သက်ရှိလောက
Vol. 58 Ch. 800
မိုဝူကျိက ပထမဆုံးစာမျက်နှာကို လှန်ကြည့်လိုက်စဉ် ကြီးကျယ်ခမ်းနားသော ရွှေရောင်စာလုံးများကို တွေ့လိုက်ရသည်
“ သတ္တ ကမ္ဘာ ချိုးဖျက်မည့် လက်တစ်ချောင်း”
မိုဝူကျိက နောက်မှ အကြောင်းအရာကို မမြင်ရသေးသော်လည်း သူ့ခေါင်းပင် ကျိန်းလာမိသည်။
လက်တစ်ချောင်းတည်းဖြင့် ခုနှစ် လောကကို ဖျက်စီးပစ်နိုင်မည်တဲ့လား ….
စကြဝဠာအစွန်း၌ ဤသို့ လျို့ဝှက်ပညာရပ်မျိုး ရှိနေသည်လား …
သေခြင်း ရှင်ခြင်း ကံကြမ္မာ စက်ဝန်းနှင့် စိတ်စွမ်းအင် မြှားတို့မှာ အံ့ဖွယ် လျို့ဝှက်ပညာရပ်များအဖြစ် ယူဆ၍ ရသော်လည်း ဤ လက်တစ်ချောင်း တိုက်ကွက်ရှေ့မှောက်၌ သူတို့က ဘာမှမဟုတ်တော့ပေ။
သူက ဆက်လှန်ကြည့်လိုက်သည့်အခါ ရွှေရောင်စာလုံးများကို ထပ်မံ တွေ့လိုက်ရသည်။ ထိုစာရွက်များမှ ဖန်တီးမှုစွမ်းအားများကိုလည်း ခံစားမိလိုက်၏။
“ ကမ္ဘာဦး ရုတ်ရင်းဆန်ခတ်မှုတွေကနေ စတင်လာတယ်။ စကြဝဠာကြီး အပိုင်းခံလိုက်ရပြီးတော့ သန်းပေါင်း မြောက်များစွာသော တာအိုအမြင်များနဲ့ ကမ္ဘာအမြောက်အများ ဖြစ်ပေါ်လာတယ်။ ဒီတာအိုမှာ မြတ်ဓမ္မ ဆိုတာ ဗလာနတ္ထိ တစ်မျိုးပဲ။ ဗလာနတ္ထိထဲမှာ ရုပ်နာမ်၊ အတွေး၊ အသိစိတ်၊ ခံစားချက်တွေလည်း မရှိဘူး …. ”
ထိုမှတဆင့် မိုဝူကျိက သတ္တ ဗုဒ္ဓ ပဋိကကျမ်း ရောက်ရှိလာပုံကို နားလည်သွားလေ၏။ ဖြစ်နေသည်မှာ သတ္တ ဗုဒ္ဓ ပဋိကကျမ်းမှာ ဤသတ္တ ကမ္ဘာ လက်ချောင်း ပညာရပ်၏ တစ်စိတ်တပိုင်း ကူးယူထားခြင်းမျှသာ ဖြစ်နေ၏။
ထိုဆွဲနှုတ်ထားသော မှတ်စုလေးက ဗုဒ္ဓကျောင်းတော်၏ ထိပ်သီး ရတနာသုံးခုထဲမှ တစ်ခု ဖြစ်လာလေသည်။ မိုဝူကျိက သတ္တကမ္ဘာ လက်ချောင်း ပညာရပ်မှာ ဗုဒ္ဓတာအို၏ လျို့ဝှက်ပညာရပ် မဟုတ်ကြောင်း သေချာသိလိုက်သည်။ ရတနာသုံးသွယ် ဗုဒ္ဓဧကရာဇ်က သတ္တ ကမ္ဘာ လက်ချောင်း ပညာရပ်ထဲမှ သတ္တ ဗုဒ္ဓပဋိကကျမ်းကို ကူးယူ ကောက်နုတ်ထားခြင်း ဖြစ်၏။ ကူးယူထားခြင်းမျှသာ ဖြစ်သော်လည်း ထိုလူက ပါရမီရှင်ဖြစ်ကြောင်း ဖော်ပြနေလေသည်။
သတ္တ ဗုဒ္ဓပဋိကကျမ်းမှာ သတ္တ ကမ္ဘာလက်ချောင်း ပညာရပ်၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်ကြောင်း သိပြီးနောက် မိုဝူကျိ၏ စိတ်ဝင်စားမှုကား ပိုမြင့်တက်လာလေ၏။
