← Chapters

အခန်း(၅၆၆) စတုတ္ထယောက်မက သဘောထားပြည့်ဝတယ်

Vol. 41 Ch. 566

အခန်း(၅၆၆) စတုတ္ထယောက်မက သဘောထားပြည့်ဝတယ်

Vol. 41 Ch. 566

အခန်း(၅၆၆) စတုတ္ထယောက်မက သဘောထားပြည့်ဝတယ်

ကျိုးချင်းပိုင်က သူတစ်ယောက်တည်းသွားချင်ခဲ့သည်။ သူမ၏ ကိုယ်ဝန်က လနည်းသေးသဖြင့် ပြဿနာမရှိပါ။ သူမ တစ်လနှစ်လလောက် အပြင်ထွက်ပြီး တချို့ အိမ်ရာများကို လိုက်ရှာနိုင်သည်။

ထို့နောက် သူ့မိန်းမကို အဘွားကျန်းတို့အိမ်တွင် ထားခဲ့နိုင်သည်။ သို့မဟုတ် အဘွားကျန်းကို သူတို့ဆီမှာ တီဗီလာကြည့်ဖို့ ခေါ်နိုင်ပါသည်။

နောက်ပိုင်း သူမဗိုက် ပိုကြီးလာလျှင် သေချာပေါက် သူမနားက ကျိုးချင်းပိုင် ခွာမည်မဟုတ်ပါ။ ထိုအချိန်ကျလျှင် အချိန်ပိုဆိုတာ ရှိမှာမဟုတ်တော့ပေ။

သို့သော်လည်း လင်းချင်းဟယ်က ကန့်ကွက်ပါသည်။ သူမလည်း သူနဲ့အတူလိုက်ဖို့ ပူဆာ၏။ မဟုတ်ပါက သူမတစ်ယောက်တည်း နေရလျှင် ပျင်းသွားနိုင်ပါသည်။ အဘွားကျန်းရှိပါက သူမ မပျင်းရပါ။ သူမ စက်ရုံကိုသွားပြီး လက်လုပ်ပစ္စည်းတချို့ဝယ်လာကာ အပန်းဖြေနိုင်သည်။ စကားပြောရင်း သူမ လုပ်နိုင်ပါသည်။

သို့သော်လည်း လင်းချင်းဟယ်က လျှောက်ကြည့်ချင်သည်။

ကျိုးချင်ပိုင်က သူမ၏ ဆုံးဖြတ်ချက်ပြတ်သားမှုကိုမြင်ပြီး သူနဲ့အတူခေါ်လာခဲ့ပါသည်။

လဝက်လောက်ကြာသောအခါ သူတို့ အိမ်ငါးလုံးနဲ့ ဆိုင်နေရာကောင်းကောင်း သုံးဆိုင်တို့ကို တစ်ခုပြီးတစ်ခု ဝယ်ခဲ့ကြပါသည်။ ထို့ကြောင့် ပိုက်ဆံလည်း အများကြီး ကုန်ခဲ့သည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က ဒီမှာ စီးပွားရေးလုပ်ဖို့ အစီအစဥ် မရှိပါ။ တန်ဖိုးအတွက် စုထားချင်ရုံသာဖြစ်သည်။ အမှန်တိုင်းပြောရလျှင် စျေးမပေါပါ။ တည်နေရာက ကောင်းမွန်သောကြောင့် စျေးကြီးပါသည်။

"နင်တို့ ဘာတွေလုပ်နေကြတာလဲ။ ဒီရက်ပိုင်းထဲ ရာသီဥတုက ပိုပိုပူလာပြီ" အဘွားကျန်းက အိမ်လာပြီး စကားပြောနေပါသည်၊။

"ချင်းပိုင်က စီးပွားရေးလုပ်ဖို့ လိုက်ရှာကြည့်နေတာလေ" လင်းချင်းဟယ်က လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်ပြီး ပြောလိုက်ပါသည်။

"စီးပွားရေးလုပ်တာ ကောင်းပါတယ်။ ဝင်ငွေကောင်းတယ်လို့ကြားတယ်။ ငါ့တူအရင်းတစ်ယောက်က ပရိဘောဂလုပ်ငန်းတစ်ခုလုပ်တယ်လေ" အဘွားကျန်းက ပြောလိုက်ပါသည်။

