အခန်း(၅၆၁) ရင်ကိုဗြောင်းဆန်သွားစေသည်
Vol. 40 Ch. 561
အခန်း(၅၆၁) ရင်ကိုဗြောင်းဆန်သွားစေသည်
နောက်တစ်နေ့ မနက်စောစောတွင် ကျိုချင်းပိုင် ရှန်ဟိုင်းမြို့သို့ ထွက်သွားသည်။
ပထမဆုံး ကိစ္စများကို အရင်သွားပြင်ဆင်သည်။ အခြေအနေများအားလုံး အသင့်ဖြစ်တာနဲ့ သူပြန်လာပြီး လင်းချင်းဟယ်ကို ပြန်လာခေါ်လိမ့်မည်။ သူ့အစွမ်းအစနဲ့ဆို ရက်ပိုင်းတောင် မကြာလောက်ပါ။
လင်းချင်းဟယ်က အိမ်မှာပဲ စောင့်နေခဲ့ပါသည်။ နောက်တော့ အဘွားကျန်းနဲ့ ၂ ခေါက်လောက် ဆုံတွေ့ခဲ့သည်။ အဘွားကျန်းက သူမကို ကြည့်ပင်မကြည့်ပါ။
ရပ်ကွက်ထဲမှာလည်း ဘာသတင်းမှ မထွက်ပါ။ ထို့ကြောင့် ဒီအဘွားကြီး သူမ၏ ခြိမ်းခြောက်မှုကို ကြောက်နေမှန်း လင်းချင်းဟယ် သိလိုက်ရပါသည်။
တကယ်တော့ ခြိမ်းခြောက်တာ မဟုတ်ပါ။ သူမ တကယ်ဖြန့်ရဲပါက လင်းချင်းဟယ်လည်း ရှုရှန့်ချမ်း၏ စီးပွားရေးကို တကယ်ဖြတ်တောက်ပစ်နိုင်ပါသည်။
သူတို့ ရှုရှန့်ချမ်းနဲ့ ကျန်းမေ့လျန်တို့ဆီက အကျိုးကျေးဇူးများ ရထားတာ သိသာပါသည်။ ထို့ကြောင့် သူတို့ရုပ် အကျည်းတန်ပြီး ပျက်ယွင်းနေကြသော်လည်း သူတို့ မျိုသိပ်ထားရပါသည်။
သူ ထင်တာ မမှားပါ။ အဘွားကျန်းက ဒေါသထွက်လွန်းသဖြင့် ကိုယ်တွင်းကလီစာများပင် နာကျင်နေသည်။ အဘယ့်ကြောင့်ဆိုသော် လင်းချင်းဟယ်၏ ပြတ်သားသော အပြုအမူက သူမ အမျိုးသမီးရေးရာကို သွားတိုင်လည်း မကြောက်ဘူးဟု ပြသနေခြင်းဖြစ်သောကြောင့်ပင်။
ကျန်းမေ့လျန်ကလည်း ဒီလထဲပြန်လာပြီး သူ့မေအတွက် ပိုက်ဆံယူလာခဲ့သည်။ အရင်တုန်းကတော့ ယွမ် ၂၀ သာဖြစ်သည်။ ဒီလ ဝင်ငွေများသဖြင့် ကျန်းမေ့လျန်က ယွမ် ၃၀ ပေးခဲ့ပါသည်။
အဘွားကျန်းက ပိုက်ဆံရပြီးမှ အနည်းငယ် တည်ငြိမ်သွားပါသည်။ သူမ စောင်းပြောလိုက်၏။ "ချမ်းကျစ်ကြောင့်သာမဟုတ်ရင် ငါသူ့ကို သွားတိုင်ပြီးနေပြီ။"
ကျန်းမေ့လျန်က ထိုစကားကိုကြားပြီး ကြောင်သွားပါသည်။ "ဘယ်သူ့ကိုလဲ။"
"ဟိုဘက်အိမ်ကဟာတွေပေါ့။ ဒီအသက်အရွယ်ရောက်မှ ကိုယ်ဝန်ရှိနေတယ်တဲ့" အဘွားကျန်းက ပြောလိုက်ပါသည်။