မိုဝူကျိက ထိပ်တန်းအဆင့် အင်မော်တယ် သွေးကြော နှစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် သူက သူ့ကိုယ်သူ သတ္တ ကမ္ဘာ လက်ချောင်း ပညာရပ်ကို လေ့လာရာ၌ အာရုံစိုက်ထားလိုက်တော့သည်။ ထိုစဉ် ဤသတ္တ ကမ္ဘာလက်ချောင်း ပညာရပ်၏ အဓိပ္ပါယ်ကို ဖော်ရန် သူ့ဦးနှောက်ကို အသည်းအသန် အလုပ်ပေးထားပြီး သူ့တာအို အသိဉာဏ်ပွင့် လမ်းကြောင်းသည်လည်း ချီသွေးကြော ၁၀၈ ခုနှင့်အတူ သတ္တ ကမ္ဘာ လက်ချောင်း ပညာရပ်အား လေ့ကျင့်ပြီး ကောက်ချက်ချနိုင်ဖို့ ကြိုးစားနေသည်။
အချိန်များက ကုန်ဆုံးလာသည်နှင့်အမျှ မိုဝူကျိအောက်မှ ထိပ်တန်းအဆင့် အင်မော်တယ်သွေးကြောသည်လည်း ဖြည်းဖြည်းချင်း ကျုံ့လာကာ မိုဝူကျိ၏ ကျင့်ကြံဆင့်မှာလည်း ပိုမို တည်ငြိမ်လာပေ၏။ သူက နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၇ လေ့ကျင့်သူ ဖြစ်သော်လည်း လေ့လာမှု၌ အချိန်များစွာ အားထုတ်လိုက်ခြင်းက သူ့ခန္ဓာအား ပိန်ကျလာစေသည်။
အခန်းတစ်လျှောက် ကျယ်ကျယ်လောင်လောင် အသံများ ထွက်ပေါ်လာသည်။ သို့သော်လည်း မိုဝူကျိ တစ်ယောက် သတ္တ ဗုဒ္ဓ လျို့ဝှက်ပညာရပ်ကို လေ့ကျင့်နေစဉ်နှင့် ယှဉ်ကြည့်လျှင် ယခု အသံမှာ ပိုမို ကျယ်လောင်ပေသည်။
“ ဝုန်း ” ပေါက်ကွဲသံကြောင့် မိုဝူကျိအား လေ့လာနေရာမှ လန့်ဖြတ်သွားစေသည်။ သူက အခုလေးတင် သူ ဖျက်စီးပစ်လိုက်သည့် ရွှေရောင်တံခါးကြီးကို ကြည့်လိုက်သော်ငြား သူ့စိတ်နှလုံးသားမှာ မပြောင်းမလဲ နဂိုအတိုင်း ဖြစ်နေမိသည်။
သူက သတ္တ ကမ္ဘာ လက်ချောင်း ပညာရပ်အကြောင်း လေ့လာနေသည်မှာ အနည်းဆုံးတော့ နှစ်နှစ်မှ သုံးနှစ် ကြာမြင့်သွားပြီ ဖြစ်ကြောင်း ခန့်မှန်းမိပေသည်။ သတ္တ ကမ္ဘာ လက်ချောင်း ပညာရပ်ပေါ်၌ ကုန်ဆုံးခဲ့သည့် အချိန်သည် သတ္တဗုဒ္ဓ ပဋိကကျမ်းထက် ပိုများသော်လည်း မိုဝူကျိက ပင်လယ်ကြီးထဲမှ ရေတစ်စက်လောက်ပင် မသိသေးကြောင်း ကောင်းကောင်း နားလည်၏။
သူ့သတ္တကမ္ဘာ လက်ချောင်း ပညာရပ်မှာ တစ်ခုခု လိုအပ်နေသေး၏။ ကြည့်ရသည်မှာ အဆုံးမဲ့ကာ ကြီးကျယ်သည့် ဖန်တီးမှု စွမ်းအား လိုအပ်နေဟန် ပေါ်သည်။
ဖန်တီးမှု၏ ကြီးကျယ်ခမ်းနားမှု ……..
