အခန်း(၅၅၈) ရိုးသားတဲ့လူ
Vol. 40 Ch. 558
အခန်း(၅၅၈) ရိုးသားတဲ့လူ
လင်းချင်းဟယ်က သူဘယ်လောက်တောင် ဘက်လိုက်တတ်လသလဲဆိုတာကို မြင်ပြီး လောလောဆယ်တော့ ဒီအကြောင်းတွေမပြောဖို့ ဆုံးဖြတ်လိုက်ပါသည်။ ဒီလိုကိစ္စတွေ ပြောဖို့က စောလွန်းနေသေး၏။
စောလွန်းသေးသဖြင့် အဝေးကြီးက ကိစ္စကို စဥ်းစားဖို့ မလိုပါ။
သူမ ယောက်ျား၏ ခေါင်းမာသောစိတ်ကို တွေ့မြင်ခဲ့ရပါသည်။
သူမ၏ ဗိုက်ကို ပွတ်လိုက်ပြီး ဒီအရွယ်လွန် ကိုယ်ဝန်ဆောင်ထားသည့်ကလေး ထွက်လာသောအခါ ဘာမှစိုးရိမ်စရာမဘူးဟု တွေးလိုက်မိပါသည်။
ကျိုးချင်းပိုင်က သူ့မိန်းမကို ပွေ့ဖက်ရင်း အိပ်ခဲ့ပါသည်။ ဘက်လိုက်တာက ဘာမှမဖြစ်ပါဘူး။ သူသမီးလေးတစ်ယောက်လိုချင်ခဲ့တာ ၁၀ နှစ်တောင်ကျော်ပြီဖြစ်သဖြင့် ချစ်မြတ်နိုးတာ ဘာမှားလို့လဲ။
သူ့သားသုံးယောက်ရဲ့ လုပ်စာကို ထိုင်စားနေရလို့လား။ မကျေနပ်ရင် သူနှင်ထုတ်တာကိုမစောင့်ဘဲ သူတို့ဖာသာသူတို့ အိမ်ပေါ်က ဆင်းသွားနိုင်သည်။
သူ့အထင်အမြင်က ဒီလောက်ထိ လွန်ကျူးပြီး အဓိပ္ပာယ်မရှိလှပါ။
ညဘက် ကောင်းကောင်းမွန်မွန် အိပ်ပျော်ခဲ့ပြီး နောက်တစ်နေ့မနက် လင်းချင်းဟယ်နိုးလာသောအခါ ကျိုးချင်းပိုင်က စုတာ့လင်းဆီသို့ ဘန်းမုန့်ဝယ်ဖို့ ထွက်သွားပြီဖြစ်သည်။ ဝက်သားနဲ့မုန်လာဥအစာသွပ်၊ မှိုနဲ့ဝက်သား အစာသွပ်များက သူ့မိန်းမ အကြိုက်ဆုံးများ ဖြစ်ကြပါသည်။
ယခု လင်းချင်းဟယ်က ကိုယ်ဝန်ရှိနေသောကြောင့် ဗိုက်ဆာမြန်သည်။ ကလေးလေးက ငယ်သေးတာတောာင် ဖွံ့ဖြိုးဖို့အတွက်လိုအပ်သည့် အာဟာရအားလုံးကို အမေဖြစ်သူ၏ ခန္ဓာကိုယ်မှ စုပ်ယူခြင်းဖြစ်သည်။ ထို့ကြောင့် လင်းချင်းဟယ် ဗိုက်ဆာလွယ်လာခြင်းဖြစ်သည်။
သူမ အိပ်ယာထပြီး မျက်နှာသစ်ပြီးသွားသောအခါ မနက်စာစားခဲ့ပါသည်။
ပြောရမည်ဆိုလျှင် စုတာ့လင်း၏ အချက်အပြုတ်စကေးက ကောင်းမွန်ပါသည်။ သူ့ဒေါ်လေးဆီမှ သင်ယူထားသည့် စကေးများကို ပြန်လည်ဆန်းသစ်ထားပြီး သူ့ဖာသာသူ အဆင့်မြှင့်တင်ထားသည်။ ဒီစကေးကို အသုံးချပြီး သူ့မိသားစုကို ထောက်ပံ့ခဲ့ပါသည်။
