← Chapters

အခန်း(၅၇၄) လူထုလုံခြုံရေးအန္တရာယ်

Vol. 41 Ch. 574

အခန်း(၅၇၄) လူထုလုံခြုံရေးအန္တရာယ်

Vol. 41 Ch. 574

အခန်း(၅၇၄) လူထုလုံခြုံရေးအန္တရာယ်

အဘွားကျန်း၏ အသက်အရွယ်မျိုးတွင် ဒီလို လူငယ်မျိုးတွေကို သဘောကျပါသည်။ သူတို့က အလွန်အားအင်ပြည့်ဝကြ၏။

"သူခရီးပန်းလာမှာပေါ့။ ငါလည်း ဟင်းချက်စရာတွေ သွားဝယ်လိုက်ဦးမယ်။ ဒီမှာ မချက်ကြနဲ့နော်။ ငါတို့နဲ့ လာစားကြ" အဘွားကျန်းက ပြောလိုက်ပါသည်။

"ချင်းပိုင်ကို သွားဝယ်ခိုင်းလိုက်ပါ။ ဒေါ်လေး မိန့်လီနဲ့ တခြားသူတွေအားကြလား သွားကြည့်လိုက်ပါဦး။ သူတို့အားရင် အကုန်လုံးကို အတူတူစားဖို့ ခေါ်လာခဲ့လေ" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

"ဒေါ်လေး သွားခေါ်လိုက်ပါ။ ကျွန်တော် သွားဝယ်လိုက်မယ်" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်ပါသည်။

ဒေါ်လေးကျန်းက ပြုံးကာ သဘောတူလိုက်ပါသည်။ သူမ သွားခေါ်လိုက်၏။ လက်ထောက်ခေါင်းဆောင်ကျန်းက အိမ်မှာ မရှိပါ။ သူ့ထံသို့ ဖုန်းတစ်ကော ဝင်လာခဲ့၏။ လူထုလုံခြုံရေးပြဿနာတစ်ခုရှိနေသည့် နေရာတစ်ခုရှိသည်ဟုဆိုသဖြင့် သူညစာစားဖို့ ပြန်လာမှာ မဟုတ်ပေ။

တိုက်ဆိုင်စွာဖြင့် ရွှယ်မိန်လီလည်း အခု ချက်ပြုတ်ဖို့ မလိုတော့ပါ။ သူမ၏ သမီးလေး ကျန်းယွီနဲ့ သူမသား ကျန်းကမ်းတို့ကို ခေါ်လာခဲ့ပါသသည်။

ကျိုးချင်းပိုင်က ဟင်းချက်ပစ္စည်းများ သွားဝယ်ခဲ့သည်။ ကျိုးကွေ့လိုင်က ပန်းသီးတစ်လုံးယူကာ သူ့အမေအတွက် အခွံနွှာပေးလိုက်သည်။ သူပြောလိုက်၏။ "အမေ ဒီမှာ ကားတစ်စီး ဝယ်လိုက်တာလား။ ဘယ်လို မောင်းပြီး ပြန်မှာလဲ။ အပြင်ဘက်မှာ လူထုလုံခြုံရေးပြဿနာတစ်ခု ရှိနေတယ်လို့ ကြားတယ်နော်။”

ဒီခေတ်တုန်းက မရှိသေးပါ။ ပထမဆုံး အဝေးပြေးလမ်းမကြီးက ၁၉၈၈ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

"မလုံခြုံလည်း ပြန်ရောင်းလိုက်ပေါ့။ မြို့တော်မှာ နောက်တစ်စီး ထပ်ဝယ်တာပေါ့" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။

"တော်တော်ဆိုးတဲ့ နည်းလမ်းပါလား" ကျိုးကွေ့လိုင်က ရယ်မောလိုက်ပါသည်။၊

လင်းချင်းဟယ်က ပြောလိုက်သည်။ "အဲ့လို လျှောက်သွားချင်နေတာ နင့်အဖေလေ။ ငါဝယ်ဖို့ သဘောမတူဘူး။ သူက ဆေးရုံသွားတဲ့အခါကျရင် အသုံးဝင်နိုင်တယ်ဆိုပြီး ဝယ်လိုက်တာလေ။"

