အခန်း(၅၅၉) ပြဿနာရှာချင်ပေမယ့် ရှာလို့မရဘူး
Vol. 40 Ch. 559
အခန်း(၅၅၉) ပြဿနာရှာချင်ပေမယ့် ရှာလို့မရဘူး
"ပိုက်ဆံချေးဖို့လား" လင်းချင်းဟယ်က မေးလိုက်ပါသည်။
ကျိုးရှောင်မိန်က ပိုက်ဆံချေးရတာ ကိစ္စမရှိပါ။ အဓိက အချက်က သူမ၏ ဝမ်းကွဲမရီးစရိုက်ကို မကြိုက်ခြင်းကြောင့် ဖြစ်ပါသည်။ သူတို့ကို မြို့တော်သို့ လာဖို့ခေါ်ခဲ့သဖြင့် သူတို့အပေါ် အကြွေးရှိသလို ဖြစ်နေသည်။
မကြာခဏက သူမ၏ ယောက္ခမ အချက်အပြုတ် စွမ်းရည်ကြောင့် သူမတို့ ဘန်းမုန့် အတူတူ လာရောင်းနိုင်သည်ဟု ဆိုကြသည်။
ဒါ ပုံကြီးချဲ့တာ မဟုတ်လား။
စုတာ့လင်းက ဒီစွမ်းရည်ကို သူ့ဒေါ်လေးဆီက သင်ယူခဲ့သည်။ သို့သော်လည်း သူမ၏ ချက်နည်းပြုတ်နည်းပဲ မဟုတ်ပါ။ သူ့ကိုယ်ပိုင် ချက်နည်းပြုတ်နည်းများလည်း ရှိပါသည်။
သူမနဲ့ စုတာ့လင်းတို့က သူ့ဦးလေးနဲ့ ဒေါ်လေးတို့ သူတို့ကို အစောပိုင်းနှစ်များက ဂရုစိုက်ပေးခဲ့သည့်အတွက် သူ့ကျေးဇူးကို မှတ်မိပါသည်။ သူမ၏ ဝမ်းကွဲမရီးက ထိုကျေးဇူးကို မမေ့ဖို့ မကြာခဏ သတိပေးနေတာတော့ မကောင်းပါ။
သူမ၏ ဝမ်းကွဲမရီး ပွစိပွစိပြောသောအခါ ကျိုးရှောင်မိန်ကလည်း ပြန်ပြောတတ်သည်။ သူတို့ကို မြို့ခေါ်လာတာ သူမယောက်ျား တာ့လင်းဖြစ်ကြောင်းကို မမေ့ဖို့ ကျိုးရှောင်မိန်ကလည်း ပြန်ပြောသည်။
"ငါက ပိုက်ဆံမချေးချင်ဘူး။ သူ့မှာ ပိုက်ဆံရှိရင် ဝယ်လို့ရတယ်" ကျိုးရှောင်မိန်ကပြောလိုက်ပါသည်။
"နင်မချေးချင်ရင် မချေးနဲ့ပေါ့။ ဒေါသထွက်ပြီး ကိုယ့်ကိုယ်ကို ဖိအားပေးဖို့ မလိုပါဘူး။ တာ့လင်းရဲ့ ဦးလေးနဲ့ အဒေါ်တို့ရဲ့ ကျေးဇူးကိုပဲ မမေ့ဖို့ လိုတယ်။ နင့်ဝမ်းကွဲမရီးရဲ့ အပြုအမူကိုတော့ သည်းခံနေစရာ မလိုဘူး" လင်းချင်းဟယ်က ကျိုးရှောင်မိန်ဘက်တွင် ရပ်တည်ပေးပါသည်။
ကျိုးရှောင်မိန်နှင့် နှစ်ပေါင်းများစွာ သမီးယောင်းမအဖြစ် နေထိုင်ခဲ့ရသောကြောင့် ကျိုးရှောင်မိန်၏ စိတ်ကို သူမသိပါသည်။
ဒီလို အထင်အမြင် ကြီးကြီးမားမား ရှိနေခြင်းက တစ်ဖက်လူက သူမကို စိတ်မချမ်းသာအောင် လုပ်ခဲ့ခြင်းကြောင့်ဖြစ်နိုင်ပါသည်။ ဘာထပ်ပြောစရာလိုဦးမည်နည်း။
