက်တွင် ထိုက်ချီကျင့်နေသည်။ တခြား အဘွားအိုများထံမှ သင်ယူထားခြင်းဖြစ်၏။ တမင်သက်သက် အပြင်မှာ ထွက်လုပ်ပြီး အိမ်နီးချင်း အဘွားကျူးနဲ့ အဘွားဟူတို့ကို မနာလိုဖြစ်အောင် လုပ်နေခြင်းဖြစ်ပါသည်။
"အဖေက ဝယ်ပြီး ဒီကိုလာပို့ခိုင်းလိုက်တာ" ကျိုးကွေ့လိုင်က ပြောလိုင်ပါသည်။
"အဲ့မှာပဲသိမ်းထားပြီး စားကြပါလား။ ဘာလို့ ဒီကိုယူလာတာလဲ။ နင့်မိဘတွေကတော့ သိတတ်လိုက်တာဟယ်" အမေကျိုးက ရေရွတ်လိုက်ပါသည်။
ကျိုးကွေ့လိုင်က အဘွားကျူး ထွက်လာတာကိုမြင်ပြီး ပြောလိုက်ပါသည်။ "ဟုတ်တယ်နော်။ အဘွားတစ်ယောက်ပဲရှိတာကိုး။ အဘွား ဘာစားချင်လဲသာပြော၊ ကျွန်တော်တို့ ဝယ်ပေးမယ်။"
အမေကျိုးက ကျေနပ်သွားပြီး ပြုံးလိုက်ပါသည်။ "ဒါတွေဘာလိုလို့လဲ။ သူတို့က ငါတို့ကို နေထိုင်စရိတ် တစ်လ ယွမ် ၄၀ တောင် ပေးထားတာကိုး။"
"နေထိုင်စရိတ်က နေထိုင်စရိတ်ပဲ။ ဒီအသားကိုတော့ လက်ဆောင်ပေးရမှာပေါ့။ အဘိုးနဲ့ အဘွားတို့လည်း သိပ်ပြီး ခြွေတာမနေကြနဲ့။ ချက်စားကြပါ" ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။
အမေကျိုးက အဘွားကျူးကို လှမ်းကြည့်လိုက်သည်။ "အပြင်သွားမလို့လား။"
"အင်း၊ လမ်းထွက်လျှောက်မလို့" အဘွားကျူးက ပြန်ပြောလိုက်သည်။ သူမ၏ မျက်နှာက သိသိသာသာ မကောင်းလှပါ။
နေထိုင်စရိတ်ပေးဖို့က အသာထားဦး ဆန်တချို့၊ ဂျုံတချို့အစရှိသည်တို့ကို ပေးရမှာတောင် သူ့သားနဲ့ ချွေးမတို့က ကပ်စေးနှဲကြပါသည်။ နှိုင်းယှဥ်ကြည့်ခြင်းက လူကို စိတ်ဓာတ်ကျစေသည်။ ကျေးရွာဘက်က ဒီအဘွာားကြီးကတော့ ကံကောင်းသည့်ပုံပင်။
သူမ ထွက်သွားသောအခါ အမေကျိုးက အိမ်ထဲသို့ အောင်ပွဲခံစွာဖြင့် ပြန်ဝင်လာခဲ့ပါသည်။ သူမ ကျိုးကွေ့လိုင်ကို ပြောလိုက်သည်။ "အသားတွေမပေးနဲ့လို့ နင့်အဖေကိုပြောလိုက်ဦး။ နင့်အမေက ကိုယ်ဝန်ကြီးနဲ့ဆိုတော့ သူ့အတွက်သာ ပိုချက်ကျွေးလိုက်ပါ။"
"အမေက အသားသိပ်မစားလို့ပါ။ သူက အသီးအရွက်တွေ ပိုစားတယ်" ကျိုးကွေ့လိုင်က ပြောလိုက်သည်။
