အခန်း(၅၇၆) မျိုးရိုးနာမည် ကျုံးပါတဲ့ ကောင်မလေးက နင်နဲ့ မသင့်တော်ဘူး
Vol. 42 Ch. 576
အခန်း(၅၇၆) မျိုးရိုးနာမည် ကျုံးပါတဲ့ ကောင်မလေးက နင်နဲ့ မသင့်တော်ဘူး
ချန်းရှန်ဝင်သွားသည့် လူနာဆောင်ထဲတွင် အဘွားအိုတစ်ယောက် လှဲလျောင်းနေ၏။ သူမ၏ မျက်နှာက အနည်းငယ် ခက်ထန်နေပါသည်။ သူဝင်လာတာကိုမြင်သောအခါ စတင် အော်ငေါက်တော့သည်။ "ဒီအဘွားကြီးကို လာကြည့်ဖို့ အသိတရား ရှိသေးတယ်ပေါ့။ နင့်မိန်းမဘက်မှာ နင်မနေဘူးလား။ အသက်အရွယ်ကြီးလာရင် မှီခိုဖို့ သားတွေကို ပျိုးထောင်ရတယ်လို့ ပြောကြပေမယ့် နင့်လို သားမျိုးကတော့ သူစိမ်းဘက်မှာပဲ နေတယ်။"
ချန်းရှန်က အမြန်ပြောလိုက်ပါသည်။ "အမေ အဲ့တာတွေမပြောပါနဲ့။ ကျွန်တော့်ကို အရှက်ခွဲနေတာလား။"
"ဘာကို အရှက်ခွဲရမှာလဲ။ ဒီလောက်နှစ်တွေ အကြာကြီး အဝေးရောက်နေတာ။ နင်ပြန်လာတာနဲ့ ဒေါသအိုးကိုပါ ပြန်ခေါ်လာတယ်။ မနေ့ကတည်းက ငါဆေးရုံတက်ကတည်းက သူငါ့ကို ယောင်လို့တောင် မကြည့်ဘူး။ ငါတို့ချန်းမိသားစုအတွက် ပိုက်ဆံကုန်တဲ့ဟာကို မွေးပေးပြီးတော့ အရမ်းကြီးကျယ်နေပြီလို့ သူက ထင်နေတာလား" အဘွားချန်းက ငေါက်လိုက်ပါသည်။
အချိန်အကြာကြီး သည်းခံခဲ့ရပြီးနောက် မနေ့က သူ့ချွေးမနဲ့ အကြီးအကျယ်ရန်ဖြစ်ခဲ့ပါသည်။ ထို့နောက် တခြားဒေသတစ်ခုမှ လက်ထပ်ထားသည့် သူ့ချွေးမမှာ အမှားကို ဝန်မခံဘဲ သတိလစ်ချင်ယောင်ဆောင်ပြီး ဆေးရုံတက်ခဲ့ပါသည်။
သို့သော်လည်း မနေ့ကစပြီး ဒီနေ့အထိ သူမ၏ ချွေးမက မြေးမဖြစ်သူကို ဒီနေရာသို့ တစ်လှမ်းတောင် ခေါ်မလာခဲ့ပါ။
အဘွားချန်းက အမုန်းတရားများဖြင့် ပြည့်နှက်နေခဲ့ပါသည်။
အဘွားချန်းက သူတို့ အိမ်ထောင်စုစာရင်းကို ဒီမိန်းမနဲ့ ကိစ္စဖြတ်တော့မည်။
"ငါဂရုမစိုက်ဘူး။ ဒီလို ရိုင်းစိုင်းတဲ့ ချွေးမမျိုးကို သည်းမခံနိုင်ဘူး။ နင်သူ့ကို သွားကွာလိုက်စမ်း။" အဘွားချန်းက သူ့ဆန္ဒကို ပြောလိုက်ပါသည်။
"အမေ အခု ဘယ်ခေတ်ရောက်နေပြီလဲ ကြည့်ပါဦး။ ဒီအသက်အရွယ်ကြီးနဲ့ ကွာရှင်းရမှာလား" ချန်းရှန်က ပြန်ပြောလိုက်ပါသည်။