မိုဝူကျိက ဤနေရာမှ ရရှိလာသော မီးခိုးရောင် ကျောက်တုံးလေးကြောင်း ရုတ်တရက် အမှတ်ရသွားလေ၏။ သူက ထိုမီးခိုးရောင်ကျောက်တုံးလေး ရွေးချယ်ခဲ့သည့် အကြောင်းအရင်းမှာ ထိုကျောက်တုံးလေး၌ ဖန်းတီးမှု ကမ္ဘာဦး စွမ်းအားအချို့ ပါဝင်နေဟန် ပေါ်သောကြောင့် ဖြစ်သည်။
ထိုကျောက်တုံးလေးက သတ္တကမ္ဘာ လက်ချောင်း ပညာရပ်ကို လေ့ကျင့်ဖို့ အဓိကသော့ချက်များ ဖြစ်နေမလား ….
အကယ်၍ ဤသို့ဖြစ်နေလျှင် ရတနာသုံးသွယ် ဗုဒ္ဓဧကရာဇ်က လူကောင်းများ ဖြစ်နေမလား …. ဒီကျောက်တုံးလေးကို ချန်ထားခဲ့ပေသည် မဟုတ်ပါလော။
မည်သို့ပင် ဆိုစေကာမူ မိုဝူကျိက ထိုကျောက်တုံးလေးကို ထုတ်ယူရန် ဆုံးဖြတ်လိုက်သည်။ သူက ဤနေရာသို့ ရောက်နေသည်မှာ လေးနှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်သော်လည်း တစ်ခါမှ သေချာမကြည့်ရသေးပေ။
ထိုကျောက်တုံးလေးမှာ သာမာန်နှင့် တူလှသည်။ မိုဝူကျိက ကျောက်တုံးလေးကို စိတ်စွမ်းအား သုံး၍ ဆက်သွယ်ကြည့်ဖို့ရာ ကြိုးစားလိုက်သည့် အခိုက်အတန့်လေး၌ ကမ္ဘာဦး စွမ်းအားကို ချက်ချင်း ခံစားမိလိုက်သည်။ ထိုစဉ် သတ္တကမ္ဘာ လက်ချောင်း ပညာရပ်ကို ပိုပို၍ ရှင်းရှင်းလင်း နားလည်လာသည်။
သို့သော်လည်း ဝိညာဉ် မပါရှိသည့် ခန္ဓာကိုယ်အခွံ့ကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။ ပြောရလျှင် စကြဝဠာ ပိုင်းဖြတ်မည့် အရှိန်အဝါမျိုး လိုအပ်နေသည်။
(မှတ်ချက် - ဆိုလိုသည်က မိုးမြေဖန်တီးခြင်းမှာ ဖန်ကူ၏ ဒဏ္ဍာရီ ဖြစ်ပြီး တိုတိုတုတ်တုတ် ရှင်းပြရလျှင် အစပိုင်း၌ လောကကြီး၌ ကမ္ဘာဦး ဖရိုဖရဲ ဖြစ်နေပြီး ဖန်ကူက ဉနက်လေးမှ မွေးဖွားလာခဲ့၏။ သူက ဉနက်လေးကို နှစ်ပိုင်း ခြမ်းလိုက်သည့်အခါ အပေါ်ပိုင်းမှာ ကောင်းကင် ဖြစ်လာပြီး အောက်ပိုင်းက ကမ္ဘာမြေ ဖြစ်လာသည်)
မိုဝူကျိက မီးခိုးရောင်ကျောက်လေးမှ စွမ်းအားနှင့် ဆက်သွယ်ဖို့ ဆက်တိုက် ကြိုးစားကြည့်နေပြီး သူ့အား သတ္တ ကမ္ဘာ လက်ချောင်း ပညာရပ်အပေါ် ဉာဏ်အလင်းပွင့်လာစေဖို့ရာ လုပ်ဆောင်နေသည်။
