← Chapters

အခန်း(၅၆၂) တိုက်ဆိုင်မှုနဲ့ တွေ့ကြုံခြင်း

Vol. 41 Ch. 562

အခန်း(၅၆၂) တိုက်ဆိုင်မှုနဲ့ တွေ့ကြုံခြင်း

Vol. 41 Ch. 562

အခန်း(၅၆၂) တိုက်ဆိုင်မှုနဲ့ တွေ့ကြုံခြင်း

ရှုရှန့်ချမ်းတို့၏ အခြေအနေကို မပြောကြရအောင်။

ကျိုးချင်းပိုင်က မြန်ဆန်ပြီး ၄ - ၅ ရက်လောက်ပဲ ကြာမှာကို လင်းချင်းဟယ် သိပါသည်။

ထင်မထားစွာဖြင့် ကျိုးချင်းပိုင်က ထွက်သွားပြီး ၃ ရက်အကြာလောက်မှာ ပြန်ရောက်လာသည်။

ရှန်ဟိုင်းမြို့တော်ကို သွားဖို့ တစ်ရက်ကြာ၏။ ဆိုလိုတာက သူ နေရာတစ်ခုကို တစ်ရက်တည်းနဲ့ တွေ့သွားပြီး ပြန်လာတာလား။

လင်းချင်းဟယ်က သူ့အစွမ်းအစကို ထိတ်လန့်သွားခဲ့ပါသည်။

"ကိုယ်တို့ သမီးလေးရဲ့ ကံပေါ့။ အိမ်ပြောင်းပြီး စစ်ထဲဝင်မယ့် မိသားစုတစ်စုနဲ့ တွေ့ခဲ့တာလေ။ မိသားစုတစ်စုလုံးက ပြောင်းရွှေ့ကြမှာဆိုတော့ သူတို့အိမ်ကို ရောင်းချင်ကြတာလေ။ ကိုယ်အဲ့ဒီကို ရောက်သွားတော့ တိုက်တိုက်ဆိုင်ဆိုင်နဲ့ ဆုံခဲ့တာပေါ့" ကျိုးချင်းပိုင်က ရှင်းပြလိုက်ပါသည်။

သူ့လေသံထဲတွင် ပျော်ရွှင်မှုများ ရောယှက်ပါဝင်နေ၏။ သူ မပျော်ဘဲ နေပါ့မလား။ ဆေးရုံကြီးတစ်ခုအနားမှာရှိသည့် ရပ်ကွက်တစ်ခုတွင် ခြံနဲ့ဝန်းနဲ့ အိမ်တစ်လုံးကို သူလိုချင်ခဲ့သည်။ ဖြစ်ချင်တော့ အိမ်ပြောင်းကြမည့် လူများနှင့် သွားဆုံ၏။

ခြံက မသေးပါ။ အမြန်ဆုံး ရောင်းချရမည်ဖြစ်သောကြောင့် စျေးလည်း အရမ်းမကြီးပါ။ သို့သော်လည်း ဒီအချိန်က အရင်တုန်းက အချိန်တွေလို မဟုတ်ပါ။ ခြံတစ်ခြံနဲ့ အိမ်တစ်လုံးအတွက် ယွမ် ၉,၀၀၀ ကျော် ကုန်ကျပါသည်။

ကျိုးချင်းပိုင်က မနက်ခင်းတွင် အိမ်ပိုင်ဆိုင်မှုကို လွှဲပြောင်းခဲ့ပြီး နေ့လည်ပိုင်းတွင် အိမ်၏အတွင်းအပြင်ကို ပြင်ဆင်ခဲ့သည်။ သူ အတော်လေး စိတ်ကျေနပ်ခဲ့၏။

ထို့နောက် ဒီနေ့မနက်စောစော ပြန်လာခဲ့ပြီး အခုချိန် မြို့တော်သို့ ပြန်ရောက်လာခဲ့ပါသည်။

လင်းချင်းဟယ်က ပုံပြင်တစ်ပုဒ် နားထောင်နေရသလို ခံစားရကာ ပြောလိုက်ပါသည်။ "တစ်ဖက်လူကို ဖျောင်းဖျနိုင်လောက်တဲ့အထိ တိုက်ဆိုင်တာလား။"

