အခန်း(၅၅၇) သမီးအတွက် စုငွေမရှိဘူး
Vol. 40 Ch. 557
အခန်း(၅၅၇) သမီးအတွက် စုငွေမရှိဘူး
ဟူကျစ် သက်ပြင်းချလိုက်ပါသည်။ ထို့ကြောင့်လည်း သူ့ဒေါ်လေးက သူ့ကို ပညာသင်ခိုင်းခဲ့တာကိုး။ ဘာပဲဖြစ်ဖြစ် ကဏ္ဍတစ်ခုတွင် လိုအပ်ချက်ရှိနေသရွေ့ သင်ယူနိုင်သည်။
သူဆိုင်တွေကို စောင့်ခဲ့ရတုန်းက အများကြီး သင်ယူခဲ့ရပါသည်။ ယခုတော့ သူ့လမ်းဘေးဆိုင်လုပ်ငန်းက ပိုပိုပြီး ကောင်းမွန်လာသည်။ ဒါကလည်း ယခင်တုန်းက ဝယ်သူများကို ဝန်ဆောင်မှုပေးခြင်းမှ ရလာသည့် အခြေခံကောင်းမွန်မှုကြောင့်ဖြစ်ပါသည်။
မဟုတ်ပါက သူ့လို ရွာသားတစ်ယောက်က လမ်းဘေးဆိုင် ဖွင့်နိုင်ပါ့မလား။ သတ္တိလည်းမရှိသလို အစွမ်းအစလည်းရှိမှာ မဟုတ်ပါ။
စီးပွားရေးဆိုတာ လူမှုဆက်ဆံရေး စကေးများနဲ့လည်း သက်ဆိုင်သည်။ ဒါသူ့ဒေါ်လေး သင်ပေးခဲ့သသည့် အရာဖြစ်သည်။ လူတွေက လူပီပီသသ ကောင်းကောင်းမွန်မွန် မလုပ်ပါက စီးပွားရေးလုပ်ချင်သည့်အခါ ပြဿနာ ရှာတတ်ပါသည်။
ဟူကျစ်က ဒီနေ့ ရှုရှန့်ချမ်း၏ အခြေအနေကို ကြည့်ကာ စကားအချို့ပြောချင်ခဲ့ပါသည်။ သို့သော် တစ်ဖက်လူက သူ့ကို စကားမပြောချင်ခဲ့ပေ။ အထူးသဖြင့် သူ့စီးပွားရေးက ကောင်းမွန်ပြီး သူ့ဘက်မှာတော့ ဘာမှမရောင်းရသောကြောင့်ဖြစ်သည်။
လင်းချင်းဟယ်က မျက်ခုံးပင့်ကာ ပြောလိုက်ပါသည်။ "သူ့လုပ်ငန်းက နင့်လောက် မကောင်းလို့လား။"
ရှုရှန့်ချမ်းက စိတ်တိုလွယ်သည်။ မြို့တော်ကို လာခဲ့စဥ်တုန်းက ဘယ်လိုကောင်းကောင်းမွန်မွန် နေထိုင်ရမလဲ မသင်ယူခဲ့ရပေ။ ထို့ကြောင့် ဒီလိုလမ်းဘေးဆိုင်ဖွင့်သည့်အခါ သူ့ကို လင်းချင်းဟယ် ဘာမှ မမျှော်လင့်ထားပါ။
ပိုပြီး တိတိကျကျ ပြောရလျှင် သူ မတိုက်ခိုက်သင့်သည့် လူတစ်ယောက်ကို တိုက်ခိုက်လိုက်ပါက သူ လုံးဝ ကျရှုံသွားလိမ့်မည်။
ဟူကျစ်က ဘာမှ ဂုဏ်ယူစရာမရှိဘဲ ပြောလိုက်ပါသည်။ "ကျွန်တော့်ကို ဒေါ်လေးက သင်ပေးထားပြီး ကျောင်းသွားတော့ မျက်စိပွင့်နားပွင့်ဖြစ်ခဲ့တာပါ။ ဦးလေးကလည်း စီးပွားရေးလုပ်တဲ့အခါ ယဥ်ကျေးဖို့ သင်ပေးခဲ့တယ်။ ရှန့်ချမ်းတို့ဘက်မှာတော့ သူ့ကိုဘယ်သူ သင်မပေးကြဘူး။ သူ့စီးပွားရေးက ကျွန်တော့်လောက် မကောင်းတာ ပုံမှန်ပါပဲ။"
"နင့်စကားက မှားတယ်။ သူ့ကို ဘယ်သူမှ မသင်ပေးတာမဟုတ်ဘူး။ သူ့ကို သင်ပေးချင်တဲ့လူတွေ ရှိတယ်။ ပြဿနာက သူကကော အသင်ခံချင်လားဆိုတာပဲ" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။