“ ဝုန်း ” သူ့အသိစိတ်ပင်လယ်အတွင်း ပြင်းထန်သည့် ပေါက်ကွဲမှုများ ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလို သူ ဤမီးခိုးရောင် ကျောက်တုံးလေးမှာ သူ့ထာဝရကမ္ဘာနှင့် ပေါင်းစပ်သွားကြောင်း ခံစားလိုက်ရပြီး နောက်ဆုံး၌ ရတနာသုံးသွယ် ဗုဒ္ဓ ဧကရာဇ်အနေနှင့် ဤသတ္တ ကမ္ဘာ လက်ချောင်း ပညာရပ်အား အဘယ်ကြောင့် မလေ့ကျင့်နိုင်မှန်း အနည်းငယ် သိရှိလာမိသည်။ အကြောင်းမှာ သူက သူ့ကိုယ်ပိုင် ကမ္ဘာ ရှိမနေချေ။
အဆုံးမဲ့ ခမ်းနားကြီးကျယ်လှသည့် တာအိုစွမ်းအားများက အတူတကွ ပေါင်းစပ်သွားပြီး မိုဝူကျိက ကမ္ဘာဦး စကြဝဠာကြီးဆီမှ မိုးမြေ ဖန်တီးမှု ဖြစ်စဉ်ကို ခံစားမိလာသည်။
ထိုစဉ် သူ့ထာဝရ ကမ္ဘာလေးက ပို၍ ကိုယ်ထည် ပေါ်လာသည်။ သူ့ထာဝရ ကမ္ဘာလေးမှာ သဘာဝဓာတ် ငါးမျိုးလုံး မစုစည်းရသေးသော်လည်း ယခုအခါ ဖန်တီးနိုင်စွမ်း ရှိလာသည်။ ထိုမီးခိုးရောင်ကျောက်လေးမှာ ဖြည်းဖြည်းချင်း ကျုံ့လာပြီး နောက်ဆုံး၌ ပျောက်ကွယ်သွားတော့သည်။
မိုဝူကျိ စိတ်ထဲ သိသာရှင်းလင်းသည့် အမြင်မျိုး ပေါ်လာသည်။ မိုဝူကျိက ရုတ်ချည်း ထရပ်ကာ လက်ညိုးဖြင့် ထိုးလိုက်သည်။
ထိုစဉ် အာကာပြင်မှာ ပျောက်ကွယ်သွားသလို အရာအားလုံးမှာလည်း ပျောက်ကွယ်သွားတော့သည်။
လက်ချောင်းလေးဖြင့် ဤနေရာမှ အရာအားလုံးမှာ တိမ်တိုက်ကဲ့သို့ လွှင့်စင်ပျောက်ကွယ်သွားကာ အရာအားလုံးက အဆုံးသတ်ခံရသည့်အလား ဒါမှမဟုတ် ကွယ်ပျောက်သွားသည့်အလား ဖြစ်ပေါ်နေ၏။
“ ဝုန်း ” မိုဝူကျိ ရှိနေသည့် အခန်းမှာ ပေါက်ကွဲသွားပြီး အစီအရင်များ၊ အတားအဆီးများလည်း အမှုန့်ဖြစ်သွားလေ၏။ သို့သော်လည်း အပြင်ဘက်ရှိ ပင်လယ်ရေများက ဤနေရာအတွင်း ဝင်မလာနိုင်ပေ။ နေရာတစ်ခုလုံးမှာ မိုဝူကျိ၏ လက်ချောင်းလေးဖြင့် ဖျက်စီးခြင်း ခံခဲ့ရသည်။
သို့သော်လည်း ဤလက်ချောင်းလေးက ပို၍ အားကောင်းနေလျှင်ပင် ကွယ်ပျောက်သွားရမည့် အချိန်ရောက်လာဦးမည် ဖြစ်၏။ အချိန်တစ်ချို့ကြာပြီးနောက် အာကာပြင်မှာ ပြန်လည် ဖြစ်တည်လာကာ ပင်လယ်ရေများလည်း စီးဝင်လာသည်။ မိုဝူကျိက မျက်လုံးပိတ်လျက်သား ရေထဲ ကျန်ရှိနေဆဲ ဖြစ်သည်။
မိုဝူကျိ၏ တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းအတွင်း၌ အသိအမြင်တချို့က ရစ်ဝဲနေပေသည်။ သူက အင်မတန် အားနည်းနေသော်လည်း လှုပ်ရှားဖို့ရာ ဆန္ဒမရှိပေ။ သူက ထိုအသိအမြင်လေးကို လက်လွှတ်ခံလိုက်ရမည့်အစား ပင်လယ်ဖိအားအောက် ခံစားဖို့သာ ရွေးချယ်မိပေလိမ့်မည်။
