← Chapters

အခန်း(၅၇၇) The Country's Mountain and River are Red တံဆိပ်ခေါင်း

Vol. 42 Ch. 577

အခန်း(၅၇၇) The Country's Mountain and River are Red တံဆိပ်ခေါင်း

Vol. 42 Ch. 577

အခန်း(၅၇၇) The Country's Mountain and River are Red တံဆိပ်ခေါင်း

ကျိုးကွေ့လိုင်က အလွန်စိတ်ပျက်သွားပါသည်။ သူ့အမေက အလွန်ခေတ်မှီပြီး လက်တွေ့ကျသော လူမျိုး ဖြစ်သည်။ သို့သော်လည်း ဘာကြောင့်မှန်းမသိဘဲ ဒီကိစ္စကိုတော့ အတည်ပေါက်ကြီး မှတ်ယူနေသည်။

ထို့ကြောင့် ကျိုးကွေ့လိုင်က စိတ်ထဲမှာသာ မှတ်ထားလိုက်ပါသည်။ ဟုတ်ပါပြီ။ ကျုံး မျိုးရိုးနာမည်ပါတဲ့ မိန်းကလေးကို ငါလက်မထပ်ဘူး။ နတ်သမီးလိုလှပြီး ရဲမေလေးလို အစွမ်းအစရှိနေရင်တောင် သူပတ်သတ်မည်မဟုတ်ပေ။

လင်းချင်းဟယ်က သူ့ကတိကို ကြားပြီးသွားသောအခါ အလွန်အမင်း ဝမ်းသာသွားပါသည်။

သူ့သားပြောတာ ရဲမေတဲ့လား။

အဲ့ဒီမိန်းမကလည်း ရဲမေပဲ မဟုတ်ပါလား။

သေချာပေါက် သူမ ကြိုတင်ကာကွယ်ထားရမည်ဖြစ်သည်။ မဟုတ်ပါက တစ်နေ့နေ့ သူတို့ ပတ်သက်မိသွားလျှင် သူတို့ကို ခွဲခွာဖို့ ခက်ခဲသွားနိုင်ပါသည်။

"ဆန်ကိတ်မုန့် နည်းနည်းစားဦး။ နင့်အဖေ အဲ့လုပ်နည်းကို မကြာသေးခင်ကမှ လေ့လာပြီး လုပ်ထားတာ" လင်းချင်းဟယ်က သူ့ကို ကိတ်မုန့်တစ်လုံး ကျွေးလိုက်ပါသည်။

ကျိုးကွေ့လိုင်က တစ်လုံးစားကာ ပြောလိုက်သည်။ "ကျွန်တော့်အဖေက အခု အိမ်ရှင်ထီးကြီးလို ဖြစ်နေပြီပဲ။ သူ့မှာ စွမ်းရည်မျိုးစုံရှိတယ်။"

"အဲ့တာကြောင့် နင့်အဖေနဲ့လက်ထပ်တာက ငါ့ဘဝမှာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်လို့ ပြောတာပေါ့။ နင့်အဖေက လူကောင်းတစ်ယောက်ပါ” လင်းချင်းဟယ်က ပြန်ပြောလိုက်ပြီး ကျိုးချင်းပိုင်ကို ကြည့်လိုက်ပါသည်။

ကျိုးချင်းပိုင်၏ နှုတ်ခမ်းထောင့်များ ပြုံးသွားရသည်။ ကျိုးကွေ့လိုင်တစ်ယောက် မျက်နှာပူနေပါပြီ။

သူ အရှုံးပေးပါပြီ။

သားငယ် ကျိုးကွေ့လိုင်က လဝက်လောက် အလည်ရောက်လာပြီး နေထိုင်ခဲ့သည်။ သူက နေ့တိုင်းလိုလို အပြင်ထွက်၏။ အစကတော့ ၂ ရက် ၃ ရက်လောက် ကျန်းကမ်းကို သူနှင့်အတူ ခေါ်သွားရသည်။ ထို့နောက် သူ နယ်မြေသွားလာရတာ ကျွမ်းကျင်သွားသောအခါ အိမ်ကိုပင် မကပ်တော့ပေ။