စုတာ့လင်းက သဘောကောင်း၏။ ဒီအစာသွပ် ဘန်းမုန့်၏ အစာများက လုံလုံလောက်လောက် ပါသည်။ စျေးနှုန်းများက ယခုမြင့်တက်လာပြီဖြစ်သဖြင့် ဘန်းမုန့်ဆိုင်ကလည်း စျေးတက်ရပါမည်။ အများကြီးတော့ မဟုတ်ပါ။ ဒါတွေက တန်ဖိုးကြီး ဘန်းမုန့်များဖြစ်သည်။
စုတာ့လင်းက ဒီနယ်တဝိုက်တွင် နာမည်ကြီး၏။
တစ်ယောက်ယောက်က ဘန်းမုန့်ဆိုင် သွားမည်ဆိုတာနဲ့ စကားထစ် ဘန်းမုန့်ဆိုင်သို့သာ လာရောက်တတ်ကြသည်။
စကားထစ် ဘန်းမုန့်ဆိုင်ဟု အခေါ်ခံရသော်လည်း စုတာ့လင်းက စိတ်မဆိုးပါ။ ဆန့်ကျင်ဘက်အနေဖြင့် သူက ရယ်မောနေခဲ့ပါသည်။
ထိုအကြောင်းကိုကြားသောအခါ ကျိုးရှောင်မိန်၏ မျက်နှာပျက်သွားရသည်။ စုတာ့လင်းက သူမကို ချော့မော့ပြီး သူက စကားမထစ်ပါဘူးဟု ချော့ပြောလိုက်သည်။ ပတ်ဝန်းကျင်က မည်သည့် မကောင်းစိတ်မှ မရှိပဲ ဒီအတိုင်း ခေါ်ဆိုခြင်းဖြစ်သည်။ သူတို့၏ ပြောစကားများကြောင့်လည်း သူ့ဆိုင်ကို လူအလာများခြင်း မဟုတ်ပါလား။
စုတာ့လင်း၏ ချော့မြူခြင်းကို ခံရပြီးနောက် ကျိုးရှောင်မိန် ဒေါသမထွက်တော့ပါ။ သို့သော် သူမ မပြုံးရယ်ပေ။
သို့သော်လည်း စုတာ့လင်းနှင့် အားလုံးက ပတ်သက်ရတာ သဘောကျပါသည်။ စကားထစ်က လူကောင်းတစ်ယောက်ဖြစ်သည်။ ရိုးသားပြီး သဘောကောင်း၏။ စကားပြောရင် ဒုက္ခရောက်ရုံသာရှိပြီး ဒါကလည်း ဘာမှ ပြဿနာမရှိပါ။
လင်းချင်းဟယ်က ဘန်းမုန့်စားရင်း ပြောလိုက်၏။ "ဒီနေ့ ကျွန်မ ရှောင်မိန်တို့ဆီ သွားလိုက်ဦးမယ်။"
"ကိုယ် လိုက်ပို့ပေးရမလား" ကျိုးချင်းပိုင်က ကမ်းလှမ်းလိုက်၏။
"မပို့နဲ့" လင်းချင်းဟယ်က သူ့ကို မလိုက်ခိုင်းချင်ပါ။ ဒီယောက်ျားက အလွန်စိတ်ပူပန်ပြီး သူမ လမ်းလျှောက်တာကို တွဲကူသည့်အခါ တခြားသူတွေက သူမကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်ကြလိမ့်မည်။
ကျိုးချင်းပိုင်က တိုက်တွန်း၏။ "ပဲနို့ သောက်ပါဦး။ တာ့လင်း ဒီမနက်ပဲ လုပ်ထားတာ"
"ပဲနို့က မသောက်ခင် နည်းနည်းကျိုရတယ်" လင်းချင်းဟယ်က ပြောလိုက်သည်။
"သိပါတယ်။ တာ့လင်းရဲ့ ပဲနို့ကိုတော့ ဘာမှ စိတ်ပူစရာမလိုပါဘူး" ကျိုးချင်းပိုင်က ပြောလိုက်သည်။