သတ္တ ကမ္ဘာလက်ချောင်း ပညာရပ်မှာ အမှန်တကယ် ခုနှစ်လောကကို ချိုးဖျက်နိုင်စွမ်း ရှိပေသည်။ သူက ဤနေရာလေးသာ ဖျက်စီးနိုင်သည့် အကြောင်းအရင်းမှာ သူက ထိုလက်ချောင်း၏ အင်အားအပြည့်ကို မပြသနိုင်သေးသောကြောင့် ဖြစ်၏။
အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ပြောင်းပြန် လှည့်ပတ်လိုက်သည်။ထိုစဉ် အသေးစား လှည့်ပတ်မှု ၁၀၈ ခုက ပေါင်းစပ်ကာ အဓိ လှည့်ပတ်မှု ဖြစ်လာစေသည်။ အဓိက လှည့်ပတ်မှုက သူ့တာအိုအသိဉာဏ်ပွင့် လမ်းကြောင်း ဝန်းကျင် လှည့်ပတ်နေပြီး စွမ်းအား ဆက်တိုက် ထောက်ပံ့ပေးနေသည်။
သတ္တ ကမ္ဘာလက်ချောင်း ပညာရပ်အပေါ် မိုဝူကျိ၏ ကိုယ်ပိုင် အသိအမြင်လည်း တိုးတက်လာလေ၏။ လက်ရှိ သူက လက်တစ်ချောင်းတည်းဖြင့် ခုနှစ်လောကကို မဖျက်စီးပစ်နိုင်သေးပေ။ သို့သော်လည်း ဤလက်ချောင်းမှာ ဖြည်းဖြည်းချင်းဖြင့် ကမ္ဘာများကို ဖျက်စီးနိုင်စွမ်းရှိသည့် လျို့ဝှက်ပညာရပ်မျိုး ဖြစ်လာလိမ့်မည်။
အကယ်၍ သူ့လက်ချောင်းက ခုနှစ်လောက နှိမ်နှင်းရေးအကွက် ထုတ်လွှင့်နိုင်မည် ဆိုလျှင် ….ခဏ ခုနှစ်လောက ဖြစ်ဖို့ရာပင် မလိုသေးပေ။ သူသာ သုံးလောက ထုတ်လွှင့်နိုင်သည်နှင့် သူ့လက်ရှိ အဆင့်အနေအထားဖြင့်ပင် ပေါင်ပုအား သတ်နိုင်ရန် ယုံကြည်ချက် ရှိပေသည်။
မိုဝူကျိက သူ့ကိုယ်ပိုင် လောကနှိမ်နှင်းရေး အကွက်ကို အသိအမြင်ရရှိပြီးနောက် နောက်ထပ် အသိအမြင်တစ်ခုက စိတ်ထဲ ထပ်မံ ပေါ်လာသည်။
သူ့ခုနှစ်လောက နှိမ်နှင်းရေး တိုက်ကွက်၏ သဘောတရားမှာ သတ္တ ကမ္ဘာလက်ချောင်း ပညာရပ်မှ ဆင်းသက်လာခြင်း ဖြစ်၏။ ထိုမျှတင် မကသေးဘဲ သူက ပထမဆုံး လောက နှိမ်နှင်းရေး နာမည်ကို သက်ရှိလောကဟု အမည်ပေးထားလိုက်သည်။
မိုဝူကျိက သက်ရှိလောက ဟု အမည်တွေးမိလိုက်သည်နှင့် သူ့စိတ်ထဲ၌ ဒုတိယမြောက် မှ သတ္တမမြောက်အထိ လောကနှိမ်နှင်းရေး တိုက်ကွက်နာမည်များမှာ စိတ်ထဲ ပေါ်လာသည်။
ဒုတိယမြောက် - မိုးမြေ၊ တတိယမြောက် - ကံတရား၊ စတုတ္ထမြောက် - ယန်ယင်၊ ပဉ္စမမြောက် - အလုံးစုံ ဖန်တီးခြင်း၊ ဆဌမမြောက် - မုသားနှင့် သတ္တမမြောက် - တဖန် သေဆုံးခြင်းတို့ ဖြစ်၏။