ကျန်းမေ့လျန်က ကြက်သေ သေသွားပြီး အံ့အားသင့်စွာ ပြောလိုက်ပါသည်။ "ဆရာမလင်းက ကိုယ်ဝန်ရှိနေတာလား။"
တကယ်တော့ သူမကို ဒေါ်လေးဟုခေါ်ချင်သော်လည်း မခေါ်ရဲပါ။
ကျန်းမေ့လျန် အထည်ဆိုင်မှာ အလုပ်ပိုလုပ်လေလေ သူမ ပိုကြိုက်လာလေလေဖြစ်သည်။ တကယ်ပဲ ဝင်ငွေကောင်းလှပါသည်။ ယခု သူမနဲ့ ရှုရှန့်ချမ်းတို့ တစ်လကို ယွမ် ၆၀၀ နီးပါးလောက် ရနေပါပြီ။
ဝင်ငွေက အလွန်ကောင်းလွန်းသဖြင့် ကျန်းမေ့လျန်က ကျိုးမိသားစုနဲ့ ဆက်ဆံရေးကို ပြန်တည်ဆောက်ချင်နေသည်။
ရက်အတော်များများတွင် ကျန်းမေ့လျန်က ရှုရှန့်ချမ်းကို ကျိုးမိသားစုနဲ့ ပြန်ဆက်သွယ်ဖို့ ဖျောင်းဖျသည်။ သို့သော်လည်း ရှုရှန့်ချမ်း၏ သဘောထားက တကယ်ဆိုးရွားလှပါသည်။ သူ မသွားချင်ပါ။
သူသွားပါက ဆူငေါက်မှုနှင့် ဝေဖန်မှုများကိုသာ ခံရလိမ့်မည်ဟု ဆိုသည်။ ထို့ကြောင့် ဘာလို့ သွာရမည်နည်း။ ထို့အပြင် သူပိုက်ဆံလည်း ရှာနိုင်ပါသည်။ ကျိုးမိသားစုကို သွားဖားဖို့ လိုသေးလို့လား။
ကျန်းမေ့လျန်က ကျိုးမိသားစုနဲ့ ဆက်သွယ်ချင်သည်။ ဆွေမျိုးနဲ့ မိတ်ဆွေဆိုတာ အတူတူပဲဖြစ်ပါသည်။ ဆက်ဆံမှသာ အဆင့်မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
ရှုရှန့်ချမ်း စိတ်မပါတာတော့ စိတ်ပျက်ဖို့ ကောင်းပါသည်။
အဘွားကျန်းက ထပ်ပြောလိုက်သည်။ "သူကိုယ်ဝန်ရှိနေတာကို ငါကသိသွားတာလေ။"
သူမ၏ စူးရှသော မျက်လုံးများက အလှထားတာ မဟုတ်ပါ။ သူမ ဒီနှစ် ဘာကြောင့် ရုတ်တရက်ကြီး အလုပ်ထွက်လိုက်တာလဲဟု သူမ တွေးနေခဲ့သည်။ သူမ အလုပ်ထွက်သည့်ပုံလည်း မပေါ်ပါ။ အလုပ်ထွက်လိုက်ပါက ဟိုဘက်အိမ်မှာ နေနိုင်တော့မှာ မဟုတ်ပေ။
ထို့နောက် လတ်တလော သူမ အလွန်ဝိတ်တက်လာတာကို မြင်လိုက်ရသည်။ သူမ ဗိုက်ကို ကြည့်လိုက်စဥ်က မသေချာခဲ့သော်လည်း တစ်ဖက်လူက သူမကို ခြိမ်းခြောက်ခဲ့ပါသည်။
အဘွားကျန်းက စဥ်းစားကြည့်လိုက််တိုင်း ဒေါသထွက်သွားပါသည်။