"ဘာမှမဖြစ်ပါဘူး။ ကျွန်တော့်အဖေ ဒါမျိုး ကြုံဖူးတာ ပထမဆုံးပဲလေ။ ကျွန်တော်တို့ကို မွေးတုန်းက မရှိဘူးမလား" ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။

ညီအစ်ကိုသုံးယောက်စလုံး ဒီပုံစံဖြင့် ကြီးပြင်းလာကြသော်လည်း သူတို့အဖေ တာဝန်မဲ့ခဲ့သည်ဟု ခံစားမိပါသည်။ သူပြန်ရောက်လာတော့ သူတို့အားလုံး ကြီးပြင်းနေကြပြီ။ သူက ဘာနားလည်မှာလဲ။

အခု စိတ်လှုပ်ရှားတာ ပုံမှန်ပဲ ဖြစ်ပါသည်။

လင်းချင်းဟယ်က ဘာမှမပြောတော့ပါ။ အပြင်ဘက်မှာ မလုံခြုံလျှင် ပြန်မောင်းသွားမည် မဟုတ်ပေ။ လမ်းများက ခရီးသွားဖို့ မလွယ်ကူပါ။ မတော်တဆ တစ်ခုခု ဖြစ်သွားမှာကို လင်းချင်းဟယ် ကြောက်ပါသည်။

ထို့ကြောင့် ကလေးမွေးပြီး ပြန်ဖို့အချိန်ကျလျှင် သူတို့ ဒီကားကို ပြန်ရောင်းနိုင်ပါသည်။ ပိုက်ဆံ ရှုံးနိုင်သော်လည်း အနည်းဆုံးတော့ သူတို့ ဆိုင်နဲ့ အိမ်တွေအများကြီး ဝယ်ပြီးသားဖြစ်သဖြင့် အကျိုးအမြတ်တော့ ရခဲ့ပါသည်။

"စကားမစပ် အဲ့ဒီသဘောကောင်းတဲ့ အဘွားကျန်းဆိုတာ ဘယ်သူလဲ" ကျိုးကွေ့လိုင်က မေးလိုက်ပါသည်။

လင်းချင်းဟယ်က သူ့ကို သူမတို့ ခေါင်းကိုင်ဆွေမျိုးဆက်ဆံရေးအကြောင်း ပြောပြလိုက်သည်။ သူမ ပြောပြီးသွားသောအခါ သူ နားလည်သွားပါသည်။ ထိုအချိန်တွင် မိန့်လီ၊ ကျန်းကမ်းနဲ့ ကျန်းယွီတို့ ရောက်လာကြသည်။

"သူက ဒေါ်လေးရွှယ်လား" ကျိုးကွေ့လိုင်က မတ်တပ်ရပ်ကာ ပြုံးလိုက်ပါသည်။

"ဒါက သားငယ်လား၊ အရပ်အရမ်းရှည်တာပဲ" ရွှယ်မိန်လီက အံ့သြစွာ ပြောလိုက်ပါသည်။

သူမနှင့် လက်ထောက်ခေါင်းဆောင်ကျန်းတိ့်က အရပ်မပုပါ။ သူမက ၅ပေ ၃လက်မ လောက်ရှည်ပြီး လက်ထောက်ခေါင်းဆောင်ကျန်းက ၅ပေ ၁၁လက်မ လောက် ရှိသည်။ ယခု ကျိုးကွေ့လိုင်၏ အရပ်ကို မြင်လိုက်ရသောအခါ သေချာပေါက် ထိတ်လန့်သွားခဲ့ပါသည်။

"မရှည်ပါဘူးဗျာ" ကျိုးကွေ့လိုင်က ပြုံးလိုက်ပါသည်။ ထို့နောက် ကျန်းကမ်းကို ကြည့်လိုက်၏။ "ဒါက ကျွန်တော့်ရဲ့ ခေါင်းကိုင်ညီလား။"

"တတိယအစ်ကို" ကျန်းကမ်းက အနည်းငယ် ရှက်နေသော်လည်း နှုတ်ဆက်လိုက်ပါသည်။

"ငါမလာခင်တုန်းက ခေါင်းကိုင်ညီတစ်ယောက် ရမယ်ဆိုတာ မသိတော့ လက်ဆောင် ပြင်မလာမိဘူး။ မနက်ဖြန် အချိန်ရရင် ငါ့ကို အပြင်လိုက်ပို့လေ။ မင်း တစ်ခုခု ကြိုက်တာတွေ့ရင် ငါဝယ်ပေးမယ်" ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။