ပိုက်ဆံက သူမပိုက်ဆံဖြစ်သည်။ ထို့ကြောင့် မချေးချင်ရင် မချေးပါနဲ့။
"ကြည့်ရတာ သူ့အကြံပဲနေမှာပါ။ သူသာ ဆိုင်ဝယ်ဖို့ ပိုက်ဆံချေးချင်တာဆိုရင် ဝမ်းကွဲအစ်ကိုက တာ့လင်းကို ပြောမှာပေါ့" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။
တကယ်တော့ သူမ၏ ဝမ်းကွဲမရီး၏ အကြံ တကယ် ဟုတ်နေပါသည်။ သူမယောက်ျားကိုလည်း ထိုအကြောင်း ပြောပြခဲ့သည်။ သို့သော် ငြင်းဆန်ခံခဲ့ရ၏။
တာ့လင်းက ဆိုင်တစ်ဆိုင် ဝယ်ထားပြီး ပိုက်ဆံ များများစားစား သိပ်မကျန်တော့ဘူးဟု ဆိုသည်။ သူက အိမ်တစ်လုံး ဝယ်ထားပြီး သူ့မိန်းမ၏ အစ်ကိုကိုလည်း အကြွေးတင်နေသည်။ ဘာကြောင့် ဒီကိစ္စကို ပြောနိုင်မည်နည်း။
ထို့အပြင် သူ့ဝမ်းကွဲညီ တာ့လင်းက ရိုးသားသည်။ သူတို့အတွက် နေဖို့ နေရာတစ်ခုနဲ့ ဆိုင်ဖွင့်ဖို့ နေရာတစ်ခု ရှာပေးခဲ့သည်။
ယခင်တုန်းက ဒီဆိုင်ကို သူကြည့်ကာ တော်တော်လေး ကောင်းမွန်သည်ဟု ထင်မိသည်။ တည်နေရာက ဟိုလောက်မကောင်းဘူးဟု သူ့မိန်းမကပြောခဲ့သည်။ ဒီနှစ်တော့ အများကြီး စည်ကားနေပါပြီ။
သူ့ဘန်းမုန့်များက သူ့ဝမ်းကွဲညီလောက် အရည်အသွေး မကောင်းပါ။ ထို့အပြင် အမြတ်ကလည်း အများကြီး ပိုမြင့်သည်။ လတိုင်း အများကြီးရကာ မနှစ်ကစပြီး ဒီနှစ်အထိ အတော်လေး စုမိဆောင်းမိနေပြီ ဖြစ်သည်။
ထို့ကြောင့် နောက်ထပ် ၂ နှစ် ၃ နှစ်လောက် ထပ်စုလိုက်ပါက ကိုယ်တိုင်ဝယ်ယူနိုင်လိမ့်မည်ဟု ခံစားမိသည်။ ဘာကြောင့် သူ့ဝမ်းကွဲညီဆီက ပိုက်ဆံချေးရမည်နည်း။
သို့သော်လည်း သူ့မိန်းမကတော့ ကျိုးရှောင်မိန်ကို တိုးတိုးတိတ်တိတ် သွားတွေ့ခဲသည်။ သူကတော့ မသိခဲ့ပါ။
လင်းချင်းဟယ်က ပြန်ပြောလိုက်၏။ "အဲ့တာ မလွယ်ဘူးလား။ တာ့လင်းကို သူ့ဝမ်းကွဲအစ်ကိုနဲ့ ပြောခိုင်းလိုက်။ တာ့လင်းပြောလိုက်တာ ပိုအန္တရာယ်ကင်းတယ်။"
ကျိုးရှောင်မိန်က ခေါင်းငြိမ့်လိုက်သည်။ သူမ စုတာ့လင်းကို သွားပြောခိုင်းပြီးပါပြီ။ စုတာ့လင်းကလည်း မငြင်းပါ။
သူတို့မိသားစုမှာ လောလောဆယ် ငွေပိုငွေလျှံ တကယ်မရှိသောကြောင့်ဖြစ်ပါသည်။
မိသားစု၏ လက်ရှိပိုက်ဆံကို ကျိုးချင်းပိုင်နဲ့ လင်းချင်းဟယ်တို့ကို ပေးလိုက်တာတောင် အကြွေးကျေမှာမဟုတ်သေးပေ။ မနှစ်က သူတို့မိသားစု အိမ်ထောင်စုစာရင်း ပြောင်းရွှေ့တာက ယွမ် ၂,၀၀၀ ကုန်ကျခဲ့သဖြင့် အကြွေးတင်နေပါသေးသည်။