"နင့်မျက်နှာကြောင့်သာ မဟုတ်ရင် ကလေးအလွန်အကျွံမွေးလို့ သူ့ကို ငါသွားတိုင်လိုက်မှာ" အဘွားကျန်းက ငေါက်လိုက်ပါသည်။
သူမ တကယ်ကိုယ်ဝန်ရှိနေသည်ဟု ကျန်းမေ့လျန် ကြားလိုက်သောအခါ ကလေးဝတ်အထည်တချို့ လက်ဆောင်ပေးသင့်သလားဟု စဥ်းစားနေခဲ့သည်။ သူမအမေ၏ နောက်ထပ် စကားလုံးများကြောင့် လန့်သွားပြီး လိပ်ပြာပင်လွင့်မတတ် ကြောက်လန့်သွားခဲ့ပါသည်။
"အမေ မဟုတ်တာတွေ မလုပ်နဲ့နော်။ ရှုရှန့်ချမ်းနဲ့ ကျွန်မတို့က ထမင်းစားရဖို့ အထည်ဆိုင်ကို အားကိုးနေရတာ" ကျန်းမေ့လျန်က မျက်လုံးပြူးသွား၏။
သူမအမေက တိုင်ချင်သေးတယ်တဲ့လား။ ကျန်းမေ့လျန်၏ မျက်နှာထား ပြောင်းလဲသွားသည်။ သူမ အမေသာ တိုင်ကြားလိုက်လျှင် ဒီကိစ္စ ဒီတိုင်း ပြီးသွားပါ့မလား။
လုံးဝ မဖြစ်နိုင်ပါ။ သေချာပေါက် အဆုံးမရှိသော ပြဿနာများဖြစ်လာလိမ့်မည်။ သူမနဲ့ ရှုရှန့်ချမ်းတို့၏ အထည်ဆိုင်က တစ်လကို ယွမ် ၆၀၀ လောက် ရနိုင်ပါသည်။
"နင်ဘာတွေစဥ်းစားနေတာလဲ ငါမတိုင်ပါဘူး" အဘွားကျန်းက မကျေနပ်စွာ ပြောလိုက်သည်။
ကျန်းမေ့လျန်က အမြန်ပြောလိုက်သည်။ "အမေ မတိုင်တာ ကောင်းတယ်အမေ။ တိုင်လိုက်ရင် ကျွန်မတို့ စီးပွားရေး ဆက်လုပ်ဖို့ မစဥ်းစားနဲ့တော့။ သူက ရှုရှန့်ချမ်းကို အမြဲတမ်း မျက်စိစပါးမွှေးစူးနေတာ။ အမေ ကျွန်မတို့အတွက် မစဥ်းစားရင်တောင် အမေတို့ကို လတိုင်း ပေးနေတဲ့ ယွမ် ၃၀ ကိုတော့ စဥ်းစားဦး။ ကျွန်မရဲ့ ဆိုင်သာ ပိုက်ဆံမရှာနိုင်တော့ရင် ဒီလောက် ပိုက်ဆံတွေ အများကြီး ပေးနိုင်မှာ မဟုတ်တော့ဘူး။"
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ မတိုင်တော့ပါဘူး" အဘွားကျန်းက ပြန်ပြောလိုက်သည်။
သူမ အခုချိန်ထိ ဒေါသထွက်နေဆဲဖြစ်သည်။ မဟုတ်ပါက သူမကို ကလေးအလွန်အကျွံ မွေးဖွားသည့်အတွက် တိုင်ကြားမည်ဖြစ်သည်။ ထိုအခါ သူမကို ဆေးရုံသို့ခေါ်သွားပြီး ကလေးဖျက်ချခံရမည်ဖြစ်၏။ သူမ သေအောင် အရှုံးပေါ်သွားနိုင်ပါသည်။
သို့သော်လည်း သူမ၏ ပိုက်ဆံကိုလည်း စဥ်းစားရဦးမည်။ ထို့ကြောင့် အဘွားကျန်းက သည်းခံရုံသာရှိပါသည်။