"အသားရှိရင် အသားများများ ပိုစားရမှာပေါ့။ သက်သက်လွတ်ချည်းပဲ စားနေလို့ ဖြစ်မလား။ အရင်ခေတ်ကလိုမှ မဟုတ်တော့တာ။ အရင်တုန်းက ဒီလိုအခြေအနေမျိုးတွေ ရှိတာ မဟုတ်ဘူး။ ဒါပေမယ့် နင်တို့ယောက်ျားလေးတွေကို နင့်အမေကိုယ်ဝန်ဆောင်တုန််းက နင့်အမေ အသား ခဏခဏစားတာ မြင်ဖူးပါတယ်" အမေကျိုးက ပြောလိုက်သည်။
ထိုအချိန်တုန်းက မိသားစုအခြေအနေက သိပ်မကောင်းပါ။ မိသားစုတိုင်းက ခြွေခြွေတာတာနဲ့ နေကြရသည်။ သို့သော် စတုတ္ထချွေးမကတော့ အသားစားရတာ အလွန်ကြိုက်နှစ်သက်ပါသည်။
ကျိုးချင်းပိုင်က အသားကူပွန်များကို ပြန်ပို့ပေးတတ်သည်။ နေတတ်ထိုင်တတ်သူတစ်ယောက်သာ ဆိုရင် မြို့တော်ကို ယူသွားပြီး ပိုက်ဆံဖြင့်လဲကာ စုထားလိမ့်မည်။ အသားကူပွန်များက ရှားပါးသဖြင့် မရောင်းရမှာကို စိတ်ပူဖို့မလိုပါ။
သို့သော်လည်း စတုတ္ထချွေးမကတော့ အသားများသာ သွားယူလာခဲဲ့သည်။
ကျိုးကွေ့လိုင်က အိမ်ပြန်သွားပြီး ထိုအကြောင်းကို ပြောပြလိုက်ပါသည်။
"ဘယ်လိုလုပ်တူမှာလဲ။ အဲ့ဒီတုန်းက ဆီပါတာတွေ ဘာမှမရှိဘူးလေ။ အဲ့တာကြောင့် ဘယ်လောက်တောင် ရှားပါးလိုက်သလဲ။ အခုတော့ နေ့တိုင်း စားနိုင်နေကြပြီ။ အဲ့တာကြောင့် ဘာမှသိပ်ပြီး ထူးဆန်းတာ မဟုတ်ပါဘူး" လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
"အသားများများ စားတာ ပိုကောင်းပါတယ်။ အဘွားက ဒီနှစ်မွေးဖို့ ကြက်ပေါက် အကောင် ၂၀ သွားယူလာတယ်။ ၁၂ ကောင် ၁၃ ကောင်လောက် အသက်ရှင်လိမ့်မယ်ထင်တာပဲ။ အချိန်တန်ရင် အမေစားဖို့ ချက်ပေးလိမ့်မယ်" ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ခေါင်းငြိမ့်၏။ "နင့်အဘွားက အမြော်အမြင်ရှိတာပဲ" သို့သော်လည်း သူမ ကြက်သားတွေ အများကြီးတော့ စားလို့မဖြစ်ပါ။ သူမ ဘယ်လောက်တောင် ဝလာလိမ့်မလဲ။
လင်းချင်းဟယ်က ပထမ သုံးလတွင် တော်တော်လေး နေရထိုင်ရဆိုးဝါးခဲ့သည်။ သို့သော် ထိုသုံးလ ကုန်သောအခါ အများကြီး ပိုနေလို့ကောင်းသွားခဲ့ပါသည်။