ကျန်းကမ်းက သူ့ထက် အသက် ၂ နှစ်သာ ငယ်ပါသည်။ သူက ဒီနှစ် အသက် ၁၅ နှစ်ပြည့်ပြီဖြစ်ပြီး  အရပ်က ၅ပေ ၇လက်မ ကျော်ပါသည်။ အရပ်မပုပါ။ သို့သော် ကျိုးကွေ့လိုင်နဲ့ အတူတူ လမ်းလျှောက်ရင်တော့ အရပ်ပုသလို ဖြစ်နေပါသည်။

ကျိုးကွေ့လိုင်ကာ သူ့ပခုံးကို ပုတ်လိုက်ပြီး ညီအစ်ကိုနှစ်ယောက်နှင့် တူသွားပါသည်။

လင်းချင်းဟယ်က ရွှင်ပျစွာ ပြောလိုက်သည်။ "ရှောင်ကမ်းကို မနောက်နဲ့နော်။ နင်တို့ညီအစ်ကိုနှစ်ယောက်က အခုမှ သိကြတာကို အရမ်းရင်းနှီးသလို လုပ်ပြမနေနဲ့။"

သားသုံးယောက်ထဲတွင် သားငယ်က လူဝင်အဆံ့ဆုံး ဖြစ်သည်။ ရင်းနှီးဖို့ အလွန်လွယ်ကူ၏။ ဘယ်သူပဲဖြစ်ဖြစ် သူက စကားပြောဆိုတတ်သည်။

"ဘာကို ရင်းနှီးသလိုလုပ်ပြရမှာလဲ။ သူက ကျွန်တော့်ခေါင်းကိုင်ညီပဲကို” ကျိုးကွေ့လိုင်က ပြုံးလိုက်ပါသည်။ "အစ်ကိုလတ်က ကျွန်တော် လဝက်လောက်ပဲ နေလို့ရမယ်လို့ ပြောတယ်။ ကျွန်တော်ပြန်ပြီး သူနဲ့ လူလဲရမယ်။ အဲ့ကျရင် ရှောင်ကမ်း မင်းငါနဲ့ လိုက်ခဲ့ချင်လား။ မြို့တော်မှာ ရက်နည်းနည်းလောက် နေပြီး မင်းအစ်ကိုလတ်နဲ့ ပြန်လိုက်သွားပေါ့။"

ကျန်းကမ်းက လိုက်ချင်ပါသည်။ သူ မြို့တော်သို့ မရောက်ဖူးပါ။ ထို့ကြောင့် သူ့အမေကို လှည့်ကြည့်လိုက်ပါသည်။

"နင့်အဖေကို ပြန်မေးလိုက်။ နင့်အဖေသဘောတူရင် ငါဘာမှမပြောဘူး" ရွှယ်မိန်လီက ရွှင်ပျစွာ ပြောလိုက်ပါသည်။

ကျိုးမိသားစု၏ မျိုးရိုးလိုက်သော စရိုက်ဟု ဆိုရမည်။ သူတို့အားလုံးက အလွန်ဧည့်ဝတ်ကျေပွန်ပြီး ပွင့်လင်းကြသည်။

ကျန်းကမ်း အပျော်လွန်သွားပါသည်။ သူ့အမေက သဘောတူသဖြင့် သူ့အဖေလည်း သဘောတူလောက်ပါသည်။

"နင်ခေါ်သွားချင်ရင် ဦးလေးကျန်းကို ခေါ်သွား။ ဦးလေးကျန်းက ကောင်းကင်ဘုံဂိတ်ကို အရမ်းသွားချင်နေတာ။ သားငယ် ဓာတ်ပုံ လိုက်ရိုက်ပေးလိုက်ချေ" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