လင်းချင်းဟယ် ယခင်တုန်းက ရှုရှန့်မိန်ကြောင့် မျက်နှာပျက်ရဖူးသည်။ ထို့ကြောင့် ရှုရှန့်ချမ်းကို ဘယ်လို မျက်နှာသာမှမပေးပါ။ သို့သော် သူမယောက်ျား ချင်းပိုင်ကတော့ သဘောကောင်းခဲ့၏။
ကျိုးချင်းပိုင်က သူ့အတွက် အကောင်းဆုံးကို မျှော်လင့်ပြီး စာသင်ဖို့ပင် လွှတ်ပေးခဲ့သည်။ သို့သော် ရှုရှန့်ချမ်းက ဘာလုပ်ခဲ့သလဲ။
အရင်သမိုင်းကို ပြန်မလှန်ချင်သော်လည်း ဖြစ်ခဲ့တာက ဖြစ်ခဲ့တာပဲဖြစ်သည်။ ထို့ကြောင့် သူက အလားအလာမရှိသဖြင့် ဘာမှမပြောစရာမလိုတော့ပါ။
သူ့အပေါ် အကြွေးရှိတာလည်းမဟုတ်ပေ။
လင်းချင်းဟယ် စကားပြောပြီးသွားသောအခါ ဟူကျစ်ကို သတိပေးလိုက်ပါသည်။ "စီးပွားရေးလုပ်တာက စီးပွားရေးလုပ်တာပဲ။ ကျန်တာကို ဘာမှဝင်မပါနဲ့။ နင်စကားနည်းနည်းလောက် ပြောချင်ရင်တောင် သူက နားထောင်ချင်မှ နားထောင်ချင်မှာလေ။ ကိုယ့်အလုပ်ကိုပဲလုပ် ကြားလား။"
"မင်းဒေါ်လေးစကားကို နားထောင်" ကျိုးချင်းပိုင်ကလည်း ဝင်ပြောလိုက်သည်။
ဟူကျစ်က နားလည်ပါပြီဟူသော အဓိပ္ပာယ်ဖြင့် ခေါင်းငြိမ့်ပြလိုက်ပါသည်။
"စားပွဲဝိုင်း သွားပြင်လိုက် သွား" လင်းချင်းဟယ်က အမိန့်ပေးလိုက်ပါသည်။
ဒီနှစ်ထဲ သူမ မျက်နှာသာမပေးတော့ပါ။ လူတိုင်းအတွက် အစားအသောက်စရိတ်က ၁၀ ယွမ်အထိ တက်သွားခဲ့သည်။ သို့သော်လည်း ၁၀ ယွမ်ဆိုတာ အများကြီး မဟုတ်ပါ။ လူတိုင်းက အပြင်မှာ ဒီလို အစားအသောက်မျိုး သေချာပေါက် စားနိုင်မှာ မဟုတ်ပေ။
ကြက်ဥပြုတ်တစ်ပန်းကန်၊ ဝက်ဗိုက်ခေါက်သားနဲ့ အာလူးတစ်ပန်းကန်၊ ဝက်သားချောင်းကြော် တစ်ပန်းကန်နဲ့ ဆားရည်စိမ်ဟင်းသီးဟင်းရွက် တစ်ပန်းကန်၊ ဂေါ်ဖီထုပ်ကြော် နှစ်ပန်းကန်တို့ ဖြစ်ကြသည်။ ကျန်တာက ကျောက်ပွင့်နဲ့ဝက်နံရိုးစွပ်ပြုတ် ဖြစ်ပါသည်။
အဓိက အစားအစာက ပေါက်စီလွတ်များဖြစ်သည်။ ၎င်းတို့ကို ဂျုံဖြူနှင့် ပြောင်ဖူးမှုန့်တို့ဖြင့် ပြုလုပ်ထားသည်။
လာစားသည့်လူများက သားလတ်၊ သားငယ်၊ ကန်းကျစ်နှင့် ဟူကျစ်တို့ဖြစ်ကြ၏။ တခြားသူများ မရှိကြပါ။ စစ်နီက ဧပြိလတွင် အလုပ်ပြန်လုပ်မည်ဖြစ်သည်။ ယခုတော့ ကျိုးအာ့နီ၏ ကလေးများကို ကူထိန်းပေးနေဆဲဖြစ်ပါသည်။