မိုဝူကျိက အသက်ပြင်းပြင်း ရှုထုတ်လိုက်သည်။ အင်မော်တယ် မော်တယ်ကျင့်စဉ်၏ ဖွံ့ဖြိုးလာမှုကြောင့် သတ္တ ကမ္ဘာလက်ချောင်း ပညာရပ်မှာ သူ့ကိုယ်ပိုင် ထူးခြားသည့် တိုက်ကွက် ဖြစ်လာတော့သည်။ သူက သူ့သတ္တမမြောက် လောကနှိမ်နှင်းရေး တိုက်ကွက်ကို တွေးမိလိုက်သည့်အခါ သူ့အင်မော်တယ် မော်တယ်ကျင့်စဉ်နှင့် ပတ်သတ်နေကြောင်း သိလိုက်မိသည်။
မိုဝူကျိ၏ တာအိုအသိအမြင်များမှာ သူ့အပိုင် ဖြစ်၏။ သူက အင်မော်တယ် မော်တယ်ကျင့်စဉ် အကူကို ယူရသော်လည်း သူက ခုနှစ်လောက နှိမ်နှင်းရေး တိုက်ကွက်ကို အလျှင်အမြန် နားလည်နိုင်စွမ်း ရှိသေးသည်။
မိုးမြေမှာ မီးပြင်းဖို ဖြစ်ကာ ကံတရားက အား ဖြစ်ပြီး ယန်ယင်မှာ မီးသွေး ဖြစ်၏။ အလုံးစုံ ဖန်တီးခြင်းမှာ ကြေးနီ ဖြစ်သည်။
ဤလောက၌ မီးပြင်းဖိုအတွင်း လူသားနှင့် ကြေးနီမှာ ခြားနားမှု ရှိသည်လား။ သက်ရှိ၊ သက်မဲ့ ဆိုသည့် ကိစ္စရပ်မှာ အရေးမပါပေ။ မိုးမြေဖန်တီးမှု အတွင်းမှ အလုံးစုံ ဖန်တီးခြင်းထဲမှ တစ်ခုမျှသာ ဖြစ်ပေသည်။ ထိုအရာမှာ ပုရွက်ဆိတ် တစ်ကောင် မီးပြင်းဖိုအတွင်း လောင်ကျွမ်းခံရသည်လား ဒါမှမဟုတ် မိုးမြေအတွက် ပုရွက်ဆိတ်ကို လောင်ကျွမ်းစေမည့် အရာတစ်ခုလေလား မသိတော့ပေ။
ဤတာအိုဆန္ဒ၏ မုသားကို ကျော်လွန်နိုင်ခြင်းကသာ သတ္တကမ္ဘာကို ချိုးဖျက်နိုင်ပြီး ဘဝအသစ် ရရှိလာလိမ့်မည်။ ထိုအရာမှာ လူသားတစ်ယောက် ဖြစ်ခြင်း၏ အဓိပ္ပါယ် အစစ်အမှန် ဖြစ်၏။ ထိုလူသား၏ အဓိပ္ပါယ်မှာ ဆက်တိုက် ခြေမွခံရမည့် ပါးမွှာ ဖြစ်နေခြင်းတော့ မဟုတ်ပေ။
“ ဝုန်း ” မိုဝူကျိ ဘေးပတ်လည်မှ အင်မော်တယ် သဘာဝစွမ်းအားများက အားကောင်းလာသည်။ သူ့တာအိုမှာ စိတ်အားထက်သန်စွာဖြင့် အသိစိတ်ပင်လယ်ကို လှုပ်ရှားလာစေပြီး သူ့ခန္ဓာပတ်လည်၌ စတင် လှည့်ပတ်လာသည်။
မိုဝူကျိက ရှေ့တစ်လှမ်း တိုးလိုက်သည်။ သူ့ရှေ့မှောက်မှ ပင်လယ်မှာ အလိုလို နှစ်ပိုင်း ကွဲထွက်သွားလေ၏။ သူက သွေစောင်းပင်လယ် မျက်နှာပြင်ထက် ချက်ချင်း ပြန်ပေါ်လာသည်။ မိုးမြေဖိအားမှာ ဘွားခနဲ ပေါ်လာပြီး သူ့စွမ်းအားများ ပိုပို၍ အားကောင်းလာသည်။
မိုဝူကျိက ဖမ်းရခက်သော အင်မော်တယ် ဧကရာဇ်အဆင့်မှာ မျက်စိရှေ့မှောက် ရောက်လာပြီ ဖြစ်ကြောင်း သိလိုက်သည်။
ထိုစဉ် သူက အင်မော်တယ် ဆေးလုံးကိုပင် အသုံးပြုလိုက်ရပေ။ သူ့တွင် ဧကရာဇ်တာအိုအသီး ရှိနေသော်လည်း မသုံးလိုက်ပေ။ သူက သူ့အပိုင် ဖြစ်လာမည့် တာအိုကို ခံစားမိနေပြီး သူ နင်းလျှောက်သွားရမည့် လမ်းကို အာရုံရနေသည်။