ကျန်းမေ့လျန်က စိတ်အေးစွာ သက်ပြင်းချလိုက်ပါသည်။ ကံကောင်းစွာဖြင့် သူမ ဒီလိုအချိန် ပြန်လာခဲ့သည်။ မဟုတ်ပါက တစ်ခုခု တကယ် ဖြစ်သွားနိုင်ပါသည်။
သူမ ဂရုစိုက်တာတော့ မဟုတ်ပါ။။ သူမ၏ အထည်ဆိုင်လုပ်ငန်းကို လာထိခိုက်မှာ စိုးသောကြောင့်သာ ဖြစ်သည်။
ဒါ့ကြောင့်သာမဟုတ်လျှင် လင်းချင်းဟယ်ကို သူမ ဂရုမစိုက်ပါ။
ဘာပဲဖြစ်ဖြစ် လင်းချင်းဟယ်ကလည်း သူမအပေါ် အများကြီး မကောင်းခဲ့တာပဲ မဟုတ်လား။
သူမအမေသိနေတာကို သူတို့သိသွားသောကြောင့်သာ။ သူမ လင်းချင်းဟယ်ကို တိုင်ကြားလိုက်ပါက သူမ၏ အမေကို သံသယဖြစ်သွားလိမ့်မည်။ ထိုအခါ သူမလည်း ထိခိုက်နိုင်ပါသည်။
ထို့ကြောင့် မစဥ်းစားတော့ပါ။ ကျန်းမေ့လျန်က မေ့ပစ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် ဒီလိုလုပ်လို့လည်း ဘာအကျိုးကျေးဇူးမှ မရနိုင်ပါ။ သူမကိုယ်သူမ ထိခိုက်အောင်သာ လုပ်လိုက်နိုင်သည်။
သို့သော်လည်း ကျန်းမေ့လျန် အိမ်ပြန်ရောက်သောအခါ ရှုရှန့်ချမ်းကို လင်းချင်းဟယ်၏ ကိုယ်ဝန်အကြောင်း ပြောပြခဲ့ပါသည်။
ရှုရှန့်ချမ်းက မကျေနပ်စွာ ပြောလိုက်သည်။ "ဘာလို့ ငါ့ကို ဒါတွေလာပြောနေတာလဲ သူ့ဟာသူ မွေးမွေး မမွေးမွေး ငါနဲ့ ဘာဆိုင်လို့လဲ။"
အရင်တုန်းကသာဆို ကျန်းမေ့လျန်သူ့ကို အနည်းငယ် ဖျောင်းဖျမည်ဖြစ်သော်လည်း အခုတော့ သူမ၏ အမေက ခြိမ်းခြောက်ခံထားရသည်ဟုဆိုသည်။
"ခုနက ငါ့အမေကို ဖုန်းဆက်လိုက်တာ။ ငါ့အမေက နင်ကိုယ်ဝန်ရှိနေပြီလား မေးနေတယ်" ရှုရှန့်ချမ်းက ပြောလိုက်ပါသည်။
ကျန်းမေ့လျန်က အခုမကြောက်တော့ပါ။ သူတို့ လက်ထပ်စာချုပ်ရှိနေပြီဖြစ်ပြိး ပိုက်ဆံကလည်း သူမလက်ထဲမှာ ရှိနေပါသည်။ သို့သော်လည်း သူမ ဒီလိုပဲ ပြန်ပြောလိုက်ပါသည်။
"ဘာတွေ လောနေတာလဲ ကံကြမ္မာနဲ့ မတိုက်ဆိုင်သေးလို့ပါ။ အရင်တစ်ခေါက် ကျွန်မတို့ နှစ်ယောက်စလုံး ဆေးသွားစစ်တုန်းက ဆရာဝက ဘာပြဿနာမှမရှိဘူးလို့ ပြောလိုက်တယ် မဟုတ်ဘူးလား။"
"ငါအလျင်မလိုပါဘူး။ ငါ့အမေက အလျင်လိုနေတာ" ရှုရှန့်ချမ်းပြောလိုက်သည်။