"ဖြစ်နိုင်တယ်" ကျိုးချင်းပိုင်က ပြောလိုက်၏။ စစ်သားက သူနဲ့ အရောင်းအဝယ် လုပ်ခဲ့သည်၊။ စစ်သား၏ စိတ်ဓာတ်ကို တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ သိနိုင်၏။ ထို့အပြင် အိမ်ကို လွှဲပြောင်းဖို့အတွက် မြို့တွင်း သွားရောက်ဖို့ကလည်း မခက်ခဲလှပါ။

သူက အတွေ့အကြုံမရှိသူ မဟုတ်တော့ပေ။ မြို့တော်တွင် မြေပေါင်းများစွာ၊ စက်ရုံအဆောက်အဦးများစွာ၊ ဆိုင်များစွာ ဝယ်ယူခဲ့သည်။ ထိုအဆောက်အဦးများထဲက အများစုကို သူ တစ်ယောက်တည်း ဝယ်ယူကိုင်တွယ်ခဲ့သည်။ ထို့ကြောင့် သူက အတွေ့အကြုံရှိပြီးသားဖြစ်ပါသည်။

လင်းချင်းဟယ် ပျော်ရွှင်သွာား၏။ "ကျွန်မတို့ မိသားစုက ရှန်ဟိုင်းမြို့တော်နဲ့ ကံပါတာပဲ။"

ကလေးအဖေက ကလေးမွေးတာကိုစောင့်ဖို့ အိမ်တစ်လုံး သွားရှာစဥ် အိမ်က သူ့အလိုလို ရောက်လာခဲ့သည်။ ဒါ ကံပါလာတာပဲ မဟုတ်လား။

"အဲ့မှာ တော်တော်လေး ကောင်းတယ်ထင်တယ်။ နောက်ပိုင်းမျိုးဆက်တွေကျရင် အဓိက မြို့တော်တစ်ခု ဖြစ်လာနိုင်တယ်" ကျိုးချင်းပိုင်က ပြောလိုက်သည်။

"အခုကကော မြို့ကြီးမဟုတ်ဘူးလား" လင်းချင်းဟယ်က သူ့ကို ရွှင်ပျစွာ မျက်စောင်းရွယ်လိုက်ပါသည်။

ဘယ်အချိန်ပဲဖြစ်ဖြစ် ကြီးမြတ်သော ရှန်ဟိုင်းမြို့တော်က ရှန်ဟိုင်းမြို့တော်ကြီးပဲဖြစ်ပါသည်။ မြို့ကြီးပြကြီး စစ်စစ်ဖြစ်၏။

အိမ်ကို အမြန်ရှာတွေ့ခဲ့သဖြင့် ပြောစရာမလိုအောင် သူတို့ ကြိုသွားကြမည်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဒီမှာ ရှင်းစရာရှိတာတွေလည်း ရှင်းပြီးခဲ့ပြီဖြစ်ပါသည်။

ညနေခင်းတွင် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က ကလေးများကိုခေါ်ကာ အဖေကျိုးနှင့် အမေကျိုးတို့ အိမ်တွင် လာစားခဲ့သည်။ သူတို့‌ရောက်တုန်းရောက်ခိုက် မနက်ဖြန် သွားတော့မည် ဆိုသည့်အကြောင်း ပြောခဲ့ကြပါသည်။

"ဟိုဘက်အိမ်က အကျင့်မကောင်းတဲ့ မိန်းမကြီးက တကယ့် ကြက်မကြီးပဲ" အမေကျိုးက ငေါက်ငမ်းလိုက်ပါသည်။ ထိုမိန်းမကြီးကြောင့်သာ မဟုတ်လျှင် သူမ၏ သားနဲ့ ချွေးမတို့က ကလေးကို ပြုစုဖို့ ရှန်ဟိုင်းမြို့တော်ကို ဒီလောက်စောစော သွားရမည်နည်း။

သူတို့ ဒီမှာ နေရထိုင်ရတာ ဘယ်လောက် ကောင်းလိုက်သလဲ။ သူမ၏ ကြက်များကလည်း အရွယ်ရောက်တော့မည်။ အရွယ်ရောက်သောအခါ ခန္ဓာကိုယ်အာဟာရဖြစ်ဖို့ ချက်စားနိုင်သည်။ အခုတော့ သူမ ရှန်ဟိုင်းမြို့တော်ကို သွားရတော့မည်ဆိုသောကြောင့် မစားရတော့ပါ။