“ ဝုန်း ဝုန်း ဝုန်း ” မိုးကြိုးချက် ဆယ်ချက်က ကျဆင်းလာသည်။ မိုဝူကျိက မည်သည့် မှော်ရတနာမှ ထုတ်၍ မခုခံရုံသာမက မိုးကြိုးများဆီ လက်သီးချက် ပစ်လွှတ်လိုက်သေး၏။
မိုးမြေမှာ ဧရာမဖိုကြီး တစ်ခု ဖြစ်ပြီး ထိုဖိုမှ ထွက်နိုင်ဖို့ရာ သူက သူ့ပိုင်ဆိုင်သည့် ကမ္ဘာကို ရှာတွေ့ဖို့ လိုအပ်သည်။
“ ဂျွတ် ဂျွတ် ” အရိုးကျိုးသံများကိုပင် ကြားနေရသည်။ ပထမ မိုးကြိုးလှိုင်းမျှသာ ဖြစ်သော်လည်း မိုဝူကျိ ခန္ဓာကိုယ်၌ ဒဏ်ရာများစွာ ဖြစ်စေသွားပြီ ဖြစ်၏။
မိုဝူကျိ၏ နတ်ဘုရား ရုပ်ခန္ဓာ အဆင့် ၇ မှာလည်း ဤမိုးကြိုးချက်များအောက်၌ စက္ကူကျားသဖွယ် ဖြစ်နေသည်။
သို့သော်လည်း မိုဝူကျိက မကြောက်ပေ။ သူက ဆေးလုံးလည်း မသောက်ပေ။ သူ့အသက်ဓာတ်လမ်းကြောင်းမှာ အသည်းအသန် လှည့်ပတ်နေပြီး သူက ပင်လယ် မျက်နှာပြင်ထက်သို့ ပြန်သွားလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများမှာ သူ့စိတ်ဆန္ဒနှင့် တိုက်ခိုက်လိုစိတ်ကို ပိုမိုထောက်ပံ့ပေးနေသည်။
ဝုန်း ဝုန်း ဝုန်း ….
မိုးကြိုးချက်များက ပိုအားပြင်းလာသည်။ မိုဝူကျိ၏ ခန္ဓာပြင်ပ၌ သွေးမြူများလည်း ထွက်ပေါ်လာသည်။ သို့သော်လည်း သူ့မျက်ဝန်းမှ အမူအယာမှာ မပြောင်းလဲသွားပေ။ သူက ဆက်လက်၍ လက်သီးချက်များ ထုတ်လွှင့်နေဆဲ ဖြစ်သည်။
သူက လုံလုံလောက်လောက် ဖိနှိပ်ခံပြီးနောက် သူ့အနေနှင့် ပြန်လည် ခုခံဖို လိုလာလေပြီ။
သူ့လက်သီးချက်မှာ မိုးကြိုးချက်များနှင့် ရင်ဆိုင်တွေ့သည့်အခါ သူ့လက်မှ အရိုးများမှာ ဆက်တိုက် ကြေမွကုန်သည်။
အဆုံးမဲ့ ပမာဏရှိသည့် အင်မော်တယ် ဝိညာဉ်စွမ်းအားများက မိုဝူကျိဆီ စီးဝင်လာသည်။ တတိယလှိုင်းက ကျဆင်းလာသည်နှင့် မိုဝူကျိ၏ အရှိန်အဝါက အဆုံးအစွန်အထိ မြင့်တက်လာသည်။
“ ဝုန်း ” မိုးမြေ မဟာတာအို ချိုးဖောက်သွားသည့် အသံကို ကြားလိုက်ရပြီးနောက် မိုဝူကျိ၏ ခန္ဓာကိုယ်မှ ယခင်ကထက် ပိုမိုကြီးကျယ်သော အရှိန်အဝါက ထွက်ပေါ်လာသည်။
“ ဝုန်း ဝုန်း ” တတိယ မိုးကြိုးလှိုင်းက မိုဝူကျိဆီ ကျဆင်းလာသည်။ သို့သော်လည်း မိုဝူကျိ မျက်ဝန်းမှ အမူအယာမှာ ပို၍ တည်ငြိမ်လာလေ၏။ သူက အင်မော်တယ် ဧကရာဇ်အဆင့် ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။ ယခု သူက အမှန်တကယ် အင်မော်တယ် ဧကရာဇ် တစ်ယောက် ဖြစ်လေပြီ။