"ရှင့်အမေက ဘာဖြစ်နေတာလဲ။ ဒီလိုကိစ္စမျိုးမှာ စိတ်ဖိစီးနေစရာ အကြောင်း မရှိပါဘူး။ ပြီးတော့လည်း ရှင်နဲ့အတူ နှစ်ယောက်တည်း ကမ္ဘာမှာပဲ နေချင်သေးတာ။ ကျွန်မတို့ နှစ်ယောက်တည်းသာဆို ဘယ်လောက်ကောင်းလိုက်မလဲ။ ကလေးတစ်ယောက်ရောက်လာရင် အရမ်စိတ်ရှုပ်စရာကောင်းမှာနော်" ကျန်းမေ့လျန်က ပြောလိုက်ပါသ်ည။
ရှုရှန့်ချမ်းက ဘာမှမပြောတော့ပါ။ သူလည်း ကလေး သိပ်မချစ်တတ်ပေ။ သူ့အမေ ဖုန်းထဲမှာ ပြောသွားတာကိုသာ ပြန်ပြောတာ ဖြစ်သည်။
သူ ထိုကိစ္စကို မပြောတော့တာ ကျန်းမေ့လျန် မြင်သွားပြီး စိတ်အေးသွား၏။ စကားလမ်းကြောင်းကို ရှုရှန့်မိန်ဘက်သို့ လှည့်လိုက်ပါသည်။
"တကယ်ပါပဲ။ ရှင့်အစ်မကတော့ ကျွန်မတို့က မိသားစုဖြစ်နေတာတောင် လာမဆက်သွယ်ဘူး။ အရင်တစ်ခေါက် ကျွန်မသူ့ကို သွားတွေ့တုန်းက ဘာမျက်နှာသာမှမပေးဘူး။ ရှင့်ယောက်ဖကတော့ မဆိုးပါဘူး" ကျန်းမေ့လျန်က ပြောလိုက်ပါသည်။
ကျောက်ကျွင့်၏ သူမအပေါ် ပြောဆိုဆက်ဆံပုံက ကောင်းမွန်ပါသည်။ အရင်တစ်ခေါက် သူမကို လိုက်တောင်ပို့ပေးခဲ့ပြီး အားရင် ဆိုင်လာကြည့်မည်ဟု ဆိုခဲ့သည်။
သူ့အကြည့်က သူများတွေကို ရှက်သွေးဖြာကာ ရင်ခုန်သွားစေနိုင်စွမ်း ရှိ၏။ သူမကို တိုက်ရိုက်ကြည့်နေလျှင် ရှက်ဖို့ကောင်းပါသည်။ သူ့အကြည့်က ရင်ကို ဗြောင်းဆန်သွားစေ၏။
ရှုရှန့်ချမ်းက ပြန်ပြောလိုက်သည်။ "ငါ့ယောက်ဖက တကယ်ကောင်းပါတယ်။ အရင်တစ်ခေါက် ငါတို့သောက်တဲ့ နိုင်ငံခြားဝိုင်က ငါ့ကိုသူပေးထားတာလေ။ နင်သောက်ဖို့ ယူသွားခိုင်းလိုက်တာလေ။"
ကျန်းမေ့ချန်၏ မျက်လုံးများက တောက်ပသွားကာ ပြောလိုက်၏။ "ဒါဆိုလည်း ခဲအိုကို အိမ်မှာ မကြာခဏ ထမင်းခေါ်ကျွေးရမှာပေါ့။"
"အေး ဟုတ်တယ်။ ငါဒီကို ရောက်လာကတည်းက ငါ့ကို အကောင်းဆုံး ဆက်ဆံပြီး ငါနဲ့အရင်းနှီးဆုံးက ယောက်ဖပဲ" ရှုရှန့်ချမ်းက ပြောလိုက်ပါသည်။
အဘိုး၊ အဘွား၊ ဦးလေးနဲ့ ဒေါ်လေးတို့က သူ့ကို သူစိမ်းဆန်ကြသည်။ ခေါင်းပင် မဖော်နိုင်ပါ။