"အရင်နှစ်ပေါင်းများစွာတုန်းက ဦးလေးတို့မိသားစု ဒီလိုပဲ စားကြတာလို့ ကြာဖူးတယ်" စားသောက်နေစဥ် ကန်းကျစ်က ပေါက်စီလွတ်ကို ကိုက်ကာ အသားပြားများနှင့် ဆားရည်စိမ်ဟင်းသီးဟင်းရွက်တို့ကို စားသောက်နေရင်း ပြောလိုက်ပါသည်။
"အပိုတွေ" လင်းချင်းဟယ်က ရယ်မောလိုက်ပါသည်။
"ဟုတ်တယ် အရင်တုန်းက ဘာလို့ ဟင်းပွဲတွေ အရမ်းများရတာလဲ" ကျိုးကွေ့လိုင်က မျက်စပစ်လိုက်ပါသည်။
"ဟုတ်တယ်မလား။ ယန်ယန်လည်း နွေရာသီအားလပ်ရက်တုန်းက ရောက်လာပြီး ဒီတိုင်း ပြောသွားတာပဲ" ကန်းကျစ်က ပြောလိုက်ပါသည်။
"ဟင်းလျာက ဒီလောက် မများပါဘူး။ တစ်ပွဲနှစ်ပွဲလောက်ပါပဲ" လင်းချင်းဟယ်က ပြောလိုက်၏။
ထိုအချိန်တုန်းက သူမ ကျေးရွာဘက်မှာသာ ရှိသေးသည်။ ကျိုးချင်းပိုင်က လယ်ထဲတွင် နေ့တိုင်း အလုပ်လုပ်ရသည်။ သူမက အလုပ်မလုပ်ချင်သဖြင့် အလုပ်အမှတ်တော့ မရခဲ့ပါ။ အစားအသောက်တော့ ကောင်းကောင်းဖန်တီးရမည်မဟုတ်လား။
ထို့ကြောင့် ကြက်ဥနဲ့ အသားပမာဏက မများပြားခဲ့ပါ။ သို့သော်လည်း နေ့တိုင်းတော့ စားနိုင်သည်။။ ဘာပဲဖြစ်ဖြစ် သူမ ကုန်ပစ္စည်းတွေ အများကြီး ယူလာခဲ့တယ်မဟုတ်လား။
စံနှုန်း ကွာခြားချက်ကြောင့် လင်းချင်းဟယ်က ထိုပိုက်ဆံလေးနည်းနည်းကို စုပြီး ကျိုးချင်းပိုင်ကို နွေးနွေးထွေးထွေး မချက်ပြုတ်ပေးဘဲ တစ်နေကုန် အလုပ်မလုပ်ခိုင်းချင်ပါ။
သူမ ဘာအရသာရှိတာမှ မချက်ပြုတ်ပေးရင်တောင် သူက ဘာမှ ပြောရဲမှာ မဟုတ်ပေ။ သို့သော်လည်း သူမ၏ အသိစိတ်က သူမကို ဒီလိုလုပ်ခွင့်ပြုမည်မဟုတ်ပေ။
"ယန်ယန်က ခဏခဏမြင်ပြီး မှတ်မိနေတာဖြစ်မယ်။ ငါတို့မိသားစု နှစ်သစ်ကူးတုန်းက ဟင်းပွဲတွေ အများကြီးစားခဲ့ကြတာလေ" ကျိုးကွေ့လိုင်က မှတ်မိဆဲဖြစ်သည်။
တကယ်တော့ အိမ်က အစားအသောက်များနဲ့ ပတ်သက်လာလျှင် အကြီးဆုံးဖြစ်သည့် ကျိုးခိုင်က မှတ်ဉာဏ်အကောင်းဆုံး ဖြစ်ပါသည်။
သူ အထက်တန်းကျောင်းမှာတုန်းက သူ့အတန်းဖော်တစ်ယောက်၏ အိမ်တွင် သွားစားခဲ့တာကို မှတ်မိပါသေးသည်။ သူ့အိမ်က အခြေအနေများက အတော်လေး ကောင်းမွန်သည်။
သူ့ကို နွေးနွေးထွေးထွေး ဧည့်ဝတ်ကျေပွန်ကြသည်ဟု ဆိုနိုင်သည်။ သို့သော် သူ့အိမ်က ဟင်းလျာများက သူ စားနေကျတွေထက် ဆိုးရွားလှပါသည်။ ဘယ်လောက်ဆိုးရွားလဲ ပြောစရာမလိုပါ။ ဆီပါဝင်မှု နည်းပါးနေခြင်းဖြစ်သည်။
ညဘက် အိပ်ယာဝင်သောအခါ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ထိုကိစ္စအကြောင်း ပြောခဲ့ကြသည်။