"ဒါဆိုလည်း ကွာရှင်းဖို့ လျှောက်ထားကြည့်လိုက်။ သူ့ကိုကွာပြီး သူလာခဲ့တဲ့နေရာကို ပြန်သွားခိုင်းလိုက်ချေ။ ပြီးရင် နောက်မိန်းမယူပြီး မြေးတစ်ယောက် ထပ်မွေး။ အဲ့ဒီ ပိုက်ဆံဖြုန်းတဲ့ ကောင်မလေးကိုပါ သူနဲ့အတူ ခေါ်သွားခိုင်းလိုက်" အဘွားချန်းက ပြောလိုက်ပါသည်။
"တော်လောက်ပြီ အဘွားကြီး။ ရှင်ကများ ကျွန်မကို ကွာရှင်းဖို့ ချန်းရှန်ကို ပြောရဲတယ်ပေါ့" ထိုအချိန်တွင် အခန်းတံခါးက ဆောင့်ပွင့်လာခဲ့သည်။
ထို့နောက် ဆူညံပွက်လောရိုက်ကာ လူတွေ အများကြီး ဝိုင်းအုံကြည့်လာကြပါသည်။
ချန်းရှန်က လူအုပ်ထဲမှ ကြက်သေသေနေသော မျက်နှာဖြင့် တိုးထွက်လာခဲ့သည်။ လင်းချင်းဟယ်နှင့် ထပ်တွေ့နိုင်ဦးမလား မျှော်လင့်ချက်ဖြင့် ဖြစ်ပါသည်။
ကံမကောင်းစွာဖြင့် မတွေ့ရတော့ပေ။ သူမ ပြန်သွားပါပြီ။
ထို့ကြောင့် ချန်းရှန် အနည်းငယ် သတ္တိကင်းမဲ့သွားမိသည်။ အရင်တုန်းကသာ သူမနဲ့ လက်ထပ်နိုင်ခဲ့ပါက သူမ၏ အစွမ်းအစနဲ့သာဆိုရင် သူတို့ ချန်းမိသားစုအတွက် သားတစ်ယောက် မွေးပေးနိုင်ပါလိမ့်မည်။
ထို့အပြင် သူမက ပညာလည်းတတ်၏။ သေချာပေါက် အလုပ်ကောင်းကောင်းလည်း ရနိုင်လိမ့်မည်။ ထို့အပြင် သူမ၏ ဉာဏ်ရည်မျိုးနဲ့ဆို ယောက္ခမနဲ့ ချွေးမအကြားက ဆက်ဆံရေးကို ပြေလည်စေပါလိမ့်မည်။ သူ့အပေါ် ဖိအားကလည်း ဒီလောက်ထိ ပြင်းထန်မှာ မဟုတ်ပေ။
အိမ်ပြန်ရောက်လာသည့် လင်းချင်းဟယ်ကတော့ ထိုလူယုတ်မာမှာ ဒီလိုအတွေးမျိုး ရှိနေသေးကြောင်း မသိခဲ့ပါ။
သူမ အိမ်ပြန်ရောက်လာသောအခါ မျက်မှောင်ကြုတ်နေဆဲဖြစ်သည်။ သူမဘဝတွင် ချန်းရှန်ကို ထပ်တွေ့နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပါ။ သို့သော်လည်း မထင်ထားစွာဖြင့် ပြန်တွေ့ခဲ့ရပါသည်။
သူ့ကိုကြည့်ခြင်းအားဖြင့် သူ့ဘဝအခြေအနေ သိပ်ပြီးမကောင်းတာ သိသာပါသည်။ သို့သော်လည်း သူ့ဘဝဆိုးလည်း သူမ ဝမ်းသာပါသည်။ သူ့အသက်က ကျိုးချင်းပိုင်ထက် အများကြီး ပိုငယ်သော်လည်း ကျိုးချင်းပိုင်ထက် အသက်ကြီးသည့်ပုံပေါက်နေသည်။
သူက အရင်တုန်းက အားပျော့သည့် ကြက်ပေါက်တစ်ကောင်ဖြစ်ခဲ့ပြီး အခုလည်း အားပျော့သည့် ကြက်ပေါက်တစ်ကောင်ဖြစ်နေဆဲဖြစ်သည်။