"ကျွန်တော် ကင်မရာယူလာတယ်။ အမေ့ဓာတ်ပုံကို အရင်ရိုက်ပေးမယ်။ အရင်တစ်ခေါက် အဖေနဲ့ အမေ ပြန်လာတုန်းက ယူလာဖို့ မေ့သွားတယ်။ အမေ့ရဲ့ ကိုယ်ဝန်ဆောင်ဓာတ်ပုံတွေကို စုထားရမယ်လေ" ကျိုးကွေ့လိုင်က ပြောလိုက်၏။

သူက အထဲဝင်သွားပြီး ကင်မရာကို ထုတ်ယူလာခဲ့ပါသည်။ လင်းချင်းဟယ်က ဓာတ်ပုံမရိုက်ချင်ပါ။ "ငါအရမ်းဝနေပြီ၊ ဓာတ်ပုံမရိုက်စမ်းပါနဲ့။"

"မဝပါဘူး အမေရာ။ ဒါပြည့်တယ်လို့ခေါ်တယ်။ ထန်ခေတ်မှာ မွေးရင် ဒုတိယမိဘုရား ဖြစ်လာနိုင်တယ်။ အရမ်းလှပါတယ်" ကျိုးကွေ့လိုင်က ဖားလိုက်ပါသည်။

"နင့်ပါးစပ်ကထွက်တဲ့စကားတိုင်းက အမှန် မဟုတ်ဘူး" လင်းချင်းဟယ်က ရွှင်ပျစွာ ငေါက်လိုက်ပါသည်။ သို့သော်လည်း သူမ မတ်တပ်ရပ်လိုက်ပြီး အုပ်စုဓာတ်ပုံတစ်ပုံ အရိုက်ခံလိုက်ပါသည်။

"ဓာတ်ပုံရိုက်မလို့လား၊ ငါအဝတ်အစားမလဲရသေးဘူး" ရွှယ်မိန်လီက ရှက်ရွံ့နေပါသည်။

"ဒေါ်လေးရွှယ်ကလည်း ကြည့်ကောင်းပါတယ်။ ဘယ်မှာပဲ ရပ်နေရပ်နေ အရမ်းလှတယ်။ အဲ့တာကြောင့် အဝတ်အစားကို အထူးတလည် လဲနေစရာ မလိုပါဘူး" ကျိုးကွေ့လိုင်၏ နှစ်သိမ့်သော စကားလုံးများက ချောမွေ့စွာ ထွက်လာခဲ့ပါသည်။

ရွှယ်မိန်လီက အလွန်အမင်း ပျော်ရွှင်သွားပါသည်။

လင်းချင်းဟယ်က သက်ပြင်းချလိုက်သည်။ ထို အကျင့်မကောင်းသည့် သားငယ်က ပရောပရည်လုပ်သည့်နေရာတွင် ဆရာကြီးဖြစ်ကြောင်း သတိရသွား၏။ သူပြောတဲ့စကားကိုပဲ ကြည့်ပါဦး။

ကျိုးကွေ့လိုင်က ကျန်းကမ်းကို ဟိုဘက်အိမ်က သူ့အဘိုးအဘွားများအား အတူတူ ဓာတ်ပုံရိုက်ဖို့ ခေါ်ခိုင်းလိုက်ပါသည်။ သူက ပြောလိုက်သည်။ "ငါ နှစ်ခုလောက် ထပ်ဆေးလိုက်ဦးမယ်။"

ကျိုးချင်းပိုင်က ဟင်းချက်စရာများဝယ်လာပြီး ပြန်လာပါသည်။ ကျိုးကွေ့လိုင်က သူ့ကို သွားကူညီလိုက်သည်။ ကောင်လေးကမ်းကတော့ သွားခေါ်ပါသည်။

"ဦးလေးကျန်း သားငယ်က ဒီမှာ လဝက်လောက် လာနေတာ။ သူ့အစ်ကိုလတ်နဲ့ အိမ်ပြန်ပြီး လူလဲရမှာ။ ရှောင်ကမ်းနဲ့အတူ သူနဲ့ လိုက်သွားချင်လား။ အဲ့ဒီမှာ ရက်နည်းနည်းလောက် နေပြီးမှ သားလတ်နဲ့ ပြန်လိုက်လာခဲ့ပေါ့" လင်ခချင်းဟယ်နှင့် ရွှယ်မိန်လီတို့က နှင်းတောင်ပေါ်က မြေခွေးပျံဇာတ်လမ်းကို ကြည့်ရှုပြီးနောက် အဘိုးကျန်းနဲ့ စကားပြောခဲ့ပါသည်။