သူမ မူးဝေပြီး အန်ချင်သေးသော်လည်း လက္ခဏာများက တော်တော်လေး သက်သာသွားခဲ့သည်။
အခု နွေဦးရာသီလည်း ရောက်လာပြီဖြစ်သည်။ မတ်လသို့ ရောက်ပါပြီ။ အနည်းငယ် အေးနေသေးသော်လည် စတင်နွေးလာပါပြီ။
အပြင်ထွက်သည့်အခါ ကျိုးချင်းပိုင်က သူမနဲ့လိုက်ချင်သည်။ သူ့ရဲ့ အာရုံစူးစိုက်မှုတစ်ခုလုံးက သူမအပေါ်တွင်သာ ရှိနေခဲ့ပြီး ဖက်ထုပ်ဆိုင်ကိုပင် မဖွင့်ချင်တော့ပါ။ လင်းချင်းဟယ်က သူ့ကို လိုက်ခွင့်မပြုခဲ့ပေ။
သူမက ကိုယ်ဝန်ရှိနေရုံသာဖြစ်သည်။ ပထမ ၃ လ အတွင်းမှာတော့ ဘယ်မှ မသွားချင်ခဲ့ပါ။ ယခု မျက်စိတစ်မှိတ်အချိန်အတွင်း မတ်လကုန်ပြီး ဧပြီလသို့ ရောက်တော့မည်။ သူမ အသားကျသွားပါပြီ။ ထို့ကြောင့် သူ့ကို အေးအေးဆေးဆေး နေပါစေတော့။
သူ့ကိုလည်း စိတ်ပျက်နေပါပြီ။
လင်းချင်းဟယ်က အမေဝိန်နှင့် သွားတွေ့ခဲ့သည်။ ဒီနှစ်တွင် အမေဝိန်က အထည်ဆိုင်တစ်ဆိုင် ဖွင့်ထားပြီး အလုပ်များနေ၏။ မကြာသေးခင်က သူမကိုယ်ဝန်ရှိနေကြောင်းသိကာ နှစ်ခါလောက် လာလည်ဖူးသည်။ ထိုအချိန်ကစပြီး သူမ မအားလပ်တော့ပါ။
ဆန့်ကျင်ဘက်အနေဖြင့် လင်းချင်းဟယ်ကတော့ လုံးဝ အားလပ်နေပါသည်။ ထို့ကြောင့် သူမ လာခဲ့ခြင်း ဖြစ်၏။
အမေဝိန်က ဆိုင်ကို တစ်ယောက်တည်း စောင့်သည်။ မည်သည့်ဝန်ထမ်းမှ မခန့်ထားပါ။ လင်းချင်းဟယ် ရောက်လာသောအခါ အမေဝိန်က သန့်ရှင်းရေးလုပ်နေ၏။
လင်းချင်းဟယ်က တံခါးအပြင်ဘက်က လှမ်းခေါ်လိုက်သည်။။
အမေဝိန်က သူမကို မြင်လိုက်ပြီး ချက်ချင်း ထွက်လာခဲ့ပါသည်။ သူမ ပြုံးလိုက်၏။ "ဒီနေရာကို ဘယ်လိုလုပ် တွေ့တာလဲ။ ရှင်နေရာမသိဘူး ထင်နေတာ။"
"ကျွန်မ ရှင့်နေရာကို ခဏခဏရောက်ဖူးပါတယ်။ ရှင်ပြောပြထားတဲ့ နေရာကို ရှာနိုင်ပါတယ်နော်" လင်းချင်းဟယ်က ရွှင်ပျစွာ ပြန်ပြောလိုက်ပါသည်။ "စီးပွားရေးအခြေအနေ ဘယ်လိုလဲ။"
"မဆိုးပါဘူး" အမေဝိန် ပြုံးရယ်လိုက်ပါသည်။
ဒီလမ်းတွင် လူဦးရေစီးဆင်းမှုက တော်တော်လေးကြီးမား၏။ ဝမ်ယွမ်၏ အထည်စက်ရုံမှလာသော အထည်များကလည်း စတိုင်ကောင်းမွန်သည်။ တစ်လအတွင်း ယွမ် ၄၀၀ - ၅၀၀ လောက်အထိ ရနိုင်၏။