"ဒီအချိန်ကြီး အဲ့ဒီအကြောင်းတွေ မပြောပါနဲ့တော့ အမေရယ်" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။ ထို့နောက် ကျိုးချင်းပိုင်ကို သူမ ပြောလိုက်၏။ "စတုတ္ထအစ်ကို အဲ့ဒီရောက်ရင် ပရိဘောဂတွေ အကုန်လုံးကို ဝယ်ထားနော်။ အဲ့မှာနေတာ ယာယီဆိုပေမယ့် ကိုယ့်ကိုယ်ကို ထိခိုက်အောင် နေလို့မဖြစ်ဘူး။"

"ရက်ကို တွက်ကြည့်ရင် ကလေးက စက်တင်ဘာလမှာ မွေးမှာပဲ။ ရာသီဥတုက အေးပြီး သေးခံတွေကလည်း ခြောက်မှာမဟုတ်ဘူး၊။ အဲ့တာကြောင့် အဝတ်လျှော်စက်လည်း ဝယ်ထားရမယ်" အမေကျိုးက အကြံပေးလိုက်၏။

"ဟုတ်ကဲ့ပါ" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်သည်။

"စတုတ္ထချွေးမကတော့ အဲ့ဒီမှာ စကားပြောစရာ ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူး။ အရမ်းပျင်းဖို့ ကောင်းမှာပဲ။ တီဗီတစ်လုံးလောက် ဝယ်လိုက်ပေါ့။ အခု ပိုက်ဆံက ပေါနေတာပဲကို။ အချိန်ဖြုန်းဖို့ တစ်လုံးလောက် ဝယ်လိုက်ရင် ဘာမှမဖြစ်ပါဘူး" အဖေကျိုးက ပြောလိုက်ခြင်းဖြစ်၏။

အမေကျိုး စကားပြောသံ ရပ်တန့်သွားသည်။ တီဗီတစ်လုံးက ပိုက်ဆံ အများကြီး ကုန်ကျ၏။ ကိုယ်ဝန်ဆောင်စဥ် စာအုပ်ဖတ်လည်း ရပါသည်။ ဘာပဲဖြစ်ဖြစ် ထိုနေရာတွင် အကြာကြီးနေမှာလည်း မဟုတ်ပေ။ အဝတ်လျှောက်စက်က အသုံးလိုသဖြင့် ဝယ်တာ ကိစ္စမရှိပါ။ တီဗီကတော့ ဝယ်ဖို့ လိုပါ့မလား။

ပိုက်ဆံပေါတာတော့ ပေါတာဖြစ်သော်လည်း ပိုက်ဆံကို ဒီလိုမသုံးသင့်ဘူး မဟုတ်လား။

သို့သော်လည်း အမေကျိုး မပြောရဲပါ။

အဘိုးဝမ်ကတော့ ဘာမှမပြောပါ။ လင်းချင်းဟယ်ကို ပိုက်ဆံတချို့ ပေးလိုက်၏။

"မငြင်းနဲ့။ နင်တို့ မလိုတာ ငါသိပါတယ်။ ဒါပေမယ့် ဒါက ခေါင်းကိုင်အဘိုးတစ်ယောက် အနေနဲ့ ငါစဥ်းစားပေးတာပါ။ ရှန်ဟိုင်းမြို့တော်မှာ နင့်ဗိုက်ကို ဂရုစိုက်ပေးဖို့ပါ။ ပိုက်ဆံစုထားဖို့ မလိုဘူး။ လိုအပ်တဲ့ ပရိဘောဂနဲ့ တခြား ပစ္စည်းတွေ ဝယ်ပေါ့။ ပြန်လာချင်ရင် အဟောင်းစျေးနဲ့ ပြန်ရောင်းခဲ့လို့ ရတာပဲ။ ခြုံငုံပြောရရင်တော့ အဲ့မှာကောင်းကောင်းသာနေပါ။"

လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ကြည့်လိုက်သည်။ ကျိုးချင်းပိုင်က ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် ပိုက်ဆံကို ယူလိုက်ပြီး ပြောလိုက်သည်။ "ဦးလေးဝမ် စိတ်မပူပါနဲ့။ ကျွန်မတို့ ရှန်ဟိုင်းမြို့တော်ကို ရောက်ရင် ကောင်းကောင်းနေပါ့မယ်။ ဆောင်းရာသီရောက်ရင် ဦးလေးရဲ့ ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်ဦး။ တခြား ကိစ္စတွေ ဘာမှမပြောနဲ့ဦး။ ဒါပေမယ့် ကုန်ခြောက်ဆိုင်က ငါးကြီးဆီတွေ ပို့ပေးရင် ဒီဘက်က ချက်ပေးလိမ့်မယ်။ ကျွန်မတို့ ဘဝက အခု ပိုပိုပြီး ကောင်းမွန်လာပြီဆိုတော့ ဦးလေးရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ပါနော်။"