"သူ့ကိုယ်ပိုင် ပရိဘောဂစက်ရုံလား။ တခြားစက်ရုံက ယူတာလား" လင်းချင်းဟယ်က မေးလိုက်၏။

"တခြားစက်ရုံက ယူတာပေါ့။ ပရိဘောဂစက်ရုံဖွင့်ဖို့က အသေးအဖွဲကိစ္စမှမဟုတ်တာ။ လိုအပ်တဲ့ အရင်းအနှီးကလည်း အများကြီးပဲ" အဘွားကျန်းက ပြန်ပြောလိုက်ပါသည်။

လင်းချင်းဟယ်က ဒီကဏ္ဍကို နားမလည်ပါ။ ဒုတိယမိသားစုက ကျိုးရှားက ဒီလုပ်ငန်းလုပ်ကိုင်သူဖြစ်သည်။ သူမယောက်ျား ချင်းပိုင်ကလည်း သူ့ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်ကိုင်ဖို့ မျှော်လင့်နေ၏။

ကြည့်ရသလောက်တော့ လွယ်ကူမည့်ပုံမပေါ်ပေ။

ကျိုးရှားက တော်သည်။ လက်သမား အလုပ်ရုံတစ်ခုဖွင့်ဖို့ သူ့ဦးလေးထံမှ ပိုက်ဆံချေးရဲပါက နောက်ပိုင်း တဖြည်းဖြည်း တိုးချဲ့သွားဖို့ ပြဿနာမရှိပါ။

ဘာပဲဖြစ်ဖြစ် သူ့ဆရာလက်အောက်မှာပဲ တစ်သက်လုံး နေလို့မရဘူးမဟုတ်လား။ ထိုအခါကျရင် တစ်သက်လုံး ခေါင်းဖော်နိုင်မှာ မဟုတ်တော့ပါ။

သို့သော်လည်း လင်းချင်းဟယ်က ပါးစပ်ဟမှာ မဟုတ်ပေ။ ကျိုးရှား၏ မိန်းမက အဆင်ပြေဖို့ လွယ်ကူသည့် လူမျိုးမဟုတ်ပါ။ သူမတို့ဘက်က စလှုပ်ရှားဖို့ မလိုပါ။ ကျိုးရှားအပေါ်တွင်သာ မူတည်နေပါသည်။

"လက်သမားအတတ်က အခု တော်တော်လေး ရေပန်းစားနေပြီ။ ငါ့တူက အပြောကောင်းပြီး ပရိဘောဂစက်ရုံကို အော်ဒါတွေ အများကြီး ရအောင် လုပ်ပေးနိုင်တယ်လေ။ သူ ပွဲစားခ ရတာပေါ့" အဘွားကျန်းက ပြောလိုက်သည်။

လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်၏။ လက်သမားအတတ်ကို တတ်ကျွမ်းသွားပါက အခုတင်မကဘဲ အနာဂတ်မှာပါ အဆင်ပြေနိုင်ပါသည်။ ထိုင်ခုံတစ်လုံးတန်ဖိုး ဘယ်လောက်တောင် ရှိသလဲ။ အထူးသဖြင့် သူဌေးများအတွက်ဖြစ်သည်။

လဝက်လောက်ကြာသောအခါ လင်းချင်းဟယ် အပြင်မထွက်တော့ပါ။ သူမ အားလပ်ချိန်ရှာပြီး ကျိုးရှောင်မိန်ကို ဖုန်းဆက်သည်။

နေ့လည်ခင်းဖြစ်သောကြောင့် ကျိုးရှောင်မိန်းလည်း အားနေ၏။ ထို့ကြောင့် သူမ ဖုန်းလာကိုင်ပါသည်။

သမီးယောင်းမနှစ်ယောက်သား အကြာကြီးစကားပြောခဲ့ကြသည်။ ကိစ္စအများစုကတော့ အရင်အတိုင်းပဲ ဖြစ်ကြ၏။ ကျိုးရှောင်မိန်ကလည်း ဆိုင်လုပ်ငန်းကိုပဲ အာရုံစိုက်ထားပါသည်။