လင်းချင်းဟယ်က ပဲနို့သောက်ရင်း ဘန်းမုန့် စားလိုက်ပါသည်။ တကယ် လိုက်ဖက်ပါသည်။ ပုံမှန်ဆို အီကြာကွေးနဲ့ ပဲနို့တို့က အလိုက်ဖက်ဆုံး ဖြစ်သော်လည်း သူမက ဘန်းမုန့်ကို ပဲနို့နဲ့ တွဲစားရတာကို ပိုကြိုက်ပါသည်။
စားသောက်ပြီးနောက် လင်းချင်းဟယ် ကျိုးရှောင်မိန်တို့ဆီသို့ လမ်းလျှောက်သွားသည်။
စုတာ့လင်းက ဆိုင်တွင်မရှိပါ။ ကျိုးရှောင်မိန်က ရှိနေသည်။ ထိုအချိန်တွင် ရောင်းကောင်းနေဆဲ ဖြစ်သည်။ သွားလိုက် ပြန်လိုက်နဲ့ လူတွေလည်း ရှိပါသေးသည်။ ကျိုးရှောင်မိန်က ဒီလို ပတ်ဝန်းကျင်မျိုးကို အသားကျသွားပြီး အမြန်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
"စတုတ္ထယောက်မ ဒီလာဖို့ အချိန်အားတယ်လား" ကျိုးရှောင်မိန်က စတုတ္ထယောက်မကို မြင်သောအခါ ပြုံးလိုက်ပါသည်။
"ငါ အခု နေ့တိုင်းအားနေပြီလေ" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။
စာအုပ်များဖတ်ခြင်းဖြင့် သူမ၏ အင်္ဂလိပ်စာ စွမ်းရည်ကို ထိန်းသိမ်းထားရတာကလွဲပြီး ကျန်တာ ဘာမှလုပ်စရာမရှိပါ။ ကျိုးချင်းပိုင်က သူမကို ဘာမှမထိခိုင်းပါ။ သူမ စိတ်ပျော်ရွှင်ဖို့သာ သူမ နေထိုင်ရသည်။
ကျိုးရှောင်မိန်က ကတ်စတမ်မာများကို အကြွေပြန်အမ်းပြီး နောက်ဆုံးတော့ အားလပ်သွားပါပြီ။ သူမ ပြောလိုက်၏။ "စတုတ္ထအစ်ကိုက ဘန်းမုန့်နဲ့ ပဲနို့တွေလာယူသွားတယ်။ စတုတ္ထယောက်မ နင် စားပြီးပြီလား။"
"စားပြီးပါပြီ" နောက်ထပ် စားသုံးသူတစ်ယောက် ရောက်လာတာကို မြင်သဖြင့် တစ်နေရာရာတွင် သွားထိုင်နေလိုက်ပြီး ကျိုးရှောင်မိန်ကို အလုပ်လုပ်ခိုင်းလိုက်ပါသည်။
အချိန်အတော်ကြာ အလုပ်များပြီးခါမှ ကျိုးရှောင်မိန်တစ်ယောက် နောက်ဆုံးတော့ အားလပ်သွားပြီး ပြောလိုက်သည်။ "မနက်ပိုင်းတော့ ဒီလိုပဲ လူတွေသွားလိုက်လာလိုက်နဲ့ပါပဲ။"
"ဘန်းမုန့်တွေက အရသာရှိလို့ဖြစ်မှာပေါ့။ တန်ဖိုးလည်းကြီးပြီး ပမာဏကလည်း လုံလောက်တယ်။ ငါလမ်းမှာ ဘန်းမုန့်ဆိုင် နည်းနည်း တွေ့ခဲ့သေးတယ်။ ဘယ်ဆိုင်ကမှ ဒီဆိုင်လို မဟုတ်ဘူး။" လင်းချင်းဟယ်က ရိုးသားစွာ ပြောလိုက်ပါသည်။
လမ်းတစ်လျှောက်လုံးတွင် ဘန်းမုန့်ဆိုင်များစွာ ရှိခဲ့၏။ ၁၉၈၀ အစောပိုင်း မဟုတ်တော့ပါ။ ၁၉၈၀ အလယ်ပိုင်းလောက် ဖြစ်နေပါပြီ။ ကိုယ်ပိုင်အလုပ်နဲ့ လူတွေက မရှားပါးတော့ပါ။