အဘိုးဝမ်က ပြုံးလိုက်သည်။ "ငါသိပါတယ်။ ငါမလာရင်တောာင် အလတ်ကောင်နဲ့ အငယ်ကောင်က ငါ့ကို လာပို့ပေးလိမ့်မယ်။"

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ နှစ်ယောက်စလုံး အိမ်ပြန်လာခဲ့ကြပါသည်။

ကလေးတွေက အိမ်မပြန်ကြသေးပါ။ သူတို့နှစ်ယောက်တည်း ပြန်လာကြခြင်းဖြစ်၏။ လင်းချင်းဟယ်က ပြောလိုက်သည်။ "ဦးလေးဝမ်က ကျွန်မတို့ကို ယွမ် ၁,၀၀၀ အပြည့် ပေးလိုက်တာပဲ။"

ငွေအစုလိုက်ကြီးဖြစ်ပြီး  တစ်စုကို ဆယ်ရွက်ဖြင့် ၁၀ စုရှိပါသည်။

ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်ပြီး ဘာမှ မပြောပါ။ ဒါက အဘိုးကြီး၏ စေတနာ ဖြစ်ပါသည်။

လင်းချင်းဟယ်က သူမ၏အိမ်က ပန်းသီးများကို ထုတ်ကာစားလိုက်ပါသည်။ တကယ်ပဲ သူ့စေတနာ ဖြစ်သည်။ သို့သော်လည်း အမေကျိုးကတော့ ပိုက်ဆံအတွက် တကယ် စိတ်ထိခိုက်နေတာ သိသာပါသည်။ ထိုနေရာတွင် မသုံးသင့်သည့်အရာများအတွက် မသုံးဖို့ သူမ ပြောချင်လောက်သည်။ သို့သော်လည်း သူမ အလွန်ခြွေတာလွန်းသည့်ပုံပေါက်နေမည်စိုးသဖြင့် အများကြီး မပြောခဲ့ပေ။

လင်းချင်းဟယ်ကလည်း ဘာမှမပြောခဲ့ပါ။ ဘာပဲဖြစ်ဖြစ် လူကြီးတွေက ဒီလိုပဲဖြစ်သည်။ ငွေတစ်ပြားကို နှစ်ခြမ်းခွဲပြီး နှစ်ခါသုံးချင်ကြသူများဖြစ်၏။

ကျိုးချင်းပိုင်က အထုတ်အပိုးများကို စပြင်ဆင်ပါသည်။

လင်းချင်းဟယ်၏ ဆန္ဒကတော့ အထုတ်အပိုး ပြင်ဖို့ မလိုအပ်ပါ။ မဟုတ်ပါက အထုတ်အပိုး ပြင်လို့ ပြီးပါဦးမလား။ လိုအပ်တာတွေသာ ယူလာာပြီး ကျန်တာကို ဟိုရောက်မှ ပြင်ဆင်နိုင်ပါသည်။

ကျိုးချင်းပိုင်က ပြောလိုက်၏။ "ပြဿနာမရှိပါဘူး။ ဒီကလေးအင်္ကျီတွေနဲ့ သေးခံတွေတော့ ယူလာရမှာပေါ့။"

အမှန်ပင်။ သူ့သမီးအတွက် ကလေးအဝတ်အစားများစွာ ပြင်ဆင်ထားပါသည်။ ထို့အပြင် သေးခံအထပ်လိုက်ကြီးလည်း ပါသေးသည်။

သေးခံတိုင်းကို လက်ဖြင့် လျှော်ဖွတ်ပြီး သိမ်းထားသည်။ နောက်ပိုင်းသုံးမည်ဟု ဆို၏။ နောက်တစ်ခေါက် လဝက်လောက်ကြိုပြီး လျှော်ထားဦးမည်ဖြစ်သည်။