"ကန်းကျစ်၊ လောင်အာ့နဲ့ လောင်စန်းတို့က ဆိုင်ကို ပြန်ပြုပြင်လိုက်တယ်လို့ကြားတယ်။ ရောင်းအားက အများကြီး မြင့်လာတယ်တဲ့" ကျိုးရှောင်မိန်က ပြောပြလိုက်ပါသည်။

"ဘာကို ပြန်ပြုပြင်တာလဲ" လင်းချင်းဟယ်က ကြက်သေသေသွား၏။

"ပရိုမိုးရှင်းကြီးကြီးမားမား လုပ်နေကြတာထင်တယ်။ လောင်စန်းက အဓိက အကြံရတာပါ။ နေ့တိုင်း ပရိုမိုးရှင်းကြီးတွေ လုပ်တယ်။ သူတို့ လော်စပီကာကြီးတစ်လုံးတောင် ငှားထားပြီး ဝင်ပေါက်နားမှာ ထားထားတယ်။ တော်တော်လေးကို ကုန်ကျစရိတ်များတယ်။ လျှပ်စစ် ပန်ကာ ၁၀ လုံးလည်း ဝယ်ထားတယ်။ အထည်ဆိုင် တစ်ဆိုင်ကို ၂ လုံးစီ တပ်ပေးထားတယ်။ နွေရာသီကျရင် ပူပြီး ဧည့်သည်တွေ ဆိုင်ထဲဝင်လာတဲ့အခါကျရင် အေးအောင်လို့တဲ့" ကျိုးရှောင်မိန်က ပြောလိုက်သည်။

လင်းချင်းဟယ်သည် တကယ့်ကို အံ့အားသင့်သွားခဲ့သည်။ သူမ၏ သားအငယ်ဆုံး ကောင်စုတ်လေးသည် ဝန်ဆောင်မှုလုပ်ငန်းတွင် အရည်အချင်းပြည့်မီနေလိမ့်မည်ဟ သူမ မမျှော်လင့်ထားခဲ့ပေ။ သူက လျှော့စျေးအကြီးကြီးပေးကာ ဖောက်သည်များကိုပင် ဝန်ဆောင်မှုပေးနေပြီဖြစ်သည်။

"လုပ်ပါစေ" လင်းချင်းဟယ်က ပြောလိုက်၏။

ကျိုးရှောင်မိန်က သီးသွားပြီး ပြောလိုက်ပါသည်။ "စတုတ္ထယောက်မ လောင်စန်းကို မဆုံးမတော့ဘူးလား။ အဖေနဲ့ အမေသိသွားတုန်းကဆို သူ့ကို လျှောက်လုပ်နေတယ်လို့တောင် ပြောနေကြတာ။ နင်တို့တွေသိရင် သေချာပေါက် ဒေါသထွက်မှာ မဟုတ်ဘူးလား။"

"ဘာကို ဒေါသထွက်စရာလိုလို့လဲ။ သူ့အကြံက တော်တော်လေး ကောင်းပါတယ်။ ရောင်းအားက မြင့်လာပြီလား" လင်းချင်းဟယ်က ရွှင်ပျစွာ ပြန်ပြောလိုက်ပါသည်။

"တော်တော် မြင့်လာတယ်လို့ ကြားတယ်။ ဒါပေမယ့် ငါတို့မိဘတွေက မယုံနိုင်ကြဘူး" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။

"ကောင်လေးနှစ်ယောက်စလုံးက သူတို့လုပ်နေတာ သူတို့သိပါတယ်၊။ လုပ်ကြပါစေ။" လင်းချင်းဟယ်က ပြောလိုက်သည်။

ပြောရမည်ဆိုလျှင် လင်းချင်းဟယ်၏ အလိုလိုက်မှုကြောင့် သားသုံးယောက်စလုံးက ကိုယ့်အစွမ်းအစနဲ့ကိုယ် ရပ်တည်နိုင်သွားကြပါသည်။ တစ်ယောက်ချင်းစီတိုင်းက ကိုယ်ပိုင်အကြံဥာဏ်များ ရှိလာကြသည်။