လင်းချင်းဟယ်ကို မျက်မှောင်ကြုတ်စေသည့် တစ်ခုတည်းသောအရာက အခုလိုအချိန်မျိုးမှာတောင် ချန်းရှန်နဲ့ ပြန်ဆုံတွေ့မိခြင်းပင်။ သမိုင်းဝင် ဇာတ်လိုက်မင်းသမီးကကော သူမ၏ သားငယ်နှင့် တွေ့ဆုံလာဦးမလားမသိပါ။
မူလ ဇာတ်လမ်းမှာ သူမကြောင့် ရှုပ်ထွေးကုန်ပြီဖြစ်သောကြောင့် ထိုတစ်ယောက်ကတော့ အခုချိန်ထိ ပေါ်မလာသေးပေ။
ဒါက ကပ်ဆိုးဖြစ်သည်။ သူမ၏ သားငယ်မှာ ကိုယ်တစ်ပိုင်းသေလောက်သည့်အထိ သူမကို သဘောကျခဲ့သည်။
လင်းချင်းဟယ်၏ စိတ်က ထိုအကြောင်းများကို စဥ်းစားလေလေ ပိုပြီး ချောက်ချားလာလေလေ ဖြစ်သည်။ ထို့နောက် သူမ အိပ်ပျော်သွားခဲ့သည်။
ကျိုးချင်းပိုင်က သူ့မိန်းမ မျက်နှာဘယ်လောက် မကောင်းဖြစ်နေသလဲ မြင်ပါသည်။ သူ့မိန်းမက ထုတ်မပြောသဖြင့် ဘာတွေဖြစ်နေသလဲ သူမသိရပါ။ သို့သော်လည်း သူ့မိန်းမမှာ စိတ်ပူစရာတွေ ရှိနေတာတော့ သိသာပါသည်။
ကျိုးချင်းပိုင်လည်း အများကြီး မပြောခဲ့ပါ။ စားသောက်ဖို့ တစ်ခုခု စတင်ပြီး ချက်ပြုတ်လိုက်သည်။ လင်းချင်းဟယ် အိပ်ပြီးသွားနောက် အများကြီး ပိုနေလို့ကောင်းသွားပါသည်။ သားငယ်ပြန်လာသောအခါ သူ့ကိုစကားပြောရဦးမည်။
ကျိုးချင်းပိုင်က စွပ်ပြုတ်တစ်ပန်းကန် ယူလာပေး၏။ လင်းချင်းဟယ်က စွပ်ပြုတ်ကို သောက်လိုက်ရင်း ပြောလိုက်ပါသည်။ "ကျွန်မ ဘာလို့ အကြာကြီး အိပ်ပျော်သွားတာလဲမသိဘူး။"
သူတို့ ၉ နာရီတုန်းက ပြန်ရောက်လာခဲ့ပြီး အခုက ၁၁ နာရီခွဲခါနီးနေပြီဖြစ်သည်။
"မင်းနဲ့ တွေ့ခဲ့တဲ့လူက ဘာပြောခဲ့လို့လဲ" ကျိုးချင်းပိုင်က ထိုင်ကာ မေးလိုက်ပါသည်။
ရိုးရိုးသားသား ပြောရလျှင် ကျိုးချင်းပိုင် ယုံကြည်ချက်ရှိပါသည်။ သူ့မိန်းမက ချန်းရှန်လိုလူမျိုးကို ဘယ်တော့မှ မျက်စိကျမှာ မဟုတ်ပေ။
သို့သော်လည်း သူနဲ့ ဆုံတွေ့ပြီးနောက် သူ့မိန်းမ ပျော်ရွှင်တာ သိသာပါသည်။
လင်းချင်းဟယ်က သူမက ဒီခေတ်ကမဟုတ်ဘဲ နောက်ပိုင်းမျိုးဆက်များမှ လာခဲ့သည့်အကြောင်း ပြောခဲ့သည်။ နေ့နေ့ညည အချုပ်ချယ် မခံချင်သဖြင့် သူ့စရိုက်ကို သေသေချာချာ အကဲခတ်ပြီးမှ ပြောခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ဒါက စာအုပ်ထဲက အဖြစ်အပျက်တွေအတိုင်းပဲဟု လင်းချင်းဟယ် ပြောဖို့ကတော့ မဖြစ်နိုင်ပါ။