သူကတော့ အမြဲအလုပ်ရှာတတ်ပါသည်။

သို့သော်လည်း သူပျော်ရွှင်နေတာကို မြင်သောအခါ လင်းချင်းဟယ်လည်း စိတ်ပူစရာ အားစိုက်စရာများ မလိုသဖြင့် ဝမ်းသာနေပါသည်။ သူ့ကိုသာ အားလုံး တာဝန်ပေးထားလိုက်ပါသည်။

ခဏလောက်ကြာသောအခါ ကျိုးရွှမ်နှင့် ကျိုးကွေ့လိုင်တို့ အိမ်ပြန်ရောက်လာကြသည်။

"အဖေ အဲ့ဒီက လိပ်စာကို ကျွန်တော်တို့ကို မပြောရသေးဘူးနော်" ကျိုးကွေ့လိုင်က မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ကာ ပြောလိုက်ပါသည်။

"နွေရာသီ အားလပ်ရက်ကျရင် လာမလို့လား" ကျိုးချင်းပိုင်က သူ့ကိုကြည့်လိိုက်ပြီး မေးလိုက်ပါသည်။

"သေချာပေါက် လာရမှာပေါ့။ ဒါမှမဟုတ်လည်း အမေမွေးတဲ့အချိန်ကျ လာမယ်။ အဲ့ဒီအချိန် လာလို့မရတာက ကိစ္စမရှိဘူး။ ဒါပေမယ့် နွေရာသီအားလပ်ရက်တောင် လာလို့မရဘူးလား။ ဒါမှမဟုတ် နေရာက သေးလွန်းလို့ ကျွန်တော်တို့ နေလို့မရဘူးလား” ကျိုးကွေ့လိုင်က မေးလိုက်၏။

"မဟုတ်ပါဘူး။ အခန်း ၃ ခန်းရှိတယ်။ လုံလောက်ပါတယ်" ကျိုးချင်းပိုင်က ပြန်ဖြေလိုက်၏။

"ဒါဆိုလည်း အဆင်ပြေတာပေါ့" ကျိုးကွေ့လိုင်က အလွန် ကျေနပ်သွားပါသည်။ နွေရာသီအားလပ်ရက်ကျလျှင် ထိုနေရာတွင် သူနေထိုင်ရပါမည်။ "အဖေ ကျွန်တော့်ကို ပြောပြပါ။ မှတ်ထားပါ့မယ်။"

ကျိုးချင်းပိုင်က သူ့ကို လိပ်စာတစ်ခု ပေးလိုက်ပါသည်။

"အငယ်ကောင် လဝက်တိုင်း မင်းငါနဲ့ နေရာပြန်လာလဲရမယ်" ကျိုးရွှမ်က ပြောလိုက်သည်။

"အစ်ကိုလတ် ထားလိုက်စမ်းပါ။ မင်းက နွေရာသီ ကျူရှင်သင်ရဦးမယ်။ ပြီးတော့လည်း အိမ်က ငွေစာရင်းစာအုပ်တွေကို ကိုင်ရဦးမယ်။ မင်းအရမ်းအလုပ်များနေတာ မဟုတ်ဘူးလား။" ကျိုးကွေ့လိုင်က ပြန်ချေပလိုက်သည်။

"ဒါဆို မင်းက ဘာလုပ်မှာလဲ" ကျိုးရွှမ်က အေးစက်စွာ ပြောလိုက်သည်။

"ငါတို့ အမေကို စောင့်ပေးရမှာပေါ့။ သူ့ဗိုက်က အဲ့အချိန်လောက်ကျရင် သေချာပေါက် အကြီးကြီးဖြစ်နေမှာလေ။ ငါသူ့ကို ပြုစုမပေးသင့်ဘူးလား" ကျိုးကွေ့လိုင်က သာမန်အတိုင်းပဲ ပြောလိုက်ပါသည်။

ကျိုးရွှမ်က သူနဲ့ ဒီကိစ္စကို ထပ်ပြီး မငြင်းခုံတော့ပါ။

လင်းချင်းဟယ်က သူတို့နှစ်ယောက်၏ ပြောစကားများကို နားမထောင်ပါ။ သူတို့ နှစ်ယောက်ထဲက တစ်ယောက်ကေတာ့ ဒါမှာနေပြီး ဆိုင်များကို စီမံရမည်ဖြစ်သည်။ ဘယ်သူပဲလာလာ သူတို့၏ ကိုယ်ပိုင် အစီအစဥ်များအပေါ် မူတည်ပါသည်။

All Chapters