ဒီလိုပဲ ဖြစ်သင့်ပါသည်။ လင်းချင်းဟယ်က တည်ငြိမ်သော အမေတစ်ယောက်ဖြစ်သည်။ ဒီကို ရောက်မလာခင်တုန်းက သူမ အတည်ပေါက် ရည်းစား တစ်ခါမှ မထားဖူးခဲ့ဘဲ ရုတ်တရက် အမေတစ်ယောက် ဖြစ်လာခြင်း ဖြစ်သည်။

သူမက ဘယ်လိုဂရုစိုက်ပေးရမယ်ဆိုတာကို တကယ် မသိပါဘူး။ သူမက သူတို့ကို အစားအသောက်ကောင်းများ ချက်ပြုတ်ကျွေးမွေးပြီး နွေးနွေးထွေးထွေး ဝတ်ဆင်ပေးဖို့ကိုသာ တတ်မြောက်သည်။ အပြင်က လူတွေကို အနိုင်မကျင့်ဖို့ တားမြစ်ပြီး မြစ်ထဲတွင် ကစားသောအခါ ဘေးကင်းအောင် ဂရုစိုက်ဖို့သာ ညွှန်ကြားပေးခဲ့သည်။

သူတို့က လွတ်လွတ်လပ်လပ် ကြီးပျင်းလာကြရပါသည်။

အလယ်မှာတော့ လင်းချင်းဟယ်သည် သူမ၏ သားကြီးကို စာသင်ဖို့ အိမ်ကနေ ခေါ်သွားပြီး အိမ်မှာတော့ ကျိုးချင်းပိုင်တို့ သားအဖများကို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်ဖို့ ထားခဲ့၏။

ကျိုးရှောင်မိန် ဖုန်းချပြီးသောအခါ သူမ၏ စတုတ္ထယောက်မကို လေးစားသွားမိပါသည်။ သူမ၏ စတုတ္ထယောက်မက သဘောထားကြီးသူဖြစ်မှန်း သိထားသော်လည်း ဒီလောက်ထိ သဘောထားကြီးလိမ့်မည်ဟု မထင်ထားပါ။

ကလေးတွေကို စီးပွားရေးမှာ စိတ်ကြိုက်စီမံခိုင်းခဲ့သည်။

ကျိုးရှောင်မိန် ပြန်လာသောအခါ အမေကျိုးက မေးလိုက်ပါသည်။

"စတုတ္ထယောက်မ ဘာမှစိတ်မပူနဲ့လို့ပြောတယ်။ ညီအစ်ကိုတွေက သူတို့လုပ်နေတာ သူတို့သိတယ်တဲ့။ အဲ့တာကြောင့် လွှတ်ထားလိုက်တဲ့" ကျိုးရှောင်မိန်က ပြန်ပြောလိုက်ပါသည်။

အမေကျိုးက ကြက်သေသေသွား၏။ "လောင်အာ့က ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် အဲ့ဒီကောင်စုတ်လေး လောင်စန်းက ပိုက်ဆံဘယ်လို စုရမလဲမသိဘူး။ တော်တော် ဖြုန်းတီးတယ်။ သူ့ကို ဒီတိုင်းလွှတ်ထားလို့ တကယ်အဆင်ပြေပါ့မလား။"

သူက တစ်ချီတည်းနဲ့ ပန်ကာ ၁၀ လုံးလောက်ဝယ်ခဲ့သည်။ တစ်ဆိုင်ကို ၂ လုံးစီ တပ်ခဲ့၏။ ကတ်စတမ်မာများအတွက်ဟု ဆိုသည်။ ထို့အပြင် ထိုဒစ်စကောင့်ပေးခြင်းများလည်း ရှိသေးသည်။

အဝတ်အစားတစ်ထည်ကို ၇ ယွမ် ၈ ယွမ်တန်ပါက ဒစ်စကောင့်ချသည့်အခါ ၅ ယွမ် ၆ ယွမ်သာ တန်ပါတော့သည်။ ဝယ်စျေးက မနိမ့်ပါ။ သူတို့ ဘာအမြတ်ရဦးမှာလဲ။ အလွန်မြင့်မားသည့် အလုပ်သမား လစာများလည်း ပေးဖို့ ရှိသေးသည်။ တစ်ယောက်ကို လစာ ၇၀ ယွမ် ရ၏။ လတိုင်းတစ်ဆိုင်ကို ယွမ် ၂၀၀ ကျော်လောက် ပေးရပါသည်။