ကိုယ့်နိုင်ငံကို စွန့်ခွာပြီး ပင်လယ်ထဲ ထွက်သွားကြသည့် လူများစွာလည်း ရှိနေပါသေးသည်။
လမ်းတစ်လျှောက်တွင် သူမ ဘန်းမုန့်ဆိုင် ၄ ဆိုင်ကို တွေ့ခဲ့သည်။ ဘယ်ဆိုင်ကမှ ကျိုးရှောင်မိန်တို့ ဆိုင်လောက် ရောင်းမကောင်းပါ။
ဘန်းမုန့်ဆိုင်က ယာယီအားလပ်နေတာကို အခွင့်ကောင်းယူပြီး လင်းချင်းဟယ်က တီးတိုးပြောလိုက်ပါသည်။ "တာ့လင်းရဲ့ ဘန်းမုန့်တွေက တကယ့်ကို အရမ်းကြီးတယ်နော်။ ဒီအမြတ်က မနည်းဘူးလား။"
အစကတော့ သူမယောက်ျား ချင်းပိုင်၏ အမြတ်ငွေကလည်း မများပါ။ သို့သော်လည်း ဖက်ထုပ်ဆိုင်ကို သားငယ်လေး တာဝန်ယူစဥ်က ဖက်ထုပ်စျေးကို မြှင့်လိုက်သည်။ ဒီနှစ် သူမ သမီးလေးတစ်ယောက် ရလာပြီးနောက် ဖက်ထုပ်စျေးများကလည်း အနည်းငယ် ထပ်တက်သွားခဲ့ပါသည်။
ဖက်ထုပ်ဆိုင်၏ အရွယ်အစားက ဘယ်လိုပဲဖြစ်ဖြစ် သူတို့ တစ်လကို ယွမ် ၇၀၀ - ၈၀၀ လောက် ရဖို့က မခက်လှပါ။
"အမြတ်ကတော့ မများပါဘူး။ ဒါပေမယ့် တာ့လင်းက လောစရာမလိုဘူးလို့ပြောတယ်။ စီးပွားရေးဆိုတာ ဖြည်းဖြည်းချင်း လုပ်ရမယ်တဲ့" ကျိုးရှောင်မိန်က ဒီကိစ္စနဲ့ ပတ်သက်လာလျှင် ဘာမှ မတတ်နိုင်ပါ။
သူမယောက်ျားတာ့လင်းက ရိုးသားလွန်း၏။ ဝက်သား၊ ဂျုံအစရှိသည်တို့ အားလုံး စျေးတက်သွားလေပြီ။ ထိုသို့စျေးတက်သွားသောကြောင့် သူ့ဘန်းမုန့်ဆိုင်လည်း စျေးတက်သွားရခြင်းဖြစ်၏။ ထို့အပြင် သူ့အမြတ်က မရှိသလောက် နည်းပါသည်။
ယခု စီးပွားရေးက တကယ်ပဲ ပိုပိုကောင်းလာပါသည်။ အမြတ်က နည်းသော်လည်း သူတို့ နှစ်ယောက် အတူတူ အလုပ်ကြိုးစားကြသောအခါ တစ်လကို ယွမ် ၅၀၀ - ၆၀၀ လောက်ရဖို့ မခက်ခဲနိုင်ပါ။
သို့သော်လည်း စျေးဝယ်သူများ၏ ပါးစပ်စကားများက တကယ်ပဲ တန်ဖိုးရှိပါသည်။ ပတ်ဝန်းကျင်တစ်ခုလုံး စကားထစ်ဘန်းမုန့်ဆိုင်က အရည်အသွေးကောင်းမှန်း သိကြသည်။
"ဒါဆိုလည်း ဖြည်းဖြည်းပဲလုပ်ပေါ့။။ တာ့လင်း ဦးဆောင်မှုနောက်ကိုပဲလိုက်ချေ" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
ဒါက ကိုယ်ပိုင် ဆိုင်တစ်ဆိုင်ဖွင့်ခြင်းနှင့် လမ်းဘေးဆိုင်ဖွင့်ခြင်းတို့၏ ခြားနားချက် ဖြစ်ပါသည်။