ထို့ကြောင့် သူမ ဘယ်တော့မှ ထုတ်ပြောဖို့ အစီအစဥ်မရှိခဲ့ပေ။
"သူက ဘာမှမပြောခဲ့ပါဘူး။ ကျွန်မကို နည်းနည်း နှုတ်ဆက်ပြီး အဲ့မှာ တွေ့မယ်လို့ မထင်ထားဘူးလို့ပဲ ပြောသွားတယ်" လင်းချင်းဟယ်က ပြောလိုက်သည်။
ကျိုးချင်းပိုင်က သူမကိုကြည့်လိုက်၏။
လင်းချင်းဟယ်က သူ့ကို မျက်စောင်းရွယ်လိုက်ပါသည်။ "ဘာဖြစ်လို့လဲ။ ကျွန်မက သူ့ကိုပြောစရာစကားရှိမယ်ထင်လို့လား။ ဒီလို လူပျော့မျိုးကို။ သူ့ကိုကြည့်ပါဦး။ သူ့ဘဝ စုတ်ပြတ်နေမှန်း သိသာတယ်။ ရှင့်ထက်တောင် အများကြီး အသက်ကြီးတဲ့ ပုံစံပေါက်နေပြီ။"
ထိုသို့ပြောပြီးသွားသောအခါ လင်းချင်းဟယ်က ပြုံးလိုက်ပြီး ကျိုးချင်ပိုင်၏ မျက်နှာကို ပွတ်ပေးကာ ပြောလိုက်သည်။
"သေသေချာချာ ထိန်းသိမ်းနော်။ အအို မမြန်စေနဲ့။ မဟုတ်ရင် ကျွန်မတစ်ယောက်တည်းမဟုတ်ဘဲ ရှင့်သမီးမွေးလာရင်လည်း ရှင့်ကို သဘောကျမှာ မဟုတ်ဘူး။"
ကျိုးချင်းပိုင်က ရယ်မောလိုက်ပါသည်။
ချန်းရှန်နဲ့ ဆုံတွေ့ခြင်းက အချိန်အကြာကြီး ဘဝကောင်းကောင်းမှာ နေခဲ့ရသည့် လင်းချင်းဟယ်အတွက် သတိပေးချက်တစ်ခု ဖြစ်ပါသည်။ သူတို့တွေ့ရမည့်လူများက အမြဲတမ်း ပေါ်ကို ပေါ်လာမည်ဟု သူမ ခံစားမိသွားသည်။
ထို့ကြောင့် လင်းချင်းဟယ်က သားငယ်ကို စောင့်ကာ ခေါ်လိုက်ပါသည်။
"အမေ ဒီရှန်ဟိုင်းမြို့တော်ကြီးက တော်တော် ကြွယ်ဝတာပဲ။ ကျွန်တော် ဓာတ်ပုံတွေ အများကြီး ရိုက်ခဲ့တယ်" ကျိုးကွေ့လိုင်က ရွှင်ပျစွာ ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ပြုံးလိုက်ပါသည်။ "နင်သဘောကျရင် ဓာတ်ပုံပိုရိုက်ထားပေါ့။ ရှန်ဟိုင်းမြို့တော်ရဲ့ အလှတရားတွေကို ရိုက်ထားလိုက်။"
ကျိုးကွေ့လိုင်က ခေါင်းငြိမ့်လိုက်သည်။
မကြာမီ လင်းချင်းဟယ်က အကြောင်းအရာကို ပြောင်းလိုက်ပါသည်။ "ငါတို့မိသားစုမှာ စည်းကမ်းတစ်ခု ရှိတယ်။ အဲ့တာက ရည်းစားထားတာ ပြဿနာ မရှိဘူး။ ဒါပေမယ့် လူကောင်းတစ်ယောက်ယောက် တွေ့ထားရင် မပတ်သက်ခင်မှာ အိမ်ကိုခေါ်လာရမယ်။ စကားမစပ် အမေ နင့်ကို ဗေဒင်မေးပေးထားတယ်။ နင်က မျိုးရိုးနာမည် ကျုံးပါတဲ့ ကောင်မလေးတွေနဲ့ လက်ထပ်ဖို့ မသင့်တော်ဘူး။”