အမေဝိန် ပထမလ ငွေစာရင်းကို ရှင်းလိုက်သောအခါ ဒီလောက်သေးငယ်သည့် အထည်ဆိုင်လေးက ဒီလောက်ရနိုင်လိမ့်မည်ဟု မယုံကြည်နိုင်ခဲ့ပေ။
သူမ တစ်ယောက်တည်းမဟုတ်ဘဲ အဖေဝိန်လည်း အံ့သြသွားခဲ့ပါသည်။ တစ်သက်လုံး အလုပ်တစ်ခုသာ လုပ်လာခဲ့သည့် သူ့လိုလူမျိုးအတွက် အကျိုးခံစားခွင့်နှင့် တခြားကိစ္စများရှိနေရင်တောင် ပုံသေ လစာသာရခဲ့ပါသည်။ ယခင်တုန်းက ဘာစီးပွားရေးမှ မလုပ်ဖူးသဖြင့် ဒီက အကျိုးအမြတ်များက ဒီလောက်ထိ ပေါများလိမ့်မည်ဟု မသိခဲ့ပါ။
သူ့လစာကလည်း မဆိုးလှပါ။ ယွမ် ၁၀၀ ဝန်းကျင်လောက်ရှိသည်။ သို့သော် အမေဝိန်၏ လစဥ်ဝင်ငွေနှင့် ယှဥ်ကြည့်သောအခါ ဘာမှမဟုတ်ပါ။
ထို့နောက် အမေဝိန်က သူ့ကို အမျိုးသားဝတ်အထည်ဆိုင်ဖွင့်ဖို့ တိုက်တွန်း၏။
အဖေဝိန်က မဖွင့်ချင်ပါ။ စီးပွားရေး ဘယ်လိုလုပ်ရသလဲမသိသလို စီးပွားရေးလုပ်ရတာလည်း သဘောမကျပါ။ ယခု စက်ရုံက အဆင်ပြေနေသေးသဖြင့် သူ ဆက်လုပ်ပါဦးမည်။ အဆင်မပြေတော့ပါက စားဖို့သောက်ဖို့အတွက် သူ့မိန်းမကိုသာ အားကိုးရတော့မည်။
အမေဝိန်က သူ့ကို ရယ်မောလိုက်သည်။ သူ့ကိုယ်သူ ချောချောမောမော ကောင်လေးတစ်ယောက်လို နေချင်သည်ဟု ဆိုသည်။ သူက မငယ်တော့ပါ။ ထို့ကြောင့် ချောချောမောမော ကောင်လေးဟု ခေါ်လို့ပင် မရတော့ပေ။
အလွန်အမြတ်များသဖြင့် အဖေဝိန်၏ ဆိုင်ကိုဝယ်ဖို့ တွန့်ဆုတ်စိတ်များ ပျောက်ကွယ်သွားခဲ့ပါသည်။ သူတို့ ဒီတိုင်းသာ ဆက်ရလျှင် ဆိုင်ကုန်ကျစရိတ်ကို အမြန်ပြန်ကာမိပါလိမ့်မည်။
"ဒီဆိုင်က ဒီမှာအဆင်ပြေတာပေါ့။ ဒီနားဝန်းကျင်မှာ အထည်ဆိုင်တစ်ဆိုင်ပဲရှိတာကိုး" လင်းချင်းဟယ်က ပြောလိုက်သည်။
"အခုတော့ ဒီတစ်ဆိုင်ပဲ ရှိသေးတာပေါ့။ နောက်ဆို သေချာပေါက် တိုးလာလိမ့်မယ်။ စိတ်တော့ မပူပါဘူး ဒီလိုစတိုင်နဲဲ့ အရည်အသွေးမျိုးနဲ့ဆိုရင် ဖောက်သည်တွေ အများကြီးရှိမှာပဲ" အမေဝိန်က ပြုံးကာ ပြောလိုက်ပါသည်။ ထို့နောက် သူမ၏ ဗိုက်ကိုကြည့်ကာ ပြောလိုက်သည်။ "နေရခက်တုန်းပဲလား။"