ဘန်းမုန့်ဆိုင်က ဘယ်လောက်ပဲ ရောင်းရပါစေ၊ အလွန်အကျူးတော့ မဟုတ်ပေ။
စုတာ့လင်း၏ ဝမ်းကွဲအစ်ကိုက ထိုအကြောင်းကို ကြားသောအခါ နားလည်ပါသည်။ သူ့ဝမ်းကွဲညီ၏ စရိုက်ကိုသိသဖြင့် သူ့မိန်းမကို မေးခဲ့ပါသည်။ သေချာပါသည်။ သူ့မိန်းမက ကျိုးရှောင်မိန်ကို တိတ်တိတ်ကလေး သွားတွေ့ခဲ့၏။ ပြောစရာမလိုအောင် သူတို့နှစ်ယောက် ရန်နည်းနည်းဖြစ်ခဲ့ကြပါသည်။
ထိုပြဿနာများက ဒီဘက်ကို လာမထိခိုက်ပါ။
လင်းချင်းဟယ်၏ ကိုယ်ဝန် ၄ လအထိ ရောက်သွားသောအခါ သူမ၏ လှုပ်ရှားမှုက အနည်းငယ် လေးလံလာခဲ့သည်။ လင်းချင်းဟယ်က ကျန်းမာရေး ကောင်းသော်လည်း အသက်က မငယ်တော့ပါ။ သူမ၏ ကျန်းမာရေးကို အသက် ၂၀ လောက်တုန်းကနဲ့ ယှဥ်လို့မရတော့ပေ။
"နေလို့ထိုင်လို့မကောင်းရင် ဆေးရုံမှာ အချိန်မရွေး လာစစ်ပါ" ဆေးရုံက ဆရာဝန်က အကြံပေးသည်။ "ခင်ဗျားက အရွယ်လွန် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ပဲ။ ကိုယ့်ကိုယ်ကို ပိုပြီး ဂရုစိုက်ရမယ်။"
"ကျေးဇူးတင်ပါတယ် ဒေါက်တာ" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ကျိုးချင်းပိုင်နဲ့အတူ ပြန်လာခဲ့ပါသည်။
ကျိုးချင်းပိုင်က အလွန်စိတ်ပူနေပါသည်။
"အခုတော့ စိတ်ပူနေပြီပေါ့" လင်းချင်းဟယ်က မျက်စောင်းထိုးလိုက်ပါသည်။
"မိန်းမ ကိုယ်တို့ သမီးလေးက ပြဿနာ မရှာတတ်ပါဘူး။ ဘေးကင်းပြီး အေးချမ်းမှာပါ" ကျိုးချင်းပိုင်က ပြောလိုက်သည်။
"နောက်လကစပြီး ရှန်ဟိုင်းမြို့တော်ကို သွားဖို့ ပြင်တော့။ ရှင်က လမ်းတွေကို ကြိုသွားကြည့်ထား" လင်းချင်းဟယ်က ညွှန်းကြားလိုက်၏။
"အင်း" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်ပါသည်။
သူလည်း စဥ်းစားပြီးသားဖြစ်သည်။ ဆေးရုံကြီးနဲ့ နီးသော နေရာမျိုးတွင် နေထိုင်ဖို့ ရှာရမည်။ ထို့နောက် ထိုဘက်တွင် နောက်ထပ် ကားတစ်စီး ဝယ်ရပါမည်။
သူ့မိန်းမ မီးဖွားချိန်ရောက်သောခါ ဆေးရုံကို အမြန်ဆုံး ပို့ပေးနိုင်အောင် ဖြစ်သည်။