ကျိုးကွေ့လိုင်သည် ဖလင်များစွာ လဲလှယ်ပြီး ဓာတ်ပုံအများကြီးလည်း ရိုက်ကူးခဲ့ပြီးပါပြီ။

ထိုဓာတ်ပုံများကို အသစ်ဝယ်ထားသည့် ဓာတ်ပုံအယ်လ်ဘမ်ထဲတွင် ထည့်သိမ်းထားသည်။ ကျန်းကမ်းလည်း ဓာတ်ပုံတချို့ ရလိုက်၏။ ကျိုးကွေ့လိုင်နဲ့ သူ အတူတူ သွားတုန်းက ရိုက်ကူးခဲ့သည့် ပုံများ ဖြစ်ပါသည်။ လမ်းသွားလမ်းလာများကို သူတို့အား ဓာတ်ပုံရိုက်ပေးဖို့ တောင်းဆိုခဲ့ရပါသည်။

သူ့တတိယအစ်ကို၏ ဓာတ်ပုံများကို ယူကြည့်လိုက်ရာ ဘာတွေ ရိုက်ထားလဲဆိုတာကို မြင်ပြီးပါပြီ။ တတိယအစ်ကိုက အားလုံးလိုလိုကို ရိုက်ယူထားခဲ့သည်။ လူတွေ လှည်းဆွဲနေသည့် ပုံများကိုတောင် ရိုက်ထားပါသေးသည်။

လှည်းကို ဆွဲနေသည့်လူက ချွေးတွေကို သုတ်နေပြီး သူ့သွားဖြူဖြူကြီးများကိုပင် ပေါ်လွင်နေအောင် ရယ်မောနေခဲ့သည်။ ကျိုးကွေ့လိုင်က ထိုဓာတ်ပုံများကို ရိုက်သည့်အခါ ခွင့်တောင်းယူခဲ့ပါသည်။ သူတို့ကလည်း ဓာတ်ပုံအရိုက်ခံရတာ ပျော်ကြပါသည်။

ကျန်းကမ်းက ကြည့်ရင်း ပြုံးလိုက်ပြီး ပြောလိုက်သည်။ "တတိယအစ်ကို ဒီလောက်ပုံတွေအများကြီး ဘယ်လိုလုပ်ပြီး ရိုက်ထားတာလဲ။"

"မင်း နားမလည်ပါဘူး။ အခု ငါတို့က အရမ်း တိုးတက်မြန်နေတယ်။ ပြီးတော့ နေ့တိုင်းလည်း ပြောင်းလဲနေမှာ။ အဲ့ဒီအခါကျရင် ဒီရှုခင်းဟောင်းတွေကို မြင်ရတော့မှာ မဟုတ်ဘူး။ အခု ဒီဓာတ်ပုံတွေကို ရိုက်ထားရင် ငါတို့ ကလေးတွေနဲ့ မြေးတွေက ၁၉၈၀ ခုနှစ်က မြို့တော်နဲ့ ရှန်ဟိုင်းမြို့တော်ကြီးကို မြင်ကြရတာပေါ့ကွာ" ကျိုးကွေ့လိုင်က ရှင်းပြလိုက်ပါသည်။

"အဲ့တာကြောင့်လား" ကျန်းကမ်းက ပြောလိုက်သည်။

"အရမ်းတန်ဖိုးရှိတယ်" ကျိုးကွေ့လိုင်က ခေါင်းငြိမ့်လိုက်သည်။

ကျန်းကမ်းက ထပ်ပြောလိုက်သည်။ "အစ်ကို ဓာတ်ပုံတွေဆေးဖို့ ဝယ်ထားတဲ့ ဖလင်တွေက စျေးအရမ်းကြီးတယ်နော်။"