အမေကျိုးက စီးပွားရေးကို သူမ၏ မြေးများ ပြဿနာရှာမည်ကို စိုးရိမ်သဖြင့် ကျိုးရှောင်မိန်က ဝမ်ယွမ်နဲ့ ကျိုးအာ့နီတို့ကို သူတို့ အမြွှာလေးနှစ်ယောက်ကို ခေါ်လာပြီး ညစာ လာစားခိုင်းလိုက်ပါသည်။ ထို့နောက် သူမက အကျိုးအကြောင်း မေးမြန်းခဲ့ပါသည်။

"အဘွားကသာ စိုးရိမ်နေတာ။ အငယ်ဆုံးလေးက စီးပွားရေးလုပ်တာ တော်တယ်လို့ ကျွန်တော်တော့ ထင်တယ်။ သူ့မှာ ပါရမီရှိတယ်" ဝမ်ယွမ်က ပြောလိုက်ပါသည်။

"တကယ် အမြတ်ကော ရရဲ့လား။ ငါမြင်ရသလောက်တော့ အားမကိုးရဘူးနော်။ အဲ့ဒီကောင်လေးက ပေါက်ကရ လျှောက်လုပ်နေတာပဲ" အမေကျိုးက ပြောလိုက်ပါသည်။

"သူက လျှောက်လုပ်နေတာ မဟုတ်ပါဘူး။ သူက စီးပွားရေးလုပ်တာ တော်ပါတယ်။ လျှော့စျေးနဲ့ဆို အမြတ်က နည်းပေမယ့် ရောင်းအားမြင့်သွားတယ်လေ။ အရင်တုန်းကထက် အမြတ်ရတာ ပိုများတယ်။ သူဘယ်လို အကြံရသွားလဲ မသိဘူး" ဝမ်ယွမ်က ပြောလိုက်၏။

သူပြောတာကို ကြားမှ အမေကျိုး အနည်းငယ် စိတ်အေးသွားပါသည်။ "အခု စတုတ္ထယောက်မရဲ့ အလုပ်မရှိတော့ဘူးဆိုတော့ ဒီဆိုင်သုံးဆိုင်ကိုပဲ အားကိုးရမှာ အဲ့တာကြောင့် သူဖျက်ဆီးမိသွားမှာကို စိုးရိမ်လို့ပါ"

"ညီအစ်ကိုနှစ်ယောက်က ကောလိပ်ကျောင်းသားတွေပဲကို။ အဲ့တာကြောင့် စိုးရိမ်ဖို့ မလိုပါဘူး အဘွားရယ်" ကျိုးအာ့နီက ဝင်ပြောလိုက်ပါသည်။

အမေကျိုးက ပြုံးလိုက်၏။ "ကောလိပ်ကျောင်းသားတွေ ဆိုပေမယ့် သူတို့က ငယ်သေးတယ်လေ။"

"အဲ့လောက် မငယ်ပါဘူး။ ကျိုးရှားတောင် ဒီနှစ်ထဲ လက်ထပ်တော့မှာလေ" ကျိုးအာ့နီက ပြောလိုက်သည်။

"ဘယ်လိုဖြစ်တာလဲ" အမေကျိုး ထိတ်လန့်သွား၏။

"မနေ့တစ်နေ့တုန်းက အမေနဲ့ ဖုန်းပြောဖြစ်တယ်။ အမေပြောတာတော့ တင်တောင်းပြီးပြီတဲ့။ ဒီနှစ်ထဲ အိမ်အသစ်ဆောက်ဖို့ပဲ စောင့်နေကြတာ။ အဲ့အချိန်ကျရင် သူလက်ထပ်ပြီး မိသားစု ညစာစားပွဲအတူတူ ကျင်းပကြမှာလေ" ကျိုးအာ့နီက ပြောလိုက်ပါသည်။

All Chapters