ကျိုးကွေ့လိုင်က ရေတစ်ခွက်သောက်နေရင်း ထိုစကားများကို ကြားသောအခါ ပြန်ထွေးလိုက်မိပါသည်။
ကျိုးချင်းပိုင်က သူ့မိန်းမအတွက် ဆန်ကိတ်မုန့်များကို ယူလာပေးပြီး သူ့သားကို သွေးအေးအေး စိုက်ကြည့်လိုက်ပါသည်။
ကျိုးကွေ့လိုင်က အမြန်ရှင်းပြလိုက်၏။ "မဟုတ်ဘူး အဖေ အထင်မလွဲပါနဲ့။”
လင်းချင်းဟယ် ဆန်ကိတ်မုန့်ကို စားနေသည်။ ကျိုးကွေ့လိုင်က ပြောလိုက်၏။ "အမေ ဘာလို့ ဒါတွေ ရုတ်တရက်ကြီး ပြောနေတာလဲ။ ကျုံး မျိုးရိုးနာမည်နဲ့ ကောင်မလေးတွေက ကျွန်တော်နဲ့ မသင့်တော်ဘူးဟုတ်လား။ ဘယ် ဗေဒင်ဆရာက ပြောလိုက်တာလဲ။ တော်တော်လေး မှားနေသလိုပဲ။"
"ဘာကို မှားတာလဲ။ တချို့ ဗေဒင်ဆရာတွေက တကယ်စွမ်းတယ်။ နင့်အဖေကိုပဲ မေးကြည့်လိုက်။ ဗေဒင်ဆရာအဘိုးကြီးတစ်ယောက်က နင့်အဖေကို သမီးရလိမ့်မယ်လို့ ဟောသွားတာ။ ငါတောင် မယုံဘူး။ နင့်အဖေကတော့ ယုံတယ်။ အခုတော့ ငါ့ဗိုက်ကို ကြည့်ပါဦး။ ဒီအသက်အရွယ်ကြီးနဲ့ ကိုယ်ဝန်ထပ်ရတယ်” လင်းချင်းဟယ်က ပြောလိုက်သည်။
"အဲ့လောက်တောင် စွမ်းတာလား" ကျိုးကွေ့လိုင် အံ့သြသွားပါသည်။
ကျိုးချင်းပိုင်က သူ့ကိုကြည့်လိုက်ပါသည်။"မင်းအမေပြောစကားကို နားထောင်စမ်း။"
လင်းချင်းဟယ်က သူ့ယောက်ျားကို ချစ်မြတ်နိုးစွာ ကြည့်လိုက်ပြီး သူ့သားဘက်ကို ပြန်လှည့်လိုက်ပါသည်။ "နင်ကြားလား။ ကျုံးဆိုတဲ့ မျိုးရိုးနာမည်ပါရင် နင်နဲ့ မသင့်တော်ဘူး။ ဘယ်လောက်ပဲ ထူးချွန်နေပါစေ။ သူနဲ့ တွဲလို့ မရဘူး။"
သူမ၏ သားငယ် မြင်မြင်ချင်း ချစ်မိသွားခဲ့သည့် ဇာတ်လိုက်မင်းသမီး၏ နာမည်မှာ ကျုံးချင်းဖြစ်သည်။ ထို့နောက် သူ့ဘဝ ကပ်ဆိုက်ခဲ့လေသည်။
အခုအခြေအနေများက မူလဇာတ်လမ်းနဲ့ ကွာခြားနေသော်လည်း လင်းချင်းဟယ်မှာ မြွေကိုက်ခံရပြီးသောအခါ ၁၀ နှစ်လောက် ကြိုးမြင်ရင် ကြောက်နေတတ်သော လူမျိုး ဖြစ်သည်။ ဇာတ်လိုက်မင်းသားကတော့ အဆင်ပြေပါသည်။ သူနဲ့ သူမ၏ သားကြီးတို့က အတူတူလောက်ပဲ ဖြစ်သဖြင့် သူမ ဘက်မလိုက်ပါ။
သို့သော်လည်း ဒီဇာတ်လိုက်မင်းသမီးကတော့ တကယ် အဆင်မပြေနိုင်ပေ။ အဘက်ဘက်က ပြဿနာရှာမည့်လူမျိုးဖြစ်ပါသည်။