"အခု ကျွန်မ ဒီကလေးကိုယ်ဝန်ရလာတော့ ကျေးရွာမှာ နေ့ခဲ့ရတဲ့ နေ့တွေကို ဘာလို့မှန်းမသိဘဲ ပြန်သတိရနေတယ်။"
သူမ ဘယ်အသက်အရွယ်ရောက်သေးလို့လဲ။ ခါးသက်ပြီး ချိုမြိန်သည့် ကိစ္စမှန်သမျှကို ပြန်သတိရနေပါပြီ။
သို့သော်လည်း အရင်တုန်းက ဘာမှ ခါးသက်တာ မရှိခဲ့ပါ။ သူမ အစားအသောက်များကို ပြန်လည်ရောင်းချခြင်းဖြင့် အမြတ်တော်တော်ရခဲ့ပါသည်။ သူ့အိမ်က ပစ္စည်းများနဲ့ဆို သူမ၏ ဘဝက အသက်ဝင်ပြီး ထင်ရှားလှသည်။
အခုတောင် ဘာတွေဖြစ်နေသလဲ မသိခဲ့ပ။
"ကိုယ်တို့ရဲ့ ကိုယ်ပိုင်ကလေးကို ရတော့မှာကြောင့်လားမသိဘူးနော်" ကျိုးချင်းပိုင်က အကြာကြီး စဥ်းစားကြည့်လိုက်ပြီး ဒီလိုစကားမျိုးပြောလိုက်ပါသည်။
လင်းချင်းဟယ်က ထခုန်လုနီးပါးဖြစ်သွားပြီး ငေါက်လိုက်ပါသည်။ "ဘာပြောလိုက်တယ်၊ ကောင်လေးတွေက ကျွန်မသားတွေမဟုတ်ဘူးလို့ ပြောချင်တာလား။"
ကျိုးချင်းပိုင်က သူမကို ထိတ်လန့်သွားပြီး အမြန်ပြန်ချော့လိုက်ပါသည်။ "မဟုတ်ပါဘူး။ အဲ့ဒီအဓိပ္ပာယ်မဟုတ်ပါဘူး။"
လင်းချင်းဟယ်က မျက်စောင်းထိုးလိုက်သည်။ "အဲ့အဓိပ္ပာယ်မဟုတ်မှ သက်သာမယ်နော်"
သူမ ပထမဆုံး ရောက်လာခဲ့တုန်းက သူတို့တွေကို ပျိုးထောင်ပြီး ပတ်ဝန်းကျင်ကို ထိခိုက်အောင် မလုပ်ဖို့ သင်ပေးချင်ခဲ့တာကို ငြင်းဆန်လို့မရပေ။ ထိုအခါမှ သူမ၏ မစ်ရှင်ကို အောင်မြင်မည်ဖြစ်သည်။
သို့သော်လည်း လူတို့၏ နှလုံးသားက အသွေးအသားဖြင့် ဖန်တီးထားခြင်းဖြစ်သည်။ ကလေးသုံးယောက်စလုံးကို သူမ မွေးထားခြင်းဖြစ်သည်။ ဒီလိုပြောခြင်းက နှလုံးသားကို ထိုးဖောက်လိုက်တာပဲ မဟုတ်လား။
"သတိထားဦး။ အရမ်းကြီးမဆန့်လိုက်ပါနဲ့ဦး" ကျိုးချင်းပိုင်က သတိပေးလိုက်ပါသည်။
လင်းချင်းဟယ်က သူ့ကို မျက်စပစ်လိုက်ပါသည်။ "အရင်လတွေတုန်းက ငွေစာရင်းတွေ မပြရသေးဘူးနော်။ ဆိုင်ဘယ်နှဆိုင်တောင် ဝယ်ပြီးပြီလဲ။"
ကျိုးချင်းပိုင်က ဗီရိုဆီကိုသွားပြီး မြေပိုင်ဆိုင်မှု စာချုပ်အားလုံးကို သွာားယူလိုက်ပါသည်။ ပိုင်ဆိုင်မှု စာချုပ် အသစ် နှစ်ခုနဲ့ သက်ဆိုင်ရာ စာရွက်စာတမ်းများ ရှိနေပါသည်။ လင်းချင်းဟယ်က စာရွက်စာတမ်းများကို မြင်သောအခါ ထိတ်လန့်သွားခဲ့သည်။ ဘုရားဘုရား မြေပိုင်ဆိုင်မှုစာချုပ်နှစ်ခုက စက်ရုံတွေအတွက်ဆိုပါလား။