တစ်ခါတည်းနဲ့ ဖလင်တွေအများကြီး သုံးခဲ့ရသည်။

"ဒီလောက်က ဘာမှမဟုတ်ပါဘူး။ နောက်ပိုင်း ငါပြန်ရှာလို့ရတာပဲ” ကျိုးကွေ့လိုင်က ကန့်ကွက်သည်။ ထို့နောက် ကျန်းကမ်း၏ ပခုံးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။ "ညီလေး ငါတို့က ဒီလောက် ပိုက်ဆံလေးကို ဂရုစိုက်နေလို့ မဖြစ်ဘူး။ ရေရှည်အတွက် ကြည့်ရမယ်။ အနာဂတ်ကျရင် ဒီလို ရှေးဟောင်းအရာတွေက တန်ဖိုးကြီးလာမှာ။ အရင်တုန်းက ပစ္စည်းဟောင်းတွေကို ကြည့်ပါဦး။ အခု ရှေးဟောင်းရတနာတွေ ဖြစ်နေပြီ မဟုတ်လား။"

ကျန်းကမ်းတစ်ယောက် ပြန်ချေပဖို့ ဆင်ခြေရှာမရတော့ပါ။

"မင်းမှာ တံဆိပ်ခေါင်း စုထားတာတွေ ရှိလား" ကျိုးကွေ့လိုင်က မေးလိုက်သည်။

"မရှိဘူး" ကျန်းကမ်းက ခေါင်းခါလိုက်ပါသည်။

"ငါ့မှာ ရှိတယ်။ ဒါပေမယ့် အများကြီးတော့ မဟုတ်ဘူး။ မင်းကိုပေးလို့မရဘူး။ ဒါပေမယ့် မင်းကြည့်ချင်ရင် ငါပြပေးမယ်။ အကုန်လုံးကောင်းတယ်” ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။

မျက်စိပိတ်ကာ အနားယူနေသည့် လင်းချင်းဟယ်က ထိုစကားကြားသောအခါ မျက်စိပြန်ဖွင့်လိုက်ပြီး သူ့ကို ကြည့်လိုက်ပါသည်။ "သားငယ် နင် တံဆိပ်ခေါင်းတွေ စုတယ် ဟုတ်လား။ ဘယ်တုန်းကတည်းက စစုနေတာလဲ။"

"ကောလိပ်တက်တုန်းက စစုခဲ့တာ။ အရင်တုန်းက အဟောင်းတွေကိုပါ သား စုနိုင်ခဲ့တယ်" ကျိုးကွေ့လိုင်က ပြောလိုက်၏။

"ဘယ်လောက်တောင် ဟောင်းလို့လဲ" လင်းချင်းဟယ်က မျက်ခုံးပင့်ကာ မေးလိုက်ပါသည်။

"ဥက္ကဌရဲ့ အထိမ်းအမှတ်တံဆိပ်ခေါင်းတွေလေ။ လေးခုပါတဲ့ အစုံလေ" ကျိုးကွေ့လိုင်က အားတက်သရော ပြန်ဖြေလိုက်ပါသည်။

"အဲ့တာတွေက အများကြီးရှိတာ။ နောက်ပိုင်း ပိုက်ဆံသိပ်ရမှာ မဟုတ်ဘူး" လင်းချင်းဟယ်က ပြောလိုက်သည်။

"တန်ဖိုးကြီးတဲ့ တံဆိပ်တွေ ရှိလို့လား" ကျန်းကမ်းက အံ့သြစွာပြောလိုက်သည်။

"ရှိတာပေါ့ အခုဆို အရမ်းရှားပါးနေတဲ့ တံဆိပ်တစ်ခုတောင် ရှိတယ်။ အခု ဘယ်မှာမှ ရှာမရတော့ဘူး" ကျိုးကွေ့လိုင်က ပြန်ပြောလိုက်သည်။

"ဘယ်တံဆိပ်လဲ" ကျန်းကမ်းက ပြောလိုက်ပါသည်။

"The country mountains and rivers are red ဆိုတာလေ" ကျိုးကွေ့လိုင်က ပြောလိုက်သည်။

လင်းချင်းဟယ်က မျက်ခုံးပင့်လိုက်သည်။ "နင် အဲ့တာကို သိတယ်လား"