လမ်းဘေးဆိုင်က လွတ်လပ်ပြီး လွယ်ကူသည်။ နာမည်ဆိုးထွက်လည်း ကိစ္စမရှိပါ။ တည်နေရာ ပြောင်းလိုက်ပြီး ကုန်ပစ္စည်းများကို ဆက်ရောင်းနိုင်၏။ ထို့ကြောင့်လည်း ရှုရှန့်ချမ်း အခုချိန်ထိ ဆက်ရောင်းနိုင်နေခြင်း ဖြစ်ပါသည်။
ဆိုင်တစ်ဆိုင်ဖွင့်ရင်တော့ ခြားနားပါသည်။ ဆိုင်၏ ဂုဏ်သတင်းက အလွန်အမင်း အရေးပါသည်။
ကျိုးချင်းပိုင်က စျေးကို တင်ထားသော်လည်း အရည်အသွေးကို သေသေချာချာ အာရုံစိုက်ထားသည်။ ဖက်ထုပ်အရေအတွက်ကလည်း ပြောင်းလဲမှု မရှိသေးပါ။ စျေးနှုန်းတတ်တာကတော့ သူလည်း ဘာမှမလုပ်နိုင်ပေ။ အကုန်လုံးက စျေးတက်နေသဖြင့် သူလည်း တက်ရမည်မဟုတ်ပါလား။
စုတာ့လင်းက ပိုပြီး ရိုးသားပါသည်။
"ငါသူ့ကိုမဝေဖန်ပါဘူး။ အလုပ်များတယ်။ ဒီတိုင်း အားထုတ်ဖို့ပဲလိုတာပါ" ကျိုးရှောင်မိန်က သေချာစဥ်းစားပြီး ခေါင်းငြိမ့်လိုက်ပါသည်။
ထိုအချိန်တွင် ကျိုးရှောင်မိန်က စားသုံးသူကို သွားဧည့်ခံသည်။ စားသုံးသူက အပိုလိုချင်ပြီး ပြုံးကာ ပြောလိုက်ပါသည်။
"နင့်ယောက်ျားဆီမှာဝယ်စားရင် တစ်လုံး အပိုပေးတယ်။"
"ကျွန်မတို့ အခုတော့ ပေးလို့မရတော့ဘူးရှင်။ ကုန်စျေးနှုန်းတွေက စျေးကြီးလွန်းတယ်။ ဒီလောက်ထိ အိတ်ကြီးကြီးကို။ ကျွန်မ ဘန်းမုန့်တစ်လုံးဖိုးပဲ ရမှာလေ" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။
စားသုံးသူက ဘာမှမပြောဘဲ ပြုံးနေပါသည်။
"တကယ်ပါပဲ။ အဲ့ဒီတာ့လင်းကတော့ အခုရောင်းကောင်းနေတာတောင် တစ်လုံးလက်ဆောင် ပေးတုန်းပဲ။ ငါတော့ မပေးနိုင်ဘူး" ကျိုးရှောင်မိန်က ပြောလိုက်၏။
"မဆိုးပါဘူး။ တစ်ခုပေးလို့ တစ်ခုပြန်ရတာပေါ့" လင်းချင်းဟယ်က ပြုံးလိုက်ပါသည်။
နောက်လကျရင် စတုတ္ထယောက်မကို ငါပိုက်ဆံ ပြန်ပေးနိုင်တော့မယ်ထင်တယ်" ကျိုးရှောင်မိန်က ဆက်ပြောလိုက်ပါသည်။
"မလောပါနဲ့ နင်အဆင်ပြေတဲ့အခါကျမှ ပြောစမ်းပါ" လင်းချင်းဟယ်ကပြောလိုက်သည်။
"အဆင်ပြေပါတယ် နင်နဲ့စတုတ္ထအစ်ကိုတို့ကို ပြန်ပေးတာ ပိုကောင်းမယ်။ ဒါမှ သူ့ဝမ်းကွဲတွေဘက်ကို မရောက်မှာလေ" ကျိုးရှောင်မိန်က နှုတ်ခမ်းစူလိုက်သည်။