"ဟုတ်ပြီ အဲ့ဒီမှာ ရက်နည်းနည်းလောက်နေမယ်။ အဲ့ဒီမှာ လျှောက်လည်ဦးမယ်" ထိုအခါ အဘိုးကျန်းက နှစ်ခါပြန်မတွေးဘဲ ပြောလိုက်ပါသည်။

"ရှင်တစ်ယောက်တည်း သွားမလို့လား" အဘွားကျန်းက ပြောလိုက်ပါသည်။

"ဒါဆို မင်းကောလိုက်ချင်လို့လား" အဘိုးကျန်းက သူမကိုကြည့်လိုက်ပါသည်။

"အတူတူသွားတာ ကောင်းတာပေါ့။ ရာသီဥတုက အခုသာယာနေပြီ။ နောက်ပိုင်းကျရင် အေးလာလိမ့်မယ်။ သွားဖို့ အဆင်မပြေနိုင်ဘူးး" အဘွားကျန်းက ပြောလိုက်ပါသည်။

"ဒါဆိုလည်း အတူတူသွားကြပေါ့" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပါသည်။

ထို့ကြောင့် အစက ကျန်းကမ်းသာ သွားမည့် ခရီးမှာ မြေးအဘိုးများ သွားမည့်ခရီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ သို့သော်လည်း ပြဿနာမရှိပါ။

ကန်းကျစ်က သူ့အစ်ကိုကြီးနဲ့နေထိုင်ဖို့ ပြောင်းရွှေ့သွားပြီဖြစ်သည်။ သားလတ်နဲ့ သားငယ်တို့ အခန်းတစ်ခန်း၊ မြေးအဘိုးများ ဟိုဘက်အခန်းမှာ နေဖို့ ပြဿနာမရှိပါ။

လင်းချင်းဟယ်က လက်ထောက်ခေါင်းဆောင်ကျန်း ဘာလို့ မလာသေးတာလဲဟု မေးလိုက်သည်။

"ဒီနေ့ည ၈ နာရီ ၉ နာရီလောက်အထိ သူအလုပ်များဦးမယ်။ ကျွန်မတို့ ရပ်ကွက်ကတော့ အဆင်ပြေတယ်။ ဒါပေမယ့် ဟိုဘက်မှာတော့ တော်တော် ဗြောင်းဆန်နေတာလေ" ရွှယ်မိန်လီက ပြောလိုက်ပါသည်။

"ခုနက တစ်ယောက်ယောက် မော်တော်ဆိုင်ကယ်တစ်စီး အလုခံရတယ်လို့ကြားတယ်။ အဲ့တာကြောင့် အပြင်ထွက်ရင် သတိထားကြဦး" အဘိုးကျန်းက သတိပေးလိုက်ပါသည်။

၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်များက ဥပဒေမဲ့သော ခေတ်များဖြစ်ကြောင်း လင်းချင်းဟယ် သိပါသည်။ ၁၉၈၀ ခုနှစ်များ၏ ပထမ ၃ နှစ်တွင် ထိရောက်စွာ ဖြိုခွင်းပြီးသွားသောအခါ အခု အများကြီး ပိုအေးချမ်းနေပြီဖြစ်သည်။ အရင်တုန်းကော့ တော်တော်လေး ဥပဒေမဲ့ပါသည်၊။ လူတွေက နေ့ခင်းကြောင်တောင်ကြီး လမ်းပိတ်ကာ ဓားပြတိုက်တတ်သည်။

လွတ်လာသောကြောင့် ဖိနှိပ်ခံထားရသည့် ဂန်းစတားများက အကြောက်အရွံ့ ကင်းမဲ့လာကြသည်။ ဒါက မြို့တော်သို့ ပြန်ရောက်ပြီးနောက် အလုပ်အကိုင်ရှားပါးမှုကြောင့်ဖြစ်ပါသည်။

အကြောင်းအရင်းမျိုးစုံ ရှိပါသည်။ သို့သော် ခြုံပြောရရင်တော့ လက်ရှိမြို့တော်ကြီးများမှာ တည်ငြိမ်ပါသည်။

All Chapters