သူက အင်မော်တယ် ဧကရာဇ်အဆင့် ရောက်သွားသည်နှင့် ယခင်က သူ နားမလည်ခဲ့သည့် အရာများကို သိလိုက်ရသည်။ ထိုစဉ် ကျင့်ကြံရေး လောက၌ သူ သင်ယူခဲ့သော လျှပ်စီးဓားနှင့် လျှပ်စီးကွန်ယက်တို့မှာ လျို့ဝှက်ပညာရပ်အဖြစ် ရောက်ရှိလာသည်။
သူ အင်မော်တယ်လောကသို့ ရောက်လာစဉ်မှ စ၍ မိုဝူကျိက လျှပ်စီး သဘာဝ တိုက်ကွက်မျိုးကို ထုတ်သုံးခဲ၏။ သူက မနှစ်သက်၍ ထုတ်မသုံးခဲ့ခြင်း မဟုတ်ပေ။ အကြောင်းမှာ လုံလုံလောက်လောက် အားမကောင်း၍ ဖြစ်၏။ သို့သော် ယခုတွင် အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းပြီးနောက် သူ့တိုက်ကွက်များမှာ လျို့ဝှက်ပညာရပ် ဖြစ်လာသည်။ အခုအချိန်မှစ၍ သူ့တွင် ပုဆိန်လှံရှည် ရိုက်ချက် လေးချက်၊ သေခြင်းရှင်ခြင်း ကံကြမ္မာ စက်ဝန်း၊ အာကာပြင် ချုပ်နှောင်မှုနှင့် စိတ်စွမ်းအင်မြှားတို့ ရှိရုံသာမက သူ့တွင် သတ္တကမ္ဘာ လက်ချောင်း ပညာရပ်နှင့် လျှပ်စီး သဘာဝ လျို့ဝှက်ပညာရပ်လည်း ရှိလာပြီ ဖြစ်သည်။
အဆုံးမဲ့ မိုးကြိုးချက်များက သူ့အပေါ် ကျဆင်းလာနေဆဲ ဖြစ်သည်။ ယခု မိုဝူကျိက ခုခံဖို့ရာ မကြိုးစားတော့ပေ။ သူက ထိုမိုးကြိုးချက် ပြင်းပြင်းကို သူ့အပေါ် ကျရောက်စေလိုက်ပြီး အင်မော်တယ် သွေးကြောကို ထုတ်ကာ ထိုင်ရင်း လေ့ကျင့်နေလိုက်သည်။
မိုးကြိုးချက်များက ဆက်တိုက် ကျဆင်းနေရာ မိုဝူကျိ၏ ခမ်းနားထည်ဝါလှသည့် အရှိန်အဝါများက ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားလေ၏။ နောက်တစ်ကြိမ် သူက သာမာန်လူသားအသွင်အတိုင်း ပြန်ဖြစ်သွားသည်။ သူက တခြားသူများကို သူက သေမျိုး ဖြစ်ကြောင်း တစ်ဦးတည်းသော ပြောနိုင်သူသာ ဖြစ်လိမ့်မည်။ သို့သော် သူက ရိုးရိုးရှင်းရှင်း နင်းခြေနိုင်မည့် သေမျိုးတော့ မဟုတ်ပေ။
မိုဝူကျိက အင်မော်တယ် သွေးကြောကို သိမ်းဆည်းလိုက်သည်။ သူက အကျယ်ကြီး ဟစ်ကြွေးလိုက်သည်။ ထို့နောက် သူက ပျံသန်းရေး ရတနာကို ထုတ်ယူလိုက်သည်။ သူက သွေစောင်း အာကာပြင် ပင်လယ်ကျွန်းသို့ ပြန်သွားတော့မည်။ သူ့လျော်ကြေးအား ပြန်သိမ်းချိန် ကျရောက်လာလေပြီ။
***