"သိတာပေါ့။ တခြားတံဆိပ်တွေလည်း အများကြီး စုထားသေးတယ်။ ဒါပေမယ့် အဲ့ဒီတံဆိပ်ကိုတော့ ဘယ်မှာမှ ရှာလို့မရဘူး" ကျိုးကွေ့လိုင်က စိတ်ပျက်စွာ ပြောလိုက်ပါသည်။

"ငါ့မှာ ရှိတယ်" လင်းချင်းဟယ်က တည်ငြိမ်စွာ ပြောလိုက်သည်။

ထိုတံဆိပ်အား ၁၉၆၈ ခုနှစ်တွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ လင်းချင်းဟယ်က ဒီကို ကူးပြောင်းလာပြီးနောက် တံဆိပ်ခေါင်းများစွာကို စုဆောင်းခဲ့သည်။ ထိုအချိန်တုန်းက ကျေးရွာငယ်လေးတစ်ရွာမှာ ဒီလိုတံဆိပ်ခေါင်းမျိုးတွေ စုဆောင်းနိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပါ။ သို့သော်လည်း သူမ ကံကောင်းခဲ့ပါသည်။ သူမ ပထမတစ်ခေါက် မရခဲ့သော်လည်း ဒုတိယတစ်ခေါက် ထပ်မေးခဲ့သည်။

သူမ လက်ထဲတွင် ၄ ခုရှိနေပါသည်။

တခြား တံဆိပ်များ၏ စျေးကလည်း မများပါ။ သို့သော်လည်း The country's mountain and river are red ကတော့ အနာဂတ်တွင် သန်းပေါင်းများစွာ တန်လိမ့်မည်ဟု ပြောကြသည်။

သူမ စုဆောင်းထားသည့် ရွှေများထက်ပင် ပိုတန်ဖိုးကြီးပါသည်။

ကျိုးကွေ့လိုင် ကြက်သေ သေသွားရသည်။ သူ့အမေက The country's mountain and river are red လိုမျိုး ရှားပါးတံဆိပ်ခေါင်းမျိုးကို စုဆောင်းနိုင်ခဲ့တယ်တဲ့လား။

"အမေ ကျွန်တော် ဘာလို့ မသိခဲ့တာလဲ" ကျိုးကွေ့လိုင်က ပြောလိုက်သည်။

"ဘာကို မသိရတာလဲ။ နင်ငယ်ငယ်လေးတုန်းက အရမ်းဆိုးလို့ ဗီရိုပေါ် သကြားလုံးတွေ တက်ရှာရင်း ငါ့တံဆိပ်တွေကိုတောင် ပျက်စီးအောင် လုပ်မိတော့မလို့လေ။ အဲ့ဒီအချိန်တုန်းကတည်းက ငါသိမ်းထားလိုက်တာ" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

ကျိုးကွေ့လိုင်က ရယ်မောလိုက်ပါသည်။ "ကျွန်တော် အဲ့ဒီတုန်းက ငယ်သေးတယ် မဟုတ်လား။ အခုတောင် မမှတ်မိဘူး။"

"ငါ့ပိုက်ဆံအိတ်ထဲမှာ သိမ်းထားတယ်။ သေသေချာချာ သိမ်းထားတာ။ နင်ကြည့်ချင်ရင် ငါပြပေးလို့ရတယ်" လင်းချင်းဟယ်က ပြောလိုက်သည်။

သူမ ပေးရမှာ တွန့်တိုသော်လည်း သူမရဲ့ သားလေး သွားရည်ကျအောင်တော့ ပြလို့ရပါသည်။

"အမေ့ ပိုက်ဆံအိတ် ကျွန်တော် သွားယူပေးမယ်" ကျိုးကွေ့လိုင်က အော်လိုက််သည်။

အထဲဝင်သွားပြီး သူ့အမေ၏ ပိုက်ဆံအိတ်ကို ယူလာလိုက်ပါသည်။ လင်းချင်းဟယ်က ပိုက်ဆံအိတ်ကို ဖွင့်လိုက်ပြီး တံဆိပ်ခေါင်းကို ထုတ်ယူလိုက်သည်။ အသစ်အတိုင်းပဲ ရှိနေဆဲပင်။ သူမ၏ ပိုက်ဆံအိတ်ထဲမှာပဲ သိမ်းထားခဲ့ခြင်းကြောင့်ဖြစ်သည်။