ဒါတွေအားလုံးကို ကျိုးချင်းပိုင်က စဥ်းစားထားခြင်းသာဖြစ်သည်။ လင်းချင်းဟယ်ကို မပြောပြရသေးပါ။ ဒီကျေးကျွန်ကြီးက ငွေအဖြုန်းတော်တာကို လင်းချင်းဟယ် မသိသေးပေ။ အဘယ့်ကြောင့်ဆိုသော် ကျိုးချင်းပိုင်က ငွေရဖို့အတွက် သူမဆီက လာတောင်းဖို့ မလိုသောကြောင့် ဖြစ်ပါသည်။ ဆိုင်က ပိုက်ဆံများကို သူကိုင်ထားသည်။
ထိုဆိုင်များ၏ ဝင်ငွေက လတိုင်း တိုးတိုးလာခဲ့သည်။ ယွမ် ၂၀,၀၀၀ ပင် ကျော်နေပါပြီ။ အချိန် ၂ လ အတွင်း ကျိုးချင်းပိုင်က သူဝယ်ဖို့လိုအပ်သည့် ပိုက်ဆံကို ရရှိခဲ့ပါသည်။
ထိုကိစ္စများကို ကျိုးချင်းပိုင်၏ တာဝန်သာ ထားလိုက်သည်။ လင်းချင်းဟယ်က စိတ်အေးလက်အေးဖြင့် သူမ၏ ဗိုက်ကိုသာ ဂရုစိုက်ပါသည်။
သူမ နေ့တိုင်း အလွန်ဂရုစိုက်စွာ လေ့ကျင့်ခန်း လုပ်သည်။ ထို့ကြောင့် သူမ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကလည်း မဆိုးပါ။ တခြား အာဟာရကဏ္ဍများတွင်လည်း မျှခြေညီပါသည်။
အထူးသဖြင့် ဒီလအစပိုင်းကစပြီး ကျိုးချင်းပိုင်က သူမအတွက် ငါးကြင်းစွပ်ပြုတ် ပြုတ်ပေးသောကြောင့် ဖြစ်သည်။
သို့မဟုတ် ငါးကြင်းနှင့်တို့ဟူးစွပ်ပြုတ် ပြုတ်ပေးသည်။
ယခင်တုန်းက ကျိုးရှောင်မိန် ကိုယ်ဝန်ရှိခဲ့စဥ်တုန်းက ဒါသောက်ဖို့ လင်းချင်းဟယ် အကြံပေးခဲ့ဖူးသည်။ အာနိသင်က တကယ်ကောင်းမွန်၏။ ဥပမာအားဖြင့် ချန်းချန်းတို့ ညီအစ်ကိုများ၊ စုယန်နှင့် ကျောင်းမသွားရသေးသော စုထျန်တို့တွင် ပထမ သုံးယောက်က အလွန်စာကြိုးစားပြီး ဉာဏ်ကောင်းကြသည်။
ယခု မိသားစု အခြေအနေက ပိုကောင်းလာပြီဖြစ်သဖြင့် ပညာရေးကို အလေးပေးလာပြီဖြစ်သည်။ အလွန်ဉာဏ်ကောင်းပြီး တွေးတတ်ခေါ်တတ်ခြင်းက သေချာပေါက် သူတို့ အမေ၏ ဗိုက်ထဲမှာရှိတုန်း သောက်ခဲ့ရသော ငါးကြင်းစွပ်ပြုတ်ကြောင့် ဖြစ်နိုင်ပါသည်။
လင်းချင်းဟယ်က ပထမ ၃ လမှာတော့ ငါးညှီနံ့ကို ခံနိုင်ရည်မရှိခဲ့ပါ။ သို့သော်လည်း နည်းနည်းတော့ အားတင်းပြီး သောက်ခဲ့ပါသည်။ အခုတော့ ပိုများလာပြီ။ နေ့တိုင်း အဖြူရောင် ငါးကြင်းစွပ်ပြုတ် တစ်ပန်းကန် သောက်ရသည်။
လင်းချင်းဟယ်က အလုပ်မသွားပါ။ သူမ၏ လက်ရှိပုံစံကြောင့် ဟိုဘက်အိမ်က အဘွားကျန်းက ဘာတွေဖြစ်နေတာလဲဟု တီးတိုးပြောလာခဲ့သည်။