"အဲ့ဒီမှာ စွန့်ပစ်စက်ရုံအဆောက်အဦးကြီးတွေ အများကြီး ရှိတယ်လေ။ သူတို့ ရောင်းချင်မလားလို့ ကိုယ်သွားစုံစမ်းကြည့်တာ။ တစ်လုံးကို ယွမ် ၃၀,၀၀၀ နဲ့ ဝယ်ခဲ့တယ်" ကျိုးချင်းပိုင်က ရှင်းပြလိုက်ပါသည်။
လင်းချင်းဟယ်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "ဒီလအတွက် ပိုက်ဆံကော ဘယ်မှာလဲ။"
"နေရာကောင်းကောင်းလေးတွေမှာ ကိုယ် ဆိုင်နှစ်ဆိုင်လောက် ကြိုမှာထားတယ်။ တစ်ဆိုင်က ယွမ် ၁၀,၀၀၀ တဲ့။ အဲ့အချိန်ကျရင် ကိုယ်ဝယ်ဖို့ စီစဥ်ထားလို့ပါ" ကျိုးချင်းပိုင်က ပြောလိုက်သည်။
"ကျွန်မ ပြောထားမယ်နော်။ နောက်ပိုင်းမှာ ကောင်လေးတွေကို ဘာမှပေးစရာမရှိဘူးလို့တော့ မပြောနဲ့။ ဗိုက်ထဲက တစ်ယောက်လည်း အပါအဝင်ပဲ။ ကျွန်မတို့ အသက်ကြီးသွားရင် သူတို့ကို ဘာမှ ဘက်မလိုက်ဘဲ မျှမျှတတ ဆက်ဆံရမယ်နော်။ ကြားလား" လင်းချင်းဟယ်က သူ့ကိုကြည့်ရင်း ပြောလိုက်သည်။
ထို့ကြောင့်လည်း မိထွေးတစ်ယောက်ရခြင်းက ပထွေးတစ်ယောက်ရခြင်းလိုပင်ဟူသည့်စကားပုံ ရှိနေခြင်းဖြစ်သည်။ သူမ၏ ယောက်ျား၏ နှလုံးသားက သူမဗိုက်ထဲက ကလေးကိုသာ ဘက်လိုက်နေပါသည်။
"အဲ့တာတော့ မဖြစ်ဘူး" ကျိုးချင်းပိုင်က ပြတ်သားစွာ ခေါင်းခါလိုက်ပါသည်။
"ကောင်လေးတွေက အကုန်အရွယ်ရောက်နေပြီ။ သူတို့ငယ်းတုန်းက ကိုယ်တို့တွေလည်း ငယ်သေးတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်တို့ ကူညီပေးနိုင်တယ်လေ။ သားငယ်က ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ဖက်ထုပ် စက်ရုံဖွင့်ချင်တယ်ပြောတော့ ကိုယ်တို့ အခု ငယ်သေးလို့ ထောက်ပံ့ပေးနိုင်တယ်လေ။ ဒါပေမယ့် ကိုယ်တို့ သမီးလေးအရွယ်ရောက်လာရင် ကိုယ်တို့ အသက် ဘယ်လောက်တောင် ရှိနေပြီလဲ။ အဲ့ကျရင် အလုပ်လုပ်နိုင်မှာတောင် မဟုတ်တော့ဘူး" ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။
လင်းချင်းဟယ်က သူ့ကို စိုက်ကြည့်လိုက်သည်။
"သူတို့ကို ပေးသင့်တာတော့ လျှော့မပေးပါဘူး။ ဒါပေမယ့် ကိုယ့်သမီးအတွက် နည်းနည်းလောက် ပိုပြီး ချန်ထားချင်တယ်။ သူတို့ ဘာမှ မပြောရဲစေရဘူး။ မဟုတ်လို့ကတော့ ဒင်းတို့ရဲ့ ခွေးခြေထောက်ကို ချိုးပြီး တစ်ပြားမှ ရဖို့စိတ်မကူးနဲ့တော့" ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။
လင်းချင်းဟယ်တွင် အတွေးတစ်ခုသာရှိတော့သည်။ ဒီသမီးအတွက် ဘာမှ စုမပေးတော့ဘူး။