ကျိုးကွေ့လိုင်၏ မျက်လုံးများက အံ့အားသင့်နေပါသည်။ "အမေ တကယ်ကြီး စုထားမယ်လို့ မထင်ထားဘူး။ မဖြစ်နိုင်တာ ကျွန်တော် ဓာတ်ပုံရိုက်ပြီး သိမ်းထားဦးမယ်။"

ကျိုးကွေ့လိုင်က အထဲဝင်ပြီး ကင်မရာသွားယူလိုက်သည်။ "ခေါင်းကိုင်အမေ ဒီတံဆိပ်က အရမ်းရှားပါးလို့လား" ကျန်းကမ်းက ကိုင်ကြည့်လိုက်ပြီး မေးလိုက်ပါသည်။

"တော်တော် ရှားပါးတာပေါ့။ ၁၉၆၈ ခုနှစ်ကနေ အခု ၁၉၈၅ ခုနှစ်အထိတောင်ဆိုတော့ ဘယ်နှနှစ်တောင်ရှိနေပြီလဲ။ တွက်ကြည့်လေ" လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။

"နှစ်တွေ တော်တော်ကြာနေပြီပဲ။ ဘာလို့ အသစ်အတိုင်း ရှိနေသေးတာလဲ" ကျန်းကမ်းက ပြောလိုက်သည်။

"ငါက ကောင်းကောင်း ထိန်းသိမ်းထားတာကိုး" လင်းချင်းဟယ်က ပြောလိုက်သည်။

ကျိုးကွေ့လိုင်က တံဆိပ်ခေါင်းကို ထုတ်ကာ ဓာတ်ပုံ ၂ ပုံရိုက်လိုက်ပါသည်။ ထိုအခါမှ စိတ်ကျေနပ်စွာဖြင့် တံဆိပ်ခေါင်းများကို သူ့အမေသို့ ပြန်ပေးလိုက်တော့သည်။ "အမေ တခြား တံဆိပ်ခေါင်းတွေကော စုထားသေးလား။"

"ထုတ်ဝေထားတဲ့ တံဆိပ်ခေါင်းတိုင်း ငါ့မှာရှိတယ်" လင်းချင်းဟယ်က မျက်ခုံးပင့်ကာ ပြောလိုက်သည်။

ကျိုးကွေ့လိုင်၏ မျက်နှာပေါ်တွင် လေးစားမှုများ ချက်ချင်း ပေါ်လာခဲ့ပါသည်။ "အမေ့ရဲ့ ဝါသနာက တော်တော်မိုက်တာပဲ။”

ကျန်းကမ်းက ဘေးမှ ရယ်မောနေပါသည်။ သူ့တတိယအစ်ကိုက ငဖားတစ်ယောက် ဖြစ်သည်။ ကျိုးကွေ့လိုင်က သူ့ကို လှည့်ကြည့်လိုက်ပါသည်။ "ခေါင်းကိုင်ညီလေး အိမ်ပြန်ပြီး ပြင်ဆင်ထားတော့။ မနက်ဖြန် ငါပြန်တော့မယ်။"

"နည်းနည်းလောက်တောင် ထပ်မနေတော့ဘူးလား” ကျန်းကမ်းက မြို့တော်ကို သွားဖို့ တော်တော် စိတ်ပါဝင်စားသည်။

"ဟုတ်ပါပြီ။ ဒါဆို ကျွန်တော် အထုပ်အပိုး သွားပြန်လိုက်တော့မယ်" ကျန်းကမ်းက ခေါင်းငြိမ့်လိုက်ပါသည်။

"အင်္ဂလိပ်စာအုပ်ပဲယူသွား။ ကျန်တာ ထားခဲ့။ နင်သုံးမှာလည်း မဟုတ်ဘူး" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

"ဟုတ်ကဲ့" ကျန်းကမ်းက ပြန်ပြောလိုက်ပြီး အိမ်ပြန်သွားပါတော့သည်။

All Chapters