အမျိုးသမီးကျန်းက တီးတိုးပြောလိုက်သည်။ သူမ ကိုယ်ဝန်ရှိနေတာများလား။
အဘွားကျန်း၏ မျက်လုံးများ ပြူးသွား၏။ ထို့နောက် မကောင်းသည့် စိတ်များ စတင်ဝင်လာခဲ့သည်။
ထိုနေ့က လင်းချင်းဟယ် အပေါ်ထပ် တက်လာတော့ အဘွားကျန်းက သူမ၏ ဗိုက်ကို ကြည့်နေတာကို မြင်လိုက်ရပါသည်။ ဒီအဘွားကြီးက စစမြင်ချင်း သဘောကောင်းသည့် ပုံစံမျိုးတော့ မဟုတ်ပါ။
လင်းချင်းဟယ်က ဂရုမစိုက်ပေ။ သူမ ပြတ်သားစွာ ပြောလိုက်သည်။ "ကျန်းမေ့လျန်က ကျွန်မတူနဲ့ တူမတွေဆီက အထည်တွေယူနေတုန်းပဲနော်။"
ထိုစကားတစ်ခွန်းတည်းကြောင့် အဘွားကျန်းက လည်ပင်းအဆိတ်ခံလိုက်ရသလို စကားတစ်ခွန်းမှ ပြန်မပြောနိုင်တော့ပါ။
လင်းချင်းဟယ်က သူမကို ကြည့်လိုက်သည်။
"ရပ်ကွက်ထဲမှာသာ သတင်းပြန့်သွားရင် ကျွန်မ ဘယ်သူ့ကိုမှ သံသယမဖြစ်ဘူး အဘွားကြီး။ ကျန်းမိသားစုကိုပဲ သံသယဖြစ်မှာ။ အဲ့လိုသာဆို ရှင်တို့ စီးပွားရေးလုပ်ဖို့ စိတ်မကူးနဲ့တော့။"
အဘွားကျန်းက ဒေါသထွက်သွားသည်။
ဟိုဘက်လှည့်သွားပြီး အိမ်ထဲပြန်ဝင်သွား၏။ အမျိုးသမီးကျန်းက မေးကြည့်လိုက်ပြီး သူတို့ ပြဿနာရှာချင်ရင်တောင် ရှာလို့မရတော့မှန်း နားလည်သွားပါသည်။
ကျန်းမေ့လျန်သာ မိသားစုကို ပိုက်ဆံပေးမနေပါက အမျိုးသမီးကျန်းက သေချာပေါက် သူမကို တိုင်ကြားမည်ဖြစ်သည်။ သို့သော်လည်း မိသားစုကိုထောက်ပံ့ဖို့အတွက် ကျန်းမေ့လျန်က လတိုင်း ယွမ် ၂၀ ပေးနေ၏။
အဓိပ္ပာယ်ကတော့ ဟိုဘက်အိမ်က ကျိုးမိသားစုကို ကျန်းမိသားစု မတိုက်ခိုက်ဖို့ ပြောခြင်းဖြစ်ပါသည်။ သူတို့က ငြိမ်းချမ်းရေးယူနေတာမဟုတ်သော်လည်း ပြဿနာမရှာဖို့သာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူမကလည်း ဝမ်ယွမ်ထံမှ အထည်များကို ယူနေရဆဲ ဖြစ်သည်။ ကျိုးမိသားစုမှ စကားတစ်ခွန်း ထွက်လာတာနဲ့ ဝမ်ယွမ်က ထောက်ပံ့မှုကို ချက်ချင်း ရပ်တန့်ပစ်လိုက်နိုင်ပါသည်။
တစ်လကို ယွမ် ၂၀က အများကြီး ဖြစ်သည်။ ထို့ကြောင့် မစ္စကျန်က အဘွားကျန်းကို မျက်စိပိတ် နားပိတ်နေခိုင်းလိုက်ပါသည်။ ပြဿနာ မရှာပါနဲ့ မဟုတ်ရင် ညီမဖြစ်တဲ့လူက အိမ်ပြန်လာပြီး ရန်လာတွေ့ပါလိမ့်မည်။